Pages တွေက Post တွေထက် ကိုယ့်သူငယ်ချင်းတွေရဲ့ Post တွေကိုပဲ အသားပေးဖော်ပြတော့မယ့် Facebook

Pages တွေက Post တွေထက် ကိုယ့်သူငယ်ချင်းတွေရဲ့ Post တွေကိုပဲ အသားပေးဖော်ပြတော့မယ့် Facebook









Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Facebook ကနေ ၂၀၁၈ နှစ်စပိုင်းမှာ သူ့ရဲ့ News Feed ကို ပြုပြင်ပြောင်းလဲမှုတစ်ခုအကြီးအကျယ်ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ အခု Facebook ရဲ့ ပြောင်းလဲမှုဟာ ပုံမှန် Facebook ကို အသုံးပြုနေတဲ့ Personal Account တွေအတွက်တော့ ပိုကောင်းမွန်လာတဲ့ Feature တစ်ခုလို့ပြောလို့ရပေမယ့် Facebook Business Page တွေအတွက်ကတော့ ခက်ခဲလာစေမယ့် Feature တစ်ခုလို့ ပြောလို့ရပါတယ်။

ဘာဖြစ်လို့လဲဆိုရင် ယနေ့မနက်ပိုင်းက Mark Zukerberg ရဲ့ ကြေငြာချက်အရ အခုလက်ရှိ Facebook ရဲ့ အခြေအနေဟာ ယခင်တုန်းက Facebook ကနေ မျှော်မှန်းခဲ့သလိုမျိုး လူအချင်းချင်း ချိတ်ဆက် ဆက်သွယ်မှုကိုမတိုးတက်လာစေပဲနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ကြော်ငြာတွေနဲ့ပဲ ပြည့်နှက်နေတဲ့အခု အခုပြောင်းလဲလိုက်တဲ့ News Feed မှာဆိုရင်တော့ Business Page တွေက တင်တဲ့ Article တွေ၊ Link တွေထက် ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေရဲ့ Post တွေနဲ့ ကိုယ်ပါဝင်ထားတဲ့ Facebook Group တွေက Post တွေပဲ တွေ့မြင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်နောက်ပိုင်းမှာ Facebook မှာ ကိုယ့်သူငယ်ချင်းတွေက အကူအညီတောင်းခံတဲ့ Post တွေ၊ အချင်းချင်းအကြံပေးနိုင်တဲ့ ခရီးသွားအစီအစဉ်လိုမျိုးတွေနဲ့ အချင်းချင်းဆွေးနွေးဖို့ကို တွန်းအားပေးတဲ့ သတင်း Article တွေနဲ့ Video တွေကို News Feed မှာ ပိုဖော်ပြသွားပေးဖို့ စီစဉ်ထားမယ်လို့ သိရပါတယ်။

အခုလိုမျိုး Facebook ရဲ့ ပြောင်းလဲမှုတွေက အသုံးပြုသူတွေအတွက်တော့ ကိုယ့်သူငယ်ချင်းတွေနဲ့ ကိုယ်ပါဝင်ထားတဲ့ Facebook Group တွေက Post တွေကိုပဲ မြင်တွေ့ရတော့မယ့်အတွက် အခုထက်ပိုပြီး အချင်းချင်းဆက်သွယ်နိုင်မှာဖြစ်ပေမယ့် စီးပွားရေး Page တွေရဲ့ ကြော်ငြာ Post တွေနဲ့ အခြားသော Post တွေကိုတော့ တွေ့မြင်ရမယ့် အခွင့်အလမ်းနည်းသွားမှာဖြစ်ပါတယ်။

One of our big focus areas for 2018 is making sure the time we all spend on Facebook is time well spent.We built…

Posted by Mark Zuckerberg on Thursday, January 11, 2018

Mack Zuckerberg ရဲ့ပြောကြားချက်အရတော့ Facebook ရဲ့ အခုလိုပြောင်းလဲမှုတွေကြောင့် လူတွေ Facebook ကို အသုံးပြုတဲ့အချိန်ပိုမိုနည်းပါးသွားဖို့ မျှော်လင့်ပြီးတော့ Facebook ကို အသုံးပြုတဲ့အချိန်တွေကလည်း ယခင်ထက်တန်ဖိုးရှိလာဖို့ မျှော်လင့်တယ်လို့ သိရပါတယ်။

Akhayar ပရိသတ်ကြီးရော အခု Facebook ရဲ့ အခုလိုပြောင်းလဲမှုကို ဘယ်လိုမြင်မိသလဲဆိုတာ Comment မှာပြောသွားခဲ့ပါလား…။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com