[Zawgyi]

ေကာလိပ္ေက်ာင္းသားတစ္ဦးရဲ႕အက္ဖ္ေအဖလားအိပ္မက္

Wright Robinson ေကာလိပ္ရဲ႕ ေက်ာင္းအုပ္ဆရာႀကီးက ေက်ာင္းသားေခါင္းေဆာင္ ဒန္အက္ဒ္ရွိဒ္(Dan Adshead) တနလၤာေန႔ေရာက္ရင္ ေက်ာင္းမတက္မွာ စိုးရိမ္ေနတယ္။ ဒန္က သူတို႔ေကာလိပ္မွာ ထူးခၽြန္သူတစ္ဦး၊ ခက္တာက ေက်ာင္းစာအျပင္ ေဘာလံုးကို အရမ္း၀ါသနာပါေနတာပဲ။ သူ႕တပည့္ ဒန္ဟာ နယ္ပယ္ႏွစ္ခုစလံုးမွာ ေအာင္ျမင္ႏုိင္တယ္ဆိုတာကို ေက်ာင္းအုပ္ႀကီး သိပါတယ္။ ဒါေပမဲ့ အသက္ (၁၆)ႏွစ္အရြယ္ဒန္ကို ေက်ာင္းစာဖိအားေတြအျပင္ ေဘာလံုးကေပးမယ့္ ဖိအားေတြ ၾကားထဲ အရမ္းနစ္မြန္းသြားမွာ ေက်ာင္းအုပ္ဆရာႀကီး မလိုလားဘူး။ ဒန္ကလည္း ဒန္ပဲ။ မန္ခ်က္စတာၿမိဳ႕သားပီပီ၊ ေဘာလံုးအထံုပါရမီက ပါလာတာေလ၊ သူကစားေနတာက အဂၤလန္အသင္းငယ္ေလး ေရာ့ခ်္ေဒးလ္ဆိုေပမယ့္ သူ႕အေၾကာင္းက ေက်ာ္ၾကားေနၿပီ။ ၿပီးခဲ့တဲ့စက္တင္ဘာ (၁၉)ရက္က ဘာရီအသင္းနဲ႔ပြဲမွာ ဒန္ ပါ၀င္ကစားခဲ့ၿပီး အသက္ (၁၆)ႏွစ္၊ (၁၇)ရက္နဲ႔ ေရာ့ခ်္ေဒးလ္အသင္းသမုိင္းတစ္ေလွ်ာက္ အသက္အငယ္ဆံုးကစားသူျဖစ္ခဲ့တယ္။ ၿပီးေတာ့ ေရာ့ခ်္ေဒးလ္အသင္းသမုိင္းတစ္ေလွ်ာက္ တတိယအႀကိမ္ေျမာက္ အက္္ဖ္ေအဖလားပဥၥမအဆင့္ကို  ေရာက္ၿပီးခ်ိန္မွာ သူ႕ကိုအာဆင္နယ္၊ ခ်ယ္လ္ဆီးတို႔က စိတ္၀င္စားေနၿပီဆိုၿပီး သတင္းေတြထြက္လာတယ္။

