[Zawgyi]

ေန႔စဥ္အသံုးျပဳေနက် အသံုးအေဆာင္ပစၥည္းေတြရဲ႕သက္တမ္း

ကၽြန္မတို႔ေတြဟာ ကိုယ္ေန႔စဥ္အသံုးျပဳေနက် ပစၥည္းေတြရဲ႕သက္တမ္းကို အတိအက်သိတယ္ဆိုတာနည္းပါတယ္။ စုတ္ျပတ္သြားမွ သံုးမရေတာ႔မွာ လႊင္႔ပစ္လုိက္တာရွိသလို တစ္ခါတေလက်ေတာ႔ ဒီအခ်ိန္ဆိုလဲသင္႔ျပီဆိုတဲ႔ အသိနဲ႔အသစ္ဝယ္လိုက္ၾကတာမ်ိဳးရွိပါတယ္။ ဒါေၾကာင္႔ ဘယ္ပစၥည္းက ဘယ္ေလာက္ထိသက္တမ္းရွိတယ္ဆိုတာကို သိေစဖို႔ဗဟုသုတအျဖစ္မွ်ေဝလိုက္ပါတယ္။

ေခါင္းအံုး ( ၂ႏွစ္ မွ ၃ ႏွစ္)

ေခါင္းအံုးတစ္လံုးကို အခ်ိန္ေတြအၾကာၾကီး သံုးလာတဲ႔အခါ အိပ္စက္မႈအေနအထားကိုေထာက္ပ႔ံေပးႏိုင္တဲ႔ သူ႔ရဲ႕ပံုစံဟာ ပ်က္ယြင္းသြားတာေၾကာင္႔ ၂ ႏွစ္ ၃ ႏွစ္ေလာက္ရွိျပီဆိုရင္ လဲသင္႔ပါျပီ။ ကိုယ္႔အတြက္အဆင္မေျပေတာ႔တဲ႔ ေခါင္းအံုးက လည္ပင္းနာတာမ်ိဳး အိပ္စက္ခ်ိန္မွာေကာင္းမြန္တဲ႔အေထာက္အပံ႔ မေပးတာေၾကာင္႔ အသက္ရွဴရခက္ခဲတာမ်ိဳး ျဖစ္ေစတတ္ပါတယ္။

Huawei

Huawei

HUAWEI nova 2i အေၾကာင္း အေသးစိတ္သိရွိရန္

ေရျမွဳပ္ (၂ ပတ္ )

ပန္းကန္ေဆးရာမွာသံုးတဲ႔ ေရျမွဳပ္ေတြဟာ ဘက္တီးရီးယားေတြခိုေအာင္းေနႏိုင္ဖုိ႔ အခြင္႔အေရးအရမ္းမ်ားပါတယ္။ ဒါေၾကာင္႔ ဒီလိုေရျမွဳပ္တံုးေတြက သံုးေနတယ္ဆိုရင္ ႏွစ္ပတ္တစ္ၾကိမ္အသစ္လဲသင္႔ပါတယ္။ ေနာက္တစ္ခုက ေရခ်ိဳးခန္းသံုးေရျမွဳပ္ဖတ္ေတြပါ။ ပိုက္ကြန္(သို႔မဟုတ္) အဝတ္နဲ႔ခ်ဳပ္ထားတဲ႔ ေရျမွဳပ္ဖပ္ေတြကေတာ႔ ေရစစ္ျပီးေနျပထားေပးရင္ ၆ လေလာက္အထိ သံုးႏိုင္တယ္လို႔သိရပါတယ္။

ပဝါ (၁ ႏွစ္ မွ ၃ ႏွစ္)

မ်က္ႏွာသုတ္ပဝါ ၊ ေရခ်ိဳးခန္းသံုးပဝါေတြရဲ႕ သက္တမ္းက တစ္ႏွစ္ကေန သံုးႏွစ္အထိျဖစ္ပါတယ္။ အသံုးျပဳျပီးတုိင္းေနနဲ႔ေလရွိတဲ႔ေနရာမွာထားေပးရင္ ေရာဂါပိုးမႊားေတြလည္းမတြယ္ကပ္ႏိုင္သလို အန႔ံဆိုးေတြလည္း မစြဲႏိုင္ပါဘူး။ တစ္ပတ္တစ္ၾကိမ္ေသေသခ်ာခ်ာ ေလွ်ာ္ေပးဖို႔လည္းလိုပါတယ္။

သြားတိုက္တံ ( ၃ လ)

သြားတိုက္တံေတြရဲ႕ အရွည္ၾကာဆံုးသက္တမ္းကသံုးလပါ။ သံုးလျပည္႔ျပီဆိုရင္ မျဖစ္မေနလဲဖို႔သင္႔ပါျပီ။သြားတိုက္တံရဲ႕ အေမြးေတြဖြာထြက္လာတာ ၊ ကၽြတ္လာတာမ်ိဳးဆိုရင္ မသံုးသင္႔ေတာ႔ပါဘူး။ အညစ္အေၾကးေတြကပ္ျငိျပီး မည္းလာတာမ်ိဳးဆိုရင္ မျဖစ္မေနလဲသင္႔ေနပါျပီ။

