[Zawgyi]

ျမန္မာႏုိင္ငံက Offline Violence ေတြကို လံုေလာက္တဲ့ကာကြယ္မႈမျပဳႏုိင္ေသးဘူးလို႔ ဆိုတဲ့ Facebook

U.S Midterm Elections မတုိင္ခင္ညမွာပဲ Facebook ဟာ သူတို႔ရဲ႕ Platform အေနနဲ႔ ျမန္မာႏုိင္ငံအေပၚသက္ေရာက္မႈေတြကို Report တစ္ခု ျပဳလုပ္ခ်ျပခဲ့ပါတယ္။ အဲဒီမွာ ေတြ႔ရွိရတာက Facebook ဟာ သူ႔ရဲ႕ ပလက္ေဖာင္းအေနနဲ႔ ျမန္မာႏုိင္ငံမွာ ရွိတဲ့ Offline Violence ေတြကို လံုလံုေလာက္ေလာက္ တားဆီးကာကြယ္ႏုိင္ျခင္းမရွိေသးဘူးလို႔ အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။

“ဒီအစီအရင္ခံစာမွာ ပါဝင္တာကေတာ့ ဒီႏွစ္ထဲမွာ ကၽြန္ေတာ္တို႔အေနနဲ႔ ကၽြန္ေတာ္တုိ႔ Platform ကို အသံုးျပဳျပီး ေသြးထုိးလႈ႔႔ံေဆာ္မႈေတြနဲ႔ Offline Violence ေတြ ျဖစ္ေအာင္ ႏိႈးဆြမႈေတြကို ကာကြယ္ဖို႔ လံုလံုေလာက္ေလာက္မစြမး္ႏိုင္ဘူးဆိုတဲ့အခ်က္ပါ၊ ဒီအခ်က္ကို ကၽြန္ေတာ္တို႔အေနနဲ႔ သေဘာတူျပီး ဒီထက္ ပိုေကာင္းေအာင္ ၾကိဳးစားမွာလည္း ျဖစ္ပါတယ္” လို႔ Facebook’s Product Policy Manager Alex Warofka က ေရးသားခဲ့ပါတယ္။

အေရွ႕ေတာင္အာရွႏုိင္ငံတစ္ႏုိင္ငံျဖစ္တဲ့ ျမန္မာႏိုင္ငံအတြက္ေတာ့ Internet ဆိုတာ Facebook ပါပဲ။ အစီရင္ခံစာက ျပဆိုတာကေတာ့ လူေတြဟာ ဘယ္သတင္းက သတင္းအမွန္လဲ၊ ဘယ္သတင္းက သတင္းအတုလဲဆုိတာကို ခြဲျခားဖို႔နဲ႔ အတည္ျပဳဖို႔ ခက္ခဲေနၾကတယ္လို႔ ဆိုပါတယ္။

Facebook ဟာ ျမန္မာႏုိင္ငံသားေတြအတြက္ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိခြင့္ အခြင့္အလမ္းေတြ အမ်ားၾကီးေပးထားေပမယ့္ တခ်ိဳ႕လူေတြကေတာ့ Facebook ကို အၾကမ္းဖက္မႈနဲ႔ Offline မွာ ထိခုိက္နစ္နာေစမႈေတြ ျဖစ္ေစဖို႔အတြက္ပါ အသံုးျပဳေနၾကတယ္လို႔ ျပဆိုပါတယ္။

ၾသဂုတ္လမွာဆုိရင္ Facebook ဟာ Page နဲ႔ Group တခ်ိဳ႕ကို ဖယ္ရွားခဲ့ပါေသးတယ္။ Facebook ဟာ လာမယ့္ ၂၀၂၀ ခုႏွစ္္မွာ ျပဳလုပ္မယ့္ ျမန္မာ့ေရြးေကာက္ပြဲအတြက္ ျဖစ္လာႏုိင္တဲ့ အမုန္းစကားျဖန္႔ေဝမႈေတြနဲ႔ ေႏွာင့္ယွက္တုိက္ခုိက္မႈေတြအတြက္လည္း ကာကြယ္ႏုိင္ေအာင္ လုပ္ေဆာင္ေနျပီ ျဖစ္ပါတယ္။

Report ဟာ အစေကာင္းတစ္ခုေပမယ့္ Data ေတြေတာ့ ထပ္လိုအပ္ေနပါေသးတယ္

Digital Politics ကၽြမ္းက်င္သူတစ္ေယာက္ျဖစ္တဲ့ ဆစ္ဒနီတကၠသိုလ္က Aim Sinpeng ကေတာ့ ဒီလို Report ဟာ လူ႔အခြင့္အေရးအေပၚ Facebook ရဲ႕ သက္ေရာက္မႈကို ျပသရာေရာက္ျပီး ခ်ီးက်ဴးစရာပါပဲလို႔ ဆုိပါတယ္။ ဒါေပမယ့္ Facebook အေနနဲ႔ Researcherေတြကို Data ေတြကို ပိုအသံုးျပဳခြင့္ေပးသင့္တယ္ဆုိတာကို “Facebook ဟာ ျမန္မာႏုိင္ငံလို ႏုိင္ငံမ်ိဳးမွာ ဒီပလက္ေဖာင္းအေနနဲ႔ လူ႔အခြင့္အေရးအေပၚ သက္ေရာက္မႈကို တကယ္ပဲ အေလးအနက္ရွိတယ္ဆိုရင္၊ Researcher ေတြကို  Facebook Data ေတြအေပၚမွာ Online Hate Speech ေတြနဲ႔ တျခား အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ဘယ္လိုလုပ္ေနေၾကာင္း သင့္ေတာ္တဲ့ Research ေတြ လုပ္ခြင့္ေပးသင့္တယ္” လို႔ တဆက္တည္းေျပာၾကားခဲ့ပါတယ္။

www.akhayar.com

Source : Mashable

Photo Credit : Mashable
[Unicode]

