
Facebook Group


Facebook Group


Facebook Group


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

ယနေ့ကစတင်ပြီးတော့ Facebook ကနေ Messenger Group အတွက် Update Feature အသစ်တစ်ခုထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒါကတော့ Facebook Group မှာ လူအယောက် ၂၅၀ အထိ ထည့်ထားလို့ရလာတာပါ။

Facebook Group

ယခင်တုန်းက Facebook Messenger မှာ လူအယောက် ၅၀ အထိပဲ ထည့်သွင်းလို့ရတယ်ဆိုပေမယ့် အခုအချိန်မှာ အယောက် ၂၅၀ အထိကို Messenger Group တစ်ခုမှာ ထည့်သွင်းနိုင်ပါပြီ။ အခုလိုမျိုး ကြီးမားတဲ့ Facebook Messenger Group ကို ပြုလုပ်ဖို့ စိတ်ကူးတာကလည်း တကယ်လို့ Book Club နဲ့ Surfing Club လိုမျိုး လူအရေအတွက်များပြားတဲ့အဖွဲ့တွေကို ပိုပြီးအဆင်ပြေလာအောင် ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Facebook Group

အခု Group Chat ဟာ လူများပြားသွားပေမယ့် ပုံမှန် Messenger Group တစ်ခုလိုမျိုးပဲ Group ထဲမှာရှိတဲ့လူတိုင်းက တန်းတူ Message တွေမြင်နိုင်ပြီးတော့ ပုံမှန်အတိုင်းစကားပြောနိုင်မှာဖြစ်ပါတယ်။ ကျန်တဲ့ Group Invitation တွေ၊ Mention လုပ်တာတွေအပြင် Admin Access တွေလည်း ရရှိနေဦးမှာပါ။

Facebook Group

Facebook ရဲ့ အခု အယောက် ၂၅၀ ရလာမယ့် Messenger Group Feature ကို ယနေ့ကစတင်ပြီးတော့ ရရှိလာမယ်လို့ သိရပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com