Facebook Account ကို Deactivate ပြုလုပ်တာမျိုးမဟုတ်ဘဲ Account ကို အပြီးပိုင်ဖျက်ပစ်တော့မယ်ဆိုရင် ချက်ချင်းပြုလုပ်လို့မရဘဲ အချိန်စောင့်ဆိုင်းရတာကို သိကြမှာပါ။ အခုအချိန်မှာတော့ Facebook ကနေ အဆိုပါ စောင့်ဆိုင်းရတဲ့အချိန်ကိုပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။

Facebook

ယခင်တုန်းက Facebook Account ကို Delete ပြုလုပ်တော့မယ်ဆိုရင် အချိန် ၁၄ ရက်စောင့်ဆိုင်းရပေမယ့် အခုအချိန်မှာတော့ အဆိုပါ အချိန်ကို ထပ်မံတိုးမြှင့်လိုက်ပြီး ရက် ၃၀ အထိ စောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် တကယ်လို့ ကိုယ့် Facebook Account ကို Delete ပြုလုပ်ပြီးမှ ပြန်ပြီး Restore ပြန်လုပ်ချင်တယ်ဆိုရင် ရက် ၃၀ အထိ အချိန်ရမှာဖြစ်ပါတယ်။ Facebook ရဲ့ ပြောကြားချက်အရတော့ အသုံးပြုသူအတော်များများက ၁၄ ရက်ကြာပြီးမှ Facebook Account ကို ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားနေကြတာကြောင့် အခုလိုမျိုး အချိန်ကိုတိုးပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုမျိုး စောင့်ဆိုင်းရတဲ့အချိန်ကို တိုးမြှင့်လိုက်တာက Facebook Account ကို Delete လုပ်မယ်ဆိုရင်လည်း ကိုယ့်ရဲ့ Data တွေအပြီးတိုင်ပျက်သွားဖို့အတွက် စောင့်ဆိုင်းရတဲ့အချိန်ကပိုပြီးများပြားလာတာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်ရဲ့ Data တွေကို လုံးဝဖျက်သိမ်းချင်တဲ့သူတွေအတွက် အချိန်ပိုပြီးစောင့်ဆိုင်းရတော့မှာပါ။

Facebook

ဒါမှမဟုတ် Facebook ကနေ ခဏလောက်အနားပေးချင်တယ်ဆိုတဲ့သူတွေအတွက်လည်း အခု ရက် ၃၀ စောင့်ဆိုင်းရမှာဖြစ်တဲ့အတွက် တစ်လလောက် Facebook ကို Delete လုပ်ပြီးမှ ပြန်ဝင်ရောက်လို့ရမှာပါ။

Ref : The Verge