Messenger Groups တွေအတွက် Admin စနစ်ကို ထည့်သွင်းလိုက်တဲ့ Facebook





Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

အခုအချိန်မှာ Facebook ကိုအသုံးပြုနေပြီး Messenger ကိုလည်း အသုံးပြုနေတယ်ဆိုရင် သေချာတာကတော့ Messenger Group တစ်ခုခုကို ဝင်ရောက်ထားဖို့က သေချာသလောက်ရှိနေပြီပဲဖြစ်ပါတယ်။ ကိုယ့်သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ အလုပ်ခွင်က လုပ်ဖောကိုင်ဖက်တွေနဲ့ စကားပြောဖို့ပဲဖြစ်ဖြစ် Messenger Group တွေဟာ အလွန်အသုံးဝင်တဲ့နေရာမှာပါဝင်နေတာပါ။

အခုအချိန်မှာတော့ Facebook ကနေ Messenger အပေါ်ကို ပြောင်းလဲမှုအချို့ပြုလုပ်ခဲ့ပြီးတော့ အခုအချိန်မှာ Facebook Messenger Group တွေမှာလည်း Admin Privileges ကို ရရှိပြီပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Messenger Group တွေမှာ Admin အဖြစ်ရရှိထားတဲ့သူတွေက အခြားသူတွေကို Group ထဲကို ထည့်သွင်းတာ၊ Member တွေကို ဖြုတ်ပစ်တာ၊ Admin အဖြစ် အဆင့်မြှင့်တင်ပေးတာ ဒါမှမဟုတ် Admin အဖြစ်ကနေ ရုတ်သိမ်းတာ စတဲ့ Feature တွေကိုပါ ရရှိမှာပဲဖြစ်ပါတယ်။

နောက်ထပ် Update တစ်ခုကတော့ အခြားသောသူတွေကို ကိုယ့်ရဲ့ Messenger Group ထဲကို ထည့်သွင်းချင်တယ်ဆိုရင် Add Members ကနေ ရှာပြီး ထည့်သွင်းဖို့မလိုတော့ပဲ ကိုယ့်ရဲ့ Messenger Group ကို Custom Link တစ်ခုအနေနဲ့ Create လုပ်ထားပြီးတော့ အဆိုပါ Link ကို အခြားသူတွေကို ပေးလိုက်တာနဲ့ အဆိုပါသူတွေက ကိုယ့် Messenger Group ထဲကို လာရောက် Join နိုင်မှာဖြစ်ပါတယ်။ လူတိုင်းဝင်လာတာမျိုးမဖြစ်ရအောင်လည်း Member Approval စနစ်ပါဝင်လာမှာဖြစ်ပြီးတော့ Admin က စီစစ်ပြီး လက်ခံနိုင်မှာဖြစ်ပါတယ်။

Facebook Messenger Groups တွေဟာ လက်ရှိအချိန်မှာ လူအယောက် ၂၅၀ အထိထည့်သွင်းလို့ရတဲ့အတွက် အခုလိုမျိုး Admin Functions တွေရရှိလာတာက ကောင်းမွနတဲ့အချက်တစ်ခုလို့ ပြောလို့ရပါတယ်။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com