Facebook Watch ဆိုတာ?
Watch
Facebook ကနေ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၉ ရက်နေ့တုန်းက YouTube နဲ့အလားတူတဲ့ Mobile Phone တွေ၊ PC Browser တွေနဲ့ TV App တွေမှာပါ အသုံးပြုနိုင်တဲ့ Video Platform အသစ်ကို US မှာစတင်မိတ်ဆက်ခဲ့ပြီး အဆိုပါ Platform အသစ်ကို Facebook Watch လို့ ခေါ်ဆိုခဲ့တာဖြစ်ပါတယ်။
Introducing Watch
Facebook Watch
Facebook Watch
အခုလိုမျိုး အသုံးပြုသူပိုမိုများပြားတာ၊ Share ပြုလုပ်တာကလည်း ပိုမိုထိရောက်တာတွေက Facebook ကို တခြား YouTube လို Video Platform တွေကို ကျော်တက်နိုင်တဲ့ အဓိကအချက်တစ်ခုလို့ ပြောရမှာပါ။
Facebook ကနေ မကြာခင်မှာ Facebook Watch ကို US တစ်နိုင်ငံထဲတင်မကပဲ တခြားတကမ္ဘာလုံးမှာပါ အသုံးပြုနိုင်အောင် ဆောင်ရွက်လျက်ရှိပြီး အဆိုပါအချိန်ကြရင် Facebook မှာ Video ကြည့်ရှုနှုန်းက မထင်ထားလောက်အောင် မြင့်တက်လာဖို့ရှိပါတယ်။
Ref : Mashable
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
Facebook ဟာ လက်ရှိအချိန်မှာ အအောင်မြင်ဆုံး Social Media တစ်ခုဖြစ်လာပြီပဲဖြစ်ပါတယ်။ မကြာမီအချိန်တစ်ခုအတွင်းမှာ လက်ရှိ Video Platform တွေထဲမှာ အကြီးမားဆုံးဖြစ်နေတဲ့ YouTube ကိုပါ ကျော်တက်သွားတော့မှာပါ။
ဒါပေမယ့် Facebook မှာ ပုံမှန်မြင်နေရတဲ့ Videos တွေက YouTube ကိုကျော်တက်သွားမှာမဟုတ်ပါဘူး။ Facebook ကနေ အခုအချိန်မှာ စတင်စမ်းသပ်နေတဲ့ Product တစ်ခုဖြစ်တဲ့ Facebook Watch က YouTube ထက်ပိုပြီးအောင်မြင်လာနိုင်တဲ့ Video Platform တစ်ခုဖြစ်လာဖို့ရှိနေပါတယ်။ အခုအချိန်မှာတော့ Facebook မှာပဲ Facebook Watch ကို သီးခြား Section တစ်ခုအနေနဲ့ တွေ့မြင်လာရပြီဖြစ်ပါတယ်။
Facebook Watch ဆိုတာ?
Watch
Posted by Facebook on Monday, 28 August 2017
Facebook ကနေ ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့တုန်းက YouTube နဲ့အလားတူတဲ့ Mobile Phones တွေ၊ PC Browser တွေနဲ့ TV App တွေမှာပါ အသုံးပြုနိုင်တဲ့ Video Platform အသစ်ကို US မှာစတင်မိတ်ဆက်ခဲ့ပြီး အဆိုပါ Platform အသစ်ကို Facebook Watch လို့ ခေါ်ဆိုခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် Facebook Watch က Facebook Messenger လိုမျိုး သီးခြား Application တစ်ခုမဟုတ်ပါဘူး။ အဲ့ဒီအစား Facebook Application ဒါမှမဟုတ် Web Browser ရဲ့ Facebook Webpage မှာပဲ Newsfeed နဲ့ Profile Tab တွေလိုပဲ Watch ဆိုတဲ့ Tab တစ်ခုထပ်မံပါဝင်လာမှာဖြစ်ပါတယ်။
အဆိုပါ Watch Tab မှာဆိုရင် Video တွေကိုပဲဖော်ပြသွားမှာဖြစ်ပြီးတော့ “Discovery” Page လည်းပါဝင်ပြီးတော့ Facebook က Recommend ပေးထားတဲ့ Video တွေကိုလည်း ဖော်ပြပေးသွားဦးမှာပါ။ အဆိုပါ Videos တွေကိုလည်း ပုံမှန် Facebook မှာတင်တဲ့ Video တွေလိုပဲ Like ၊ Reaction နဲ့ Comment တွေ ပေးနိုင်မှာဖြစ်ပါတယ်။
ဘာဖြစ်လို့ Facebook Watch က YouTube ထက်ပိုပြီးအောင်မြင်လာနိုင်တာလဲ?
