Facebook ရဲ႕ Messenger က လက္ရွိအခ်ိန္မွာ အသံုးျပဳသူေတြအမ်ားဆံုးေသာ Messaging Service ဆုိရင္လည္းမမွားပါဘူး။ ဒါေပမယ့္ Facebook Messenger မွာ အားနည္းခ်က္တစ္ခုရွိေနပါတယ္။ အဲ့ဒါကေတာ့ ေပးပုိ႔ျပီးတဲ့ Message ေတြကို ျပန္ျပီးဖ်က္လို႔မရေတာ့တာပါ။

Facebook Messenger

ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Facebook Messenger မွာ Message ေတြကို ေပးပို႔ျပီးတဲ့အခ်ိန္မွာ Unsend ျပဳလုပ္ႏုိင္တဲ့ Feature အသစ္ကိုထည့္သြင္းေပးေတာ့မွာျဖစ္ပါတယ္။ အခုသတင္းက Facebook Messenger ရဲ႕ iOS Version 191.0 ရဲ႕ Release Notes ထဲမွာ Coming Soon Feature အေနနဲ႔ ပါဝင္လာမယ္ဆုိျပီး ေတြ႕ရခဲ့တာျဖစ္ပါတယ္။

Facebook Messenger

Facebook ဟာ ယခင္တုန္းက ေပးပို႔ျပီးတဲ့ Message ေတြကို ျပန္လည္ဖ်က္ႏုိင္ခဲ့ေပမယ့္ အဆုိပါဖ်က္တာက တဖက္က လက္ခံရရွိတဲ့သူဘက္မွာပါ ပ်က္သြားတာမ်ိဳးမဟုတ္တဲ့အတြက္ Message ေတြက အျမဲတမ္းက်န္ေနခဲ့တာျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ Facebook ကေန Messenger မွာ အခ်ိန္အတုိင္းအတာတစ္ခုအထိ သတ္မွတ္ျပီးေပးပို႔ႏုိင္တဲ့ Messages ေတြကို Secrete Conversation မွာထည့္သြင္းေပးခဲ့ေပမယ့္ သာမန္ Message ေတြမွာေတာ့ ရရွိေအာင္ ျပဳလုပ္ေပးခဲ့ျခင္းမရွိပါဘူး။

Facebook အေနနဲ႔ကေတာ့ အခု Message ေတြကို ၁၀ မိနစ္အတြင္း Unsend ျပဳလုပ္ႏုိင္တဲ့ Feature အေၾကာင္းကို အေသးစိတ္ေျပာၾကားထားခဲ့ျခင္းမရွိေသးေပမယ့္ ျဖစ္ႏုိင္တာကေတာ့ ပံုမွန္ေပးပို႔လုိက္တဲ့ Message ေတြမွာ တစ္ခုခုမွားယြင္းသြားရင္ ၁၀ မိနစ္အတြင္း ၂ ဖက္လံုးက မျမင္ရေတာ့ေအာင္ ဖ်က္ႏုိင္တဲ့ Feature တစ္ခုျဖစ္လာႏုိင္ပါတယ္။

Facebook Messenger

အလားတူ Unsend ျပဳလုပ္ႏုိင္တဲ့ Feature ေတြကို Viber နဲ႔ WhatsApp လုိမ်ိဳး Application ေတြကလည္း Support ျပဳလုပ္လာတဲ့အတြက္ အခု Facebook Messenger ကလည္း လုိက္ျပီး ျပဳလုပ္လာတာလုိ႔ ယူဆရပါတယ္။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Facebook ရဲ့ Messenger က လက်ရှိအချိန်မှာ အသုံးပြုသူတွေအများဆုံးသော Messaging Service ဆိုရင်လည်းမမှားပါဘူး။ ဒါပေမယ့် Facebook Messenger မှာ အားနည်းချက်တစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ ပေးပို့ပြီးတဲ့ Message တွေကို ပြန်ပြီးဖျက်လို့မရတော့တာပါ။

Facebook Messenger

ဒါပေမယ့် အခုအချိန်မှာတော့ Facebook Messenger မှာ Message တွေကို ပေးပို့ပြီးတဲ့အချိန်မှာ Unsend ပြုလုပ်နိုင်တဲ့ Feature အသစ်ကိုထည့်သွင်းပေးတော့မှာဖြစ်ပါတယ်။ အခုသတင်းက Facebook Messenger ရဲ့ iOS Version 191.0 ရဲ့ Release Notes ထဲမှာ Coming Soon Feature အနေနဲ့ ပါဝင်လာမယ်ဆိုပြီး တွေ့ရခဲ့တာဖြစ်ပါတယ်။

Facebook Messenger

Facebook ဟာ ယခင်တုန်းက ပေးပို့ပြီးတဲ့ Message တွေကို ပြန်လည်ဖျက်နိုင်ခဲ့ပေမယ့် အဆိုပါဖျက်တာက တဖက်က လက်ခံရရှိတဲ့သူဘက်မှာပါ ပျက်သွားတာမျိုးမဟုတ်တဲ့အတွက် Message တွေက အမြဲတမ်းကျန်နေခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ Facebook ကနေ Messenger မှာ အချိန်အတိုင်းအတာတစ်ခုအထိ သတ်မှတ်ပြီးပေးပို့နိုင်တဲ့ Messages တွေကို Secrete Conversation မှာထည့်သွင်းပေးခဲ့ပေမယ့် သာမန် Message တွေမှာတော့ ရရှိအောင် ပြုလုပ်ပေးခဲ့ခြင်းမရှိပါဘူး။

Facebook အနေနဲ့ကတော့ အခု Message တွေကို ၁၀ မိနစ်အတွင်း Unsend ပြုလုပ်နိုင်တဲ့ Feature အကြောင်းကို အသေးစိတ်ပြောကြားထားခဲ့ခြင်းမရှိသေးပေမယ့် ဖြစ်နိုင်တာကတော့ ပုံမှန်ပေးပို့လိုက်တဲ့ Message တွေမှာ တစ်ခုခုမှားယွင်းသွားရင် ၁၀ မိနစ်အတွင်း ၂ ဖက်လုံးက မမြင်ရတော့အောင် ဖျက်နိုင်တဲ့ Feature တစ်ခုဖြစ်လာနိုင်ပါတယ်။

Facebook Messenger

အလားတူ Unsend ပြုလုပ်နိုင်တဲ့ Feature တွေကို Viber နဲ့ WhatsApp လိုမျိုး Application တွေကလည်း Support ပြုလုပ်လာတဲ့အတွက် အခု Facebook Messenger ကလည်း လိုက်ပြီး ပြုလုပ်လာတာလို့ ယူဆရပါတယ်။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com