[Zawgyi]

ပရီးမီးယားလိဂ္အသင္းေတြ ရလဒ္ေကာင္းမွာလား

အက္ဖ္ေအဖလားပြဲစဥ္မ်ား အႀကိဳသံုးသပ္ခ်က္

မေန႔က Akhayar Sports က အက္ဖ္ေအဖလားပြဲစဥ္ (၂)ပြဲကို သံုးသပ္ခဲ့ရာမွာ အဆင္ေျပမွန္ကန္ခဲ့ပါတယ္။ စေနေန႔မွာကစားမယ့္ အက္ဖ္ေအဖလားပြဲစဥ္ေတြကိုလည္း ဆက္လက္သံုးသပ္လုိက္ပါတယ္။

ရွက္ဖီးလ္ ႏွင့္ ဆြမ္ဆီး (ျမန္မာစံေတာ္ခ်ိန္ စေနည ၇း၀၀ နာရီ)

ဆြမ္ဆီးနည္းျပက ဖလားၿပိဳင္ပြဲေတြထက္ ပရီးမီးယားလိဂ္မွာဆက္လက္ရွင္သန္ခြင့္ကို ပိုဦးစားေပးမယ္လို႔ ဆိုခဲ့ပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့အဆင့္မွာ ေနာ့စ္ေကာင္တီကို (၈-၁)ဂိုးနဲ႔ အႏုိင္ယူခဲ့တာမ်ဳိးကို မေမ့ထားသင့္ဘူး။ ရွက္ဖီးလ္၀င္းစေဒးနဲ႔ ေနာက္ဆံုး (၉)ႀကိမ္ေတြ႕ရာမွာ ဆြမ္ဆီးတစ္ႀကိမ္ပဲ အႏိုင္ရခဲ့ဖူးတယ္။ သေရက်ဖို႔မ်ားပါတယ္။

ဘ႐ုိက္တန္ ႏွင့္ ကိုဗင္ထရီ (ျမန္မာစံေတာ္ခ်ိန္ စေနည ၉း၃၀ နာရီ)

ကိုဗင္ထရီက မထင္မွတ္တာေတြ လုပ္သြားႏုိင္တယ္ဆုိေပမယ့္ ေနာက္ဆံုး(၄)ပြဲဆက္ ဘ႐ုိက္တန္မ႐ႈံးထားသလို အိမ္ကြင္းေျခစြမ္းလည္း မာေက်ာပါတယ္။ ဘ႐ုိက္တန္မွာ တုိက္စစ္မွဴးသစ္ လုိကာဒီယာ (Locadia) ၀င္ကစားဖို႔မ်ားၿပီး ေျခစြမ္းျပလိမ့္ထင္တယ္။ ဘ႐ုိက္တန္ အႏုိင္ရပါလိမ့္မယ္။

၀က္စ္ဘရြန္း ႏွင့္ ေဆာက္သမ္တန္ (ျမန္မာစံေတာ္ခ်ိန္ စေနည ၉း၃၀ နာရီ)

၀က္စ္ဘရြန္းမွာ အသင္းအတြင္း ျပႆနာေတြရွိေနတယ္။ ေနာက္ဆံုး(၃)ပြဲဆက္လည္း ႐ႈံးနိမ့္ထားတယ္။ သေရက်ဖို႔မ်ားပါတယ္။

ေပါ့ဘာ(Pogba) ေျခစြမ္းျပႏုိင္မလား

ေပါ့ဘာ(Pogba) ေျခစြမ္းျပႏုိင္မလား

ဟတ္ဒါဖီးလ္ ႏွင့္ မန္ခ်က္စတာယူႏုိက္တက္ (ျမန္မာစံေတာ္ခ်ိန္ စေနည ၁၂း၀၀ နာရီ)

မန္ခ်က္စတာယူႏုိက္တက္အသင္း လူစံုထုတ္၊ မထုတ္စဥ္းစားရမယ္။ ခ်န္ပီယံလိဂ္ပြဲရွိေနလို႔လည္း ဒီပြဲအေပၚ အာ႐ုံစုိက္မႈကို သံသယ၀င္မိပါတယ္။ ေပါ့ဘာ (Pogba)ကုိ ပဲြထုတ္ကစားသြားမယ္လို႔ မန္ခ်က္စတာယူႏုိက္တက္နည္းျပ ေမာ္ရင္ဟို (Mourinho) က သတင္းစာရွင္းလင္းပြဲမွာ ေျပာထားတယ္။   ေပါ့ဘာအေနနဲ႔ ဒီလိုပြဲမ်ဳိးမွာ သူ႕တန္ဖိုးကိုသက္ေသျပသင့္ပါတယ္။ မန္ခ်က္စတာယူႏုိက္တက္ ဂိုးမျပတ္ဘဲ ႏုိင္မယ္။

 

