[Zawgyi]

ဥေရာပသမဂၢကုိ ေဒၚလာ ၁.၆၃ ဘီလီယံအထိ ဒဏ္ေဆာင္ခံရဖြယ္ရွိတဲ့ Facebook

နာမည္ေက်ာ္လူမႈကြန္ရက္ Facebook ဟာ သုံးစြဲသူ သန္း (၅ဝ) နီးပါးရဲ႕အခ်က္အလက္ေတြ ေပါက္ၾကားခဲ့တယ္လုိ႔ စက္တင္ဘာလ (၂၈) ရက္ေန႔တုန္းက တရားဝင္ေၾကညာခဲ့ပါတယ္။ ဟက္ကာေတြဟာ Facebook မွာ ထည့္သြင္းထားတဲ့ View As Feature ရဲ႕ အားနည္းခ်က္ကုိ အခြင့္ေကာင္းယူၿပီးေတာ့ သုံးစြဲသူေတြရဲ႕အခ်က္အလက္ေတြကုိ ခုိးယူခဲ့တာျဖစ္ပါတယ္။ Facebook အေနနဲ႔ ဒီအားနည္းခ်က္ကုိ စက္တင္ဘာလ (၂၅) ရက္ေန႔မွာ သတိထားခဲ့ေပမယ့္ ဟက္ကာေတြက အခ်က္အလက္ေတြကုိ ခုိးယူၿပီးပါသြားပါၿပီ။

အခုခ်ိန္မွာ ဥေရာပသမဂၢ (European Union – EU) ဟာ Facebook ကုိ အခ်က္အလက္ေပါက္ၾကားမႈနဲ႔ ပတ္သက္ၿပီး ဒဏ္ရုိက္ဖုိ႔ ျပင္ဆင္ေနပါၿပီ။ အေထြေထြအခ်က္အလက္မ်ား ထိန္းသိမ္းမႈ ဥပေဒ (General Data Protection Regulation – GDPR) ကုိ ၂ဝ၁၆ခုႏွစ္မွာ ျပဌာန္းခဲ့ၿပီး ကုမၸဏီေတြအေနနဲ႔ ဥေရာပႏုိင္ငံသားေတြရဲ႕ ကုိယ္ေရးအခ်က္အလက္ေတြ ေပါက္ၾကားရာမွာ တားဆီးႏုိင္ဖုိ႔ ရည္ရြယ္ထားပါတယ္။

လက္ရွိ အသုံးျပဳသူ သန္း (၅ဝ) ေပါက္ၾကားတဲ့ကိစၥမွာလည္း ဥေရာပႏုိင္ငံသားေတြလည္း ပါဝင္ႏုိင္တာမုိ႔ ေဒၚလာ ၁.၆၃ ဘီလီယံ (၁,၆၃ဝ သန္း) အထိ ဒဏ္ရုိက္ဖုိ႔ ျပင္ဆင္ေနၿပီပဲျဖစ္ပါတယ္။ ဥပေဒမွာေတာ့ အခ်က္အလက္ေပါက္ၾကားမႈအတြက္ ယူရုိ သန္း (၂ဝ) ဒါမွမဟုတ္ ကုမၸဏီရဲ႕ တစ္ႏွစ္လည္ပတ္ေငြရဲ႕  (၄) ရာခုိင္ႏႈန္းအထိ ဒဏ္ရုိက္ႏုိင္ပါတယ္။

