ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းက Facebook ဟာ Porn နဲ႔ လိင္ပုိင္းဆုိင္ရာ ပံုေတြေျခာက္လွန္႔ေတာင္းယူတဲ့ အေကာင့္ေပါင္း ၁၄၀၀၀ ေက်ာ္ကုိ ဖ်က္ခ်ပစ္ခဲ့တယ္လုိ႔ The Guardian ရဲ႕ သတင္းအရ သိရပါတယ္။

ဘယ္လုိအေထာက္အထားေတြနဲ႔ ဖ်က္ခ်တယ္ဆုိတာလည္း ေျပာၾကားခဲ့ၿပီး Facebook အေနနဲ႔ “လိ္င္ပုိင္းဆုိင္ရာမွာ အလြန္အကၽြံေဖာ္မထားတာေတြ၊ နမ္းတာေတြ၊ Sexual Activity နဲ႔ သက္ဆိုင္ေအာင္ ဝတ္စားတာေတြ” ကုိ ခြင့္ျပဳေပးထားတယ္လုိ႔ ဆုိပါတယ္။ အဲ့ဒီအျပင္ Facebook ဟာ လိင္ပိုင္းဆုိင္ရာ ဟာသေတြကုိလည္း ခြင့္ျပဳေပးထားပါတယ္။

The Guardian ေဖာ္ျပခဲ့တဲ့ အခ်က္အလက္ေတြအရ တခ်ိဳ႕သံတူေၾကာင္းကြဲ ဝါက်ေတြျဖစ္တဲ့ “I’m gonna eat that pussy” ဒါမွမဟုတ္ “Hello ladies, wanna suck my cock?” တုိ႔လုိ ဝါက်တခ်ိဳ႕ကုိေတာ့ ခြင့္ျပဳေပးထားေၾကာင္း သိရပါတယ္။

Facebook ဟာ Sexual Content Rules ေတြမွာ တခ်ိဳ႕ကုိ အဆင္ေျပေအာင္ ခြင့္ျပဳေပးထားေၾကာင္းလဲ ဆုိထားပါတယ္။ လူမႈကြန္ယက္ဟာ Nude art လုိမ်ိဳးပံုစံေတြကုိ ခြင့္ျပဳထားေပမယ့္ Digital နဲ႔ ဖန္တီးထားတဲ့ လိင္ပုိင္းဆုိင္ရာ ပံုရိပ္ေတြကုိေတာ့ ခြင့္မျပဳဘူးလုိ႔ ဆုိပါတယ္။

Facebook ဟာ Content Moderation ပုိင္းနဲ႔ သေဘာတူခြင့္ျပဳမႈပုိင္းကုိ ဘယ္လုိျပဳလုပ္မယ္ဆုိတဲ့အေပၚ ေဝဖန္ေျပာဆုိမႈေတြနဲ႔ ရင္ဆုိင္ေနရပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္တုန္းကလည္း သမိုင္းဝင္ဓာတ္ပံုတစ္ပံုျဖစ္တဲ့ Napalm က ကုိယ္လံုးတီး ဗီယက္နမ္မိန္းကေလး ေျပးလႊားေနတဲ့ ဓာတ္ပံုကုိ ဖယ္ရွားခဲ့တဲ့ အတြက္ က်ယ္က်ယ္ျပန္႔ျပန္႔ ေဝဖန္ခံခဲ့ရပါတယ္။

Joker (Akhayar)

Ref: The Verge

===================

Porn နဲ့ လိင်ပိုင်းဆိုင်ရာပုံတွေ ခြောက်လှန့်တောင်းယူတဲ့ အကောင့် ၁၄၀၀၀ ကျော်ကို Facebook ဖျက်ချပစ်

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက Facebook ဟာ Porn နဲ့ လိင်ပိုင်းဆိုင်ရာ ပုံတွေခြောက်လှန့်တောင်းယူတဲ့ အကောင့်ပေါင်း ၁၄၀၀၀ ကျော်ကို ဖျက်ချပစ်ခဲ့တယ်လို့ The Guardian ရဲ့ သတင်းအရ သိရပါတယ်။

ဘယ်လိုအထောက်အထားတွေနဲ့ ဖျက်ချတယ်ဆိုတာလည်း ပြောကြားခဲ့ပြီး Facebook အနေနဲ့ “လိင်ပိုင်းဆိုင်ရာမှာ အလွန်အကျွံဖော်မထားတာတွေ၊ နမ်းတာတွေ၊ Sexual Activity နဲ့ သက်ဆိုင်အောင် ဝတ်စားတာတွေ” ကို ခွင့်ပြုပေးထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီအပြင် Facebook ဟာ လိင်ပိုင်းဆိုင်ရာ ဟာသတွေကိုလည်း ခွင့်ပြုပေးထားပါတယ်။

The Guardian ဖော်ပြခဲ့တဲ့ အချက်အလက်တွေအရ တချို့သံတူကြောင်းကွဲ ဝါကျတွေဖြစ်တဲ့ “I’m gonna eat that pussy” ဒါမှမဟုတ် “Hello ladies, wanna suck my cock?” တို့လို ဝါကျတချို့ကိုတော့ ခွင့်ပြုပေးထားကြောင်း သိရပါတယ်။

Facebook ဟာ Sexual Content Rules တွေမှာ တချို့ကို အဆင်ပြေအောင် ခွင့်ပြုပေးထားကြောင်းလဲ ဆိုထားပါတယ်။ လူမှုကွန်ယက်ဟာ Nude art လိုမျိုးပုံစံတွေကို ခွင့်ပြုထားပေမယ့် Digital နဲ့ ဖန်တီးထားတဲ့ လိင်ပိုင်းဆိုင်ရာ ပုံရိပ်တွေကိုတော့ ခွင့်မပြုဘူးလို့ ဆိုပါတယ်။

Facebook ဟာ Content Moderation ပိုင်းနဲ့ သဘောတူခွင့်ပြုမှုပိုင်းကို ဘယ်လိုပြုလုပ်မယ်ဆိုတဲ့အပေါ် ဝေဖန်ပြောဆိုမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း သမိုင်းဝင်ဓာတ်ပုံတစ်ပုံဖြစ်တဲ့ Napalm က ကိုယ်လုံးတီး ဗီယက်နမ်မိန်းကလေး ပြေးလွှားနေတဲ့ ဓာတ်ပုံကို ဖယ်ရှားခဲ့တဲ့ အတွက် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရပါတယ်။

Joker (Akhayar)

Ref: The Verge