[Zawgyi] 

ဘယ္ေလာက္ပဲ အဆင္ေျပတယ္၊ သံုးလို႔ေကာင္းတယ္လို႔ေျပာေျပာ အရာရာတိုင္းမွာေတာ့ အဆင္မေျပတဲ့အခ်က္ေလးေတြ ရွိေနတတ္တာက ထံုးစံပါပဲ။ အဆင္မေျပတာမရွိဘူးဆိုရင္ေတာ့ သင္ ရွာမေတြ႕ေသးတာျဖစ္ပါလိမ့္မယ္။ အဲ့ဒီအထဲကမွ သင္ေန႔တိုင္းနီးပါး အသံုးျပဳေနတဲ့ Facebook မွာလည္း အဆင္မေျပျဖစ္တတ္တာေလးေတြ ရွိေနပါေသးတယ္။ 

Facebook Data Center

တစ္ကမၻာလံုး အတိုင္းအတာနဲ႔ အသံုးျပဳေနတဲ့ Online Social Media ႀကီးတစ္ခုျဖစ္တာနဲ႔အညီ လူတိုင္းအတြက္ ဝန္ေဆာင္မႈေပးေနရတာကလည္း မလြယ္လွပါဘူး။ Internet ေပၚမွာ ရွိေနတဲ့ သင့္ရဲ႕ ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြ၊ သင္လုပ္သမွ် မွတ္ထားေပးတဲ့ စာရင္းေတြ၊ သင့္ Account ထဲက သင္ကုိယ္တိုုင္ Block ထားတဲ့ လူေတြရဲ႕ စာရင္း စတာေတြကို အေသးစိတ္ တစ္ေယာက္ခ်င္းစီအတြက္ မွတ္သားထားေပးရပါတယ္။ အဲ့ဒီလို မွတ္သားေပးထားတဲ့အပို္င္းမွာ ျပႆနာတစ္ခုျဖစ္ေပၚခဲ့ပါတယ္။ Facebook ရဲ႕ Data သိမ္းတဲ့အပို္င္းမွာ ျဖစ္သြားတာျဖစ္ၿပီး အေသးစိတ္အခ်က္အလက္ကိုေတာ့ မသိရပါဘူး။ 

Notification For Effected Account

အခုလို Facebook ရဲ႕ Website မွာျဖစ္ပြားသြားတာေၾကာင့္ Block ထားတဲ့ လူတခ်ိဳ႕ရဲ႕ Account ေတြက Unblock ျဖစ္သြားပါတယ္။ Unblock ျဖစ္သြားတဲ့အတြက္ တစ္ဖက္လူက သင့္ကို ျပန္ဆက္သြယ္လာႏိုင္ပါတယ္။ အခုျဖစ္သြားတဲ့ျပႆနာက ေမလ ၂၉ ရက္ေန႔ကေန ဇြန္လ ၅ ရက္ေန႔အထိ အက်ံဳးဝင္ပါတယ္။ ျပႆနာေၾကာင့္ ထိခိုက္သြားတဲ့ User Account ေပါင္း ၈၀၀၀၀၀ ေက်ာ္အထိ ရွိတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။ တကယ္လို႔ သင့္ Account က ထိခိုက္သူေတြထဲမွာ ပါတယ္ဆိုရင္ေတာ့ Facebook က Notification ပို႔ေပးမွာျဖစ္ပါတယ္။ သင့္ဆီိကုိ Notification မေရာက္လာဘူးဆိုရင္ေတာ့ စိတ္ပူစရာမလိုပါဘူး။ Unblock ျဖစ္သြားတဲ့ Account ေတြကိုလည္း သင့္အေနနဲ႔ အလြယ္တကူ ျပန္ Block ႏိုင္တာေၾကာင့္ ျပႆနာသိပ္မရွိပါဘူး။ Facebook ကေတာ့ အခုလို ျပႆနာျဖစ္သြားတဲ့အတြက္ သူတို႔ Website မွာ ေတာင္းပန္ထားပါတယ္။ 

