Facebook လိုမ်ိဳး Social Media ေတြမွာ သီခ်င္းကို ေနာက္ခံထားျပီး ၁၅ စကၠန္႔စာ TikTok Video ေတြကို ေတြ႕ဖူးၾကမွာပါ။ အခုလုိမ်ိဳး TikTok ရဲ႕ ေအာင္ျမင္မႈအေပၚမွာ Facebook က သိပ္ျပီးအျမင္မၾကည္တဲ့ပံုစံပါပဲ။

Facebook Lip Sync Live

ဘာေၾကာင့္လည္းဆုိရင္ လကရွိအခ်ိန္မွာ Facebook ကေန TikTok ကို ယွဥ္ျပိဳင္ႏုိင္မယ့္ Application တစ္ခုကို ေဆာင္ရြက္ေနျပီးေတာ့ မၾကာခင္မွာ ထြက္ရွိလာေတာ့မယ္လုိ႔ ယူဆရလုိ႔ပါ။ အခု Application ရဲ႕ နာမည္ကို Lasso လုိ႔ ေပးထားတယ္လုိ႔လည္း သိရပါတယ္။

အခု Facebook ရဲ႕ Lasso Application က တကယ္တမ္းေတာ့ TikTok နဲ႔ Musical.ly Application ေတြပံုစံပဲျဖစ္ျပီးေတာ့ Full Screen User Interface နဲ႔ အသံုးျပဳႏုိင္ျပီး ဆယ္ေက်ာ္သက္ေတြအတြက္ အဓိကထားမွာျဖစ္တဲ့အတြက္ ေပ်ာ္ရႊင္စရာေကာင္းဖို႔ကို ရည္ရြယ္ထားမွာျဖစ္ပါတယ္။ ဒါေပမယ့္ Facebook ဟာ လက္ရွိအခ်ိန္မွာ Music Label ေတြနဲ႔လည္း စာခ်ဴပ္ခ်ဴပ္ဆိုထားတဲ့အတြက္ TikTok ရဲ႕ ၁၅ စကၠန္႔ Limit ထက္ပိုျပီး အသံုးျပဳႏုိင္မယ္လုိ႔ ယူဆရပါတယ္။

Facebook ဟာ ျပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္ထဲက Musical.ly ရဲ႕ ေအာင္ျမင္မႈကိုလုိက္ျပီး Research ျပဳလုပ္ဖုိ႔အတြက္ Research Team တစ္ခုကို ဖြဲ႕စည္းထားတာျဖစ္ပါတယ္။ ေနာက္ပိုင္း Musical.ly က TikTok App နဲ႔ ပူးေပါင္းျပီး ျပီးခဲ့တဲ့ ဇူလုိင္လ ၂၀၁၈ မွာ လစဥ္အသံုးျပဳသူေပါင္း သန္း ၅၀၀ အထိ ေအာင္ျမင္မႈေတြရရွိခဲ့တာျဖစ္တဲ့အတြက္ Facebook အေနနဲ႔ TikTok ကို မနာလုိေတာ့တဲ့ပံုပါပဲ။

TikTok

အခု Facebook ရဲ႕ Lasso Application က TikTok ထက္ ပိုျပီး ေအာင္ျမင္လာႏုိင္မလားဆိုတာကေတာ့ ဒီအခ်ိန္မွာေျပာဖုိ႔ ခက္ေနေသးေပမယ့္ ေသခ်ာတာကေတာ့ Application က TikTok ထက္ ပိုျပီးေကာင္းလာမွာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Facebook လိုမျိုး Social Media တွေမှာ သီချင်းကို နောက်ခံထားပြီး ၁၅ စက္ကန့်စာ TikTok Video တွေကို တွေ့ဖူးကြမှာပါ။ အခုလိုမျိုး TikTok ရဲ့ အောင်မြင်မှုအပေါ်မှာ Facebook က သိပ်ပြီးအမြင်မကြည်တဲ့ပုံစံပါပဲ။

Facebook Lip Sync Live

ဘာကြောင့်လည်းဆိုရင် လကရှိအချိန်မှာ Facebook ကနေ TikTok ကို ယှဉ်ပြိုင်နိုင်မယ့် Application တစ်ခုကို ဆောင်ရွက်နေပြီးတော့ မကြာခင်မှာ ထွက်ရှိလာတော့မယ်လို့ ယူဆရလို့ပါ။ အခု Application ရဲ့ နာမည်ကို Lasso လို့ ပေးထားတယ်လို့လည်း သိရပါတယ်။

အခု Facebook ရဲ့ Lasso Application က တကယ်တမ်းတော့ TikTok နဲ့ Musical.ly Application တွေပုံစံပဲဖြစ်ပြီးတော့ Full Screen User Interface နဲ့ အသုံးပြုနိုင်ပြီး ဆယ်ကျော်သက်တွေအတွက် အဓိကထားမှာဖြစ်တဲ့အတွက် ပျော်ရွှင်စရာကောင်းဖို့ကို ရည်ရွယ်ထားမှာဖြစ်ပါတယ်။ ဒါပေမယ့် Facebook ဟာ လက်ရှိအချိန်မှာ Music Label တွေနဲ့လည်း စာချူပ်ချူပ်ဆိုထားတဲ့အတွက် TikTok ရဲ့ ၁၅ စက္ကန့် Limit ထက်ပိုပြီး အသုံးပြုနိုင်မယ်လို့ ယူဆရပါတယ်။

Facebook ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ထဲက Musical.ly ရဲ့ အောင်မြင်မှုကိုလိုက်ပြီး Research ပြုလုပ်ဖို့အတွက် Research Team တစ်ခုကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။ နောက်ပိုင်း Musical.ly က TikTok App နဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀၁၈ မှာ လစဉ်အသုံးပြုသူပေါင်း သန်း ၅၀၀ အထိ အောင်မြင်မှုတွေရရှိခဲ့တာဖြစ်တဲ့အတွက် Facebook အနေနဲ့ TikTok ကို မနာလိုတော့တဲ့ပုံပါပဲ။

TikTok

အခု Facebook ရဲ့ Lasso Application က TikTok ထက် ပိုပြီး အောင်မြင်လာနိုင်မလားဆိုတာကတော့ ဒီအချိန်မှာပြောဖို့ ခက်နေသေးပေမယ့် သေချာတာကတော့ Application က TikTok ထက် ပိုပြီးကောင်းလာမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com