[Zawgyi]

စေမာလင္းနဲ႔ ဖီးလ္ဂ်ဴံးစ္ဟာ စိတ္ပ်က္စရာေကာင္းသူမ်ားလို႔ ဖီလ္နဗီလ္းေဝဖန္

တနဂၤေႏြေန႔က ကစားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ နယူးကာဆယ္နဲ႔ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ နယူးကာဆယ္အသင္းကို တစ္လုံးတည္းေသာဂိုးနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ အဆိုပါရႈံးပြဲအၿပီးမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေနာက္ခံလူးေဟာင္းျဖစ္သူ ဖီးလ္နဗီးက အသင္းရဲ႕ ဗဟိုေနာက္ခံလူႏွစ္ဦးျဖစ္တဲ့ စေမာလင္းနဲ႔ ဖီးလ္ဂ်ဳံးတို႔ႏွစ္ေယာက္ဟာ စိတ္ပ်က္စရာေကာင္းသူေတြျဖစ္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။

Phil Neville

Phil Neville

လက္ရွိမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ရဲ႕အဆင့္ႏွစ္ေနရာမွာ ရပ္တည္ေနၿပီး ခံစစ္မွတ္တမ္းေကာင္းေတြပိုင္ဆိုင္ထားေပမယ့္ အဂၤလန္ခံစစ္မႉးႏွစ္ဦးေၾကာင့္ မဟုတ္ဘူးလို႔ ေျပာဆိုလိုက္ပါတယ္။ ေမာ္ရင္ဟိုကေတာ့ ဘင္နီတက္ဇ္ရဲ႕အသင္းဟာ အႏိုင္သုံးမွတ္နဲ႔ ေဘာလုံးနတ္ဘုရားျဖစ္သြားတယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

“သူတို႔ကို အေကာင္းဆုံးခံစစ္သမားေတြလို႔ ေျပာလို႔မရပါဘူး။ သူတို႔ကို ကာကြယ္ေပးမယ့္ ဒီဂီယာရွိေနတယ္။ ဒါအျပင္ မာတစ္ကလည္း ကာကြယ္ေပးေနေသးတယ္” လို႔ နဗီးက ေျပာၾကားခဲ့ပါတယ္။ “နယူးကာဆယ္နဲ႔ပြဲမွာ သူတို႔အမွားေတြမ်ားစြာ က်ဴးလြန္ခဲ့တယ္။ စိတ္ပ်က္စရာေတြဖန္တီးခဲ့ၿပီး ဖိအားေတြကို ျဖစ္ေစတယ္တဲ့။ သူတို႔ရဲ႕ဆုံးျဖတ္ခ်က္ေတြဟာ အရမ္းထူးဆန္းတယ္။ ဘယ္လိုအေတြးအေခၚေတြနဲ႔ ကစားေနလဲမသိဘူး။ သူတို႔ကို ယူႏိုက္တက္ေခၚယူခဲ့တုန္းက အဂၤလန္ရဲ႕ အေကာင္းဆုံးလူငယ္ေနာက္ခံလူေတြအျဖစ္နဲ႔ပါ” လို႔ ဖီးလ္နဗီးလ္က ေဝဖန္ခဲ့ပါတယ္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

စမောလင်းနဲ့ ဖီးလ်ဂျူံးစ်ဟာ စိတ်ပျက်စရာကောင်းသူများလို့ ဖီလ်နဗီလ်းဝေဖန်

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်နဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းမှာ နယူးကာဆယ်အသင်းကို တစ်လုံးတည်းသောဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဆိုပါရှုံးပွဲအပြီးမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူးဟောင်းဖြစ်သူ ဖီးလ်နဗီးက အသင်းရဲ့ ဗဟိုနောက်ခံလူနှစ်ဦးဖြစ်တဲ့ စမောလင်းနဲ့ ဖီးလ်ဂျုံးတို့နှစ်ယောက်ဟာ စိတ်ပျက်စရာကောင်းသူတွေဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

Phil Neville

Phil Neville

လက်ရှိမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့အဆင့်နှစ်နေရာမှာ ရပ်တည်နေပြီး ခံစစ်မှတ်တမ်းကောင်းတွေပိုင်ဆိုင်ထားပေမယ့် အင်္ဂလန်ခံစစ်မှူးနှစ်ဦးကြောင့် မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ မော်ရင်ဟိုကတော့ ဘင်နီတက်ဇ်ရဲ့အသင်းဟာ အနိုင်သုံးမှတ်နဲ့ ဘောလုံးနတ်ဘုရားဖြစ်သွားတယ်လို့ ချီးကျူးခဲ့ပါတယ်။

“သူတို့ကို အကောင်းဆုံးခံစစ်သမားတွေလို့ ပြောလို့မရပါဘူး။ သူတို့ကို ကာကွယ်ပေးမယ့် ဒီဂီယာရှိနေတယ်။ ဒါအပြင် မာတစ်ကလည်း ကာကွယ်ပေးနေသေးတယ်” လို့ နဗီးက ပြောကြားခဲ့ပါတယ်။ “နယူးကာဆယ်နဲ့ပွဲမှာ သူတို့အမှားတွေများစွာ ကျူးလွန်ခဲ့တယ်။ စိတ်ပျက်စရာတွေဖန်တီးခဲ့ပြီး ဖိအားတွေကို ဖြစ်စေတယ်တဲ့။ သူတို့ရဲ့ဆုံးဖြတ်ချက်တွေဟာ အရမ်းထူးဆန်းတယ်။ ဘယ်လိုအတွေးအခေါ်တွေနဲ့ ကစားနေလဲမသိဘူး။ သူတို့ကို ယူနိုက်တက်ခေါ်ယူခဲ့တုန်းက အင်္ဂလန်ရဲ့ အကောင်းဆုံးလူငယ်နောက်ခံလူတွေအဖြစ်နဲ့ပါ” လို့ ဖီးလ်နဗီးလ်က ဝေဖန်ခဲ့ပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။