ေခါင္းျဖီးဘရပ္ရွ္ ( ၁ ႏွစ္)

ေခါင္းျဖီးတဲ႔ ဝက္မွင္ဘီးေတြ ၊ Hairbrush ေတြကို ပံုမွန္သန္႔ရွင္းေရးလုပ္ေပးသင္႔သလို တစ္ႏွစ္ခန္႔ရွိျပီဆိုရင္ အသစ္လဲသင္႔ျပီလို႔ဆိုပါတယ္။ သူ႔ကိုျပဳလုပ္ထားတဲ႔ ပါဝင္ပစၥည္းေတြက တစ္ႏွစ္ခန္႔သာ သက္တမ္းရွိတာမို႔ အၾကာၾကီး အသံုးျပဳမိေနရင္ ဆံေကသာအတြက္မေကာင္းႏိုင္ပါဘူး။

ဘရာစီယာ ( ၁ ႏွစ္မွ ၂ ႏွစ္)

ဘရာစီယာေကာင္းေကာင္းတစ္ထည္ဝယ္ထားတယ္ဆိုရင္ တစ္ႏွစ္မွ ႏွစ္ႏွစ္အထိ သံုးႏိုင္ပါတယ္။ တခ်ိဳ႕ဘရာေတြက အရည္အေသြးေၾကာင္႔ ၆ လေလာက္အၾကာမွာေကာင္းမြန္တဲ႔အေထာက္အပံံ႔မေပးႏိုင္ေတာ႔တာမ်ိဳးရွိပါတယ္။ အရည္အေသြးေကာင္းတဲ႔ ဘရာေတြကေတာ႔ သပ္သပ္ရပ္ရပ္ ဝတ္ဆင္ထားသိုမယ္ဆိုရင္ ၂ႏွစ္ေလာက္အထိ ေကာင္းေကာင္းဝတ္ဆင္ႏိုင္ပါေသးတယ္။

အေျပးဖိနပ္ ( ၁ႏွစ္)

အေျပးေလ႔က်င္႔တဲ႔ဖိနပ္ေတြဟာ ေယဘုယ်အားျဖင္႔ ၁ ႏွစ္ၾကာအထိ အသံုးခ်ႏိုင္ပါတယ္။ မိုင္ ၂၅၀ ေလာက္သူ႔ကို အသံုးခ်ျပီးျပီဆိုရင္ ထပ္မသံုးသင္႔ေတာ႔ပါဘူး။ ေအာက္ခံနင္းျပားေတြမေကာင္းႏိုင္ေတာ႔တဲ႔အတြက္ ၁ ႏွစ္ေလာက္သက္တမ္းရွိရင္ အသစ္ဝယ္သင္႔ေနပါျပီ။

ကဲ…ခ်စ္ဆံုးတို႔ က်န္းမာေရးအတြက္ဆိုေတာ႔ လဲသင္႔တာလဲ ဖယ္သင္႔တာေတြဖယ္ေပါ႔ေနာ္။

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

[Unicode]

နေ့စဉ်အသုံးပြုနေကျ အသုံးအဆောင်ပစ္စည်းတွေရဲ့သက်တမ်း

ကျွန်မတို့တွေဟာ ကိုယ်နေ့စဉ်အသုံးပြုနေကျ ပစ္စည်းတွေရဲ့သက်တမ်းကို အတိအကျသိတယ်ဆိုတာနည်းပါတယ်။ စုတ်ပြတ်သွားမှ သုံးမရတော့မှာ လွှင့်ပစ်လိုက်တာရှိသလို တစ်ခါတလေကျတော့ ဒီအချိန်ဆိုလဲသင့်ပြီဆိုတဲ့ အသိနဲ့အသစ်ဝယ်လိုက်ကြတာမျိုးရှိပါတယ်။ ဒါကြောင့် ဘယ်ပစ္စည်းက ဘယ်လောက်ထိသက်တမ်းရှိတယ်ဆိုတာကို သိစေဖို့ဗဟုသုတအဖြစ်မျှဝေလိုက်ပါတယ်။

ခေါင်းအုံး ( ၂နှစ် မှ ၃ နှစ်)

ခေါင်းအုံးတစ်လုံးကို အချိန်တွေအကြာကြီး သုံးလာတဲ့အခါ အိပ်စက်မှုအနေအထားကိုထောက်ပံ့ပေးနိုင်တဲ့ သူ့ရဲ့ပုံစံဟာ ပျက်ယွင်းသွားတာကြောင့် ၂ နှစ် ၃ နှစ်လောက်ရှိပြီဆိုရင် လဲသင့်ပါပြီ။ ကိုယ့်အတွက်အဆင်မပြေတော့တဲ့ ခေါင်းအုံးက လည်ပင်းနာတာမျိုး အိပ်စက်ချိန်မှာကောင်းမွန်တဲ့အထောက်အပံ့ မပေးတာကြောင့် အသက်ရှူရခက်ခဲတာမျိုး ဖြစ်စေတတ်ပါတယ်။

