[Zawgyi] 

Message မွားပို႔တယ္ဆိုတာ ျဖစ္တတ္တဲ့ကိစၥပါ။ အဲ့ဒီအတြက္ Facebook က ေျဖရွင္းနည္းတစ္ခုကို အခုလိုထည့္ေပးဖို႔ ႀကိဳးစားေနခဲ့တာပါ။ Facebook Messenger ကလည္း တစ္ကမၻာလံုးမွာ အသံုးအမ်ားဆံုး Messaging Platform တစ္ခုအျဖစ္ရွိေနတာေၾကာင့္ အခု Feature က လူအမ်ားႀကီးအတြက္ အေရးပါေနပါတယ္။ 

Unsend Feature

Messenger မွာ မၾကာခင္ပါလာေတာ့မယ္ Unsend Feature ဆိုတာက Message တစ္ခုမွားပို႔မိရင္ တစ္ဖက္လူမျမင္ရေအာင္ ဖ်က္ပစ္ႏိုင္တဲ့သေဘာပါ။ ပံုမွန္ဆိုရင္ Messenger မွာ Message တစ္ခု မွားပို႔မိလို႔ ဖ်က္ပစ္မယ္ဆိုရင္ Message က ကိုယ့္ဖက္မွာ ပ်က္သြားေပမယ့္ တစ္ဖက္လူဆီမွာေတာ့ က်န္ေနေသးမွာျဖစ္တာေၾကာင့္ အဆင္မေျပပါဘူး။ Unsend Feature ရလာတဲ့အခ်ိန္မွာေတာ့ ကိုယ္ပို႔တဲ့ Message ကို ကိုယ္တိုင္ ထိန္းခ်ဳပ္ခြင့္ရသြားေတာ့မွာပါ။ လက္ရွိအခ်ိန္မွာေတာ့ Viber မွာ ရေနတဲ့ Feature နဲ႔ သေဘာတရားျခင္း အတူတူပါပဲ။ 

ကိုယ့္ဖက္က မွားပို႔မိတာရွိရင္ ဖ်က္ပစ္လိုက္တာနဲ႔ တစ္ဖက္လူဖက္မွာပါ ပ်က္သြားေစမွာျဖစ္တာေၾကာင့္ မထင္မွတ္ထားတဲ့အမွားေတြအတြက္ အလြယ္တကူ ေျဖရွင္းႏိုင္ေတာ့မွာပါ။ ဒါေပမယ့္ Message မွားပို႔မိတဲ့အခါ ျပန္ဖ်က္ဖို႔အတြက္ အခ်ိန္အကန္႔အသတ္တစ္ခုပဲေပးထားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ ညဖက္မွာ မူးၿပီးသူငယ္ခ်င္းဆီ ပိုက္ဆံေခ်းတာမ်ိဳးကိုေတာ့ မနက္ေရာက္မွ ျပန္ဖ်က္လို႔ရမယ္မထင္ပါဘူး။ ဒီ Feature ကို လက္ရွိအခ်ိန္မွာေတာ့ Facebook က စမ္းသပ္ေနတုန္းျဖစ္တာေၾကာင့္ ဘယ္အခ်ိန္မွာ လူတိုင္းအတြက္ ထုတ္ေပးမလဲဆိုတာ မသိရေသးပါဘူး။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Facebook က Messenger အတွက် Unsend Feature ကို စမ်းသပ်နေပြီ

Message မှားပို့တယ်ဆိုတာ ဖြစ်တတ်တဲ့ကိစ္စပါ။ အဲ့ဒီအတွက် Facebook က ဖြေရှင်းနည်းတစ်ခုကို အခုလိုထည့်ပေးဖို့ ကြိုးစားနေခဲ့တာပါ။ Facebook Messenger ကလည်း တစ်ကမ္ဘာလုံးမှာ အသုံးအများဆုံး Messaging Platform တစ်ခုအဖြစ်ရှိနေတာကြောင့် အခု Feature က လူအများကြီးအတွက် အရေးပါနေပါတယ်။ 

Unsend Feature

Messenger မှာ မကြာခင်ပါလာတော့မယ် Unsend Feature ဆိုတာက Message တစ်ခုမှားပို့မိရင် တစ်ဖက်လူမမြင်ရအောင် ဖျက်ပစ်နိုင်တဲ့သဘောပါ။ ပုံမှန်ဆိုရင် Messenger မှာ Message တစ်ခု မှားပို့မိလို့ ဖျက်ပစ်မယ်ဆိုရင် Message က ကိုယ့်ဖက်မှာ ပျက်သွားပေမယ့် တစ်ဖက်လူဆီမှာတော့ ကျန်နေသေးမှာဖြစ်တာကြောင့် အဆင်မပြေပါဘူး။ Unsend Feature ရလာတဲ့အချိန်မှာတော့ ကိုယ်ပို့တဲ့ Message ကို ကိုယ်တိုင် ထိန်းချုပ်ခွင့်ရသွားတော့မှာပါ။ လက်ရှိအချိန်မှာတော့ Viber မှာ ရနေတဲ့ Feature နဲ့ သဘောတရားခြင်း အတူတူပါပဲ။ 

ကိုယ့်ဖက်က မှားပို့မိတာရှိရင် ဖျက်ပစ်လိုက်တာနဲ့ တစ်ဖက်လူဖက်မှာပါ ပျက်သွားစေမှာဖြစ်တာကြောင့် မထင်မှတ်ထားတဲ့အမှားတွေအတွက် အလွယ်တကူ ဖြေရှင်းနိုင်တော့မှာပါ။ ဒါပေမယ့် Message မှားပို့မိတဲ့အခါ ပြန်ဖျက်ဖို့အတွက် အချိန်အကန့်အသတ်တစ်ခုပဲပေးထားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ညဖက်မှာ မူးပြီးသူငယ်ချင်းဆီ ပိုက်ဆံချေးတာမျိုးကိုတော့ မနက်ရောက်မှ ပြန်ဖျက်လို့ရမယ်မထင်ပါဘူး။ ဒီ Feature ကို လက်ရှိအချိန်မှာတော့ Facebook က စမ်းသပ်နေတုန်းဖြစ်တာကြောင့် ဘယ်အချိန်မှာ လူတိုင်းအတွက် ထုတ်ပေးမလဲဆိုတာ မသိရသေးပါဘူး။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com