မြန်မာနိုင်ငံက Offline Violence တွေကို လုံလောက်တဲ့ကာကွယ်မှုမပြုနိုင်သေးဘူးလို့ ဆိုတဲ့ Facebook

U.S Midterm Elections မတိုင်ခင်ညမှာပဲ Facebook ဟာ သူတို့ရဲ့ Platform အနေနဲ့ မြန်မာနိုင်ငံအပေါ်သက်ရောက်မှုတွေကို Report တစ်ခု ပြုလုပ်ချပြခဲ့ပါတယ်။ အဲဒီမှာ တွေ့ရှိရတာက Facebook ဟာ သူ့ရဲ့ ပလက်ဖောင်းအနေနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ Offline Violence တွေကို လုံလုံလောက်လောက် တားဆီးကာကွယ်နိုင်ခြင်းမရှိသေးဘူးလို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

“ဒီအစီအရင်ခံစာမှာ ပါဝင်တာကတော့ ဒီနှစ်ထဲမှာ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ Platform ကို အသုံးပြုပြီး သွေးထိုးလှု့ံ့ဆော်မှုတွေနဲ့ Offline Violence တွေ ဖြစ်အောင် နှိုးဆွမှုတွေကို ကာကွယ်ဖို့ လုံလုံလောက်လောက်မစွမ်းနိုင်ဘူးဆိုတဲ့အချက်ပါ၊ ဒီအချက်ကို ကျွန်တော်တို့အနေနဲ့ သဘောတူပြီး ဒီထက် ပိုကောင်းအောင် ကြိုးစားမှာလည်း ဖြစ်ပါတယ်” လို့ Facebook’s Product Policy Manager Alex Warofka က ရေးသားခဲ့ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအတွက်တော့ Internet ဆိုတာ Facebook ပါပဲ။ အစီရင်ခံစာက ပြဆိုတာကတော့ လူတွေဟာ ဘယ်သတင်းက သတင်းအမှန်လဲ၊ ဘယ်သတင်းက သတင်းအတုလဲဆိုတာကို ခွဲခြားဖို့နဲ့ အတည်ပြုဖို့ ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။

Facebook ဟာ မြန်မာနိုင်ငံသားတွေအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခွင့်အလမ်းတွေ အများကြီးပေးထားပေမယ့် တချို့လူတွေကတော့ Facebook ကို အကြမ်းဖက်မှုနဲ့ Offline မှာ ထိခိုက်နစ်နာစေမှုတွေ ဖြစ်စေဖို့အတွက်ပါ အသုံးပြုနေကြတယ်လို့ ပြဆိုပါတယ်။

သြဂုတ်လမှာဆိုရင် Facebook ဟာ Page နဲ့ Group တချို့ကို ဖယ်ရှားခဲ့ပါသေးတယ်။ Facebook ဟာ လာမယ့် ၂၀၂၀ ခုနှစ်မှာ ပြုလုပ်မယ့် မြန်မာ့ရွေးကောက်ပွဲအတွက် ဖြစ်လာနိုင်တဲ့ အမုန်းစကားဖြန့်ဝေမှုတွေနဲ့ နှောင့်ယှက်တိုက်ခိုက်မှုတွေအတွက်လည်း ကာကွယ်နိုင်အောင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

Report ဟာ အစကောင်းတစ်ခုပေမယ့် Data တွေတော့ ထပ်လိုအပ်နေပါသေးတယ်

Digital Politics ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ ဆစ်ဒနီတက္ကသိုလ်က Aim Sinpeng ကတော့ ဒီလို Report ဟာ လူ့အခွင့်အရေးအပေါ် Facebook ရဲ့ သက်ရောက်မှုကို ပြသရာရောက်ပြီး ချီးကျူးစရာပါပဲလို့ ဆိုပါတယ်။ ဒါပေမယ့် Facebook အနေနဲ့ Researcherတွေကို Data တွေကို ပိုအသုံးပြုခွင့်ပေးသင့်တယ်ဆိုတာကို “Facebook ဟာ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ ဒီပလက်ဖောင်းအနေနဲ့ လူ့အခွင့်အရေးအပေါ် သက်ရောက်မှုကို တကယ်ပဲ အလေးအနက်ရှိတယ်ဆိုရင်၊ Researcher တွေကို  Facebook Data တွေအပေါ်မှာ Online Hate Speech တွေနဲ့ တခြား အခွင့်အရေး ချိုးဖောက်မှုတွေ ဘယ်လိုလုပ်နေကြောင်း သင့်တော်တဲ့ Research တွေ လုပ်ခွင့်ပေးသင့်တယ်” လို့ တဆက်တည်းပြောကြားခဲ့ပါတယ်။

www.akhayar.com

Source : Mashable

Photo Credit : Mashable