[Zawgyi]

Account သန္း ၃၀ Hack ခံရတယ္လို႔ Facebook နဲ႔ FBI အတည္ျပဳလိုက္ျပီ

ျပီးခဲ့တဲ့ စက္တင္ဘာလတုန္းက Facebook အေကာင့္ သန္း ၅၀ Hack ခံလိုက္ရတယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ ဒီလို ဟိုးေလးတေက်ာ္ျဖစ္ အရွက္တကြဲျဖစ္ခဲ့ရတဲ့ကိစၥကို စုံစမ္းစစ္ေဆးျပီးတဲ့အခါမွာေတာ့ “View As” ဆိုတဲ့ Feature အသုံးျပဳျပီး Untrusted Access ဒါမွမဟုတ္ Unauthorized Access ရသြားတယ္၊ ဒါနဲ႔ ဆက္စပ္ျပီး ဘယ္လို အခ်က္လက္ေတြ ပါသြားတယ္ဆိုတာကို Facebook မွ အခုလို ထုတ္ျပန္ထားပါတယ္။

CEO Mark Zukerberg

“Hacker ခံရတဲ့ အေကာင့္ေတြက စုစုေပါင္း သန္း ၃၀ ေက်ာ္ပါတယ္။ အဲ့ဒီထဲကမွ အေကာင့္ ၁၄ သန္းရဲ႕  Name ၊ email ဒါမွမဟုတ္ Phone Number စတာေတြ ပါသြားတယ္၊ ၁၅ သန္းစီကေတာ့ Gender ၊ Religion ၊ Location ၊ Device Information အစရွိတဲ့ အခ်က္လက္ေတြပါသြားတယ္၊ က်န္တဲ့ ၁ သန္းစီက ဘယ္အခ်က္လက္ကိုမွ ယူမသြားခဲ့ဘူး။”

“View As” is virtually accessible

ဒါဆိုရင္ေတာ့ အေကာင့္ သန္း၃၀ ပါသြားတယ္ေျပာရမယ္ေပါ့။ အခုလို ျဖစ္ပြားခဲ့တဲ့ကိစၥကို ဒုဥကၠဌ Guy Rosen က “Facebook Account အခိုးခံရတာနဲ႔ ပတ္သက္လို႔ စိတ္မေကာင္းပါဘူး၊ ကြ်န္ေတာ္တို႔ အေနနဲ႔ အကာင္းဆုံး ကိုင္တြယ္သြားပါမယ္လုိ႔” ကာယကံရွင္ေတြကို Help Center မွ တဆင့္ အေၾကာင္းၾကားစာပို႔၊ အႏူးညြတ္ေတာင္းပန္ထားတာ ေတြ႔ရပါတယ္။ Facebook App အခုိးခံ၊ Hack ခံလိုက္ရလို႔ Link ခ်ိတ္ထားတဲ့ Instagram ၊ Messenger နဲ႔ WhatsApp တို႔က ဘာအခ်က္လက္မွ ပါမသြားဘူးလို႔လည္း အသိေပးထားပါတယ္။

Facebook

အခုလို Account ေပါင္း သန္း ၃၀ အခုိးခံရတယ္ဆိုမယ့္ Hacker ေတြ ဘာ Post မွ မတင္ခဲ့ဘူး၊ ဒီျဖစ္စဥ္မတိုင္မီ စက္တင္ဘာ ၁၄ ေလာက္ကတည္းက Account ေတြ အ Hack ခံေနရတယ္၊ ဒါေပမယ့္ Hacker လက္ခ်က္လို႔ Facebook အတည္မျပဳမခ်င္း ဃဃနန မသိရဘူး၊ အခုမွ Account ေပါင္း သန္း ၃၀ အခိုးခံရတယ္ ေၾကညာလိုက္သလို GDPR Standard နဲ႔ အညီ ဥပေဒအတိုင္း FBI နဲ႔ ပူးေပါင္း ေဆာင္ရြက္ေနျပီလို႔ ေျပာဆိုထားပါတယ္။

