Facebook ဟာ လက္ရွိအခ်ိန္မွာ အၾကီးမားဆံုးေသာ Social Network တစ္ခုျဖစ္ေနျပီးေတာ့ Hardware ကုမၸဏီတစ္ခုဆိုတာထက္ Software ကုမၸဏီတစ္ခုလုိ႔ ေျပာႏုိင္မွာပါ။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Facebook ကေန Social Network ပိုင္းဆိုင္ရာကိစၥေတြအတြက္ ပိုျပီး အဆင္ေျပေစႏုိင္ေအာင္ ကိုယ္ပိုင္ Silicon Chip တစ္ခုကို ဒီဇုိင္းဆြဲထုတ္လုပ္ဖို႔ ျပင္ဆင္ေနျပီျဖစ္ပါတယ္။

Facebook

အခုေနာက္ဆံုးသိရတဲ့သတင္းအရေတာ့ Facebook က Google ရဲ႕ ထိပ္တန္း Chip Developer တစ္ဦးျဖစ္တဲ့ Shahriar Rabii ကို ေအာင္ျမင္စြာေခၚယူႏုိင္ျပီးျပီလုိ႔ သိရပါတယ္။ အခု Rabii ဟာ Facebook မွာ Vice President & Head of Silicon အေနနဲ႔ တာဝန္ယူေဆာင္ရြက္သြားမွာျဖစ္တယ္လုိ႔ သူ႕ရဲ႕ Linked In Biography မွာ ေဖာ္ျပထားခဲ့ပါတယ္။

အခုလုိမ်ိဳး နည္းပညာကုမၸဏီၾကီးေတြက ဘာလုိ႔ Intel နဲ႔ Qualcomm လုိမ်ိဳး နာမည္ၾကီး Chip Makers ေတြကေန ခြဲထြက္ျပီးေတာ့ ကိုယ္ပိုင္ Chips ေတြကို ေဆာင္ရြက္ခ်င္တာလည္းဆိုတာကလည္း စိတ္ဝင္စားစရာပါ။ Apple ဟာ iOS စနစ္သံုး Devices ေတြအေပၚမွာ ကိုယ္ပိုင္ Processor ေတြကိုပဲ အသံုးျပဳလာခဲ့တာ ႏွစ္ေပါင္း ဆယ္စုႏွစ္တစ္ခုနီးပါး ရွိေနျပီျဖစ္သလို လာမယ့္ ၂၀၂၀ ခုႏွစ္မွာလည္း iMac နဲ႔ MacBook ေတြမွာ Intel Processor ေတြကို အသံုးျပဳေနတာကို စြန္႔လႊတ္ျပီး ကိုယ္ပိုင္ Processor ပဲ အသံုးျပဳလာမယ္လုိ႔ သတင္းေတြထြက္ေနတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Facebook ကေန ကိုယ္ပိုင္ Processor ျပဳလုပ္ဖုိ႔ စိတ္ကူးေနတာက မွန္ကန္တယ္လုိ႔ ေျပာလုိ႔ရပါတယ္။

Facebook

Rabii က ျပီးခဲ့တဲ့ Google Pixel 2 ဖုန္းေတြရဲ႕ Visual Core Chip Processor ကို ထုတ္လုပ္တဲ့အခ်ိန္တုန္းကလည္း ဦးေဆာင္ခဲ့တဲ့ Developer တစ္ေယာက္ျဖစ္ျပီး Pixel 2 စမတ္ဖုန္းေတြကလည္း အဆိုပါ Visual Core Chip ေတြရဲ႕ ေအာင္ျမင္မႈက ျမင့္မားေနျပီး အေကာင္းဆံုးေသာ စမတ္ဖုန္းကင္မရာဖုန္းတစ္ခုျဖစ္ေနဆဲပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ အခုလုိမ်ိဳး Chip ကို ေဆာင္ရြက္ႏုိင္ခဲ့တဲ့ Rabii ကို Facebook ကေခၚဆုိႏုိင္တဲ့အတြက္ Facebook က ဘယ္လုိ Chip ေတြကို ေဆာင္ရြက္ႏုိင္မလဲဆိုတာက စိတ္ဝင္စားစရာပါ။

