[Zawgyi]

ပဋိပက္ခဖြစ်စေမယ့် အရေးသားမျိုး မြန်မာနိုင်ငံအတွက် စစ်ဆေးသွားမယ့် Facebook

ပြီးခဲ့တဲ့ ဇွန်လတုန်းက Facebook ကို မဟုတ်မမှန် သတင်းလွှင့်နေတယ်ဆိုပြီး UK နိုင်ငံရေးသမားတချို့စွပ်စွဲခဲ့သလို Fakebook လို့ နာမည်တပ်ခံရတဲ့အထိ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရပါတယ်။ သိကြပြီးတဲ့အတိုင်း Facebook လို Social Media မျိုးဟာ တိုက်ခိုက်လို့ အရမ်းကောင်းတာမလို့ DCMS အဖွဲ့အစည်း ဖော်ပြထားချက်မှာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အရေးအခင်းလည်း ပါဝင်နေခဲ့ပါတယ်။

Pakistan raising their hands on stopping Rohingya Minority in Myanmar

Facebook အဆိုအရ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးခွဲခြားရေး ပဋိပက္ခ အရှုပ်အထွေးနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခဲ့ခြင်းမရှိသလို UN အနေနဲ့လည်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ပိုမိုပြင်းထန်အောင် တမင်လုံ့ဆော် ဖိအားပေးခဲ့တယ်လို့ ရေးသားထားခဲ့ပါတယ်။ အဲ့ဒီရဲ့ အကျိုးဆက်အနေနဲ့ မြန်မာ-ဘင်္ဂါလီလူမျိုး အယောက် ၇၀၀,၀၀၀ ခန့် ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ရတယ်လို့လည်း ဖော်ပြထားခဲ့ပါတယ်။

One of the worst figure of Myanmar Rohingya Minority

ဆက်လက်ပြီး အရေးခင်း ဖြစ်ပွားနေချိန် မြန်မာဘက်မှ တာဝန်ရှိသူတွေကလည်း CEO “Mark Zuckerberg” ကို မဟုတ်မမှန် စွပ်စွဲရေးသားချက်တွေ ပြန်ရုပ်သိမ်း ဖျက်ပစ်ပေးဖို့ တောင်းဆိုထားခဲ့ပါတယ်။ ဒါကို Zukerberg ကိုယ်တိုင်က အချိန်မီ ထိထိမိမိ မပြင်ဆင်၊ မရှင်းလင်းနိုင်ခဲ့တာနဲ့ ပတ်သက်လို့ Facebook စာမျက်နှာမှာ အနူးအညွတ် တောင်းပန်ရေးသားထားခဲ့တာ တွေ့ရပါတယ်။

Those written in Zawgyi which is not a readable format

အဲ့ဒီလို အရေးခင်းဖြစ်ပွားနေတဲ့ ကာလအတွင်းမှာလည်း သွေးထိုးဖိအားပေးထားတဲ့ အရေးအသားတွေ ပေါ်ထွက်နေခဲ့လို့
Facebook မှ တာဝန်ရှိသူ ၅ ယောက်ကို မြန်မာလူမျိုးရေး အခြေအနေ အသေးစိတ်သိရဖို့ စေလွှတ်ခဲ့ပါတယ်။ မြန်မာပြည်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ အချိန်မှာ လတ်တလောဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပြီး Vice News သတင်းဌာန ပြောကြားချက်အရ မြန်မာလူမျိုး မုန်းတီးရေး ဆောင်ပုဒ်တွေနဲ့ အရေးအသားတွေအားလုံး Facebook စာမျက်နှာပေါ်မှ ဖယ်ရှားပစ်ခဲ့ပါတယ်။

Even UN aware the whole affair and accuse facebook with misleading information

ဒီနေရာမှာ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူ Victorie Rio က ပဋိပက္ခဖြစ်စေမယ့် အရေးအသားတွေနဲ့ ပတ်သက်လို့ Report တင်တဲ့အခါ သူတို့ ကြုံတွေ့ခဲ့ရတဲ့ မြန်မာစာ Font  မရှင်းမလင်းဖြစ်နေတဲ့ အကြောင်းထည့်ပြောသွာခဲ့ပါတယ်။ အဲ့ဒါကတော့ မြန်မာပြည်လို အင်တာနက် စသုံးခါစ အခြေအနေမျိုးမှာ အသုံးပြုနေတဲ့ Font ပုံစံက နိုင်ငံတကာ စံနှုန်းနဲ့ မကိုက်ညီသေးတဲ့အချက်ပါ။ Facebook အနေနဲ့လည်း မဆီလျော်တဲ့ အရေးသားတွေနဲ့ ပတ်သက်လို့ ထိထိမိမိ ကူညီနိုင်ဖို့ Reporting Tools နဲ့ Technical Issues အားလုံး မြန်မာပြည် အတွက် သီးသန့်အဖွဲ့ဖွဲ့ပြီး ကူညီသွားမယ်လို့ ဒီနေ့ ပြုလုပ်ခဲ့တဲ့ NewsRoom စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Group of Rohingya Ethnic group

ဒီနေရာမှာ Facebook အနေနဲ့ မြန်မာပြည်သူတွေကို အနူးအညွတ် တောင်းဆိုလိုက်တာက စမတ်ဖုန်းနဲ့ ကွန်ပျူတာတွေမှာ အသုံးပြုနေတဲ့ Zawgyi Font စနစ် ဖယ်ရှားသွားတော့မယ် ဆိုတာပါ။ ဘာလို့လဲဆိုတော့ Zawgyi Font ဟာ မြန်မာပြည်သူ၊ ပြည်သားတွေအတွက်ပဲ အဆင်ပြေသလို နိုင်ငံတကာ အသုံးပြုနေတဲ့ Unicode Font စနစ်နဲ့ ဘယ်လိုမှ ဖတ်ရှုဖို့ မလွယ်ကူပါဘူး။ အဓိက ဆိုလိုချင်တဲ့အချက်က လူမျိုးရေး၊ ဘာသာရေး အရေးခင်းတုန်းကလို နားလည်မှုမလွှဲဖို့ရယ်၊ Report တင်လာသမျှကို အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်သွားနိုင်ဖို့ Facebook မှာ Zawgyi Font ဖယ်ရှားသွားတော့မယ်လို့ အသိပေးထားပါတယ်။

CEO Mark Zukerberg

အခုလို Facebook အနေနဲ့ မြန်မာပြည်တွင်းရေး အရှုပ်အရှင်းပြဿနာ ပါဝင်ဖြေရှင်းလိုက်တာကို အရှေ့တောင်အာရှရဲ့ Human Rights အဖွဲ့စည်း ဥက္ကဌ Matthew Bugher က”နိုင်ငံရေးနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ လုပ်ပိုင်ခွင့် Standard တွေ အဆင့်မြှင့်တင်ပေးလိုက်တာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ အရေးခင်းတုန်းကလို သတင်းအတု၊ အလိမ် ပေါ်ပေါက်မှု နည်းပါးသွားမှာပါလို”့ ပြောကြားခဲ့ပါတယ်။ Facebook အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေအတိုင်း တစ်စုံတခု အငြင်းပွားစရာ ဖြစ်ပေါ်လာခဲ့ရင် နားလည်မှုမလွှဲအောင်၊ မဟုတ်မမှန် ပြောဆိုနေတာမျိုးမဖြစ်ရအောင် ခေတ်မီနည်းပညာတွေနဲ့ အဖက်ဖက်က ကူညီသွားမယ်လို့ ဖော်ပြထားခဲ့ပါတယ်။

2B (Akhayar)

www.akhayar.com

[Unicode]