ဒန္ရဲ႕ ေဘာလုံုးသမားဘ၀ဟာ ေမွ်ာ္လင့္ခ်က္အသစ္ေတြနဲ႔ ႏုပ်ဳိလတ္ဆတ္ေနေပမယ့္ အဂၤလန္ေဘာလံုးေလာကအတြင္းက လူငယ္ကစားသမားဆုိင္ရာစည္းမ်ဥ္းေတြအရ သူဟာ အသင္းေဖာ္ေတြနဲ႔ အခ်ိန္ျပည့္ပူးေပါင္းခြင့္မရွိဘူး။ ပြဲကစားမယ့္ရက္နဲ႔ အႀကိဳေလ့က်င့္ခန္းအစီအစဥ္ေတြမွာပဲ ဒန္ဟာ အသင္းနဲ႔အတူ ရွိခြင့္ရတယ္။ က်န္တဲ့အခ်ိန္ေတြဆို ေက်ာင္းတက္၊ ပညာသင္။ ဒါေပမဲ့ ေရာ့ခ်္ေဒးနည္းျပ ကိတ္ေဟးလ္ (Kaith Hill) က သူ႕ခ်ာတိတ္ကို အရမ္းေမွ်ာ္လင့္ထားတာ၊ ကိတ္ေဟးလ္ကလည္း လူငယ္ကစားသမားေတြကို အကဲျဖတ္တဲ့ေနရာမွာ ေခသူမဟုတ္ဘူး။ လက္ရွိမန္စီးတီးအသင္းေနာက္ခံလူ ဂၽြန္စတုန္းစ္ (John Stones) ကို သူပဲ ေျမေတာင္ေျမွာက္ေပးခဲ့တာ။ “ သူ႕အသက္က (၁၆)ႏွစ္ပဲ ရွိေသးတယ္။ အနာဂတ္မွာ ဒီထက္ပိုၿပီးျဖစ္လာႏုိင္ေသးတယ္။ ပြဲကစားတဲ့ရက္ေတြဆို ေက်ာင္းေတာ့ပ်က္တာေပါ့ေလ။ ဒါေပမဲ့ သူက ပညာေရးကို မလစ္ဟင္းေစရဘူးဗ်၊ အေ၀းကြင္းပြဲသြားကစားတဲ့အခ်ိန္ဆို ကားေပၚမွာ စာလုပ္ေနတတ္တယ္” လို႔ ကိတ္ေဟးလ္က ေျပာပါတယ္။ ၿပီးေတာ့ ဒန္ဟာ ေဘာလံုးေလာကက အစြယ္ထက္ ငမန္းတစ္ေကာင္ျဖစ္လာလိ္မ့္မယ္လုိ႔ ကိတ္ေဟးလ္တင္စားခဲ့ျပန္တယ္။

GCSEs ေျဖဆုိမယ့္ ခ်ာတိတ္ေလးက ေနပံုထုိင္ပံုေတာ့ သီးျခားဆန္ပါတယ္။ အေ၀းကြင္းသြားကစားၿပီဆုိရင္ သူ႕ကိုယ္ပိုင္အခန္းနဲ႔ ၿပီးေတာ့ ေရခ်ဳိးရင္လည္း သီးသန္႔ခ်ဳိးတတ္ေသးတယ္။ ဒန္ပထမဆံုးလူစား၀င္ကစားတဲ့ပြဲမွာ ေရာ့ခ်္ေဒးလ္အသင္း ႐ႈံးခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ နည္းျပကိတ္ေဟးလ္က စိတ္ဓာတ္မက်ဖို႔နဲ႔ စိတ္ညစ္တာေတြ ေပ်ာက္သြားေအာင္ ေခါင္းေလွ်ာ္ေရခ်ဳိးလိုက္လို႔ ဒန္ကို ေျပာပါတယ္။ အဲဒီအခ်ိန္မွာ ဒန္က “ ကၽြန္ေတာ္စိတ္မပ်က္ပါဘူး။ ေရလည္းမခ်ဳိးခ်င္ေသးဘူး” လို႔ ျပန္ေျပာပါတယ္။ ဒန္႕ကို ၾကည့္ရတာ အရြယ္နဲ႔ မမွ်ေအာင္ ဆံုး႐ႈံးမႈေတြကေန သင္ခန္းစာယူတတ္ပံုပဲ။

