[Zawgyi] 

Facebook အေနနဲ႔ သူတို႔ကိုယ္ပိုင္ Data Center တစ္ခုကို $1.02 Billion ကုန္က်ခံၿပီး စကၤပူႏုိင္ငံမွာ တည္ေဆာက္သြားမယ္လို႔သိရပါတယ္။ တည္ေဆာက္မယ့္ ေနရာကေတာ့ စကၤပူႏိုင္ငံ အေရွ႕ပိုင္း Jurong ရပ္ကြက္အပိုင္းဖက္မွာလို႔ သိရပါတယ္။

Data Center

Data Center ကိုေတာ့ စြမ္းအင္၊ ေျမေနရာနဲ႔ ေရအရင္းအျမစ္ေတြကို အသံုးျပဳမႈနည္းေစမယ့္ Design ကို အသံုးျပဳၿပီး တည္ေဆာက္သြားမယ္လို႔လည္း သိရပါတယ္။ Data Center အတြက္ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္ကိုပဲ အသံုးျပဳသြားမွာျဖစ္ပါတယ္။ ထူးျခားခ်က္အေနနဲ႔ကေတာ့ Data Center အတြက္ StatePoint Liquid Cooling နည္းပညာကို အသံုးျပဳသြားမယ့္ အခ်က္ပါ။ Data Center ေတြက အပူထုတ္လႊတ္မႈမ်ားတာေၾကာင့္ အေအးခံမယ့္အပိုင္းက အၿမဲလိုလို အေရးႀကီးပါတယ္။ အခု Data Center အသစ္ကေတာ့ StatePoint Liquid Cooling နည္းပညာကို အသံုးျပဳထားတဲ့ ပထမဦးဆံုး Data Center ျဖစ္လာေတာ့မွာပါ။ 

Cooling Technology

StatePoint Liquid Cooling နည္းပညာဆုိတာကေတာ့ Nortek Air Solutions ဆိုတဲ့ ကုမၸဏီက တီထြင္ေပးထားတာျဖစ္ၿပီး ေရေငြ႕အသံုးျပဳၿပီး Computer အစိတ္အပိုင္းေတြကို ေအးေအာင္ လုပ္ေပးတာပဲျဖစ္ပါတယ္။ သာမန္အေအးခံစနစ္ေတြထက္ ေရအသံုးျပဳမႈ (၂၀) ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးႏိုင္မယ္လို႔ သိရပါတယ္။ ေလထဲမွာ ေရေငြ႕ေတြထုတ္ေပးၿပီး Data Center အတြင္းက ေလထုကို ေအးေအာင္လုပ္ေပးထားမွာပဲျဖစ္ပါတယ္။ 

StatePoint Liquid Cooling

အာရွရဲ႕လူထူထပ္တဲ့ ၿမိဳ႕ေတြမွာ အေတြ႕ရမ်ားတဲ့ အေဆာက္အဦးေတြအတိုင္း အထပ္အျမင့္ႀကီးေဆာက္ၿပီး ေျမေနရာ ေႁခြတာသြားမွာျဖစ္ပါတယ္။ Data Center ေတာ္ေတာ္မ်ားမ်ားကေတာ့ စက္႐ံု၊ ဂိုေထာင္ေတြလို တစ္ထပ္တည္းကို အက်ယ္ႀကီးေတြ ေဆာက္ေလ့ရွိေပမယ့္ အခု Data Center ကိုေတာ့ Facebook က Design အသစ္ကို သံုးသြားမွာျဖစ္ၿပီး လာမယ့္ ၂၀၂၂ ခုႏွစ္ထဲမွာ စတင္လည္ပတ္သြားမယ္လို႔ သိရပါတယ္။ အေဆာက္အဦးကေတာ့ (၁၁) ထပ္ရွိၿပီး အျပင္ဖက္နံရံေတြကလည္း အေပါက္ေတြပါဝင္မွာျဖစ္တာေၾကာင့္ ေလဝင္ေလထြက္ေကာင္းေစမွာျဖစ္ပါတယ္။ 

Data Center Drawing

အခုလို Data Center လာေဆာက္ရတာကေတာ့ စကၤပူႏုိင္ငံရဲ႕ စနစ္က်မႈေတြ၊ ျမန္ႏႈန္းျမင့္ Internet စနစ္နဲ႔ ႏုိင္ငံတြင္းက ပညာရွင္ေတြေၾကာင့္ပဲျဖစ္တယ္လို႔ Facebook ရဲ႕  ဒုဥကၠဌျဖစ္သူ Thomas Furlong က ဆိုပါတယ္။ Google အေနနဲ႔လည္း မၾကာေသးခင္က $350 Million အကုန္က်ခံၿပီး Data Center အသစ္တည္ေဆာက္မယ္လို႔ ေၾကညာခဲ့ပါေသးတယ္။ အဆိုပါ Data Center အသစ္ တည္ေဆာက္ျဖစ္ခဲ့ရင္ေတာ့ ကုမၸဏီရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈက စကၤာပူႏိုင္ငံအတြက္တင္ $850 Million ျဖစ္သြားမွာပါ။ မၾကာခင္ အေရွ႕ေတာင္အာရွမွာ Data Center ေတြ ပိုမ်ားလာေတာ့မယ္လို႔ ယူဆရပါတယ္။ 

