[Zawgyi]
ရော့ခ်ျဒေးလ် နှင့် စပါး (မြန်မာစံတော်ချိန် တနင်္ဂနွေည ၁၀း၃၀ နာရီ)
ပွဲကြိုအချက်အလက်
ရော့ခ်ျဒေးလ်အသင်းဟာ အက်ဖ်အေဖလားနောက်ဆုံး(၉)ပွဲမှာ (၇)ပွဲအထိ ပေးဂိုးမရှိခဲ့ပါဘူး။
အက်ဖ်အေဖလားနောက်ဆုံး (၁၀)ပွဲမှာ ရော့ခ်ျဒေးလ်အသင်း (၁)ပွဲသာ ရှုံးနိမ့်ထားပါတယ်။
August(Akhayar)
www.akhayar.com
[Unicode]
စပါးအတွက် လွယ်ကူလွန်းမယ့် အောင်ပွဲဖြစ်လာမလား
အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်ဟာ ပရီးမီးယားလိဂ်အသင်းတွေအတွက် အခက်အခဲသိပ်မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့သောကြာနဲ့စနေနေ့တွေမှာကစားခဲ့တဲ့ အက်ဖ်အေပွဲတွေမှာ ချန်ပီယံမျှော်လင့်ချက်နဲ့ ချယ်လ်ဆီး၊ မန်ချက်စတာယူနိုက်တက်တို့အပါအဝင် ပရီးမီးယားလိဂ်အသင်းတွေ အမှားမရှိခဲ့ပါဘူး။ ဆွမ်ဆီးတစ်သင်းသာ အဝေးကွင်းမှာ နိုင်ပွဲလွဲချော်ခဲ့ပြီး သရေကျခဲ့လို့ အိမ်ကွင်းမှာပြန်ကန်ပွဲကစားရပါမယ်။ အခုတနင်္ဂနွေနေ့မှာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းတွေထဲက စပါးအသင်းဟာ အဝေးကွင်းမှာ ရောချ်ဒေးလ်အသင်းနဲ့ ရင်ဆိုင်ရပါမယ်။ နှစ်သင်းကြားအဆင့်အတန်းချင်းကွာခြားပေမယ့် မထင်မှတ်တတ်တာတွေဖြစ်တတ်တဲ့ အက်ဖ်အေဖလားအစဉ်အလာအရ ဘာကိုမှယတိပြတ်ပြောလို့မရသေးဘူး။ စပါးရဲ့ အောင်ပွဲက ထင်သလောက်လွယ်ကူပါ့မလားဆိုတာ စောင့်ကြည့်ရမယ်။
စပါးအသင်းနည်းပြ ပိုချက်တီနို (Pochettino)
စပါးအသင်းနည်းပြ ပိုချက်တီနို (Pochettino)
ရော့ချ်ဒေးလ် နှင့် စပါး (မြန်မာစံတော်ချိန် တနင်္ဂနွေည ၁၀း၃၀ နာရီ)
လိဂ်ဝမ်းမှာ တန်းဆင်းဇုန်အနားရောက်နေပေမယ့် ရော့ချ်ဒေးလ်က စပါးနဲ့ပွဲကို အာရုံစိုက်ပြီး အတတ်နိုင်ဆုံးရင်ဆိုင်သွားဖို့ ပြင်ဆင်ထားပါတယ်။ စပါးက အဓိကကစားသမားတချို့ကိုအနားပေးဖို့များနေပြီး အဲဒီအစုအဖွဲ့နဲ့ပဲ ပြီးခဲ့တဲ့ စတုတ္ထအဆင့်မှာ လိဂ်တူးကလပ် နယူးပေါ့တ်ကို ဂိုးပြတ်အနိုင်ရထားတယ်။ ဒါပေမဲ့ ဒီပွဲမှာ စပါးဂိုးပြတ်နိုင်ဖို့ အရမ်းမလွယ်ကူနိုင်ဘူးထင်တယ်။ စပါး နှစ်ဂိုးထက် ပိုပြတ်၊ မပြတ်စဉ်းစားရမယ်။
ပွဲကြိုအချက်အလက်
ရော့ချ်ဒေးလ်အသင်းဟာ အက်ဖ်အေဖလားနောက်ဆုံး(၉)ပွဲမှာ (၇)ပွဲအထိ ပေးဂိုးမရှိခဲ့ပါဘူး။
စပါးအသင်းက အက်ဖ်အေဖလားနောက်ဆုံး (၈)ပွဲမှာ အနည်းဆုံး(၂)ဂိုးသွင်းယူနိုင်တဲ့ပွဲ (၇)ပွဲအထိ ရှိခဲ့ပါတယ်။
အက်ဖ်အေဖလားနောက်ဆုံး (၁၀)ပွဲမှာ ရော့ချ်ဒေးလ်အသင်း (၁)ပွဲသာ ရှုံးနိမ့်ထားပါတယ်။
August(Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။