[Zawgyi]

တရုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕မွာရွိတဲ့ အေမရိကန္သံရံုးေရွ႕မွာ ဗံုးေပါက္ကြဲမႈျဖစ္ပြား

ယေန႔ ဇြန္လ ၂၆ ရက္ေန႔ တ႐ုတ္စံေတာ္ခ်ိန္ေန႔လည္တစ္နာရီခန္႔ဝန္းက်င္တုန္းက တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕မွာရွိတဲ့ အေမရိကန္သံရံုးအေရွ႕မွာ ဗံုးေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ပါတယ္။

“ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာေနရာဟာ အေမရိကန္သံရံုးရဲ႕ ပင္မရံုးခ်ဳပ္ေနရာနဲ႔ နီးနီးကပ္ကပ္ျဖစ္တဲ့ လူျမင္ကြင္းေနရာမ်ိဳးမွာ ေပါက္ကြဲခဲ့တာျဖစ္ပါတယ္” လို႔ သံရံုးေျပာခြင့္ရပုဂၢိဳလ္တစ္ဦးက CNN သတင္းဌာနကို ေျပာၾကားခဲ့တာပါ။

ေပါက္ကြဲမႈျဖစ္တဲ့ေနရာမွာေတာ့ အက်ိဳးအပဲ့အပိုင္းအစေတြက်န္ရစ္ခဲ့ၿပီး ခုခ်ိန္မွာေတာ့ သံရံုးအျပင္ဘက္နယ္ေျမတစ္ခုလံုးကို ရဲ၊ လံုျခံဳေရးအေစာင့္ေတြနဲ႔ ဝန္းရံလိုက္ပါၿပီ။

ဗံုးတပ္ဆင္တဲ့သူက တစ္ဦးတည္းျဖစ္ပါတယ္။ သူကေတာ့ လက္နားတဝိုက္အေသးအမႊားဒဏ္ရာေလာက္ပဲ ရရွိသြားတာျဖစ္ၿပီး တျခားဒဏ္ရာရရွိသူမရွိခဲ့ပါဘူးလို႔ ရဲေတြဆီက သတင္းသိရပါတယ္။

ရဲေတြကေတာ့ ခုခ်ိန္မွာ စစ္ေဆးရွာေဖြမႈေတြအသည္းအသန္ျပဳလုပ္ေနၿပီး ဗံုးေဖာက္ခြဲသူကိုေတာ့ ေဆးရံုကိုပို႔ထားကာ အေသးစိတ္စစ္ေဆးမႈေတြဆက္လုပ္မယ္လို႔ သိရပါတယ္။ ေဖာက္ခြဲသူရဲ႕ မ်ိဳး႐ိုးနာမည္က “Jiang” ျဖစ္ၿပီး အသက္ ၂၆ ႏွစ္ဝန္းက်င္ရွိသူ မြန္ဂိုလီးယားႏိုင္ငံသားျဖစ္ပါတယ္။

ဒီသတင္းကို တ႐ုတ္ႏိုင္ငံရဲ႕ ပင္မ Website ျဖစ္တဲ့ Weibo မွာေရာ တျခား Personal Account ေတြမွာပါပိတ္ပင္ထားၿပီး ေဖာက္ခြဲမႈျဖစ္တုန္းက ႐ိုက္ကူးခဲ့တဲ့ ဓါတ္ပံုေတြ၊ ဗီဒီယိုေတြကိုပါ ဖ်က္ခ်ပိတ္ဆို႔တာမ်ိဳးေတြလုပ္ေနတယ္လို႔ သတင္းရပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ႏိုင္ငံေရးသမား Geng Shuang ကေတာ့ ဒီေပါက္ခြဲမႈဟာ လံုျခံဳေရးကို ၿခိမ္းေျခာက္တဲ့ သီးသန္႔ဆူပူမႈဆီဦးတည္ေနတာျဖစ္ၿပီး တ႐ုတ္ႏိုင္ငံရဲ႕ ရဲအရာရွိေတြကိုယ္တိုင္ အခ်ိန္မီ ကိုင္တြယ္လိုက္ႏိုင္ပါတယ္လို႔ သတင္းေထာက္မ်ားကို ေျဖရွင္းခဲ့ပါတယ္။