စပါးနဲ႔ပြဲမွာ ေကာလိပ္ေက်ာင္းသား ေျခစြမ္းျပႏုိင္မွာလား

စပါးနဲ႔ပြဲမွာ ေကာလိပ္ေက်ာင္းသား ေျခစြမ္းျပႏုိင္မွာလား

အက္ဖ္ေအဖလား ပဥၥမအဆင့္မွာ ေရာ့ခ်္ေဒးလ္က ပရီးမီးယားလိဂ္ထိပ္သီး စပါးအသင္းနဲ႔ ရင္ဆုိင္ရပါမယ္။ နည္းျပ ကိတ္ေဟးလ္က အဲဒီပဲြမွာ ဒန္ကို ထည့္သံုးမယ္။ ဒန္အေနနဲ႔ သူ႕ကို ေဘာလံုးပရိသတ္ေတြကို ပိုၿပီးရင္းႏွီးသြားေအာင္ လုပ္ျပႏုိင္လိမ့္မယ္လို႔လည္း ယံုၾကည္ေနတယ္။ စပါးအသင္းနဲ႔ သူတုိ႔အသင္းၾကား အဆင့္အတန္းဟာ မိုးနဲ႔ေျမလိုကြာျခားတာ ကိတ္ေဟးလ္သိပါတယ္။ စပါးအသင္းက ေနာက္ခံလူတစ္ဦးအတြက္  ေပါင္ (၄၂)ေလာက္ သံုးေနခ်ိန္မွာ ေရာ့ခ်္ေဒးလ္ရဲ႕ ကစားသမားတစ္ေယာက္အတြက္ ေပါင္ (၇၅၀၀၀)ေလာက္ပဲ သံုးေနႏုိင္တာ၊ ဒါေပမဲ့ ကိတ္ေဟးလ္က “ ကၽြန္ေတာ့္တုိ႔အသင္းက ကိုယ္ပိုင္အဓိပၸါယ္နဲ႔ ရွင္သန္ေနတဲ့အသင္း” လို႔ ဆိုခဲ့ပါတယ္။ ၿပီးေတာ့ လက္ရိွေဘာလံုးေလာကဟာ ေၾကြးၿမီေတြနဲ႔ လည္ပတ္ေနတယ္လို႔လည္း ကိ္တ္ေဟးလ္က ေ၀ဖန္ခဲ့တယ္။ စပါးအသင္းနဲ႔ပြဲဟာ ေရာ့ခ်္ေဒးလ္သမုိင္းမွာ အႀကီးက်ယ္ဆံုးပြဲတစ္ပြဲျဖစ္လာပါလိမ့္မယ္။ ဒန္လို ေက်ာင္းစာတစ္ဖက္နဲ႔ ေဘာလံုးၾကယ္ပြင့္ျဖစ္လုိသူတစ္ဦး အျပင္ ေရာ့ခ်္ေဒးလ္အသင္းမွာ မေလ်ာ့ေသာဇြဲလံု႔လနဲ႔ ကစားသမားတစ္ဦးရွိပါေသးတယ္။ ေနာက္ခံလူ မက္နယ္လ္တီ (McNulty) ပါပဲ။ သူက မေတာ္တဆမႈေၾကာင့္ ေက်ာက္ကပ္ထိခိုက္ခဲ့ၿပီး လက္ရွိအခ်ိန္မွာ ေက်ာက္ကပ္တစ္ခုတည္းနဲ႔ ရွင္သန္ေနရပါတယ္။ သူကလည္း စပါးနဲ႔ပြဲမွာ ေရာ့ခ်္ေဒးလ္အတြက္ အမွတ္ရစရာအေကာင္းဆံုးျဖစ္လာမယ္လို႔ ဆိုခဲ့ၿပီး စပါးအသင္းက ကစားသမားေတြအေၾကာင္း ေလ့လာထားတယ္လို႔ ဆိုခဲ့ပါတယ္။

