[ZawGyi]

ေနာက္ထပ္ဇာတ္လမ္းတြဲသစ္မွာပါဝင္လာေတာ႔မယ္႔ Kai (EXO)

EXO က Kai ရဲ႕ပရိသတ္ေတြအတြက္ သတင္းေကာင္းေလးယူေဆာင္လာပါျပီ။

သူ႔ရဲ႕ သရုပ္ေဆာင္ခ်က္ေတြကို ျမင္ေတြ႔ခ်င္ၾကသူေတြအတြက္ သူပါဝင္သရုပ္ေဆာင္ထားတဲ႔ ေနာက္ထပ္ဇာတ္လမ္းတြဲသစ္ကို KBS 2 ကေနထုတ္လႊင္႔ေတာ႔မွာျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲသစ္ကို လက္ရွိမွာေတာ႔ “Miracle That We Met” လို႔နာမည္ေပးထားျပီး Kim Myung Min ၊ Kim Hyun Joo ၊ Ra Mi Ran ၊ Go Chang Suk တို႔နဲ႔အတူ Kai ကတြဲဖက္သရုပ္ေဆာင္သြားမွာျဖစ္ပါတယ္။ ဇာတ္လမ္းပံုစံကေတာ႔ လူတစ္ေယာက္ဟာ သူနဲ႔နာမည္ေရာ အသက္ပါတစ္ထပ္တည္းတူတဲ႔ အျခားလူတစ္ေယာက္ရဲ႕ဘဝထဲမွာေနထိုင္မိရင္း ကိုယ္႔ကိုယ္ကိုယ္ျပန္ရွာေဖြရတဲ႔ပံုစံမ်ိဳးျဖစ္ပါတယ္။

Kai ဟာ ဒီဇာတ္လမ္းတြဲမွာ Ato ဆိုတဲ႔ဇာတ္ေကာင္ေနရာက ပါဝင္သြားမယ္လို႔သိရပါတယ္။ ဒီဇာတ္လမ္းတြဲကိုရိုက္ကူးတဲ႔သူေတြဟာ “Strong Woman Do Bong Soon” နဲ႔ “Woman of Dignity” လိုမ်ိဳးဇာတ္လမ္းတြဲေကာင္းေတြကို ဖန္တီးခဲ႔ၾကသူေတြမို႔ ေကာင္းမြန္သပ္ရပ္တဲ႔ေနာက္ထပ္ဇာတ္လမ္းတြဲထြက္ေပၚလာဦးမယ္လုိ႔ မွန္းဆႏိုင္ပါတယ္။

သရုပ္ေဆာင္ပိုင္းနဲ႔ပတ္သက္ရင္ သူ႔အေနနဲ႔ “Andante” ဆုိတဲ႔ဇာတ္လမ္းတြဲနဲ႔ “Spring Has Come” ဆိုတဲ႔ဇာတ္လမ္းတြဲေတြကို ရိုက္ကူးထားပါတယ္။
“Miracle That We Met” ကိုေတာ႔ လက္ရွိျပသေနတဲ႔ “Radio Romance” ဇာတ္လမ္းတြဲအျပီးမွာစတင္ျပသသြားမွာျဖစ္ပါတယ္။

ခ်င္းဂူေလး(Akhayar)

www.akhayar.com
[Unicode]

နောက်ထပ်ဇာတ်လမ်းတွဲသစ်မှာ ပါဝင်လာတော့မယ့် Kai (EXO)

EXO က Kai ရဲ့ပရိသတ်တွေအတွက် သတင်းကောင်းလေးယူဆောင်လာပါပြီ။ သူ့ရဲ့ သရုပ်ဆောင်ချက်တွေကို မြင်တွေ့ချင်ကြသူတွေအတွက် သူပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ထပ်ဇာတ်လမ်းတွဲသစ်ကို KBS 2 ကနေထုတ်လွှင့်တော့မှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲသစ်ကို လက်ရှိမှာတော့ “Miracle That We Met” လို့နာမည်ပေးထားပြီး Kim Myung Min ၊ Kim Hyun Joo ၊ Ra Mi Ran ၊ Go Chang Suk တို့နဲ့အတူ Kai ကတွဲဖက်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံကတော့ လူတစ်ယောက်ဟာ သူနဲ့နာမည်ရော အသက်ပါတစ်ထပ်တည်းတူတဲ့ အခြားလူတစ်ယောက်ရဲ့ဘဝထဲမှာနေထိုင်မိရင်း ကိုယ့်ကိုယ်ကိုယ်ပြန်ရှာဖွေရတဲ့ပုံစံမျိုးဖြစ်ပါတယ်။

Kai ဟာ ဒီဇာတ်လမ်းတွဲမှာ Ato ဆိုတဲ့ဇာတ်ကောင်နေရာက ပါဝင်သွားမယ်လို့သိရပါတယ်။ ဒီဇာတ်လမ်းတွဲကိုရိုက်ကူးတဲ့သူတွေဟာ “Strong Woman Do Bong Soon” နဲ့ “Woman of Dignity” လိုမျိုးဇာတ်လမ်းတွဲကောင်းတွေကို ဖန်တီးခဲ့ကြသူတွေမို့ ကောင်းမွန်သပ်ရပ်တဲ့နောက်ထပ်ဇာတ်လမ်းတွဲထွက်ပေါ်လာဦးမယ်လို့ မှန်းဆနိုင်ပါတယ်။

သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ရင် သူ့အနေနဲ့ “Andante” ဆိုတဲ့ဇာတ်လမ်းတွဲနဲ့ “Spring Has Come” ဆိုတဲ့ဇာတ်လမ်းတွဲတွေကို ရိုက်ကူးထားပါတယ်။
“Miracle That We Met” ကိုတော့ လက်ရှိပြသနေတဲ့ “Radio Romance” ဇာတ်လမ်းတွဲအပြီးမှာစတင်ပြသသွားမှာဖြစ်ပါတယ်။

ချင်းဂူလေး(Akhayar)

www.akhayar.com