Facebook ကေတာ့ အခု Chip ကေန AI Algorithms ေတြကို ပိုျပီး ေလ့က်င့္ေပးႏုိင္ျပီး Hate Speech ၊ Fake Account ေတြနဲ႔ အႏၱရာယ္ရွိတဲ့ Content ေတြကို ပိုျပီး ခြဲျခားႏုိင္မွာျဖစ္တယ္လုိ႔ သိရပါတယ္။ အခု Chip ကိုေတာ့ လာမယ့္ ၂၀၁၉ ခုႏွစ္အတြင္းမွာ ထုတ္လုပ္သြားမယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Facebook ဟာ လက်ရှိအချိန်မှာ အကြီးမားဆုံးသော Social Network တစ်ခုဖြစ်နေပြီးတော့ Hardware ကုမ္ပဏီတစ်ခုဆိုတာထက် Software ကုမ္ပဏီတစ်ခုလို့ ပြောနိုင်မှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ Facebook ကနေ Social Network ပိုင်းဆိုင်ရာကိစ္စတွေအတွက် ပိုပြီး အဆင်ပြေစေနိုင်အောင် ကိုယ်ပိုင် Silicon Chip တစ်ခုကို ဒီဇိုင်းဆွဲထုတ်လုပ်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

Facebook

အခုနောက်ဆုံးသိရတဲ့သတင်းအရတော့ Facebook က Google ရဲ့ ထိပ်တန်း Chip Developer တစ်ဦးဖြစ်တဲ့ Shahriar Rabii ကို အောင်မြင်စွာခေါ်ယူနိုင်ပြီးပြီလို့ သိရပါတယ်။ အခု Rabii ဟာ Facebook မှာ Vice President & Head of Silicon အနေနဲ့ တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူ့ရဲ့ Linked In Biography မှာ ဖော်ပြထားခဲ့ပါတယ်။

အခုလိုမျိုး နည်းပညာကုမ္ပဏီကြီးတွေက ဘာလို့ Intel နဲ့ Qualcomm လိုမျိုး နာမည်ကြီး Chip Makers တွေကနေ ခွဲထွက်ပြီးတော့ ကိုယ်ပိုင် Chips တွေကို ဆောင်ရွက်ချင်တာလည်းဆိုတာကလည်း စိတ်ဝင်စားစရာပါ။ Apple ဟာ iOS စနစ်သုံး Devices တွေအပေါ်မှာ ကိုယ်ပိုင် Processor တွေကိုပဲ အသုံးပြုလာခဲ့တာ နှစ်ပေါင်း ဆယ်စုနှစ်တစ်ခုနီးပါး ရှိနေပြီဖြစ်သလို လာမယ့် ၂၀၂၀ ခုနှစ်မှာလည်း iMac နဲ့ MacBook တွေမှာ Intel Processor တွေကို အသုံးပြုနေတာကို စွန့်လွှတ်ပြီး ကိုယ်ပိုင် Processor ပဲ အသုံးပြုလာမယ်လို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Facebook ကနေ ကိုယ်ပိုင် Processor ပြုလုပ်ဖို့ စိတ်ကူးနေတာက မှန်ကန်တယ်လို့ ပြောလို့ရပါတယ်။

Facebook

Rabii က ပြီးခဲ့တဲ့ Google Pixel 2 ဖုန်းတွေရဲ့ Visual Core Chip Processor ကို ထုတ်လုပ်တဲ့အချိန်တုန်းကလည်း ဦးဆောင်ခဲ့တဲ့ Developer တစ်ယောက်ဖြစ်ပြီး Pixel 2 စမတ်ဖုန်းတွေကလည်း အဆိုပါ Visual Core Chip တွေရဲ့ အောင်မြင်မှုက မြင့်မားနေပြီး အကောင်းဆုံးသော စမတ်ဖုန်းကင်မရာဖုန်းတစ်ခုဖြစ်နေဆဲပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုလိုမျိုး Chip ကို ဆောင်ရွက်နိုင်ခဲ့တဲ့ Rabii ကို Facebook ကခေါ်ဆိုနိုင်တဲ့အတွက် Facebook က ဘယ်လို Chip တွေကို ဆောင်ရွက်နိုင်မလဲဆိုတာက စိတ်ဝင်စားစရာပါ။

Facebook ကတော့ အခု Chip ကနေ AI Algorithms တွေကို ပိုပြီး လေ့ကျင့်ပေးနိုင်ပြီး Hate Speech ၊ Fake Account တွေနဲ့ အန္တရာယ်ရှိတဲ့ Content တွေကို ပိုပြီး ခွဲခြားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အခု Chip ကိုတော့ လာမယ့် ၂၀၁၉ ခုနှစ်အတွင်းမှာ ထုတ်လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com