ေဘဂ်င္းၿမိဳ႕မွာရွိတဲ့ အေမရိကန္သံရံုးဟာ ကမ႓ာေပၚမွာ လံုျခံဳေရးအတင္းက်ပ္ဆံုးသံရံုးျဖစ္ပါတယ္။ ဒီလို ေဖါက္ခြဲမႈေတြေၾကာင့္ အေမရိကန္သံရံုးရဲ႕ လံုျခံဳေရးဟာ နည္းပညာပိုင္းဆိုင္ရာ ပိုျမင့္သြားႏိုင္ေခ်ရွိပါတယ္။

EiEiKhineMinn (Akhayar)

[Unicode]

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာရှိတဲ့ အမေရိကန်သံရုံးရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား

ယနေ့ ဇွန်လ ၂၆ ရက်နေ့ တရုတ်စံတော်ချိန်နေ့လည်တစ်နာရီခန့်ဝန်းကျင်တုန်းက တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာရှိတဲ့ အမေရိကန်သံရုံးအရှေ့မှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

“ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာနေရာဟာ အမေရိကန်သံရုံးရဲ့ ပင်မရုံးချုပ်နေရာနဲ့ နီးနီးကပ်ကပ်ဖြစ်တဲ့ လူမြင်ကွင်းနေရာမျိုးမှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်” လို့ သံရုံးပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက CNN သတင်းဌာနကို ပြောကြားခဲ့တာပါ။

ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာတော့ အကျိုးအပဲ့အပိုင်းအစတွေကျန်ရစ်ခဲ့ပြီး ခုချိန်မှာတော့ သံရုံးအပြင်ဘက်နယ်မြေတစ်ခုလုံးကို ရဲ၊ လုံခြုံရေးအစောင့်တွေနဲ့ ဝန်းရံလိုက်ပါပြီ။

ဗုံးတပ်ဆင်တဲ့သူက တစ်ဦးတည်းဖြစ်ပါတယ်။ သူကတော့ လက်နားတဝိုက်အသေးအမွှားဒဏ်ရာလောက်ပဲ ရရှိသွားတာဖြစ်ပြီး တခြားဒဏ်ရာရရှိသူမရှိခဲ့ပါဘူးလို့ ရဲတွေဆီက သတင်းသိရပါတယ်။

ရဲတွေကတော့ ခုချိန်မှာ စစ်ဆေးရှာဖွေမှုတွေအသည်းအသန်ပြုလုပ်နေပြီး ဗုံးဖောက်ခွဲသူကိုတော့ ဆေးရုံကိုပို့ထားကာ အသေးစိတ်စစ်ဆေးမှုတွေဆက်လုပ်မယ်လို့ သိရပါတယ်။ ဖောက်ခွဲသူရဲ့ မျိုးရိုးနာမည်က “Jiang” ဖြစ်ပြီး အသက် ၂၆ နှစ်ဝန်းကျင်ရှိသူ မွန်ဂိုလီးယားနိုင်ငံသားဖြစ်ပါတယ်။

ဒီသတင်းကို တရုတ်နိုင်ငံရဲ့ ပင်မ Website ဖြစ်တဲ့ Weibo မှာရော တခြား Personal Account တွေမှာပါပိတ်ပင်ထားပြီး ဖောက်ခွဲမှုဖြစ်တုန်းက ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကိုပါ ဖျက်ချပိတ်ဆို့တာမျိုးတွေလုပ်နေတယ်လို့ သတင်းရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံရေးသမား Geng Shuang ကတော့ ဒီပေါက်ခွဲမှုဟာ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ သီးသန့်ဆူပူမှုဆီဦးတည်နေတာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ရဲအရာရှိတွေကိုယ်တိုင် အချိန်မီ ကိုင်တွယ်လိုက်နိုင်ပါတယ်လို့ သတင်းထောက်များကို ဖြေရှင်းခဲ့ပါတယ်။

ဘေဂျင်းမြို့မှာရှိတဲ့ အမေရိကန်သံရုံးဟာ ကမ္ဘာပေါ်မှာ လုံခြုံရေးအတင်းကျပ်ဆုံးသံရုံးဖြစ်ပါတယ်။ ဒီလို ဖေါက်ခွဲမှုတွေကြောင့် အမေရိကန်သံရုံးရဲ့ လုံခြုံရေးဟာ နည်းပညာပိုင်းဆိုင်ရာ ပိုမြင့်သွားနိုင်ချေရှိပါတယ်။

EiEiKhineMinn (Akhayar)