မနက္ျဖန္ ေဖေဖာ္၀ါရီလ (၁၈)ရက္၊ တနဂၤေႏြေန႔မွာ ေရာ့ခ်္ေဒးလ္နဲ႔ စပါးအသင္းတုိ႔ ကစားသြားပါမယ္။ အဲဒီပြဲမွာ ဘယ္လုိေတြျဖစ္လာမလဲဆိုတာထက္ တနလၤာေန႔မွာ ဒန္ေက်ာင္းျပန္တက္ဖို႔  Wright Robinson ေကာလိပ္က ေက်ာင္းအုပ္ဆရာႀကီး ဆႏၵရွိေနပါတယ္။ဒီဆႏၵနဲ႔အတူ ေက်ာင္းအုပ္ဆရာႀကီးက သူ႕တပည့္ေဟာင္း မန္ခ်က္စတာယူႏုိက္တက္ကြင္းလယ္လူ နစ္ကီဘတ္ (Nicky Butt) လိုမ်ဳိး ဒန္ ေဘာလံုးေလာကမွာေအာင္ျမင္ပါေစလုိ႔လည္း ဆုေတာင္းေပးေနမိျပန္တယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကောလိပ်ကျောင်းသားတစ်ဦးရဲ့အက်ဖ်အေဖလားအိပ်မက်

Wright Robinson ကောလိပ်ရဲ့ ကျောင်းအုပ်ဆရာကြီးက ကျောင်းသားခေါင်းဆောင် ဒန်အက်ဒ်ရှိဒ်(Dan Adshead) တနင်္လာနေ့ရောက်ရင် ကျောင်းမတက်မှာ စိုးရိမ်နေတယ်။ ဒန်က သူတို့ကောလိပ်မှာ ထူးချွန်သူတစ်ဦး၊ ခက်တာက ကျောင်းစာအပြင် ဘောလုံးကို အရမ်းဝါသနာပါနေတာပဲ။ သူ့တပည့် ဒန်ဟာ နယ်ပယ်နှစ်ခုစလုံးမှာ အောင်မြင်နိုင်တယ်ဆိုတာကို ကျောင်းအုပ်ကြီး သိပါတယ်။ ဒါပေမဲ့ အသက် (၁၆)နှစ်အရွယ်ဒန်ကို ကျောင်းစာဖိအားတွေအပြင် ဘောလုံးကပေးမယ့် ဖိအားတွေ ကြားထဲ အရမ်းနစ်မွန်းသွားမှာ ကျောင်းအုပ်ဆရာကြီး မလိုလားဘူး။ ဒန်ကလည်း ဒန်ပဲ။ မန်ချက်စတာမြို့သားပီပီ၊ ဘောလုံးအထုံပါရမီက ပါလာတာလေ၊ သူကစားနေတာက အင်္ဂလန်အသင်းငယ်လေး ရော့ချ်ဒေးလ်ဆိုပေမယ့် သူ့အကြောင်းက ကျော်ကြားနေပြီ။ ပြီးခဲ့တဲ့စက်တင်ဘာ (၁၉)ရက်က ဘာရီအသင်းနဲ့ပွဲမှာ ဒန် ပါဝင်ကစားခဲ့ပြီး အသက် (၁၆)နှစ်၊ (၁၇)ရက်နဲ့ ရော့ချ်ဒေးလ်အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသူဖြစ်ခဲ့တယ်။ ပြီးတော့ ရော့ချ်ဒေးလ်အသင်းသမိုင်းတစ်လျှောက် တတိယအကြိမ်မြောက် အက်ဖ်အေဖလားပဉ္စမအဆင့်ကို  ရောက်ပြီးချိန်မှာ သူ့ကိုအာဆင်နယ်၊ ချယ်လ်ဆီးတို့က စိတ်ဝင်စားနေပြီဆိုပြီး သတင်းတွေထွက်လာတယ်။

