Facebook ဟာ ဒီေန႔မွာ ေပၚပင္ျဖစ္ေနတဲ့ Stories လုပ္ေဆာင္ခ်က္အပါအဝင္ Messaging Feature သစ္ေတြကုိ အဓိက Mobile Apps ထဲမွာ ထည့္သြင္းလုိက္ေၾကာင္း ထုတ္ေဖာ္ခဲ့ၿပီး ေနာက္ထပ္ ဓာတ္ပံုနဲ႔ ဗီဒီယိုေတြကုိ Share လုပ္ႏုိင္မယ့္ Popular Format သစ္တစ္မ်ိဳးကုိ သံုးစြဲသူ သန္းတစ္ေထာင္ထံ ယူေဆာင္ခဲ့ပါတယ္။

ဒီလုပ္ေဆာင္ခ်က္ကုိ Snapchat ကၿပီးခဲ့တဲ့ ၂၀၁၃ခုႏွစ္မွာ စတင္တီထြင္ခဲ့ေပမယ့္ Facebook က ဒီ Feature ေတြကုိ Instagram, Instagram ကေန Messenger App နဲ႔ ယခုအခါ၊ Main Facebook App မွာပါ ထည့္သြင္းလာတာပါ။

ဒီ Update ကုိ တစ္ကမာၻလံုးမွာရွိတဲ့ iOS ေရာ၊ Android စနစ္ေတြအတြက္မွာပါ ရရွိမွာ ျဖစ္ပါတယ္။ ဒီ Update မွာ အဓိကျပဳျပင္ထားတဲ့ အပုိင္းသံုးပုိင္း ပါဝင္ပါတယ္။ အဲ့ဒါေတြေတာ့ ဒီဇုိင္းျပန္ျပင္ထားတဲ့ in-app camera ၊ New Feed မွာ “Stories” လုိ႔ေခၚတဲ့ ဓာတ္ပံုနဲ႔ ဗီဒီယုိေတြကို ျပသေပးမယ့္ News Feed ရဲ႕ ထိပ္ဆံုးနားက ေနရာနဲ႔ “Direct” လုိ႔ နာမည္ေပးထားတဲ့ Private Messaging လုပ္ေဆာင္ခ်က္ေတြပဲ ျဖစ္ပါတယ္။

Facebook က အရင္ဆံုးထည့္သြင္းထားတာကေတာ့ “Stories” ပါ။ ဒီလုပ္ေဆာင္ခ်က္က Snapchat နဲ႔ အတူတူနီးပါးပါပဲ။ သင္က ပံုတစ္ပံု၊ ဒါမွမဟုတ္ ဗီဒီယုိတစ္ခု တင္ႏုိင္မွာျဖစ္ၿပီး တင္လုိက္တဲ့ ဗီဒီယို၊ ဓာတ္ပံုက ၂၄နာရီအတြင္း ျပန္လည္ေပ်ာက္ကြယ္သြားမွာပါ။

သင့္အေနနဲ႔ သင့္ Post မွာ Text ထည့္တာ၊ ေရးဆြဲတာ၊ စေတကာေတြထည့္တာနဲ႔ Snapchat ပံုစံ Animated Filters ေတြထည့္တာေတြကုိ ျပဳလုပ္ႏုိင္မွာျဖစ္ပါတယ္။

Filter ေတြကုိ ေဘးနားက အတန္းေလးအတိုင္း Swipe လုပ္လုိက္ရုံနဲ႔ ေျပာင္းလဲေပးသြားမွာပါ။

Story တစ္ခုကုိ ဖန္တီးဖုိ႔ ေဘးနားကုိ Swipe လုပ္တာဒါမွမဟုတ္ News Feed ရဲ႕ ထိပ္ပုိင္းနားက ကင္မရာပံုစံ icon ေလးကုိႏွိပ္လုိက္ရုံနဲ႔ ျပဳလုပ္ႏုိင္မွာပါ။ သင္စိတ္တုိင္းက် ဖန္တီးမႈေတြ ျပဳလုပ္ၿပီးရင္ သင့္အေနနဲ႔ Story ကုိ သူငယ္ခ်င္းအားလံုးဒါမွမဟုတ္ သင္ေရြးခ်ယ္ထားတဲ့ Friend ေတြကုိ စိတ္ႀကိဳက္ေရြးခ်ယ္ၿပီး ေပးပုိ႔ႏုိင္မွာပါ။

