Facebook ကေတာ့ အခုအခ်ိန္မွာ သမိုင္းတစ္ေလွ်ာက္အၾကီးမားဆံုး ေစ်းကြက္တန္ဖိုး ဆံုးရႈံးမႈၾကီးကို ၾကံဳေတြ႕လုိက္ရပါျပီ။ အခုေနာက္ဆံုး ေစ်းကြယ္ရွယ္ယာတန္ဖိုးအရ Facebook ဟာ ျပီးခဲ့တဲ့ ဗုဒၶဟူးေန႔ ညေန ၅ နာရီ ၃၇ မိနစ္ ရွယ္ယာပိတ္တဲ့အခ်ိန္ ၂ နာရီအတြင္းမွာ ေဒၚလာ ၁၃၀ ဘီလီယံအထိ က်ဆင္းသြားခဲ့ျပီး အခုက်ဆင္းမႈဟာ မၾကာေသးမီက Facebook ကုမၸဏီရဲ႕ ေရာင္းအားေႏွးေကြးမႈအေပၚသတိေပးမႈကို ခံခဲ့ရျပီးေနာက္ပုိင္း က်ဆင္းလာခဲ့တာပါ။

Facebook Stock Decline

ယခု Facebook စေတာ့ရွယ္ယာေတြဟာ ျပီးခဲ့တဲ့ ဗုဒၶဟူးေန႔ Trading Hours အျပီးမွာ ၂၄ ရာခုိင္ႏႈန္းအထိ က်ဆင္းသြားခဲ့တာျဖစ္ပါတယ္။ အခုလုိ Facebook ရဲ႕ က်ဆင္းမႈေၾကာင့္ Snap နဲ႔ Twitter လိုမ်ိဳး ျပိဳင္ဘက္ေတြပါ ထိခုိက္ခဲ့ျပီး ၾကာသပေတးေန႔ Stock ေတြ ျပန္ဖြင့္တဲ့အခ်ိန္မွာ Tech Stock ေတြအကုန္လံုး က်ဆင္းသြားခဲ့ပါတယ္။

Facebook ရဲ႕ Chief Financial Officer ျဖစ္တဲ့ David Wehner ကေတာ့ အခုလုိမ်ိဳး ေရာင္းအားက်ဆင္းေနမႈကို ဒီႏွစ္ရဲ႕ က်န္ရွိေနတဲ့အခ်ိန္ေတြမွာ တျဖည္းျဖည္းဆြဲတင္မယ္လုိ႔ ေျပာခဲ့ေပမယ့္လည္း Facebook ရဲ႕ ရွယ္ယာေတြကေတာ့ ၇ ရာခုိင္ႏႈန္းက်ဆင္းေနျပီျဖစ္ျပီး Analyst ေတြနဲ႔ Conference Call ျပဳလုပ္ျပီးတဲ့အခ်ိန္မွာေတာ့ အခုလုိမ်ိဳး ၂၄ ရာခုိင္ႏႈန္းအထိ က်ဆင္းသြားခဲ့တာပဲျဖစ္ပါတယ္။

Mark Zuckerberg

အခုလုိ က်ဆင္းမႈဟာ Facebook ကုမၸဏီရဲ႕ Co-Founder & CEO Mark Zuckerberg ကိုလည္း အၾကီးအက်ယ္ထိခုိက္ေစခဲ့ျပီး အခုအခ်ိန္မွာ Zuckerberg တစ္ေယာက္ ေဒၚလာ ၁၆.၈ ဘီလီယံ ဆံုးရႈံးသြားခဲ့ပါတယ္။ အခုလို ဆံုးရႈံးသြားတာေၾကာင့္ Bloomberg Billionaires Index ရဲ႕ အခ်မ္းသာဆံုးစာရင္းမွာ နံပါတ္ ၃ ေနရာကေန နံပါတ္ ၆ ေနရာကို က်ဆင္းသြားပါျပီ။