  • မန္ခ်က္စတာယူႏုိက္တက္အသင္းေတာင္ပံကစားသမား ဆန္းခ်က္ဇ္ (Sanchez) ဟာ အက္ဖ္ေအဖလားေနာက္ဆံုး (၁၅)ပြဲမွာ (၈)ဂိုးသြင္းၿပီး (၇)ဂိုးဖန္တီးေပးထားပါတယ္။
  • မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ဟတ္ဒါဖိီးလ္နဲ႔ အက္ဖ္ေအဖလားေနာက္ဆံုး (၃)ႀကိမ္ဆံုေတြ႕ ရာမွာ (၂)ႀကိမ္အႏုိင္ရထားပါတယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပရီးမီးယားလိဂ်အသင်းတွေ ရလဒ်ကောင်းမှာလား

အက်ဖ်အေဖလားပွဲစဉ်များ အကြိုသုံးသပ်ချက်

မနေ့က Akhayar Sports က အက်ဖ်အေဖလားပွဲစဉ် (၂)ပွဲကို သုံးသပ်ခဲ့ရာမှာ အဆင်ပြေမှန်ကန်ခဲ့ပါတယ်။ စနေနေ့မှာကစားမယ့် အက်ဖ်အေဖလားပွဲစဉ်တွေကိုလည်း ဆက်လက်သုံးသပ်လိုက်ပါတယ်။

ရှက်ဖီးလ် နှင့် ဆွမ်ဆီး (မြန်မာစံတော်ချိန် စနေည ရး၀၀ နာရီ)

ဆွမ်ဆီးနည်းပြက ဖလားပြိုင်ပွဲတွေထက် ပရီးမီးယားလိဂ်မှာဆက်လက်ရှင်သန်ခွင့်ကို ပိုဦးစားပေးမယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့အဆင့်မှာ နော့စ်ကောင်တီကို (၈-၁)ဂိုးနဲ့ အနိုင်ယူခဲ့တာမျိုးကို မမေ့ထားသင့်ဘူး။ ရှက်ဖီးလ်ဝင်းစဒေးနဲ့ နောက်ဆုံး (၉)ကြိမ်တွေ့ရာမှာ ဆွမ်ဆီးတစ်ကြိမ်ပဲ အနိုင်ရခဲ့ဖူးတယ်။ သရေကျဖို့များပါတယ်။

ဘရိုက်တန် နှင့် ကိုဗင်ထရီ (မြန်မာစံတော်ချိန် စနေည ၉း၃၀ နာရီ)

ကိုဗင်ထရီက မထင်မှတ်တာတွေ လုပ်သွားနိုင်တယ်ဆိုပေမယ့် နောက်ဆုံး(၄)ပွဲဆက် ဘရိုက်တန်မရှုံးထားသလို အိမ်ကွင်းခြေစွမ်းလည်း မာကျောပါတယ်။ ဘရိုက်တန်မှာ တိုက်စစ်မှူးသစ် လိုကာဒီယာ (Locadia) ဝင်ကစားဖို့များပြီး ခြေစွမ်းပြလိမ့်ထင်တယ်။ ဘရိုက်တန် အနိုင်ရပါလိမ့်မယ်။

ဝက်စ်ဘရွန်း နှင့် ဆောက်သမ်တန် (မြန်မာစံတော်ချိန် စနေည ၉း၃၀ နာရီ)

ဝက်စ်ဘရွန်းမှာ အသင်းအတွင်း ပြဿနာတွေရှိနေတယ်။ နောက်ဆုံး(၃)ပွဲဆက်လည်း ရှုံးနိမ့်ထားတယ်။ သရေကျဖို့များပါတယ်။

ပေါ့ဘာ(Pogba) ခြေစွမ်းပြနိုင်မလား

ပေါ့ဘာ(Pogba) ခြေစွမ်းပြနိုင်မလား

ဟတ်ဒါဖီးလ် နှင့် မန်ချက်စတာယူနိုက်တက် (မြန်မာစံတော်ချိန် စနေည ၁၂း၀၀ နာရီ)

မန်ချက်စတာယူနိုက်တက်အသင်း လူစုံထုတ်၊ မထုတ်စဉ်းစားရမယ်။ ချန်ပီယံလိဂ်ပွဲရှိနေလို့လည်း ဒီပွဲအပေါ် အာရုံစိုက်မှုကို သံသယဝင်မိပါတယ်။ ပေါ့ဘာ (Pogba)ကို ပွဲထုတ်ကစားသွားမယ်လို့ မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟို (Mourinho) က သတင်းစာရှင်းလင်းပွဲမှာ ပြောထားတယ်။   ပေါ့ဘာအနေနဲ့ ဒီလိုပွဲမျိုးမှာ သူ့တန်ဖိုးကိုသက်သေပြသင့်ပါတယ်။ မန်ချက်စတာယူနိုက်တက် ဂိုးမပြတ်ဘဲ နိုင်မယ်။

 

  • မန်ချက်စတာယူနိုက်တက်အသင်းတောင်ပံကစားသမား ဆန်းချက်ဇ် (Sanchez) ဟာ အက်ဖ်အေဖလားနောက်ဆုံး (၁၅)ပွဲမှာ (၈)ဂိုးသွင်းပြီး (၇)ဂိုးဖန်တီးပေးထားပါတယ်။
  • မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟတ်ဒါဖီးလ်နဲ့ အက်ဖ်အေဖလားနောက်ဆုံး (၃)ကြိမ်ဆုံတွေ့ ရာမှာ (၂)ကြိမ်အနိုင်ရထားပါတယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။