စာရုိက္ခ်င္တယ္ဆုိရင္လည္း Message ေတြကုိ “Direct” ဆုိတဲ့ Facebook App က ေနဓာတ္ပံု၊ ဗီဒီယုိနဲ႔ တြဲရုိက္ၿပီး ပုိ႔ေပးႏုိင္ပါတယ္။ ဒါကလည္း Instagram ရဲ႕ Direct Messages လုပ္ေဆာင္ခ်က္လုိပါပဲ။

Stories ေတြက ကင္မရာအေျခခံဆက္သြယ္ေရးစနစ္ေတြကုိ ျမွင့္တင္လုိက္တာပါ

ပံုရိပ္ကို အေျခခံတဲ့ Messaging လုပ္ေဆာင္ခ်က္ေတြဟာ အြန္လုိင္းေပၚမွာ အရမ္းေခတ္စားလာပါတယ္။ Facebook က Stories ေတြကုိ မိတ္ဆက္လုိက္တာဟာ ဒီ Concept ကုိ အေရးႀကီးေၾကာင္း လက္ခံလုိက္တာပါပဲ။ ဒါဟာဆုိရင္ စာရုိက္ဆက္သြယ္ေရးကုိ ေဖာက္ခြဲပစ္မွာလည္း ျဖစ္ပါတယ္။ ဒီအေျပာင္းအလဲဟာ Publisher ေတြ၊ Advertiser ေတြနဲ႔ လူေတြအၾကားမွာ အခ်ိဳးအေကြ႕တစ္ခုျဖစ္လာၿပီး မၾကာခင္ကာလအတြင္း Stories ေတြမွာပါ ေၾကာ္ျငာေတြကုိ ေတြ႔ရဖုိ႔ရွိေနပါတယ္။

Stories ေတြကုိ ထည့္သြင္းၿပီး ယွဥ္ၿပိဳင္မႈက Snapchat ကုိ သဲႀကီးမဲႀကီးတို္က္ခုိက္မႈတစ္ခုလား?

Facebook ဟာ Stories လုပ္ေဆာင္ခ်က္ကုိ သံုးစြဲသူေတြထံ ယူေဆာင္လာၿပီးေနာက္၊ Snap ရဲ႕ Genius ဆန္ဆန္ ထုတ္လုပ္မႈတစ္ခုကုိ ေျပာင္ေျပာင္တင္းတင္း စိန္ေခၚလုိက္ပါတယ္။ ဒါဟာဆုိရင္ Facebook ရဲ႕ လက္ဝါးႀကီးအုပ္တဲ့ ပံုစံသစ္တစ္ခုကုိ ျမင္ရတာလည္း ျဖစ္ပါတယ္။ တစ္ကမာၻလံုးနဲ႔ ယွဥ္ရင္ Audience ပုိမ်ားတဲ့ Facebook ရဲ႕ အေရြ႕ဟာ Snap ကုိ ထိခုိက္ႏုိင္တယ္ဆုိတာကေတာ့ သံသယျဖစ္စရာမရွိပါဘူး။

 

Stories ေတြက Second News Feed ျဖစ္လာႏုိင္လား?

News Feed ဟာ Facebook ရဲ႕ အေအာင္ျမင္ဆံုး ထုတ္ကုန္တစ္ခုျဖစ္ပါတယ္။ ယခုေတာ့ ဒုတိယေျမာက္ Feed ကုိ ထပ္မံထည့္သြင္းလုိက္ပါၿပီ။ News Feed ရဲ႕ ထိပ္ဆံုးေနရာဟာ ျမင္သာထင္သာရွိတဲ့ ေနရာတစ္ခုပါ။ ဒါေၾကာင့္ ဒီေနရာမွာ လုပ္ေဆာင္ခ်က္တစ္ခုကုိ ေနရာေပးလိုက္တာဟာ မွတ္သားဖြယ္ ေျပာင္းလဲမႈတစ္ခုျဖစ္ပါတယ္။

 

ကၽြန္ေတာ့္ရဲ႕ကုိယ္ပုိင္သံုးသပ္ခ်က္

ကၽြန္ေတာ္ကေတာ့ Update လုပ္ၿပီး ဒီမနက္ပဲ သံုးၾကည့္ၿပီးပါၿပီ။ ?