ဒီ စေတာ့ရွယ္ယာက်ဆင္းမႈေတြက Facebook ရဲ႕ Second-quarter Report ကို ျပီးခဲ့တဲ့ ဗုဒၶဟူးေန႔ Stock Market အျပီး ထုတ္ျပန္ခဲ့မႈအျပီးမွာ စတင္ခဲ့တာျဖစ္ျပီး ယခု Report ဟာ မတ္လတုန္းက ျဖစ္ပြားခဲ့တဲ့ Cambridge Analytica Data ေပါက္ၾကားမႈအျပီး ပထမဆံုး Full Financial Report လည္းျဖစ္ပါတယ္။

Facebook

အဓိကဒီလုိျဖစ္ပြားရတဲ့ျပႆနာကေတာ့ ေမွ်ာ္မွန္းထားသေလာက္မျဖစ္ခဲ့တဲ့ Facebook ရဲ႕ ဝင္ေငြတုိးတက္မႈျဖစ္ျပီး Facebook ဟာ လြန္ခဲ့တဲ့ ၂၀၁၅ ထဲက စတင္လြဲေခ်ာ္လာခဲ့တာျဖစ္ပါတယ္။ ဂၽြန္လမွာ သံုးလေရာင္းအားဟာ ေဒၚလာ ၁၃.၂၃ ဘီလီယံပဲ ရွိခဲ့တာျဖစ္ျပီးေတာ့ Wall Street က ေမွ်ာ္မွန္းထားတဲ့ ေဒၚလာ ၁၃.၃ ဘီလီယံကို မမွီခဲ့ပါဘူး။

ေနာက္ထပ္ ရင္းႏွီးျမဳပ္ႏွံသူေတြကို တြန္႔ဆုတ္ေစတဲ့အခ်က္ကေတာ့ Facebook ကို အသံုးျပဳမႈေတြပါ က်ဆင္းလာတာျဖစ္ျပီးေတာ့ Facebook ရဲ႕ ထုတ္ျပန္ခ်က္အရ ျပီးခဲ့တဲ့ ဂၽြန္လမွာ ဝင္ေရာက္ျပီး အသံုးျပဳတဲ့သူေပါင္း ၂.၂၃ ဘီလီယံပဲရွိေနခဲ့တာျဖစ္ပါတယ္။ ယခုရလဒ္ဟာလည္း Analyst ေတြခန္႔မွန္းထားတဲ့ ၂.၂၅ ဘီလီယံပမာဏထက္ ေလ်ာ႔နည္းေနျပန္ပါတယ္။

ေန႔စဥ္ဝင္ေရာက္အသံုးျပဳေနတဲ့ လူအေရအတြက္လည္း တျဖည္းျဖည္းေလ်ာ႔နည္းေနျပီးေတာ့ ျပီးခဲ့တဲ့ႏွစ္ထက္ေတာ့ ၁၁ ရာခုိင္ႏႈန္းတုိးတက္ခဲ့ျပီး ၁.၄၇ ဘီလီယံရွိေနေပမယ့္လည္း ခန္႔မွန္းထားတဲ့ ရလဒ္ျဖစ္တဲ့ ၁.၄၉ ဘီလီယံထက္ေတာ့ ေလ်ာ႔နည္းေနတုန္းပဲျဖစ္ပါတယ္။ ဒါေပမယ့္ ေန႔စဥ္အသံုးျပဳေနတဲ့သူေတြကေတာ့ United State နဲ႔ Canada မွာ ၁၈၅ သန္း ၊ Europe မွာေတာ့ ၂၇၉ သန္းရွိေနေသးတဲ့အတြက္ ေလ်ာ႔နည္းသြားျခင္းေတာ့ မရွိေသးပါဘူး။

