Facebook က Video အရှည်တွေကို News Feed မှာ များများပြပေးဖို့ လုပ်ဆောင်နေ

 

Facebook ဟာ သူတို့ရဲ့ News Feed Algorithm Update အသစ် ကို Jan 26 ရက်နေ့က ကြေငြာခဲ့ပြီး ဒီ algorithm မှာ Video အရှည်တွေကို သုံးစွဲသူတွေဆီ များများပြပေးဖို့ လုပ်ဆောင်ထားပါတယ်။

ဒီလိုလုပ်ခြင်းဟာ လူတွေကို Facebook ပေါ် Video ကြည့်စေချင်တာက အချက်တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ တကယ်တော့ Facebook ပေါ် Video ကြည့်တဲ့ View အရေအတွက်ဟာ တစ်နေ့ကို 8 billion လောက်ရှိပြီးသားဖြစ်တဲ့အတွက် ကိန်းဂဏန်းအရဆို ကျေနပ်စရာကောင်းတဲ့ ရလဒ်တစ်ခု ရပြီးသားပါ။ ဒါပေမယ့် Facebook Team အနေနဲ့ Facebook Live ကို ပိုမိုပြည့်စုံတဲ့ အစီအစဉ်တွေနဲ့ တည်ဆောက်ဖို့ ထပ်မံ ကြံစည်နေပြီး သူတို့ရဲ့ မျှော်လင့်ချက်ကတော့ Facebook Platform ပေါ်မှာ High-quality Video တွေ များများမြင်ရစေဖို့ ဖြစ်ပြီး Netflix မှာ ရှာတွေ့နိုင်တဲ့ Video ပုံစံမျိုးတွေကို Facebook တွေ့စေမှာပါ။

 

You May Also Like : “Xiaomi ရဲ့ Vice President “Hugo Barra” ကို Facebook အတွက် Zuckerberg ခေါ်ယူ

 

Facebook live အတွက်လည်း နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်နိုင်ပြီး Facebook Video ရဲ့ ရည်မှန်းချက်တစ်ခုဖြစ်တဲ့ Facebook ကို တကယ့် ဖျော်ဖြေရေးနေရာတစ်ခုဖြစ်အောင် လုပ်ရန် ဖြစ်ပြီး အရင်လို TV shows တွေ အကြောင်း ပြောတဲ့ နေရာဖြစ်ရုံမက TV Shows တွေ ကြည့်လို့ ရတဲ့ နေရာပါ ဖြစ်စေဖို့ပါ။

အခုထိတော့ သုံးစွဲသူတွေဟာ Facebook ပေါ်မှာ မိနစ် ၃၀ စာ Video တွေ ကြည့်လေ့မရှိသေးပေမယ့် Facebook က ဒီလို Video အရှည်တွေ ဆက်တိုက်ပြပြီး ဆွဲတင်သွားမယ်ဆိုရင် အသုံးပြုသူတွေ အတွက် Video အရှည် ကြည့်တဲ့ အကျင့်ဖြစ်သွားနိုင်ပြီး Facebook ပေါ်မှာ Full Programs တွေ ကြည့်တာ ထုံးစံလို ဖြစ်သွားမှာပါ။

 

Yoe Lu (Akhayar)

www.akhayar.com

Ref : Recode, Social Media Today