Ref: Facebook, Engadget 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Block ထားတဲ့ Account တချို့ကို Unblock ဖြစ်သွားစေခဲ့တဲ့ Facebook ရဲ့ Bug

ဘယ်လောက်ပဲ အဆင်ပြေတယ်၊ သုံးလို့ကောင်းတယ်လို့ပြောပြော အရာရာတိုင်းမှာတော့ အဆင်မပြေတဲ့အချက်လေးတွေ ရှိနေတတ်တာက ထုံးစံပါပဲ။ အဆင်မပြေတာမရှိဘူးဆိုရင်တော့ သင် ရှာမတွေ့သေးတာဖြစ်ပါလိမ့်မယ်။ အဲ့ဒီအထဲကမှ သင်နေ့တိုင်းနီးပါး အသုံးပြုနေတဲ့ Facebook မှာလည်း အဆင်မပြေဖြစ်တတ်တာလေးတွေ ရှိနေပါသေးတယ်။ 

Facebook Data Center

တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အသုံးပြုနေတဲ့ Online Social Media ကြီးတစ်ခုဖြစ်တာနဲ့အညီ လူတိုင်းအတွက် ဝန်ဆောင်မှုပေးနေရတာကလည်း မလွယ်လှပါဘူး။ Internet ပေါ်မှာ ရှိနေတဲ့ သင့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ၊ သင်လုပ်သမျှ မှတ်ထားပေးတဲ့ စာရင်းတွေ၊ သင့် Account ထဲက သင်ကိုယ်တိုုင် Block ထားတဲ့ လူတွေရဲ့ စာရင်း စတာတွေကို အသေးစိတ် တစ်ယောက်ချင်းစီအတွက် မှတ်သားထားပေးရပါတယ်။ အဲ့ဒီလို မှတ်သားပေးထားတဲ့အပိုင်းမှာ ပြဿနာတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ Facebook ရဲ့ Data သိမ်းတဲ့အပိုင်းမှာ ဖြစ်သွားတာဖြစ်ပြီး အသေးစိတ်အချက်အလက်ကိုတော့ မသိရပါဘူး။ 

Notification For Effected Account

အခုလို Facebook ရဲ့ Website မှာဖြစ်ပွားသွားတာကြောင့် Block ထားတဲ့ လူတချို့ရဲ့ Account တွေက Unblock ဖြစ်သွားပါတယ်။ Unblock ဖြစ်သွားတဲ့အတွက် တစ်ဖက်လူက သင့်ကို ပြန်ဆက်သွယ်လာနိုင်ပါတယ်။ အခုဖြစ်သွားတဲ့ပြဿနာက မေလ ၂၉ ရက်နေ့ကနေ ဇွန်လ ၅ ရက်နေ့အထိ အကျုံးဝင်ပါတယ်။ ပြဿနာကြောင့် ထိခိုက်သွားတဲ့ User Account ပေါင်း ၈၀၀၀၀၀ ကျော်အထိ ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ တကယ်လို့ သင့် Account က ထိခိုက်သူတွေထဲမှာ ပါတယ်ဆိုရင်တော့ Facebook က Notification ပို့ပေးမှာဖြစ်ပါတယ်။ သင့်ဆီကို Notification မရောက်လာဘူးဆိုရင်တော့ စိတ်ပူစရာမလိုပါဘူး။ Unblock ဖြစ်သွားတဲ့ Account တွေကိုလည်း သင့်အနေနဲ့ အလွယ်တကူ ပြန် Block နိုင်တာကြောင့် ပြဿနာသိပ်မရှိပါဘူး။ Facebook ကတော့ အခုလို ပြဿနာဖြစ်သွားတဲ့အတွက် သူတို့ Website မှာ တောင်းပန်ထားပါတယ်။ 

Ref: Facebook, Engadget 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။