Mark Zuckerberg

ဘာပဲျဖစ္ျဖစ္ ယခုႏွစ္ကေတာ့ ႏွစ္စထဲက စတင္လာခဲ့တဲ့ Cambridge Analytica ကိစၥကေန အခုလုိမ်ိဳး ေရာင္းအားက်ဆင္းမႈေတြ၊ ရွယ္ယာက်ဆင္းမႈေတြအထိ ဆိုးဆိုးရြားရြားျဖစ္ပ်က္လာတာကေတာ့ ၂၀၁၈ က Facebook အတြက္ ခက္ခဲ့တဲ့ႏွစ္တစ္ႏွစ္လုိ႔ပဲ သတ္မွတ္ရေတာ့မွာပါ။

Ref : USA Today

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Facebook ကတော့ အခုအချိန်မှာ သမိုင်းတစ်လျှောက်အကြီးမားဆုံး ဈေးကွက်တန်ဖိုး ဆုံးရှုံးမှုကြီးကို ကြုံတွေ့လိုက်ရပါပြီ။ အခုနောက်ဆုံး ဈေးကွယ်ရှယ်ယာတန်ဖိုးအရ Facebook ဟာ ၂ နာရီအတွင်းမှာ ဒေါ်လာ ၁၃၀ ဘီလီယံအထိ ကျဆင်းသွားခဲ့ပြီး အခုကျဆင်းမှုဟာ မကြာသေးမီက Facebook ကုမ္ပဏီရဲ့ ရောင်းအားနှေးကွေးမှုအပေါ်သတိပေးမှုကို ခံခဲ့ရပြီးနောက်ပိုင်း ကျဆင်းလာခဲ့တာပါ။

Facebook Stock Decline

ယခု Facebook စတော့ရှယ်ယာတွေဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ Trading Hours အပြီးမှာ ၂၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ အခုလို Facebook ရဲ့ ကျဆင်းမှုကြောင့် Snap နဲ့ Twitter လိုမျိုး ပြိုင်ဘက်တွေပါ ထိခိုက်ခဲ့ပြီး ကြာသပတေးနေ့ Stock တွေ ပြန်ဖွင့်တဲ့အချိန်မှာ Tech Stock တွေအကုန်လုံး ကျဆင်းသွားခဲ့ပါတယ်။

Facebook ရဲ့ Chief Financial Officer ဖြစ်တဲ့ David Wehner ကတော့ အခုလိုမျိုး ရောင်းအားကျဆင်းနေမှုကို ဒီနှစ်ရဲ့ ကျန်ရှိနေတဲ့အချိန်တွေမှာ တဖြည်းဖြည်းဆွဲတင်မယ်လို့ ပြောခဲ့ပေမယ့်လည်း Facebook ရဲ့ ရှယ်ယာတွေကတော့ ၇ ရာခိုင်နှုန်းကျဆင်းနေပြီဖြစ်ပြီး Analyst တွေနဲ့ Conference Call ပြုလုပ်ပြီးတဲ့အချိန်မှာတော့ အခုလိုမျိုး ၂၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တာပဲဖြစ်ပါတယ်။

Mark Zuckerberg

အခုလို ကျဆင်းမှုဟာ Facebook ကုမ္ပဏီရဲ့ Co-Founder & CEO Mark Zuckerberg ကိုလည်း အကြီးအကျယ်ထိခိုက်စေခဲ့ပြီး အခုအချိန်မှာ Zuckerberg တစ်ယောက် ဒေါ်လာ ၁၆.၈ ဘီလီယံ ဆုံးရှုံးသွားခဲ့ပါတယ်။ အခုလို ဆုံးရှုံးသွားတာကြောင့် Bloomberg Billionaires Index ရဲ့ အချမ်းသာဆုံးစာရင်းမှာ နံပါတ် ၃ နေရာကနေ နံပါတ် ၆ နေရာကို ကျဆင်းသွားပါပြီ။