Huawei

Huawei

HUAWEI nova 2i အကြောင်း အသေးစိတ်သိရှိရန်

ရေမြှုပ် (၂ ပတ် )

ပန်းကန်ဆေးရာမှာသုံးတဲ့ ရေမြှုပ်တွေဟာ ဘက်တီးရီးယားတွေခိုအောင်းနေနိုင်ဖို့ အခွင့်အရေးအရမ်းများပါတယ်။ ဒါကြောင့် ဒီလိုရေမြှုပ်တုံးတွေက သုံးနေတယ်ဆိုရင် နှစ်ပတ်တစ်ကြိမ်အသစ်လဲသင့်ပါတယ်။ နောက်တစ်ခုက ရေချိုးခန်းသုံးရေမြှုပ်ဖတ်တွေပါ။ ပိုက်ကွန်(သို့မဟုတ်) အဝတ်နဲ့ချုပ်ထားတဲ့ ရေမြှုပ်ဖပ်တွေကတော့ ရေစစ်ပြီးနေပြထားပေးရင် ၆ လလောက်အထိ သုံးနိုင်တယ်လို့သိရပါတယ်။

ပဝါ (၁ နှစ် မှ ၃ နှစ်)

မျက်နှာသုတ်ပဝါ ၊ ရေချိုးခန်းသုံးပဝါတွေရဲ့ သက်တမ်းက တစ်နှစ်ကနေ သုံးနှစ်အထိဖြစ်ပါတယ်။ အသုံးပြုပြီးတိုင်းနေနဲ့လေရှိတဲ့နေရာမှာထားပေးရင် ရောဂါပိုးမွှားတွေလည်းမတွယ်ကပ်နိုင်သလို အနံ့ဆိုးတွေလည်း မစွဲနိုင်ပါဘူး။ တစ်ပတ်တစ်ကြိမ်သေသေချာချာ လျှော်ပေးဖို့လည်းလိုပါတယ်။

သွားတိုက်တံ ( ၃ လ)

သွားတိုက်တံတွေရဲ့ အရှည်ကြာဆုံးသက်တမ်းကသုံးလပါ။ သုံးလပြည့်ပြီဆိုရင် မဖြစ်မနေလဲဖို့သင့်ပါပြီ။သွားတိုက်တံရဲ့ အမွေးတွေဖွာထွက်လာတာ ၊ ကျွတ်လာတာမျိုးဆိုရင် မသုံးသင့်တော့ပါဘူး။ အညစ်အကြေးတွေကပ်ငြိပြီး မည်းလာတာမျိုးဆိုရင် မဖြစ်မနေလဲသင့်နေပါပြီ။

ခေါင်းဖြီးဘရပ်ရှ် ( ၁ နှစ်)

ခေါင်းဖြီးတဲ့ ဝက်မှင်ဘီးတွေ ၊ Hairbrush တွေကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးသင့်သလို တစ်နှစ်ခန့်ရှိပြီဆိုရင် အသစ်လဲသင့်ပြီလို့ဆိုပါတယ်။ သူ့ကိုပြုလုပ်ထားတဲ့ ပါဝင်ပစ္စည်းတွေက တစ်နှစ်ခန့်သာ သက်တမ်းရှိတာမို့ အကြာကြီး အသုံးပြုမိနေရင် ဆံကေသာအတွက်မကောင်းနိုင်ပါဘူး။

ဘရာစီယာ ( ၁ နှစ်မှ ၂ နှစ်)

ဘရာစီယာကောင်းကောင်းတစ်ထည်ဝယ်ထားတယ်ဆိုရင် တစ်နှစ်မှ နှစ်နှစ်အထိ သုံးနိုင်ပါတယ်။ တချို့ဘရာတွေက အရည်အသွေးကြောင့် ၆ လလောက်အကြာမှာကောင်းမွန်တဲ့အထောက်အပံံ့မပေးနိုင်တော့တာမျိုးရှိပါတယ်။ အရည်အသွေးကောင်းတဲ့ ဘရာတွေကတော့ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသိုမယ်ဆိုရင် ၂နှစ်လောက်အထိ ကောင်းကောင်းဝတ်ဆင်နိုင်ပါသေးတယ်။

အပြေးဖိနပ် ( ၁နှစ်)

အပြေးလေ့ကျင့်တဲ့ဖိနပ်တွေဟာ ယေဘုယျအားဖြင့် ၁ နှစ်ကြာအထိ အသုံးချနိုင်ပါတယ်။ မိုင် ၂၅၀ လောက်သူ့ကို အသုံးချပြီးပြီဆိုရင် ထပ်မသုံးသင့်တော့ပါဘူး။ အောက်ခံနင်းပြားတွေမကောင်းနိုင်တော့တဲ့အတွက် ၁ နှစ်လောက်သက်တမ်းရှိရင် အသစ်ဝယ်သင့်နေပါပြီ။

ကဲ…ချစ်ဆုံးတို့ ကျန်းမာရေးအတွက်ဆိုတော့ လဲသင့်တာလဲ ဖယ်သင့်တာတွေဖယ်ပေါ့နော်။

ဂျူဂျူး(အခရာ)

www.akhayar.com