[Zawgyi]


Facebook အသုံးပြုသူတစ်ဦးချင်းစီရဲ့ပုဂ္ဂိုလ်​​ရေးရာ အချက်​အလက်​​တွေလံခြုံစေဖို့နဲ့ Facebook ကိုအသုံးချပြီးသတင်းအမှားတွေ၊ လိင်ပိုင်းဆိုင်ရာအသုံးချမှုတွေ၊ မူးယစ်ဆေးဝါးဖြန့်ချိမှုတွေ အစရှိတဲ့လုပ်ဆောင်ချက်တွေကိုထိန်းချုပ်နိုင်ဖို့အတွက်Facebook ရဲ့ Content Moderators ၇၅၀၀ ဟာ User တွေ တင်မယ့် Facebook Post တွေမှာနဲ့ပတ်သက်ပြီး ၄င်းတို့သတ်မှတ်ထားတဲ့ စံနှုန်း ၂၇ ချက်နဲ့ညီမညီတိုက်ဆိုင်စစ်ဆေးသွားမယ်လို့ဆိုပါတယ်။









ရာဇဝတ်​မှု​တွေနဲ့ပတ်​သက်​ပြီး ဆန္ဒခံယူပွဲ​တွေ မဲဆွယ်​စည်းရုံးတာ​တွေကို​ဖေ့စ်​ဘုတ်​ကထပ်​ပြီး​တော့ခွငြ့်ပု​တော့မှာမဟုတ်​​တော့သလို ရာဇဝတ်​မှု​တွေဖြစ်​​ပေါ်​အောင်​ သတင်း​ပေးလှုံ့​ဆော်​တာ​သွေးဆူ​စေတာမျိုး​တွေကိုလည်းတားFacebook ကနေဖြုတ်ချမယ့်စာရင်းမှာထည့်သွင်းလိုက်ပါတယ်။





ဝတ်လစ်စလစ် ပုံများ





Ref; CNN

Phone Hay Ko (Akhayar)

www.akhayar.com


facebook-content-guidelines-list

Facebook-Content-Guidelines-List

[Unicode]

Facebook ကတင်းကြပ်လိုက်တဲ့ Privacy Policy ကြောင့်သင်ဟာ ဒါတွေကို Facebookပေါ်တင်လို့ရမှာမဟုတ်တော့ဘူး

Facebook အသုံးပြုသူတစ်ဦးချင်းစီရဲ့ပုဂ္ဂိုလ်ရေးရာ အချက်အလက်တွေလံခြုံစေဖို့နဲ့ Facebook ကိုအသုံးချပြီးသတင်းအမှားတွေ၊ လိင်ပိုင်းဆိုင်ရာအသုံးချမှုတွေ၊ မူးယစ်ဆေးဝါးဖြန့်ချိမှုတွေ အစရှိတဲ့လုပ်ဆောင်ချက်တွေကိုထိန်းချုပ်နိုင်ဖို့အတွက်Facebook ရဲ့ Content Moderators ၇၅၀၀ ဟာ User တွေ တင်မယ့် Facebook Post တွေမှာနဲ့ပတ်သက်ပြီး ၎င်းတို့သတ်မှတ်ထားတဲ့ စံနှုန်း ၂၇ ချက်နဲ့ညီမညီတိုက်ဆိုင်စစ်ဆေးသွားမယ်လို့ဆိုပါတယ်။

ယခင်ကရှိပြီးသားဖြစ်တဲ့ Copyright ပြသာနာတွေ၊ လိင်အကြမ်းဖက်မှုတွေအပြင်အသစ်ထပ်ထည့်လိုက်တာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့ကိုယ်လုံးတီးပုံတွေ (မိဘကရိုက်ပေးတဲ့ပုံဖြစ်ခဲ့ရင်တောင်မှ)

တစ်ခါတစ်လေမိဘတွေက ချစ်စိတ်နဲ့သားသမီးရဲ့ကိုယ်လုံးတီးပုံတွေကိုရိုက်တင်လေ့ရှိကြပေမယ့် ခုနောက်ပိုင်းမှာ သားသမီးငယ်တွေရဲ့ဓာတ်ပုံကိုမကောင်းတဲ့နေရာတွေမှာအလွှဲသုံးစားလုပ်ခြင်း လိင်အကြမ်းဖက်ကိစ္စတွေမှာ အသုံးချခံရမှာဆိုးတဲ့အတွက် ကိုယ်လုံးတီးကလေးငယ်တွေရဲ့ဓာတ်ပုံတွေကိုModerators Team ကဖယ်ရှားသွားမှာဖြစ်ပါတယ်။

မိန်းကလေးတွေရဲ့ ရင်သားကိုအလွန်အကြူးဖော်ကျူးထားတဲ့ပုံတွေပဲဖြစ်ပါတယ်

မိခင်နို့တိုက်ကျွေးတဲ့ပုံ ရင်သားကင်ဆာခွဲစိတ်ထားတဲ့ပုံ အမျိုးသမီးထုလိင်အကြမ်းဖက်တိုက်ဖျက်ရေးတွေမှာအသုံးပြုတဲ့ပုံတွေကိုတော့ခွင့်ပြုပေးမှာဖြစ်ပြီး လုံးလုံးလျားလျားဖော်ပြထားတဲ့ပုံတွေကိုတော့ ဖြုတ်ချသွားမှာဖြစ်ပါတယ်။