Facebook ရဲ႕ အခ်က္အလက္ေပါက္ၾကားမႈမွာ အုိင္ယာလန္ႏုိင္ငံရဲ႕ အခ်က္အလက္ကာကြယ္ေရးေကာ္မရွင္ (Ireland’s Data Protection Commission) က တာဝန္ယူစစ္ေဆးမွာျဖစ္ၿပီး အေသးစိတ္အခ်က္အလက္ေတြကုိ Facebook ဆီကေန ေတာင္းခံထားပါတယ္။ Facebook တာဝန္ရွိသူေတြအေနနဲ႔ အစစ္ေဆးခံရမွာျဖစ္ၿပီးေတာ့ သုံးစြဲသူ (၈၇) သန္း ေပါက္ၾကားခဲ့တဲ့ Facebook–Cambridge Analytica ျဖစ္ရပ္အၿပီးမွာ ဒုတိယထုိးႏွက္ခ်က္ျဖစ္ခဲ့ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဥရောပသမဂ္ဂကို ဒေါ်လာ ၁.၆၃ ဘီလီယံအထိ ဒဏ်ဆောင်ခံရဖွယ်ရှိတဲ့ Facebook

နာမည်ကျော်လူမှုကွန်ရက် Facebook ဟာ သုံးစွဲသူ သန်း (၅ဝ) နီးပါးရဲ့အချက်အလက်တွေ ပေါက်ကြားခဲ့တယ်လို့ စက်တင်ဘာလ (၂၈) ရက်နေ့တုန်းက တရားဝင်ကြေညာခဲ့ပါတယ်။ ဟက်ကာတွေဟာ Facebook မှာ ထည့်သွင်းထားတဲ့ View As Feature ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီးတော့ သုံးစွဲသူတွေရဲ့အချက်အလက်တွေကို ခိုးယူခဲ့တာဖြစ်ပါတယ်။ Facebook အနေနဲ့ ဒီအားနည်းချက်ကို စက်တင်ဘာလ (၂၅) ရက်နေ့မှာ သတိထားခဲ့ပေမယ့် ဟက်ကာတွေက အချက်အလက်တွေကို ခိုးယူပြီးပါသွားပါပြီ။

အခုချိန်မှာ ဥရောပသမဂ္ဂ (European Union – EU) ဟာ Facebook ကို အချက်အလက်ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ဒဏ်ရိုက်ဖို့ ပြင်ဆင်နေပါပြီ။ အထွေထွေအချက်အလက်များ ထိန်းသိမ်းမှု ဥပဒေ (General Data Protection Regulation – GDPR) ကို ၂ဝ၁၆ခုနှစ်မှာ ပြဌာန်းခဲ့ပြီး ကုမ္ပဏီတွေအနေနဲ့ ဥရောပနိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားရာမှာ တားဆီးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

လက်ရှိ အသုံးပြုသူ သန်း (၅ဝ) ပေါက်ကြားတဲ့ကိစ္စမှာလည်း ဥရောပနိုင်ငံသားတွေလည်း ပါဝင်နိုင်တာမို့ ဒေါ်လာ ၁.၆၃ ဘီလီယံ (၁,၆၃ဝ သန်း) အထိ ဒဏ်ရိုက်ဖို့ ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။ ဥပဒေမှာတော့ အချက်အလက်ပေါက်ကြားမှုအတွက် ယူရို သန်း (၂ဝ) ဒါမှမဟုတ် ကုမ္ပဏီရဲ့ တစ်နှစ်လည်ပတ်ငွေရဲ့  (၄) ရာခိုင်နှုန်းအထိ ဒဏ်ရိုက်နိုင်ပါတယ်။

Facebook ရဲ့ အချက်အလက်ပေါက်ကြားမှုမှာ အိုင်ယာလန်နိုင်ငံရဲ့ အချက်အလက်ကာကွယ်ရေးကော်မရှင် (Ireland’s Data Protection Commission) က တာဝန်ယူစစ်ဆေးမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို Facebook ဆီကနေ တောင်းခံထားပါတယ်။ Facebook တာဝန်ရှိသူတွေအနေနဲ့ အစစ်ဆေးခံရမှာဖြစ်ပြီးတော့ သုံးစွဲသူ (၈၇) သန်း ပေါက်ကြားခဲ့တဲ့ Facebook–Cambridge Analytica ဖြစ်ရပ်အပြီးမှာ ဒုတိယထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com