အခုနောက်ပိုင်းနှစ်တွေမှာ Facebook ဟာ ပုံမှန် Post တွေထက် Video Content တွေကို ပိုပြီးအလေးပေးလာတာဖြစ်ပါတယ်။ နှိုင်းယှဉ်ရမယ်ဆိုရင် YouTube ကို ကြည့်ရှုနှုန်းက တစ်နှစ်ကို ၆၀ ရာခိုင်နှုန်းခန့်မြင့်တက်လာတယ်ဆိုပေမယ့် Facebook က လွန်ခဲ့တဲ့ ၂ နှစ်ခန့် ၂၀၁၅ ခုနှစ်တစ်နှစ်ထဲမှာတင် ၆ လအတွင်း Video ကြည့်ရှုနှုန်းက ၄ ဘီလီယံကနေ ၈ ဘီလီယံအထိ ၂ ဆမြင့်တက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင်တော့ Facebook Live Video တွေပါ ထည့်တွက်ရင် တစ်ရက်ကို အနည်းဆုံး Video ပေါင်း ၆၄ ဘီလီယံခန့် ကြည့်ရှုနေကြတယ်လို့ ပြောလို့ရပါတယ်။
နောက်တစ်ချက်ကတော့ အသုံးပြုသူပိုမိုများပြားနေတာပဲဖြစ်ပါတယ်။ Facebook ရဲ့ လက်ရှိ တစ်လအတွင်း Active ဖြစ်တဲ့အသုံးပြုသူတွေဟာ ၂ ဘီလီယံခန့် ရှိနေပြီး အဆိုပါ ပမာဏဟာ YouTube ရဲ့ ၁.၅ ဘီလီယံထက် ၂၅ ရာခိုင်နှုန်းပိုမိုများပြားနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Facebook ပေါ်မှာ Video ကို Share တာက YouTube ထက် ပိုပြီး ထိရောက်ပြီး ပျံ့နှံ့လွယ်ပါတယ်။
Introducing Watch
Posted by Facebook on Wednesday, 9 August 2017
Facebook က ဘယ်လိုမျိုး YouTube ကို ကျော်တက်သွားမလဲ?