ရာဇဝတ်မှုတွေ အရေးအခင်းတွေမှာ မတရားခံရတယ်လို့ လုပ်ကြံပြီးတင်ခြင်း

ရာဇဝတ်မှုတစ်ခုမှာမတရားခံရတဲ့သူအဖြစ် လိမ်လည်ပြီး Facebook ပေါ်တင်တဲ့သူတွေ၊ ပိုက်ဆံအခကြေးငွေယူပြီးပဲဖြစ်စေ အခြားအကြောင်း ကြောင်းကြောင့်ဖြစ်စေ လိမ်လည်ပြီးအဓိကရုဏ်းဖြစ်စေမယ့် လှုံ့ဆော်လီဆယ်မှုတွေကို ပိတ်ပင်သွားမှာဖြစ်ပါတယ်။

ရာဇဝတ်မှုတွေရဲ့ဝန်ခံချက်တွေ

ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ဆန္ဒခံယူပွဲတွေ မဲဆွယ်စည်းရုံးတာတွေကိုဖေ့စ်ဘုတ်ကထပ်ပြီးတော့ခွင့ြ်ပုတော့မှာမဟုတ်တော့သလို ရာဇဝတ်မှုတွေဖြစ်ပေါ်အောင် သတင်းပေးလှုံ့ဆော်တာသွေးဆူစေတာမျိုးတွေကိုလည်းတားFacebook ကနေဖြုတ်ချမယ့်စာရင်းမှာထည့်သွင်းလိုက်ပါတယ်။

ဆေးရွက်ကြီးနဲ့မူးယစ်ဆေးအရောင်းအဝယ်သတင်းပိုစ့်တွေ

မူးယစ်ဆေးနဲ့ပတ်သက်သမျှ ရောင်းလိုဝယ်လိုတဲ့သတင်းတွေ ရောင်းတဲ့တည်နေရာကိုမေးတဲ့ပို့စ်တွေ မူးယစ်ဆေးနဲ့အလဲအလှယ်လုပ်လိုတဲ့ပိုစ့်မှန်သမျှကို ဘန်းသွားမှာပါ တဲ့။

လူတစ်ယောက်ကိုယ်ခန္ဓာမသန်မစွမ်းဖြစ်တာ

ကိုယ်ဝန်ပျက်ကျခြင်း တစ်စုံတစ်ယောက်ရဲ့ရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်တွေကိုပစ်ပစ်နှစ်နှစ်ဝေဖန်ရေးသားတဲ့ပိုစ့်တွေကိုလဲအထိုက်အလျောက်ဖယ်ရှားသွားမှာဖြစ်ပါတယ်။

ဝတ်လစ်စလစ် ပုံများ

ကျန်းမာရေးကြောင့်မဟုတ်ပဲ အနီးကပ်ရိုက်ယူတဲ့ စအိုနဲ့ တင်ပါး အသားပေးပုံတွေ
ကိုလည်းခွင့်ပြုသွားမှာမဟုတ်သလို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေတမင်ရိုက်ကူးထားသော လိင်ပိုင်းဆိုင်ရာလှုံ့ဆော်မှုနဲ့ပတ်သက်တဲ့ ကိုယ်လုံးတီးပုံတွေကိုလည်းတားမြစ်သွားမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲမှ ထွက်ပေါ်လာတဲ့ရလဒ်ကြောင့်ဖြစ်လာမယ့် ဆူပူအကြမ်းဖက်မှုများ

ရွေးကောက်ပွဲတစ်ခုလုပ်ပြီးလို့ ထွက်ပေါ်လာတဲ့ရလဒ်အပေါ်မူတည်ပြီး ရှုံးသွားတဲ့တစ်ဖက်ပါတီက အတိုက်အခံတွေအနေနဲ့ Facebook ပေါ်မှာ အကြမ်းဖက်မှုတွေပေါ်ပေါက်စေမယ့် အရေးအသားနဲ့ ပုံတွေကိုလည်းတင်ခွင့်ရှိတော့မှာမဟုတ်ပါဘူး။

အထက်မှာဖော်ပြထားတဲ့အချက်တွေက Facebook ကနေစတင်ပြီးလုပ်ဆောင်နေတဲ့ Policy အသစ်တွေပဲဖြစ်ပါတယ်။ Facebook အနေနဲ့ တစ်စုံတစ်ဦးက စည်းကမ်းချက်နဲ့မညီတဲ့ Post မျိုးကိုတင်တယ်ဆိုရင် စောင့်ကြည့်နေမှာဖြစ်သလို တာဝန်သိ User တစ်ဦးဦးက Report ပြုလုပ်ပါကလည်း ယခင်ကထက် ပိုမိုမြန်ဆန်စွာ အရေးယူသွားမှာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် ဘယ်လောက်ထိရောက်မှုရှိမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Ref; CNN

Phone Hay Ko (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။