ဒီ စတော့ရှယ်ယာကျဆင်းမှုတွေက Facebook ရဲ့ Second-quarter Report ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ Stock Market အပြီး ထုတ်ပြန်ခဲ့မှုအပြီးမှာ စတင်ခဲ့တာဖြစ်ပြီး ယခု Report ဟာ မတ်လတုန်းက ဖြစ်ပွားခဲ့တဲ့ Cambridge Analytica Data ပေါက်ကြားမှုအပြီး ပထမဆုံး Full Financial Report လည်းဖြစ်ပါတယ်။

Facebook

အဓိကဒီလိုဖြစ်ပွားရတဲ့ပြဿနာကတော့ မျှော်မှန်းထားသလောက်မဖြစ်ခဲ့တဲ့ Facebook ရဲ့ ဝင်ငွေတိုးတက်မှုဖြစ်ပြီး Facebook ဟာ လွန်ခဲ့တဲ့ ၂၀၁၅ ထဲက စတင်လွဲချော်လာခဲ့တာဖြစ်ပါတယ်။ ဂျွန်လမှာ သုံးလရောင်းအားဟာ ဒေါ်လာ ၁၃.၂၃ ဘီလီယံပဲ ရှိခဲ့တာဖြစ်ပြီးတော့ Wall Street က မျှော်မှန်းထားတဲ့ ဒေါ်လာ ၁၃.၃ ဘီလီယံကို မမှီခဲ့ပါဘူး။

နောက်ထပ် ရင်းနှီးမြုပ်နှံသူတွေကို တွန့်ဆုတ်စေတဲ့အချက်ကတော့ Facebook ကို အသုံးပြုမှုတွေပါ ကျဆင်းလာတာဖြစ်ပြီးတော့ Facebook ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဂျွန်လမှာ ဝင်ရောက်ပြီး အသုံးပြုတဲ့သူပေါင်း ၂.၂၃ ဘီလီယံပဲရှိနေခဲ့တာဖြစ်ပါတယ်။ ယခုရလဒ်ဟာလည်း Analyst တွေခန့်မှန်းထားတဲ့ ၂.၂၅ ဘီလီယံပမာဏထက် လျော့နည်းနေပြန်ပါတယ်။

နေ့စဉ်ဝင်ရောက်အသုံးပြုနေတဲ့ လူအရေအတွက်လည်း တဖြည်းဖြည်းလျော့နည်းနေပြီးတော့ ပြီးခဲ့တဲ့နှစ်ထက်တော့ ၁၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၁.၄၇ ဘီလီယံရှိနေပေမယ့်လည်း ခန့်မှန်းထားတဲ့ ရလဒ်ဖြစ်တဲ့ ၁.၄၉ ဘီလီယံထက်တော့ လျော့နည်းနေတုန်းပဲဖြစ်ပါတယ်။ ဒါပေမယ့် နေ့စဉ်အသုံးပြုနေတဲ့သူတွေကတော့ United State နဲ့ Canada မှာ ၁၈၅ သန်း ၊ Europe မှာတော့ ၂၇၉ သန်းရှိနေသေးတဲ့အတွက် လျော့နည်းသွားခြင်းတော့ မရှိသေးပါဘူး။

Mark Zuckerberg

ဘာပဲဖြစ်ဖြစ် ယခုနှစ်ကတော့ နှစ်စထဲက စတင်လာခဲ့တဲ့ Cambridge Analytica ကိစ္စကနေ အခုလိုမျိုး ရောင်းအားကျဆင်းမှုတွေ၊ ရှယ်ယာကျဆင်းမှုတွေအထိ ဆိုးဆိုးရွားရွားဖြစ်ပျက်လာတာကတော့ ၂၀၁၈ က Facebook အတွက် ခက်ခဲ့တဲ့နှစ်တစ်နှစ်လို့ပဲ သတ်မှတ်ရတော့မှာပါ။

Ref : USA Today

Zawyè (Akhayar) 

www.akhayar.com