[Zawgyi]

ပရီးမီးယားလိဂ္မွာ ၂၀၁၉-၂၀ ေဘာလံုးရာသီကစၿပီး ေဆာင္းရာသီ အနားေပးမယ့္ အစီအစဥ္ကို FA အတည္ျပဳ

ဥေရာပလိဂ္ၿပိဳင္ပြဲ အေတာ္မ်ားမ်ားမွာ အသံုးျပဳေနတဲ့ ေဆာင္းရာသီ အနားေပးမယ့္ အစီအစဥ္ကို ၂၀၁၉-၂၀ ေဘာလံုးရာသီကစလို႔ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အသံုးျပဳသြားမွာျဖစ္ေၾကာင္း FA က အတည္ျပဳေပးခဲ့ပါတယ္။ FA က အတည္ျပဳလိုက္ၿပီျဖစ္ေၾကာင္း အမႈေဆာင္ခ်ဳပ္ မာတင္ဂလန္း Martin Glenn က ေျပာၾကားခဲ့ပါတယ္။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲတင္မဟုတ္ဘဲ အဂၤလန္ႏိုင္ငံ တစ္ဝွမ္းမွာရွိတဲ့ အမွတ္ေပးၿပိဳင္ပြဲအားလံုး ရပ္နားသြားမွာ ျဖစ္ပါတယ္။ ၂၀၁၉-၂၀ ေဘာလံုးရာသီကစၿပီး ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို လာလီဂါ၊ စီးရီးေအ၊ ဘြန္ဒစ္လီဂါနဲ႔ ျပင္သစ္လီဂူး ၿပိဳင္ပြဲေတြလို ေဆာင္းရာသီ ရပ္နားသြားမွာ ျဖစ္ပါတယ္။ ေဆာင္းရာသီ ရပ္နားမယ့္ အစီအစဥ္ေၾကာင့္ ပရီးမီးယားလိဂ္ ကလပ္အသင္းေတြဟာ ခရစၥမတ္ပြဲၾကပ္ ကာလကို ေရွာင္လြဲႏိုင္ေတာ့မွာ ျဖစ္သလို ဇန္နဝါရီလအထိ (၂)ပတ္ၾကာ အနားရမွာျဖစ္ပါတယ္။

FA-confirm-plan-for-Premier-League-winter-break

FA-confirm-plan-for-Premier-League-winter-break

အဂၤလန္တစ္ဝွမ္းမွာရွိတဲ့ အမွတ္ေပးလိဂ္ၿပိဳင္ပြဲေတြကို ရပ္နားသြားမွာျဖစ္ေပမယ့္ (၂)ပတ္ၾကာ ရပ္နားထားမယ့္အခ်ိန္မွာ FA ဖလား ပဥၥမအဆင့္ပြဲစဥ္ေတြကိုေတာ့ ယွဥ္ၿပိဳင္ကစားသြားမွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ အဂၤါေန႔က အတည္ျပဳခဲ့တဲ့ ေဆာင္းရာသီ အနားေပးမယ့္ အစီအစဥ္ကို က်င့္သံုးမယ့္အေပၚ FA အမႈေဆာင္ခ်ဳပ္ မာတင္ဂလန္း Martin Glenn က “ေဆာင္းရာသီ အနားေပးမယ့္ အစီအစဥ္ကို ေျပာင္းလဲက်င္းသံုးဖို႔ ဆံုးျဖတ္လိုက္တာက ဥေရာပၿပိဳင္ပြဲေတြမွာ ပရီးမီးယားလိဂ္ ကလပ္အသင္းေတြ ေအာင္ျမင္မႈ ရယူႏိုင္ဖို႔ျဖစ္သလို၊ ႏိုင္ငံလက္ေရြးစင္အသင္းအတြက္ အေထာက္အပံ့ျဖစ္ေစဖို႔ပါ” လို႔ ေျပာၾကားခဲ့ပါတယ္။

REF:SkySports
Photo:News1130, Premier League
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်မှာ ၂၀၁၉-၂၀ ဘောလုံးရာသီကစပြီး ဆောင်းရာသီ အနားပေးမယ့် အစီအစဉ်ကို FA အတည်ပြု

ဥရောပလိဂ်ပြိုင်ပွဲ အတော်များများမှာ အသုံးပြုနေတဲ့ ဆောင်းရာသီ အနားပေးမယ့် အစီအစဉ်ကို ၂၀၁၉-၂၀ ဘောလုံးရာသီကစလို့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသုံးပြုသွားမှာဖြစ်ကြောင်း FA က အတည်ပြုပေးခဲ့ပါတယ်။ FA က အတည်ပြုလိုက်ပြီဖြစ်ကြောင်း အမှုဆောင်ချုပ် မာတင်ဂလန်း Martin Glenn က ပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲတင်မဟုတ်ဘဲ အင်္ဂလန်နိုင်ငံ တစ်ဝှမ်းမှာရှိတဲ့ အမှတ်ပေးပြိုင်ပွဲအားလုံး ရပ်နားသွားမှာ ဖြစ်ပါတယ်။ ၂၀၁၉-၂၀ ဘောလုံးရာသီကစပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကို လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒစ်လီဂါနဲ့ ပြင်သစ်လီဂူး ပြိုင်ပွဲတွေလို ဆောင်းရာသီ ရပ်နားသွားမှာ ဖြစ်ပါတယ်။ ဆောင်းရာသီ ရပ်နားမယ့် အစီအစဉ်ကြောင့် ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ ခရစ္စမတ်ပွဲကြပ် ကာလကို ရှောင်လွဲနိုင်တော့မှာ ဖြစ်သလို ဇန်နဝါရီလအထိ (၂)ပတ်ကြာ အနားရမှာဖြစ်ပါတယ်။

FA-confirm-plan-for-Premier-League-winter-break

FA-confirm-plan-for-Premier-League-winter-break

အင်္ဂလန်တစ်ဝှမ်းမှာရှိတဲ့ အမှတ်ပေးလိဂ်ပြိုင်ပွဲတွေကို ရပ်နားသွားမှာဖြစ်ပေမယ့် (၂)ပတ်ကြာ ရပ်နားထားမယ့်အချိန်မှာ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်တွေကိုတော့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က အတည်ပြုခဲ့တဲ့ ဆောင်းရာသီ အနားပေးမယ့် အစီအစဉ်ကို ကျင့်သုံးမယ့်အပေါ် FA အမှုဆောင်ချုပ် မာတင်ဂလန်း Martin Glenn က “ဆောင်းရာသီ အနားပေးမယ့် အစီအစဉ်ကို ပြောင်းလဲကျင်းသုံးဖို့ ဆုံးဖြတ်လိုက်တာက ဥရောပပြိုင်ပွဲတွေမှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေ အောင်မြင်မှု ရယူနိုင်ဖို့ဖြစ်သလို၊ နိုင်ငံလက်ရွေးစင်အသင်းအတွက် အထောက်အပံ့ဖြစ်စေဖို့ပါ” လို့ ပြောကြားခဲ့ပါတယ်။

REF:SkySports
Photo:News1130, Premier League
Aung Kyaw Wai (Akhayar)
www.akhayar.com