ကုိယ္ပုိင္အျမင္နဲ႔ဆုိရင္ေတာ့ အဆင္ေျပပါတယ္။ ဒါေပမယ့္ အစပုိင္းဆုိေတာ့ နည္းနည္းေတာ့ Error တစ္ခ်ိဳ႕ရွိေနေသးတာကုိ ေတြ႔ရပါတယ္။ ေနာက္ပုိင္းက်ရင္ ဒီထိပ္ဆံုးက Stories ေတြကုိ အရင္ၾကည့္ၿပီးမွ ေနာက္က Feed ေတြ၊ Post ေတြကုိ ဆက္ဖက္သြားၾကမွာမလဲြပါပဲ။ ဒါေၾကာင့္သင့္မွာ သူမ်ားရဲ႕ Timeline ရဲ႕ ထိပ္ဆံုးတစ္ေနရာမွာ ေနရာယူဖုိ႔ အခြင့္အေရးလည္း ရရွိလာပါၿပီ။ ဒါက လုပ္ေဆာင္ခ်က္အေၾကာင္းပါ။

ၿခံဳငံုသံုးသပ္ရမယ္ဆုိရင္ေတာ့  သိပ္မႀကိဳက္ပါဘူး။ Facebook က Facebook ပဲျဖစ္သင့္ပါတယ္။ အခုေတာ့ Snapchat ရဲ႕ လုပ္ေဆာင္ခ်က္ေတြ၊ Instagram က Feature ေတြ၊ Messenger ေတြနဲ႔ အရမ္းရႈပ္ယွက္ခတ္လာပါၿပီ။ ဒါေၾကာင့္ Facebook ရဲ႕ အႏွစ္သာရက တျဖည္းျဖည္းေလ်ာ့ပါးလာပါတယ္။ စီးပြားေရးပုိင္းမွာဆုိရင္လည္း ကုမၸဏီတစ္ခုက တုိးတက္လာလုိ႔ လုိက္ဝယ္မယ္၊ ဝယ္လုိ႔မရရင္ သူတုိ႔လုပ္ေဆာင္ခ်က္ေတြကုိ နည္းအမ်ိဳးမ်ိဳးနဲ႔ ရေအာင္ယူတဲ့ အရင္းရွင္ဆန္ဆန္ ပံုစံကုိ Facebook က ေျဗာင္က်င့္သံုးပါတယ္။ ဒါေၾကာင့္လည္း ဝင္ေငြအေကာင္းဆံုး ကုမၸဏီႀကီးေတြထဲက တစ္ခုျဖစ္လာပါတယ္။

ဟုတ္ပါတယ္။ ၂၀၁၃ခုႏွစ္က တစ္ကမာၻလံုးဝင္ေငြ “ေဒၚလာသန္း ၇၀၀၀” သာရွိတဲ့ Facebook အျမတ္ဟာ ၂၀၁၆ခုႏွစ္တုန္းက “ေဒၚလာသန္းေပါင္း ၂၇၀၀၀” ပါ။ 🙂

Joker (Akhayar)

Ref: The Verge

==================

 

[Unicode]

Facebook က ထည့်သွင်းလိုက်တဲ့ Snapchat ပုံစံလုပ်ဆောင်ချက်သစ်တွေကို သုံးသပ်ကြည့်ခြင်း

Facebook ဟာ ဒီနေ့မှာ ပေါ်ပင်ဖြစ်နေတဲ့ Stories လုပ်ဆောင်ချက်အပါအဝင် Messaging Feature သစ်တွေကို အဓိက Mobile Apps ထဲမှာ ထည့်သွင်းလိုက်ကြောင်း ထုတ်ဖော်ခဲ့ပြီး နောက်ထပ် ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို Share လုပ်နိုင်မယ့် Popular Format သစ်တစ်မျိုးကို သုံးစွဲသူ သန်းတစ်ထောင်ထံ ယူဆောင်ခဲ့ပါတယ်။

ဒီလုပ်ဆောင်ချက်ကို Snapchat ကပြီးခဲ့တဲ့ ၂၀၁၃ခုနှစ်မှာ စတင်တီထွင်ခဲ့ပေမယ့် Facebook က ဒီ Feature တွေကို Instagram, Instagram ကနေ Messenger App နဲ့ ယခုအခါ၊ Main Facebook App မှာပါ ထည့်သွင်းလာတာပါ။

