ကြောက်စရာ ဆိုတဲ့အတိုင်း ကျနော်အခုဖော်ပြသွားမယ့် Horror ဂိမ်းစစ်စစ်ကို Terrify ၊ ကြောက်တတ်ရင် မကစားပါနဲ့လို့ ပထမဆုံး စကားပလ္လင်ခံလိုပါတယ်။ ဘာလို့လဲဆိရင် Pure Horror အရသာ ခံစားရဖို့ ဘာလက်နက်မှမပါဘဲ အမှောင်ထဲကြီးထဲ တယောက်ထဲ သွားရမယ်…အိမ်ပျက်ကြီး၊ တိုက်ပျက်ကြီးတွေမှာ Exploring လုပ်ရမယ်..ပြောတာကြာတယ်ဗျာ ပထမဆုံး Eyes ဆိုတဲ့ လန့်စရာ သရဲဂိမ်းနဲ့စလိုက်တာပေါ့။

Eyes : The Horror Game

ဒီဂိမ်းကတော့ Apple နဲ့ Google Store မှာ Rating 4.5 ရထားပြီး ၂၀၁၃ ကတည်းက ထွက်ရှိထားတဲ့ Terrifying အဖြစ်ဆုံး Horror ဂိမ်းပါ (အခုထိလည်း Update ထုတ်ပေးနေပါတယ်) နောက်ပြီး ဒီနာမည်လေးနဲ့ ရင်းနှီးမယ်ထင်ပါတယ်၊ ဘုရား (Jesus Christ) တပြီး လက်ဝါးကပ်တိုင်ထောင်ဆော့ရမယ့် Outlast လိုပါပဲ။ ဒီကောင်နဲ့ Gameplay ပုံစံချင်းဆင်တူပြီး Eyes မှာတော့ Mansion အစုတ်ပြတ်ကြီးထဲက ဇာတ်လမ်းစရမှာပါ။

အစုတ်ပြတ်ဆိုတော့ လုံးဝစုတ်နေတာတော့ မဟုတ်ပါဘူး။ လူမနေတော့ဘဲ နေရာ (Mission အလိုက်) တွေမှာ ခုနကျနော်ပြောတဲ့အတိုင်း Exploring လုပ်ရမယ်။ အဲ့လိုနေရာတွေက သရဲအကြိုက်ဆိုတော့ ဖင်တော့မယားနဲ့ပေါ့နော်၊ ကျနော်အခုပြောတာလေးတွေ သေချာ ဖတ်ပြီးသွားမှ Eyes ကို ကစားဖို့ စဉ်းစားကြည့်ပါ။

တခု Mention လုပ်ချင်တာက 1st Person (လူမပါ) ဆိုတော့ အကြာကြီးမကစားပါနဲ့၊ အမှောင်ထဲမှာပဲ အချိန်ကုန်တာများတာဆိုတော့ မူးပြီးထိုးအန်မစိုးလို့ပါ (ကျနော်ကိုယ်တိုင်အန်ပြီး) ဒီလောက်ဆို လုံလောက်ပြီမလို့ Scary ပိုင်းသွားကြတာပေါ့။

Pure Horror ဆိုတဲ့အတိုင်း နောက်ကနေ Jump Scare တွေနဲ့ လိုက်မခြောက်ပါဘူး၊ အမှောင်ထဲတယောက်ထဲရှိနေရင် ကိုယ့်စိတ်ကပြန်ခြောက်သလိုလို၊ အသံတွေကပဲ အနှောက်ယှက်ပေးနေသလို ခံစားချက်မျိုးပေးစွမ်းနိုင်မယ့် Game ရဲ့ Mechanism ကြောင့် တခါတခါ ကစားရင်းတောင် ကြက်သီးတောင်ထပါတယ်။ (မိုဘိုင်းဂရပ်ဖစ်နဲ့ကြောက်အောင် ခြောက်နိုင်တာ Impressive လို့ပြောရမှာပေါ့နော်၊ ဒါမယ့် မလိုအပ်ဘဲ လေတိုးသံလိုက်ထည့်ထားတာက မကျေနပ်စရာ)