2B (Akhayar)
www.akhayar.com

[Unicode]

Account သန်း ၃၀ Hack ခံရတယ်လို့ Facebook နဲ့ FBI အတည်ပြုလိုက်ပြီ

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက Facebook အကောင့် သန်း ၅၀ Hack ခံလိုက်ရတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒီလို ဟိုးလေးတကျော်ဖြစ် အရှက်တကွဲဖြစ်ခဲ့ရတဲ့ကိစ္စကို စုံစမ်းစစ်ဆေးပြီးတဲ့အခါမှာတော့ “View As” ဆိုတဲ့ Feature အသုံးပြုပြီး Untrusted Access ဒါမှမဟုတ် Unauthorized Access ရသွားတယ်၊ ဒါနဲ့ ဆက်စပ်ပြီး ဘယ်လို အချက်လက်တွေ ပါသွားတယ်ဆိုတာကို Facebook မှ အခုလို ထုတ်ပြန်ထားပါတယ်။

CEO Mark Zukerberg

“Hacker ခံရတဲ့ အကောင့်တွေက စုစုပေါင်း သန်း ၃၀ ကျော်ပါတယ်။ အဲ့ဒီထဲကမှ အကောင့် ၁၄ သန်းရဲ့  Name ၊ email ဒါမှမဟုတ် Phone Number စတာတွေ ပါသွားတယ်၊ ၁၅ သန်းစီကတော့ Gender ၊ Religion ၊ Location ၊ Device Information အစရှိတဲ့ အချက်လက်တွေပါသွားတယ်၊ ကျန်တဲ့ ၁ သန်းစီက ဘယ်အချက်လက်ကိုမှ ယူမသွားခဲ့ဘူး။”

“View As” is virtually accessible

ဒါဆိုရင်တော့ အကောင့် သန်း၃၀ ပါသွားတယ်ပြောရမယ်ပေါ့။ အခုလို ဖြစ်ပွားခဲ့တဲ့ကိစ္စကို ဒုဥက္ကဌ Guy Rosen က “Facebook Account အခိုးခံရတာနဲ့ ပတ်သက်လို့ စိတ်မကောင်းပါဘူး၊ ကျွန်တော်တို့ အနေနဲ့ အကာင်းဆုံး ကိုင်တွယ်သွားပါမယ်လို့” ကာယကံရှင်တွေကို Help Center မှ တဆင့် အကြောင်းကြားစာပို့၊ အနူးညွတ်တောင်းပန်ထားတာ တွေ့ရပါတယ်။ Facebook App အခိုးခံ၊ Hack ခံလိုက်ရလို့ Link ချိတ်ထားတဲ့ Instagram ၊ Messenger နဲ့ WhatsApp တို့က ဘာအချက်လက်မှ ပါမသွားဘူးလို့လည်း အသိပေးထားပါတယ်။

Facebook

အခုလို Account ပေါင်း သန်း ၃၀ အခိုးခံရတယ်ဆိုမယ့် Hacker တွေ ဘာ Post မှ မတင်ခဲ့ဘူး၊ ဒီဖြစ်စဉ်မတိုင်မီ စက်တင်ဘာ ၁၄ လောက်ကတည်းက Account တွေ အ Hack ခံနေရတယ်၊ ဒါပေမယ့် Hacker လက်ချက်လို့ Facebook အတည်မပြုမချင်း ဃဃနန မသိရဘူး၊ အခုမှ Account ပေါင်း သန်း ၃၀ အခိုးခံရတယ် ကြေညာလိုက်သလို GDPR Standard နဲ့ အညီ ဥပဒေအတိုင်း FBI နဲ့ ပူးပေါင်း ဆောင်ရွက်နေပြီလို့ ပြောဆိုထားပါတယ်။

2B (Akhayar)
www.akhayar.com