[Zawgyi]

ခ်စ္သူမ်ားေန႔မွာ လိမ္းျခယ္သင့္တဲ့ Eyeshadow အေရာင္ေလးမ်ား

ဒီႏွစ္ ခ်စ္သူမ်ားေန႔ဟာ အရင္ ခ်စ္သူမ်ားေန႔ေတြနဲ႔ မတူပါဘူး။ ေပးစရာလက္ေဆာင္ေလးေတြကလည္း အရင္ႏွစ္ေတြထက္ ပိုျပီး စံုလာသလို မိန္းကေလးေတြအေနနဲ႔ ခ်စ္သူမ်ားေန႔မွာ လွလွေလးျပင္နိုင္တဲ့ မိတ္ကပ္ပံုစံေလးေတြကလည္း ပိုလို႔မ်ားလာပါတယ္။ ပန္းေရာင္နဲ႔ အနီေရာင္ကေတာ့ ခ်စ္သူမ်ားေန႔ရဲ႕ သေကၤတ အေရာင္ျဖစ္ပါတယ္။ ဆန္းသစ္ေျပာင္းလဲလာတဲ႔ဒီေန႔ေခတ္ၾကီးမွာ ဒီအေရာင္ေလးေတြကိုလည္း ခ်စ္သူမ်ားေန႔မွာ လိမ္းျခယ္ၾကည့္နိုင္ပါတယ္။

၁။ Orange Eyeshadow Look

Orange

လိေမၼာ္ေရာင္က ၂၀၁၇ ႏွစ္လည္ေလာက္က ေခတ္စားလာခဲ့တဲ့ အေရာင္တစ္ခုျဖစ္ပါတယ္။ လိေမၼာ္ေရာင္က အျမင္လည္း မရိုင္းတဲ့အျပင္ မိန္းကေလးလည္း အရမ္းမဆန္တဲ့အတြက္ ေပါ့ေပါ့ပါးပါး လိမ္းျခယ္လို႔ရတဲ့အေရာင္ပဲျဖစ္ပါတယ္။ မ်က္လံုးေလးကို လိေမၼာ္ေရာင္ ပါးပါးေလး ျခယ္၊ ပန္းႏုေရာင္ ႏႈတ္ခမ္းနီေလးဆိုးလိုက္ပါ။ ကိုယ့္ခ်စ္သူေကာင္ေလးက အရမ္းကို ေၾကြသြားမွာပါ။

၂။ Pink Eyeshadow Look

pink

ပန္းေရာင္ကေတာ့ ခ်စ္သူမ်ားေန႔ရဲ႕ သေကၤတေလးပါ။ ပန္းေရာင္ Eyeshadow ေလးျခယ္ျပီး လိေမၼာ္ေရာင္ ႏႈတ္ခမ္းနီေလးလည္း ဆိုးလို႔ရပါတယ္။ ပန္းဆီေရာင္ ႏႈတ္ခမ္းနီေလးလည္း ဆိုးလို႔ရပါတယ္။ မိန္းကေလးတိုင္းက ပန္းေရာင္နဲ႔လိုက္ဖက္တဲ့အတြက္ ျမင္ေလသမွွ် ေကာင္ေလးတိုင္းက ကိုယ့္ကို ေၾကြၾကမွာ အမွန္ပါ။

၃။ Rose Gold Eyeshadow Look

rose-gold

ေရႊအိုႏွင္းဆီ အေရာင္ကေတာ့ အရမ္းနန္းဆန္ေစတဲ့အေရာင္ပဲျဖစ္ပါတယ္။ ရိုမန္တစ္ဆန္တဲ့ အေရာင္ေလးလည္းျဖစ္ပါေသးတယ္။ ခ်စ္သူမ်ားေန႔မွာ ကိုယ့္ေကာင္ေလးနဲ႔ ခ်ိန္းေတြ႔တဲ့အခါ ေရႊအိုေရာင္ႏွင္းဆီအေရာင္ေလးကို မ်က္လံုးျခယ္သျပီး မိတ္ကပ္လိမ္းလိုက္ပါ။

၄။ Yellow Eyeshadow Look

yellowအဝါေရာင္က ဒီႏွစ္ထဲမွာ ေခတ္အစားဆံုး Eyeshadow အေရာင္တစ္ခုျဖစ္ပါတယ္။ အေရာင္ေလးဆန္းတယ္ဆိုေပမယ့္ တစ္ဖက္လူကို ဆြဲေဆာင္နိုင္စြမ္းအျပည့္ရွိပါတယ္။ Fashion နဲ႔ တစ္ေျပးညီ ရွင္သန္ေနတဲ့ ပ်ိဳေမေလးေတြအတြက္ ဒီအေရာင္က ခ်စ္သူမ်ားေန႔မွ လိမ္းျခယ္သင့္တဲ့အေရာင္ပဲျဖစ္ပါတယ္။

၅။ Red Eyeshadow Look

redd

အနီေရာင္ကေတာ့ Sexy ဆန္ခ်င္တဲ့ မိန္းကေလးေတြအတြက္ သင့္ေတာ္ပါတယ္။ သူမ်ားေတြထက္ပိုျပီး ထင္ေပၚေနမွာပါ။ အနီေရာင္ကို မ်က္လံုးျခယ္သမယ္ဆိုရင္ေတာ့ Eyeliner ေတာင္မလိုေလာက္ပါဘူး။ အနီေရာင္ တစ္ခုတည္းနဲ႔တင္ ျပည့္စံုေနျပီးသား ျဖစ္ေနပါျပီ။ Red Eyeshadow Look ကို ျခယ္မယ္ဆိုရင္ေတာ့ ႏႈတ္ခမ္းနီအႏုေလးဆိုးေပးရင္ ျမင္သူတိုင္းေၾကြကုန္မွာေနာ္။