Facebook ကနေ YouTube ထက် သာလွန်နိုင်တဲ့အချက်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် အချက် ၃ ချက်တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒါကတော့ Advertisers (ကြော်ငြာသူ) ၊ Creators (ဖန်တီးသူ) နဲ့ Viewers (ကြည့်ရှုသူ) တွေပဲဖြစ်ပါတယ်။
အရင်ဆုံး အခုနောက်ပိုင်းမှာ Facebook မှာ Video ကြည့်ရှုတာနဲ့ တက်လာတဲ့ ကြော်ငြာတွေကို မြင်မိကြမှာပါ။ Facebook က ကုမ္ပဏီတွေအတွက် ကိုယ့်လုပ်ငန်းကို အထိရောက်ဆုံးကြော်ငြာနိုင်တဲ့ စျေးကွက်ကို ပိုင်ဆိုင်ထားတယ်လို့တောင်ပြောရမှာပါ။ ဘာဖြစ်လို့လည်းဆိုရင် စစ်တမ်းတွေအရ YouTube မှာ လူတစ်ယောက်က တူညီတဲ့ Video တစ်ခုကို Share တစ်ခါ ပြုလုပ်လိုက်တဲ့အချိန်မှာ Facebook မှာ ဆယ်ယောက် Share ပြုလုပ်သွားပြီးလို့ပဲဖြစ်ပါတယ်။ အဲ့ဒီအပြင် ပြီးခဲ့တဲ့ ၃ နှစ်မှာ မျိုးစုံသော ကုန်ပစ္စည်း Brands တွေကနေ Facebook အပေါ် Video တင်တာက ၅၀ ရာခိုင်နှုန်း ပိုမိုများပြားလာခဲ့တယ်လို့ သိရပါတယ်။
Facebook Watch
အဲ့ဒီအတွက် ကြော်ငြာသူတွေအတွက်ကတော့ လက်ရှိအချိန်မှာ Facebook ရဲ့ Video တွေမှာ ကြော်ငြာထည့်သွင်းတာက ကိုယ့်အမှတ်တံဆိပ်ကို လူအမြန်ဆုံးသိနိုင်တဲ့နည်းလမ်းတစ်ခုလို့ ပြောလို့ရပါတယ်။
Facebook Watch မှာဆိုရင် လက်ရှိ Facebook Content ကိုဖန်တီးပေးနေတဲ့သူတွေအတွက်ပါ စတင်ပြီးတော့ အကျိုးအမြတ်ပြန်လည်ပေးသွားမှာဖြစ်ပြီး ကြော်ငြာမယ်ဆိုရင်လည်း ကြော်ငြာအမြတ်ငွေရဲ့ ၅၅ ရာခိုင်နှုန်းကို Content ဖန်တီးသူတွေဆီကို ပေးသွားမယ်လို့ သိရပါတယ်။ အခုလိုမျိုး ပြုလုပ်လိုက်ခြင်းဖြင့် YouTube Channel အနေနဲ့ ကြည့်ရှုနှုန်းပေါ်မှုတည်ပြီး ငွေကြေးပြန်လည်ရရှိနေတာကို တိုက်ရိုက်ယှဉ်ပြိုင်လာတာပဲဖြစ်ပါတယ်။
Facebook Watch
နောက်ဆုံး ကြည့်ရှုသူတွေအတွက်ကတော့ Mark Zuckerberg က ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် တစ်နှစ်ထဲမှာတင် သာမန်လူတစ်ယောက်ဟာ Facebook မှာ တစ်ရက်ကို မိနစ် ၅၀ ခန့် ဝင်ရောက်ကြည့်ရှုတယ်လို့ ပြောခဲ့ပြီးတော့ US လိုမျိုး နိုင်ငံမှာတင် Facebook အတွက် တစ်ရက်ကို အချိန် ၃၅ မိနစ်ပေးပြီးတော့ ဒါက YouTube အပေါ်မှာ ပေးတဲ့ ၁၇ မိနစ်နဲ့ ယှဉ်ရင် ၂ ဆလောက်ပိုမို များပြားနေတာပဲဖြစ်ပါတယ်။
အခုလိုမျိုး အသုံးပြုသူပိုမိုများပြားတာ၊ Share ပြုလုပ်တာကလည်း ပိုမိုထိရောက်တာတွေက Facebook ကို အခြား YouTube လို Video Platform တွေကို ကျော်တက်နိုင်တဲ့ အဓီကအချက်တစ်ခုလို့ ပြောရမှာပါ။
Facebook ကနေ မကြာခင်မှာ Facebook Watch ကို US တစ်နိုင်ငံထဲတင်မကပဲ အခြားတကမ္ဘာလုံးမှာပါ အသုံးပြုနိုင်အောင် ဆောင်ရွက်လျက်ရှိပြီး အဆိုပါအချိန်ကြရင် Facebook မှာ Video ကြည့်ရှုနှုန်းက မထင်ထားလောက်အောင် မြင့်တက်လာဖို့ရှိပါတယ်။
Ref : Mashable
Zawyè (Akhayar) 
www.akhayar.com