အယ်..အဲ့ဒီမှာ မကြုံစဖူး သရဲတကယ်ထွက်လာရင် ၁၉၉၈ တုန်းက Resident Evil Classic ပုံစံ X-Ray Vision နဲ့ မြင်ကွင်းပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်။ ဒါဆိုရင်တော့ ငါလာပြီကွဆိုတဲ့ “Run” Warning ထုတ်လိုက်တာဖြစ်ပြီး ဖနောင့်တပ်ပါး ကပ်နေအောင် ပြေးပေတော့..အဲယောင်သွားလို့ ပုန်းပေတော့လို့ ပြောချင်တာ။

ပြေးရင်လည်းရပါတယ်၊ ဒါမယ့် ဘုမသိ၊ ဘမသိ လမ်းတွေထဲမှာ ဘာကိစ္စပတ်ပြေးရမှာတုန်း။ ဟို သရဲက အထီးလား၊ အမလားမသိဘဲ မြင်ရမှက ကိုယ်မပါ၊ ခေါင်းပြတ်ကြီး.အိုး ကျွတ်ကျွတ်။ တချက်တွယ်တာနဲ့ တန်းကွိတာမလို့ Save လေးချွေတာပါ။

နောက်ပြီး Sound Effect မတရား ကြောက်စရာကောင်းတဲ့အတွက် သရဲအနားရောက်တော့မယ်ဆိုရင် Shiver ကြက်သီးထပြီး လန့်တဲ့အသံလေးထွက်နေမယ် (အဲ့မှာကိုယ်လည်းရောလန့်) ဟိုဟာမကလည်း အသံတစာစာပေးပြီး လိုက်မှာမလို့ နားကြပ်တပ်ဆော့ရင် ပို Scary ဖြစ်ပါလိမ့်မယ်။

တချို့နေရာတွေမှာ ဝင်ခြောက်တဲ့အခန်းမျိုးဆို ရုပ်ရှင်ထဲကအတိုင်း ခြောက်ခြားစရာကောင်းပါတယ်။ ကိုယ့်ရှေ့မှာ တံခါးထပွင့်သွားပြီး သူ့ဘာသာ ပိတ်သွားတာမျိုး၊ တခါတခါ အခန်းထဲ ပစ္စည်းတွေလှုပ်နေပြီ တကယ်ပဲ သရဲရှိနေသလားဆိုတဲ့ အတွေးမျိုးနဲ့ ကြောက်ကြောက်လန့်လန့် ကစားရမှာပါ။

 

အခုလိုအခြောက်ခံနေရလို့ ဒီတိုင်းပြီးသွားမှာမဟုတ်ဘူးနော်၊ Mansion ထဲက ထွက်ပြေးဖို့သော့လိုက်ရှာရမယ်။ Exploring လုပ်ရင်း ကိုယ်ရောက်ခဲ့တဲ့၊ သွားထားတဲ့နေရာတွေကို မှတ်ထားရမယ်၊ ဒီကြားထဲ Collectible တွေတွေ့ရင် လိုက်စုရဦးမယ်၊ Puzzle လေးတွေဖြေရဦးမှာမလို့ တကယ့် Horror စစ်စစ်အရသာ ခံစားချင်ရင် ဒီ Eyes ဆိုတဲ့ဂိမ်းလေးကို မြည်းစမ်းကြည့်လိုက်ပါ။ ကျနော်ထပ်ပြီး Remind လုပ်ချင်တာကတော့ Ads လေးတွေပါပါတယ်၊ ဒါမယ့် မြန်မာငွေ ၇၀၀၀ နဲ့ Remove လုပ်နိုင်မယ်။

ထပ်ပြီး In-game Purchase လုပ်နိုင်မှာက Good Boy  “ခွေးဘီလူး” ဒီကောင်လာရင် အစာကျွေးရင်ကျွေး မကျွေးရင်ဂုတ်ချိုးသတ်ခံရပြီသာမှတ် နောက်ပြီး Feature Photo ထဲက “Charlie” တို့ ဝယ်နိုင်ပါမယ်။

ထပ်ပြီး Hospital Mission ၊ Endless Mode နဲ့ Hallowen Mode “Trick or Treat” နဲ့ Double Trouble ဆိုတဲ့အတိုင်း ခြောက်တာ ၂ ဆ ပိုကြမ်းမယ့် Mode တွေကို မြန်မာငွေ ၂၀၀၀ ၊ ၃၀၀၀ ဝန်းကျင်နဲ့ ကစားနိုင်ပါမယ်။

2B (Akhayar)