ဒီ Update ကို တစ်ကမ္ဘာလုံးမှာရှိတဲ့ iOS ရော၊ Android စနစ်တွေအတွက်မှာပါ ရရှိမှာ ဖြစ်ပါတယ်။ ဒီ Update မှာ အဓိကပြုပြင်ထားတဲ့ အပိုင်းသုံးပိုင်း ပါဝင်ပါတယ်။ အဲ့ဒါတွေတော့ ဒီဇိုင်းပြန်ပြင်ထားတဲ့ in-app camera ၊ New Feed မှာ “Stories” လို့ခေါ်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ပြသပေးမယ့် News Feed ရဲ့ ထိပ်ဆုံးနားက နေရာနဲ့ “Direct” လို့ နာမည်ပေးထားတဲ့ Private Messaging လုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်။

Facebook က အရင်ဆုံးထည့်သွင်းထားတာကတော့ “Stories” ပါ။ ဒီလုပ်ဆောင်ချက်က Snapchat နဲ့ အတူတူနီးပါးပါပဲ။ သင်က ပုံတစ်ပုံ၊ ဒါမှမဟုတ် ဗီဒီယိုတစ်ခု တင်နိုင်မှာဖြစ်ပြီး တင်လိုက်တဲ့ ဗီဒီယို၊ ဓာတ်ပုံက ၂၄နာရီအတွင်း ပြန်လည်ပျောက်ကွယ်သွားမှာပါ။

သင့်အနေနဲ့ သင့် Post မှာ Text ထည့်တာ၊ ရေးဆွဲတာ၊ စတေကာတွေထည့်တာနဲ့ Snapchat ပုံစံ Animated Filters တွေထည့်တာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Filter တွေကို ဘေးနားက အတန်းလေးအတိုင်း Swipe လုပ်လိုက်ရုံနဲ့ ပြောင်းလဲပေးသွားမှာပါ။

Story တစ်ခုကို ဖန်တီးဖို့ ဘေးနားကို Swipe လုပ်တာဒါမှမဟုတ် News Feed ရဲ့ ထိပ်ပိုင်းနားက ကင်မရာပုံစံ icon လေးကိုနှိပ်လိုက်ရုံနဲ့ ပြုလုပ်နိုင်မှာပါ။ သင်စိတ်တိုင်းကျ ဖန်တီးမှုတွေ ပြုလုပ်ပြီးရင် သင့်အနေနဲ့ Story ကို သူငယ်ချင်းအားလုံးဒါမှမဟုတ် သင်ရွေးချယ်ထားတဲ့ Friend တွေကို စိတ်ကြိုက်ရွေးချယ်ပြီး ပေးပို့နိုင်မှာပါ။

စာရိုက်ချင်တယ်ဆိုရင်လည်း Message တွေကို “Direct” ဆိုတဲ့ Facebook App က နေဓာတ်ပုံ၊ ဗီဒီယိုနဲ့ တွဲရိုက်ပြီး ပို့ပေးနိုင်ပါတယ်။ ဒါကလည်း Instagram ရဲ့ Direct Messages လုပ်ဆောင်ချက်လိုပါပဲ။

Stories တွေက ကင်မရာအခြေခံဆက်သွယ်ရေးစနစ်တွေကို မြှင့်တင်လိုက်တာပါ

ပုံရိပ်ကို အခြေခံတဲ့ Messaging လုပ်ဆောင်ချက်တွေဟာ အွန်လိုင်းပေါ်မှာ အရမ်းခေတ်စားလာပါတယ်။ Faceebook က Stories တွေကို မိတ်ဆက်လိုက်တာဟာ ဒီ Concept ကို အရေးကြီးကြောင်း လက်ခံလိုက်တာပါပဲ။ ဒါဟာဆိုရင် စာရိုက်ဆက်သွယ်ရေးကို ဖောက်ခွဲပစ်မှာလည်း ဖြစ်ပါတယ်။ ဒီအပြောင်းအလဲဟာ Publisher တွေ၊ Advertiser တွေနဲ့ လူတွေအကြားမှာ အချိုးအကွေ့တစ်ခုဖြစ်လာပြီး မကြာခင်ကာလအတွင်း Stories တွေမှာပါ ကြော်ငြာတွေကို တွေ့ရဖို့ရှိနေပါတယ်။

Stories တွေကို ထည့်သွင်းပြီး ယှဉ်ပြိုင်မှုက Snapchat ကို သဲကြီးမဲကြီးတိုက်ခိုက်မှုတစ်ခုလား?

