တစ္ကမာၻလံုးအသံုးျပဳေနတဲ့ လူမႈကြန္ယက္ဝက္ဘ္ဆုိက္ႀကီး Facebook ဟာ ဒီေန႔မနက္ပုိင္းေလာက္မွာ ၾသစေၾတးလ်၊ အာရွ နဲ႔ အေမရိကန္ ျပည္ေထာင္စုက ေဒသတစ္ခ်ိဳ႕မွာ ျပတ္ေတာက္က်သြားခဲ့တယ္လုိ႔ သိရပါတယ္။ လူမႈကြန္ယက္အသံုးျပဳသူ သန္းေပါင္းမ်ားစြာဟာ ဒီအေၾကာင္းကို Twitter မွာ သတင္းေတြတင္ခဲ့ၾကပါတယ္။

Facebook was reported as going down across large chunks of Australia, New Zealand, Japan, Malaysia, India, and the US, according to website downdetector.com 

Facebook ကေတာ့ ၾသစေၾတးလ်၊ နယူးဇီလန္၊ ဂ်ပန္၊ မေလးရွား၊ အိႏၵိယ နဲ႔ အေမရိကန္ျပည္ေထာင္စုေတြမွာ ျဖစ္ပြားခဲ့တယ္လို႔ သတင္းထုတ္ခဲ့ပါတယ္။ ဒီလုိ Crash ျဖစ္သြားရတဲ့ အေၾကာင္းအရင္းကုိေတာ့ မသိရွိရေသးပဲ DownDetector ရဲ႕ ေျပာၾကားခ်က္အရေတာ့ Issues ၂၅၄ခုျဖစ္ပြားခဲ့တာျဖစ္ၿပီး အသံုးျပဳသူေတြထဲက ၅၉ရာခုိင္ႏႈန္းဟာ လံုးဝ ေမွာင္အတိျဖစ္သြားခဲ့ကာ ၃၆ရာခိုင္ႏႈန္းကေတာ့ Logging ဝင္တဲ့ေနရာမွာ ျဖစ္ပြားခဲ့တာျဖစ္တယ္လုိ႔ ဆိုပါတယ္။ တျခား ၄ရာခုိင္ႏႈန္းကေတာ့ ပံုနဲ႔ပါတ္သက္တဲ့ ျပသနာေတြကုိ ျဖစ္ပြားခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

အသံုးျပဳသူေတြက Log In လုပ္လုိက္တဲ့အခါမွာ Error Message ေတြ တက္လာၿပီး “Sorry, something went wrong. ‘We’re working on it and we’ll get it fixed as soon as we can’ လုိ႔ ေရးသားထားတာျဖစ္ေၾကာင္းလဲ သိရပါတယ္။

Issues ေတြကုိ Resolved လုပ္ၿပီးေနာက္မွာေတာ့ Site က ျပန္တက္လာခဲ့ၿပီး ဒီအတြက္ သတင္းအေသးစိတ္ကုိေတာ့ Facebook က မွတ္ခ်က္မေပးေသးပါဘူး။

Joker (Akhayar)

Ref: Daily Mail

============

[Unicode]

သြစတြေးလျ၊ အာရှနဲ့ US က အသုံးပြုသူအတော်များများ မှာ Facebook ပျက်ကျသွားခဲ့

တစ်ကမ္ဘာလုံးအသုံးပြုနေတဲ့ လူမှုကွန်ယက်ဝက်ဘ်ဆိုက်ကြီး Facebook ဟာ ဒီနေ့မနက်ပိုင်းလောက်မှာ သြစတြေးလျ၊ အာရှ နဲ့ အမေရိကန် ပြည်ထောင်စုက ဒေသတစ်ချို့မှာ ပြတ်တောက်ကျသွားခဲ့တယ်လို့ သိရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူ သန်းပေါင်းများစွာဟာ ဒီအကြောင်းကို Twitter မှာ သတင်းတွေတင်ခဲ့ကြပါတယ်။

Facebook was reported as going down across large chunks of Australia, New Zealand, Japan, Malaysia, India, and the US, according to website downdetector.com 

Facebook ကတော့ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ မလေးရှား၊ အိန္ဒိယ နဲ့ အမေရိကန်ပြည်ထောင်စုတွေမှာ ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ခဲ့ပါတယ်။ ဒီလို Crash ဖြစ်သွားရတဲ့ အကြောင်းအရင်းကိုတော့ မသိရှိရသေးပဲ DownDetector ရဲ့ ပြောကြားချက်အရတော့ Issues ၂၅၄ခုဖြစ်ပွားခဲ့တာဖြစ်ပြီး အသုံးပြုသူတွေထဲက ၅၉ရာခိုင်နှုန်းဟာ လုံးဝ မှောင်အတိဖြစ်သွားခဲ့ကာ ၃၆ရာခိုင်နှုန်းကတော့ Logging ဝင်တဲ့နေရာမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ တခြား ၄ရာခိုင်နှုန်းကတော့ ပုံနဲ့ပါတ်သက်တဲ့ ပြသနာတွေကို ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အသုံးပြုသူတွေက Log In လုပ်လိုက်တဲ့အခါမှာ Error Message တွေ တက်လာပြီး “Sorry, something went wrong. ‘We’re working on it and we’ll get it fixed as soon as we can’ လို့ ရေးသားထားတာဖြစ်ကြောင်းလဲ သိရပါတယ်။

Issues တွေကို Resolved လုပ်ပြီးနောက်မှာတော့ Site က ပြန်တက်လာခဲ့ပြီး ဒီအတွက် သတင်းအသေးစိတ်ကိုတော့ Facebook က မှတ်ချက်မပေးသေးပါဘူး။

Joker (Akhayar)

Ref: Daily Mail