ဒန်ရဲ့ ဘောလုံးသမားဘဝဟာ မျှော်လင့်ချက်အသစ်တွေနဲ့ နုပျိုလတ်ဆတ်နေပေမယ့် အင်္ဂလန်ဘောလုံးလောကအတွင်းက လူငယ်ကစားသမားဆိုင်ရာစည်းမျဉ်းတွေအရ သူဟာ အသင်းဖော်တွေနဲ့ အချိန်ပြည့်ပူးပေါင်းခွင့်မရှိဘူး။ ပွဲကစားမယ့်ရက်နဲ့ အကြိုလေ့ကျင့်ခန်းအစီအစဉ်တွေမှာပဲ ဒန်ဟာ အသင်းနဲ့အတူ ရှိခွင့်ရတယ်။ ကျန်တဲ့အချိန်တွေဆို ကျောင်းတက်၊ ပညာသင်။ ဒါပေမဲ့ ရော့ချ်ဒေးနည်းပြ ကိတ်ဟေးလ် (Kaith Hill) က သူ့ချာတိတ်ကို အရမ်းမျှော်လင့်ထားတာ၊ ကိတ်ဟေးလ်ကလည်း လူငယ်ကစားသမားတွေကို အကဲဖြတ်တဲ့နေရာမှာ ခေသူမဟုတ်ဘူး။ လက်ရှိမန်စီးတီးအသင်းနောက်ခံလူ ဂျွန်စတုန်းစ် (John Stones) ကို သူပဲ မြေတောင်မြှောက်ပေးခဲ့တာ။ “ သူ့အသက်က (၁၆)နှစ်ပဲ ရှိသေးတယ်။ အနာဂတ်မှာ ဒီထက်ပိုပြီးဖြစ်လာနိုင်သေးတယ်။ ပွဲကစားတဲ့ရက်တွေဆို ကျောင်းတော့ပျက်တာပေါ့လေ။ ဒါပေမဲ့ သူက ပညာရေးကို မလစ်ဟင်းစေရဘူးဗျ၊ အဝေးကွင်းပွဲသွားကစားတဲ့အချိန်ဆို ကားပေါ်မှာ စာလုပ်နေတတ်တယ်” လို့ ကိတ်ဟေးလ်က ပြောပါတယ်။ ပြီးတော့ ဒန်ဟာ ဘောလုံးလောကက အစွယ်ထက် ငမန်းတစ်ကောင်ဖြစ်လာလိမ့်မယ်လို့ ကိတ်ဟေးလ်တင်စားခဲ့ပြန်တယ်။

GCSEs ဖြေဆိုမယ့် ချာတိတ်လေးက နေပုံထိုင်ပုံတော့ သီးခြားဆန်ပါတယ်။ အဝေးကွင်းသွားကစားပြီဆိုရင် သူ့ကိုယ်ပိုင်အခန်းနဲ့ ပြီးတော့ ရေချိုးရင်လည်း သီးသန့်ချိုးတတ်သေးတယ်။ ဒန်ပထမဆုံးလူစားဝင်ကစားတဲ့ပွဲမှာ ရော့ချ်ဒေးလ်အသင်း ရှုံးခဲ့ပါတယ်။ အဲဒီအချိန်မှာ နည်းပြကိတ်ဟေးလ်က စိတ်ဓာတ်မကျဖို့နဲ့ စိတ်ညစ်တာတွေ ပျောက်သွားအောင် ခေါင်းလျှော်ရေချိုးလိုက်လို့ ဒန်ကို ပြောပါတယ်။ အဲဒီအချိန်မှာ ဒန်က “ ကျွန်တော်စိတ်မပျက်ပါဘူး။ ရေလည်းမချိုးချင်သေးဘူး” လို့ ပြန်ပြောပါတယ်။ ဒန့်ကို ကြည့်ရတာ အရွယ်နဲ့ မမျှအောင် ဆုံးရှုံးမှုတွေကနေ သင်ခန်းစာယူတတ်ပုံပဲ။