Facebook ဟာ Stories လုပ်ဆောင်ချက်ကို သုံးစွဲသူတွေထံ ယူဆောင်လာပြီးနောက်၊ Snap ရဲ့ Genius ဆန်ဆန် ထုတ်လုပ်မှုတစ်ခုကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ပါတယ်။ ဒါဟာဆိုရင် Facebook ရဲ့ လက်ဝါးကြီးအုပ်တဲ့ ပုံစံသစ်တစ်ခုကို မြင်ရတာလည်း ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးနဲ့ ယှဉ်ရင် Audience ပိုများတဲ့ Facebook ရဲ့ အရွေ့ဟာ Snap ကို ထိခိုက်နိုင်တယ်ဆိုတာကတော့ သံသယဖြစ်စရာမရှိပါဘူး။

 

Stories ေတြက Second News Feed ျဖစ္လာႏုိင္လား?

News Feed ဟာ Facebook ရဲ့ အအောင်မြင်ဆုံး ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ ယခုတော့ ဒုတိယမြောက် Feed ကို ထပ်မံထည့်သွင်းလိုက်ပါပြီ။ News Feed ရဲ့ ထိပ်ဆုံးနေရာဟာ မြင်သာထင်သာရှိတဲ့ နေရာတစ်ခုပါ။ ဒါကြောင့် ဒီနေရာမှာ လုပ်ဆောင်ချက်တစ်ခုကို နေရာပေးလိုက်တာဟာ မှတ်သားဖွယ် ပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။

 

ကျွန်တော့်ရဲ့ကိုယ်ပိုင်သုံးသပ်ချက်

ကျွန်တော်ကတော့ Update လုပ်ပြီး ဒီမနက်ပဲ သုံးကြည့်ပြီးပါပြီ။ ?

ကိုယ်ပိုင်အမြင်နဲ့ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် အစပိုင်းဆိုတော့ နည်းနည်းတော့ Error တစ်ချို့ရှိနေသေးတာကို တွေ့ရပါတယ်။ နောက်ပိုင်းကျရင် ဒီထိပ်ဆုံးက Stories တွေကို အရင်ကြည့်ပြီးမှ နောက်က Feed တွေ၊ Post တွေကို ဆက်ဖက်သွားကြမှာမလွဲပါပဲ။ ဒါကြောင့်သင့်မှာ သူများရဲ့ Timeline ရဲ့ ထိပ်ဆုံးတစ်နေရာမှာ နေရာယူဖို့ အခွင့်အရေးလည်း ရရှိလာပါပြီ။ ဒါက လုပ်ဆောင်ချက်အကြောင်းပါ။

ကိုယ်ပိုင်အမြင်ဆိုရင်တော့ သိပ်မကြိုက်ပါဘူး။ Facebook က Facebook ပဲဖြစ်သင့်ပါတယ်။ အခုတော့ Snapchat ရဲ့ လုပ်ဆောင်ချက်တွေ၊ Instagram က Feature တွေ၊ Messenger တွေနဲ့ အရမ်းရှုပ်ယှက်ခတ်လာပါပြီ။ ဒါကြောင့် Facebook ရဲ့ အနှစ်သာရက တဖြည်းဖြည်းလျော့ပါးလာပါတယ်။ စီးပွားရေးပိုင်းမှာဆိုရင်လည်း ကုမ္ပဏီတစ်ခုက တိုးတက်လာလို့ လိုက်ဝယ်မယ်၊ ဝယ်လို့မရရင် သူတို့လုပ်ဆောင်ချက်တွေကို နည်းအမျိုးမျိုးနဲ့ ရအောင်ယူတဲ့ အရင်းရှင်ဆန်ဆန် ပုံစံကို Facebook က ဗြောင်ကျင့်သုံးပါတယ်။ ဒါကြောင့်လည်း ဝင်ငွေအကောင်းဆုံး ကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်လာပါတယ်။

ဟုတ်ပါတယ်။ ၂၀၁၃ခုနှစ်က တစ်ကမ္ဘာလုံးအမြတ်ဝင်ငွေ “ဒေါ်လာသန်း ၇၀၀၀” သာရှိတဲ့ Facebook အမြတ်ဟာ ၂၀၁၆ခုနှစ်တုန်းက “ဒေါ်လာသန်းပေါင်း ၂၇၀၀၀” ပါ။ ?

Joker (Akhayar)

Ref: The Verge