Messenger မွာ 360-Degree Photo နဲ႔ HD Video ကို Support ျပဳလုပ္ျပီ

Facebook ကေန ျပီးခဲ့တဲ့ လပိုင္းတုန္းက HD Images ေတြ Upload ျပဳလုပ္တဲ့အခ်ိန္မွာ Resolution ကို 4K Images ေတြအထိ Support ေပးခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Facebook မွာ ဓါတ္ပံုတင္လုိက္ရင္ Resolution က်သြားတာကို ေရွာင္ရွားႏုိင္ခဲ့ေပမယ့္ Messenger ကေန ေပးပို႔တဲ့ Video ေတြမွာေတာ့ HD Quality ကို ေရြးခ်ယ္ႏုိင္ျခင္းမရွိခဲ့ပါဘူး။

အခုအခ်ိန္မွာေတာ့ Facebook ကေန Update တစ္ခုျပဳလုပ္ေပးလုိက္ျပီးေတာ့ Facebook Messenger မွာ Camera Roll ကေန Video ေပးပို႔မယ္ဆိုရင္ HD Quality ကို ေရြးခ်ယ္ႏုိင္ျပီျဖစ္ပါတယ္။ Facebook ရဲ႕ ေျပာၾကားခ်က္အရေတာ့ Camera Roll ကေန ရုိက္ကူးထားတဲ့ Video ေတြတင္မကပဲ Facebook Newsfeed က Video ေတြကိုပါ HD နဲ႔ ေပးပို႔ႏုိင္မွာျဖစ္ပါတယ္။

ဒါေပမယ့္တစ္ခုရွိတာက HD Quality က Full HD 1080P မဟုတ္ပဲ 720p Resolution နဲ႔ပဲရွိဦးမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ 4K Video ေတြ Fulll HD Video ေတြကိုေတာ့ လုိင္းဘယ္ေလာက္ေကာင္းေကာင္း ေပးပို႔ႏုိင္ဦးမွာမဟုတ္ပါဘူး။

Facebook Messenger ဟာ အခု HD Video ေတြေပးပို႔လုိ႔ရလာတဲ့အျပင္ 360 Degree Panorama Photo ေတြကိုပါ ေပးပို႔လုိ႔ရေအာင္ Update လုပ္ေပးခဲ့ပါတယ္။ အဲ့ဒီအတြက္ Facebook မွာတင္ 360 Degree Photos ေတြၾကည့္ႏုိင္တာမဟုတ္ပဲ Messenger မွာပါ ေပးပို႔ႏုိင္ပါျပီ။

အခု 360 Degree Photos ေတြကို လက္ရွိ Messenger Update ျပဳလုပ္ထားတဲ့လူေတြအကုန္ေပးပို႔ႏုိင္ျပီျဖစ္ေပမယ့္ HD Videos ေတြကိုေတာ့ U.S.၊ UK ၊ Canada ၊ Australia ၊ Belgium ၊ France ၊ Finland ၊ Denmark ၊ Norway ၊ Romania ၊ Hong Kong ၊ the Netherlands ၊ Japan ၊ Taiwan ၊ South Korea ၊ Singapore ၊ Sweden နဲ႔ Switzerland ႏုိင္ငံေတြမွာပဲရရွိဦးမွာျဖစ္ပါတယ္။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Facebook ကနေ ပြီးခဲ့တဲ့ လပိုင်းတုန်းက HD Images တွေ Upload ပြုလုပ်တဲ့အချိန်မှာ Resolution ကို 4K Images တွေအထိ Support ပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Facebook မှာ ဓါတ်ပုံတင်လိုက်ရင် Resolution ကျသွားတာကို ရှောင်ရှားနိုင်ခဲ့ပေမယ့် Messenger ကနေ ပေးပို့တဲ့ Video တွေမှာတော့ HD Quality ကို ရွေးချယ်နိုင်ခြင်းမရှိခဲ့ပါဘူး။

အခုအချိန်မှာတော့ Facebook ကနေ Update တစ်ခုပြုလုပ်ပေးလိုက်ပြီးတော့ Facebook Messenger မှာ Camera Roll ကနေ Video ပေးပို့မယ်ဆိုရင် HD Quality ကို ရွေးချယ်နိုင်ပြီဖြစ်ပါတယ်။ Facebook ရဲ့ ပြောကြားချက်အရတော့ Camera Roll ကနေ ရိုက်ကူးထားတဲ့ Video တွေတင်မကပဲ Facebook Newsfeed က Video တွေကိုပါ HD နဲ့ ပေးပို့နိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့်တစ်ခုရှိတာက HD Quality က Full HD 1080P မဟုတ်ပဲ 720p Resolution နဲ့ပဲရှိဦးမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် 4K Video တွေ Fulll HD Video တွေကိုတော့ လိုင်းဘယ်လောက်ကောင်းကောင်း ပေးပို့နိုင်ဦးမှာမဟုတ်ပါဘူး။

Facebook Messenger ဟာ အခု HD Video တွေပေးပို့လို့ရလာတဲ့အပြင် 360 Degree Panorama Photo တွေကိုပါ ပေးပို့လို့ရအောင် Update လုပ်ပေးခဲ့ပါတယ်။ အဲ့ဒီအတွက် Facebook မှာတင် 360 Degree Photos တွေကြည့်နိုင်တာမဟုတ်ပဲ Messenger မှာပါ ပေးပို့နိုင်ပါပြီ။

အခု 360 Degree Photos တွေကို လက်ရှိ Messenger Update ပြုလုပ်ထားတဲ့လူတွေအကုန်ပေးပို့နိုင်ပြီဖြစ်ပေမယ့် HD Videos တွေကိုတော့ U.S.၊ UK ၊ Canada ၊ Australia ၊ Belgium ၊ France ၊ Finland ၊ Denmark ၊ Norway ၊ Romania ၊ Hong Kong ၊ the Netherlands ၊ Japan ၊ Taiwan ၊ South Korea ၊ Singapore ၊ Sweden နဲ့ Switzerland နိုင်ငံတွေမှာပဲရရှိဦးမှာဖြစ်ပါတယ်။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com