ပြီးခဲ့တဲ့ရက်အနည်းငယ်က New Zealand Herald သတင်းစာတိုက်က Facebook Chief Operating Officer Sheryl Sandberg ရဲ့စာတစ်စောင်ကိုထုတ်ဝေခဲ့ပါတယ်။ စာထဲမှာ March လ ၁၅ ရက်နေ့က Christchurch မှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး Company ဟာဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမယ်ဆိုတာကိုရှင်းပြထားတာပါ။

ဒီတိုက်ခိုက်မှုဟာ အလွန်ယုတ်မာတဲ့တိုက်ခိုက်မှုဖြစ်ပြီး Company ကလည်းဖြစ်ပျက်ခဲ့သမျှကိုပြန်လည်ဆန်းစစ်နေရတယ်လို့ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကိုရိုက်ကူးပြီးတင်လိုက်တဲ့ Video ၁၅ မီလီယံကျော်ကို Facebook ကဖယ်ရှားခဲ့ပြီး Company ကလည်းနည်းလမ်းသုံးခုနဲ့ကိုင်တွယ်သွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

ပထမဆုံးနညိးကတော့ Live လွှင့်ဖို့အတွက်အရင် Community Standard Violations တွေနဲ့ကိုက်ညီဖို့လိုအပ်ပြီး Company ကလည်းကြမ်းတမ်းတဲ့ Video တွေကိုပြုပြင်ပြောင်းလဲထားရင်တောင်ရှာတွေ့နိုင်အောင် System ကိုပြင်ဆင်နေပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သတ်တဲ့ Video တစ်ခုတည်းတင် ပြုပြင်ထားတဲ့ Video တွေပေါင်း ၉၀၀ ကျော်တွေ့ရတယ်လို့ဆိုပါတယ်။ ဒုတိယနည်းကတော့လူအချင်းချင်းမုန်းတီးစေတဲ့အရာတွေကိုဖယ်ရှားဖို့ဖြစ်တယ်။

Facebook ကလူမျိုးရေးခွဲခြားတဲ့အရာတွေကို လူတွေမရှာနိုင်အောင်ကြိုးစားဖယ်ရှားနေပါတယ်။ Company ကဒီလိုလူအချင်းချင်းသွေးခွဲတဲ့အဖွဲ့အစည်းတွေကို ဖယ်ရှားခဲ့ပြီး အခုလည်းဆက်လက်ဖယ်ရှားသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ နောက်ဆုံးနည်းအနေနဲ့ NewZealand မှာရှိတဲ့ Well-being နဲ့ Mental Health အဖွဲ့အစည်းလေးခုကိုထောက်ပံ့ပေးနေပြီး Online Sites နဲ့ Social Media တွေ ဒီတိုက်ခိုက်မှုနဲ့ ဘယ်လိုပတ်သတ်နေလဲဆိုတာတွေကိုပါစုံစမ်းနေပါတယ်။

Sandberg ရဲ့စာမှာတော့ Live လွှင့်ဖို့ပိတ်ပင်ချက်တွေနဲ့ပတ်သက်ပြီး သေချာဖြေရှင်းထားခြင်းမရှိပါဘူး။ ဒီလအစောပိုင်းက လူတစ်ယောက်ဟာ ဗလီကျောင်းနှစ်ခုကိုတိုက်ခိုက်ခဲ့ပြီး Facebook ၊ Twitter ၊ YouTube နဲ့ Instagram တို့ပေါ်တင်ကာ ဖြန့်ချိခဲ့ပါတယ်။ Video ကိုလူအနည်းငယ်ပဲကြည့်ရသေးတဲ့အချိန်မှာ Tech Companie တွေက Video ဆက်မပြန့်နိုင်အောင်တားထားလိုက်နိုင်ပါတယ်။ Facebook ဟာ 2017 ကတည်းကလူတွေတင်တဲ့အကြမ်းဖက် Video တွေကြောင့်ဒီကနေ့ထိအခက်တွေ့နေဆဲပဲဖြစ်ပါတယ်။

Ref; TheVerge

SiD (Akhayar)