Facebook ဟာ Snapchat ကနေ ကော်ပီကူးချထားတဲ့ ၂၄နာရီ ခံတဲ့ Stories လုပ်ဆောင်ချက်သစ်ကို Instagram မှာ ထည့်သွင်းပြီးနောက် ယခုအခါ Facebook မှာ ထည့်သွင်းဖို့ရှိနေတယ်လို့ သိရပါတယ်။ ဒီလိုပုံစံမျိုးကို Messenger App မှာ စတင်စမ်းသပ်ခဲ့ပြီး ယခုအခါမှာတော့ Facebook ဟာ သူတို့ရဲ့ Main App ထဲကို ထည့်သွင်းလာတာပါ။ ဒီ Facebook Stories ဆိုတဲ့ အမျိုးအစားသစ်ကို ယခုအခါမှာ အိုင်ယာလန်နိုင်ငံမှာ စတင်စမ်းသပ်နေပြီဖြစ်ပြီး Android ရော iOS အသုံးပြုသူတွေအတွက်ပါ ထွက်လာမှာဖြစ်တယ်လို့ Business Insider ရဲ့ သတင်းတစ်ရပ်အရ သိရပါတယ်။

အနာဂါတ်မှာ Snapchat နဲ့ အများကြီးတူတဲ့ Facebook ရဲ့ App ထဲမှာ in-app camera ဆိုပြီး ကင်မရာတစ်မျိုးထည့်သွင်းထားမှာပါ။ အသုံးပြုသူတွေဟာ ဓာတ်ပုံရိုက်ကူးပြီးတာနဲ့ ကိုယ့်မျက်နှာတွေကို ဘေးကိုဆွဲလိုတာနဲ့ Snapchat လိုတခြား စတေကာတွေ၊ Fun Filter တွေ၊ ရေးခြစ်တာတွေ ပြုလုပ်နိုင်မှာပါ။

ကင်မရာ Content တွေကို Facebook App မှာ Instagram အတိုင်းပဲ မြင်ရမှာဖြစ်ပြီး အသုံးပြုသူတွေက အပေါ်နားမှာရှိတဲ့ အဝိုင်းလေးတွေကိုနှိပ်ပြီး ပုံတွေကို ကြည့်ရှုနိုင်မှာပါ။ တကယ်လို့ သူတို့ကြည်ပြီးတဲ့အခါကျရင် ကြည့်ပြီးကြောင်းပြမှာဖြစ်ပြီး ကြည့်ပြီးတဲ့သူတွေကို သင်က Snapchat နဲ့ Instagram ထဲကလို တိုက်ရိုက် Message နဲ့ Reply ပြန်ုနိုင်မှာ ဖြစ်ပါတယ်။

ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို Facebook Story မှာ တိုက်ရိုက်တင်ခွင့်ပြုမှာမဟုတ်ပဲ သင့်အနေနဲ့ Default အနေနဲ့သာ အခုရိုက် အခုတင်ပုံစံမျိုးနဲ့ တင်ရမှာပါ။ Facebook Stories ကို တခြားနိုင်ငံအများစုမှာလည်း ထုတ်လုပ်သွားမှာဖြစ်ကြောင်းလဲ သိရပါတယ်။

Facebook ဟာ Snapchat ကို Copy လုပ်လိုက်တဲ့ Camera-First sharing လုပ်ဆောင်ချက်သစ်နဲ့ အတော် အောင်မြင်မှုရနေပါတယ်။ ကုမ္ပဏီရဲ့ ပြောကြားချက်အရ နေ့စဉ် လူသန်းပေါင်း ၁၅၀ဟာ Instagram Stories ကို အသုံးပြုနေတယ်လို့ ဆိုပါတယ်။ ဒါဟာဆိုရင် Snapchat အသုံးပြုသူအားလုံးနဲ့ အတူတူနီးပါးရှိနေတာပါ။ Facebook ရဲ့ပြောကြားချက်အရ Facebook Stories တွေကို Facebook အသုံးပြုသူ တစ်ဘီလီယံလုံးထံရောက်ရှိဖို့ ရည်ရွယ်နေကြောင်းလည်း သိရပါတယ်။

Joker (Akhayar)

Ref: The Verge