စပါးနဲ့ပွဲမှာ ကောလိပ်ကျောင်းသား ခြေစွမ်းပြနိုင်မှာလား

စပါးနဲ့ပွဲမှာ ကောလိပ်ကျောင်းသား ခြေစွမ်းပြနိုင်မှာလား

အက်ဖ်အေဖလား ပဉ္စမအဆင့်မှာ ရော့ချ်ဒေးလ်က ပရီးမီးယားလိဂ်ထိပ်သီး စပါးအသင်းနဲ့ ရင်ဆိုင်ရပါမယ်။ နည်းပြ ကိတ်ဟေးလ်က အဲဒီပွဲမှာ ဒန်ကို ထည့်သုံးမယ်။ ဒန်အနေနဲ့ သူ့ကို ဘောလုံးပရိသတ်တွေကို ပိုပြီးရင်းနှီးသွားအောင် လုပ်ပြနိုင်လိမ့်မယ်လို့လည်း ယုံကြည်နေတယ်။ စပါးအသင်းနဲ့ သူတို့အသင်းကြား အဆင့်အတန်းဟာ မိုးနဲ့မြေလိုကွာခြားတာ ကိတ်ဟေးလ်သိပါတယ်။ စပါးအသင်းက နောက်ခံလူတစ်ဦးအတွက်  ပေါင် (၄၂)လောက် သုံးနေချိန်မှာ ရော့ချ်ဒေးလ်ရဲ့ ကစားသမားတစ်ယောက်အတွက် ပေါင် (၇၅၀၀၀)လောက်ပဲ သုံးနေနိုင်တာ၊ ဒါပေမဲ့ ကိတ်ဟေးလ်က “ ကျွန်တော့်တို့အသင်းက ကိုယ်ပိုင်အဓိပ္ပါယ်နဲ့ ရှင်သန်နေတဲ့အသင်း” လို့ ဆိုခဲ့ပါတယ်။ ပြီးတော့ လက်ရှိဘောလုံးလောကဟာ ကြွေးမြီတွေနဲ့ လည်ပတ်နေတယ်လို့လည်း ကိတ်ဟေးလ်က ဝေဖန်ခဲ့တယ်။ စပါးအသင်းနဲ့ပွဲဟာ ရော့ချ်ဒေးလ်သမိုင်းမှာ အကြီးကျယ်ဆုံးပွဲတစ်ပွဲဖြစ်လာပါလိမ့်မယ်။ ဒန်လို ကျောင်းစာတစ်ဖက်နဲ့ ဘောလုံးကြယ်ပွင့်ဖြစ်လိုသူတစ်ဦး အပြင် ရော့ချ်ဒေးလ်အသင်းမှာ မလျော့သောဇွဲလုံ့လနဲ့ ကစားသမားတစ်ဦးရှိပါသေးတယ်။ နောက်ခံလူ မက်နယ်လ်တီ (McNulty) ပါပဲ။ သူက မတော်တဆမှုကြောင့် ကျောက်ကပ်ထိခိုက်ခဲ့ပြီး လက်ရှိအချိန်မှာ ကျောက်ကပ်တစ်ခုတည်းနဲ့ ရှင်သန်နေရပါတယ်။ သူကလည်း စပါးနဲ့ပွဲမှာ ရော့ချ်ဒေးလ်အတွက် အမှတ်ရစရာအကောင်းဆုံးဖြစ်လာမယ်လို့ ဆိုခဲ့ပြီး စပါးအသင်းက ကစားသမားတွေအကြောင်း လေ့လာထားတယ်လို့ ဆိုခဲ့ပါတယ်။

မနက်ဖြန် ဖေဖော်ဝါရီလ (၁၈)ရက်၊ တနင်္ဂနွေနေ့မှာ ရော့ချ်ဒေးလ်နဲ့ စပါးအသင်းတို့ ကစားသွားပါမယ်။ အဲဒီပွဲမှာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာထက် တနင်္လာနေ့မှာ ဒန်ကျောင်းပြန်တက်ဖို့  Wright Robinson ကောလိပ်က ကျောင်းအုပ်ဆရာကြီး ဆန္ဒရှိနေပါတယ်။ဒီဆန္ဒနဲ့အတူ ကျောင်းအုပ်ဆရာကြီးက သူ့တပည့်ဟောင်း မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ နစ်ကီဘတ် (Nicky Butt) လိုမျိုး ဒန် ဘောလုံးလောကမှာအောင်မြင်ပါစေလို့လည်း ဆုတောင်းပေးနေမိပြန်တယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။