Ref: Tech In Asia, Facebook 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Facebook က အာရှမှာ ပထမဦးဆုံး Data Center ဆောက်တော့မယ်

Facebook အနေနဲ့ သူတို့ကိုယ်ပိုင် Data Center တစ်ခုကို $1.02 Billion ကုန်ကျခံပြီး စင်္ကပူနိုင်ငံမှာ တည်ဆောက်သွားမယ်လို့သိရပါတယ်။ တည်ဆောက်မယ့် နေရာကတော့ စင်္ကပူနိုင်ငံ အရှေ့ပိုင်း Jurong ရပ်ကွက်အပိုင်းဖက်မှာလို့ သိရပါတယ်။

Data Center

Data Center ကိုတော့ စွမ်းအင်၊ မြေနေရာနဲ့ ရေအရင်းအမြစ်တွေကို အသုံးပြုမှုနည်းစေမယ့် Design ကို အသုံးပြုပြီး တည်ဆောက်သွားမယ်လို့လည်း သိရပါတယ်။ Data Center အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကိုပဲ အသုံးပြုသွားမှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ Data Center အတွက် StatePoint Liquid Cooling နည်းပညာကို အသုံးပြုသွားမယ့် အချက်ပါ။ Data Center တွေက အပူထုတ်လွှတ်မှုများတာကြောင့် အအေးခံမယ့်အပိုင်းက အမြဲလိုလို အရေးကြီးပါတယ်။ အခု Data Center အသစ်ကတော့ StatePoint Liquid Cooling နည်းပညာကို အသုံးပြုထားတဲ့ ပထမဦးဆုံး Data Center ဖြစ်လာတော့မှာပါ။ 

Cooling Technology

StatePoint Liquid Cooling နည်းပညာဆိုတာကတော့ Nortek Air Solutions ဆိုတဲ့ ကုမ္ပဏီက တီထွင်ပေးထားတာဖြစ်ပြီး ရေငွေ့အသုံးပြုပြီး Computer အစိတ်အပိုင်းတွေကို အေးအောင် လုပ်ပေးတာပဲဖြစ်ပါတယ်။ သာမန်အအေးခံစနစ်တွေထက် ရေအသုံးပြုမှု (၂၀) ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မယ်လို့ သိရပါတယ်။ လေထဲမှာ ရေငွေ့တွေထုတ်ပေးပြီး Data Center အတွင်းက လေထုကို အေးအောင်လုပ်ပေးထားမှာပဲဖြစ်ပါတယ်။ 

StatePoint Liquid Cooling

အာရှရဲ့လူထူထပ်တဲ့ မြို့တွေမှာ အတွေ့ရများတဲ့ အဆောက်အဦးတွေအတိုင်း အထပ်အမြင့်ကြီးဆောက်ပြီး မြေနေရာ ခြွေတာသွားမှာဖြစ်ပါတယ်။ Data Center တော်တော်များများကတော့ စက်ရုံ၊ ဂိုထောင်တွေလို တစ်ထပ်တည်းကို အကျယ်ကြီးတွေ ဆောက်လေ့ရှိပေမယ့် အခု Data Center ကိုတော့ Facebook က Design အသစ်ကို သုံးသွားမှာဖြစ်ပြီး လာမယ့် ၂၀၂၂ ခုနှစ်ထဲမှာ စတင်လည်ပတ်သွားမယ်လို့ သိရပါတယ်။ အဆောက်အဦးကတော့ (၁၁) ထပ်ရှိပြီး အပြင်ဖက်နံရံတွေကလည်း အပေါက်တွေပါဝင်မှာဖြစ်တာကြောင့် လေဝင်လေထွက်ကောင်းစေမှာဖြစ်ပါတယ်။ 

Data Center Drawing

အခုလို Data Center လာဆောက်ရတာကတော့ စင်္ကပူနိုင်ငံရဲ့ စနစ်ကျမှုတွေ၊ မြန်နှုန်းမြင့် Internet စနစ်နဲ့ နိုင်ငံတွင်းက ပညာရှင်တွေကြောင့်ပဲဖြစ်တယ်လို့ Facebook ရဲ့  ဒုဥက္ကဌဖြစ်သူ Thomas Furlong က ဆိုပါတယ်။ Google အနေနဲ့လည်း မကြာသေးခင်က $350 Million အကုန်ကျခံပြီး Data Center အသစ်တည်ဆောက်မယ်လို့ ကြေညာခဲ့ပါသေးတယ်။ အဆိုပါ Data Center အသစ် တည်ဆောက်ဖြစ်ခဲ့ရင်တော့ ကုမ္ပဏီရဲ့ ရင်းနှီးမြုပ်နှံမှုက စင်္ကာပူနိုင်ငံအတွက်တင် $850 Million ဖြစ်သွားမှာပါ။ မကြာခင် အရှေ့တောင်အာရှမှာ Data Center တွေ ပိုများလာတော့မယ်လို့ ယူဆရပါတယ်။ 

Ref: Tech In Asia, Facebook 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။