Redrose ( အခရာ)

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ချစ်သူများနေ့မှာ လိမ်းခြယ်သင့်တဲ့ Eyeshadow အရောင်လေးများ

ဒီနှစ် ချစ်သူများနေ့ဟာ အရင် ချစ်သူများနေ့တွေနဲ့ မတူပါဘူး။ ပေးစရာလက်ဆောင်လေးတွေကလည်း အရင်နှစ်တွေထက် ပိုပြီး စုံလာသလို မိန်းကလေးတွေအနေနဲ့ ချစ်သူများနေ့မှာ လှလှလေးပြင်နိုင်တဲ့ မိတ်ကပ်ပုံစံလေးတွေကလည်း ပိုလို့များလာပါတယ်။ ပန်းရောင်နဲ့ အနီရောင်ကတော့ ချစ်သူများနေ့ရဲ့ သင်္ကေတ အရောင်ဖြစ်ပါတယ်။ ဆန်းသစ်ပြောင်းလဲလာတဲ့ဒီနေ့ခေတ်ကြီးမှာ ဒီအရောင်လေးတွေကိုလည်း ချစ်သူများနေ့မှာ လိမ်းခြယ်ကြည့်နိုင်ပါတယ်။

၁။ Orange Eyeshadow Look

Orange

လိမ္မော်ရောင်က ၂၀၁၇ နှစ်လည်လောက်က ခေတ်စားလာခဲ့တဲ့ အရောင်တစ်ခုဖြစ်ပါတယ်။ လိမ္မော်ရောင်က အမြင်လည်း မရိုင်းတဲ့အပြင် မိန်းကလေးလည်း အရမ်းမဆန်တဲ့အတွက် ပေါ့ပေါ့ပါးပါး လိမ်းခြယ်လို့ရတဲ့အရောင်ပဲဖြစ်ပါတယ်။ မျက်လုံးလေးကို လိမ္မော်ရောင် ပါးပါးလေး ခြယ်၊ ပန်းနုရောင် နှုတ်ခမ်းနီလေးဆိုးလိုက်ပါ။ ကိုယ့်ချစ်သူကောင်လေးက အရမ်းကို ကြွေသွားမှာပါ။

၂။ Pink Eyeshadow Look

pink

ပန်းရောင်ကတော့ ချစ်သူများနေ့ရဲ့ သင်္ကေတလေးပါ။ ပန်းရောင် Eyeshadow လေးခြယ်ပြီး လိမ္မော်ရောင် နှုတ်ခမ်းနီလေးလည်း ဆိုးလို့ရပါတယ်။ ပန်းဆီရောင် နှုတ်ခမ်းနီလေးလည်း ဆိုးလို့ရပါတယ်။ မိန်းကလေးတိုင်းက ပန်းရောင်နဲ့လိုက်ဖက်တဲ့အတွက် မြင်လေသမှျှ ကောင်လေးတိုင်းက ကိုယ့်ကို ကြွေကြမှာ အမှန်ပါ။

၃။ Rose Gold Eyeshadow Look

rose-gold

ရွှေအိုနှင်းဆီ အရောင်ကတော့ အရမ်းနန်းဆန်စေတဲ့အရောင်ပဲဖြစ်ပါတယ်။ ရိုမန်တစ်ဆန်တဲ့ အရောင်လေးလည်းဖြစ်ပါသေးတယ်။ ချစ်သူများနေ့မှာ ကိုယ့်ကောင်လေးနဲ့ ချိန်းတွေ့တဲ့အခါ ရွှေအိုရောင်နှင်းဆီအရောင်လေးကို မျက်လုံးခြယ်သပြီး မိတ်ကပ်လိမ်းလိုက်ပါ။

၄။ Yellow Eyeshadow Look

yellowအဝါရောင်က ဒီနှစ်ထဲမှာ ခေတ်အစားဆုံး Eyeshadow အရောင်တစ်ခုဖြစ်ပါတယ်။ အရောင်လေးဆန်းတယ်ဆိုပေမယ့် တစ်ဖက်လူကို ဆွဲဆောင်နိုင်စွမ်းအပြည့်ရှိပါတယ်။ Fashion နဲ့ တစ်ပြေးညီ ရှင်သန်နေတဲ့ ပျိုမေလေးတွေအတွက် ဒီအရောင်က ချစ်သူများနေ့မှ လိမ်းခြယ်သင့်တဲ့အရောင်ပဲဖြစ်ပါတယ်။

၅။ Red Eyeshadow Look

redd

အနီရောင်ကတော့ Sexy ဆန်ချင်တဲ့ မိန်းကလေးတွေအတွက် သင့်တော်ပါတယ်။ သူများတွေထက်ပိုပြီး ထင်ပေါ်နေမှာပါ။ အနီရောင်ကို မျက်လုံးခြယ်သမယ်ဆိုရင်တော့ Eyeliner တောင်မလိုလောက်ပါဘူး။ အနီရောင် တစ်ခုတည်းနဲ့တင် ပြည့်စုံနေပြီးသား ဖြစ်နေပါပြီ။ Red Eyeshadow Look ကို ခြယ်မယ်ဆိုရင်တော့ နှုတ်ခမ်းနီအနုလေးဆိုးပေးရင် မြင်သူတိုင်းကြွေကုန်မှာနော်။

Redrose ( အခရာ)

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။