[Zawgyi]

Cloud Storage ဆိုတာဘာလဲ၊ ဘာေၾကာင့္အသံုးျပဳသင့္တာလဲ?

ဒီေန႔ေခတ္မွာ က်ေနာ္တို႔ရဲ႕ မိသားစု၊ ကိုယ္ေရးကိုယ္တာ နဲ႔သက္ဆိုင္တာ ဒါမွမဟုတ္ အလုပ္နဲ႔ပတ္သက္တဲ့ အေရးႀကီးအခ်က္အလက္ေတြကိုသိမ္းဆည္းတဲ့အခါမွာ Physical Storage ေတြျဖစ္တဲ့ CD ၊ DVD ေတြအျပင္ Computer ၊ Memory Stick နဲ႔ Hard Disk Drive ေတြေပၚမွာ အဆင့္ျမင့္ျမင့္သိမ္းဆည္းလာၾကပါၿပီ။ အခ်ိန္ကာလၾကာျမင့္လာတာနဲ႔အမွ် ထိန္းသိမ္းရတဲ့ အခ်က္အလက္ေတြပိုမ်ားျပားလာသလို မၿမဲတဲ့သခၤါရသေဘာအရ ပစၥည္းတစ္ခုဟာ ဘယ္အခ်ိန္ ဘယ္ေနရာမွာ ဘယ္လိုအေၾကာင္းေၾကာင့္ ေပ်ာက္ဆံုးပ်က္စီးသြားမလဲဆိုတာ ႀကိဳၿပီးမခန္႔မွန္းႏိုင္ပါဘူး။ ျဖစ္ေလ့ျဖစ္ထရွိတဲ့ တန္ဖိုးႀကီးလြန္းတဲ့ က်ေနာ္တို႔ရဲ႕ အခ်က္အလက္ေဒတာေတြဟာ ဒီလိုဥပမာမ်ိဳးေတြနဲ႔ အမ်ားဆံုးဆံုးရႈံးရေလ့ရွိပါတယ္။

မ်က္စိေရွ႕မွာ Data မ်ားပ်က္စီးဆံုးရံႈးျခင္း
လူတိုင္းနီးပါး ဟာ ကြန္ပ်ဴတာ၊ စမတ္ဖုန္းေတြနဲ႔ ရင္းႏွီးလာၾကၿပီဆိုေတာ့ Memory Stick ဆိုတာကလည္း အထူးတလည္ေျပာျပစရာမလိုတဲ့ အိပ္ေဆာင္ပစၥည္းေလးတစ္ခုျဖစ္လာမွာေသခ်ာပါတယ္။ ကုမၸဏီ နဲ႔ ရံုးခန္းေတြမွာ အလုပ္လုပ္မယ္၊ အစည္းအေဝးနဲ႔ေဟာေျပာပြဲမွာ Projector နဲ႔ျပဖို႔အတြက္ ကိုယ့္ရဲ႕ အခ်က္အလက္ေတြကို Stick နဲ႔ေဆာင္ထားမယ္ ဒီလိုအေၾကာင္းေတြေၾကာင့္ Data ေတြကို Stick ထဲထည့္သံုးေနၾကပါတယ္။ ဒါေပမယ့္ အခန္႔မသင့္လို႔ Virus ကိုက္ေနတဲ့ ကြန္ပ်ဴတာမွာ သြားထိုးၿပီးသံုးမိတဲ့အခါ ကံေကာင္းရင္ Files ေတြ Auto Hidden ေလာက္သာျဖစ္ႏိုင္ေပမယ့္ ကံမေကာင္းရင္ေတာ့ Files ေတြဟာ Unknown Format ေတြျဖစ္ၿပီး ျပန္ယူဖို႔မလြယ္ကူတဲ့အေျခအေနကိုေရာက္သြားႏိုင္ပါတယ္။ အဲ့လိုျဖစ္ခဲ့ရင္ေတာ့ ကုိယ့္ရဲ႕အေရးႀကီးအခ်က္အလက္ေတြလည္းဆံုးရံႈးမွာျဖစ္သလို တစ္ဖက္က အလုပ္မွာလည္းမ်က္ႏွာပ်က္စရာေတြအမ်ားႀကီးျဖစ္လာႏိုင္ပါတယ္။ ေနာက္ထက္ျဖစ္ႏိုင္တာကေတာ့ အရည္အေသြးမေကာင္းတဲ့ USB Stick ေတြအသံုးျပဳတဲ့အခါမွာလည္း ရွိသင့္တဲ့သက္တမ္းတစ္ခုထက္ ပိုၿပီးျမန္ျမန္ပ်က္သြားတာမ်ိဳးကိုႀကံဳရႏိုင္ပါတယ္။ ဒါေတြကေတာ့ ကိုယ့္မ်က္စိေရွ႕မွာတင္ အခ်ိန္တိုအတြင္း ဆံုးရံႈးသြားႏိုင္တဲ့ က်ေနာ္တို႔ရဲ႕ Data ေတြအေၾကာင္းပါ။

အမွတ္တမဲ့ေၾကာင့္ Data မ်ားပ်က္စီးဆံုးရံႈးျခင္း
ဒီလိုျဖစ္ရပ္မ်ိဳးက က်ေနာ္တို႔ပိုၿပီးႀကံဳရေလ့ရွိမယ္ထင္ပါတယ္။ ကားစီးရင္း ခါးပိုက္ႏွိုက္ခံရတဲ့အထဲပါသြားတာမ်ိဳး၊ အက်ၤီအိပ္ကပ္၊ ေဘာင္းဘီအိပ္ကပ္ေတြထဲမွာ ထည့္ထားၿပီး အဝတ္ေလွ်ာ္တဲ့အခါေရဝင္လို႔ပ်က္သြားတာမ်ိဳး၊ ေနရာအထားမွားၿပီးေပ်ာက္တာနဲ႔ သြားရင္းလာရင္း သတိလက္လြတ္ျဖစ္ၿပီးက်ေပ်ာက္သြားတာမ်ိဳးေတြေပါ့။

အေပၚမွာေျပာခဲ့သလိုမ်ိဳးျဖစ္ရပ္ေတြက ခဏခဏ ႀကံဳေတြ႕ေနၾကားေနရတဲ့အေၾကာင္းေတြပါ။ ကြန္ပ်ဴတာထဲထည့္ထားေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ OS ပ်က္သြားတဲ့အခါ အလြယ္တစ္ကူျပန္ယူလို႔မရႏိုင္သလို Hard Disk Drive ဆိုတာလည္း Memory Stick အႀကီးစားပဲျဖစ္တာမို႔ သိပ္မထူးျခားပါဘူး။ Storage မ်ားမ်ားဝင္ဆံ့ေပမယ့္ တစ္ခါတစ္ေလမွာ Memory Stick ေတြထက္ေတာင္ပိုၿပီးအပ်က္ျမန္ေနတတ္ပါေသးတယ္။

ဒီလိုအျဖစ္ဆိုးေတြမၾကာမၾကာျဖစ္ေနရင္ေတာ့ မဟန္ပါဘူး၊ ေရရွည္မွာ အဲ့လိုမျဖစ္ေအာင္နည္းလမ္းတစ္ခုခုေတာ့ ရွာဖို႔လိုလာပါၿပီ။ ထိေတြ႕လို႔ရတဲ့အရာဝတၳဳေတြ (Hardware) ေတြက ပ်က္စီးလြယ္တယ္ဆိုရင္ ထိေတြ႕လို႔မရတဲ့ Software Program ေတြကိုအသံုးျပဳၿပီးတည္ေဆာက္ထားတဲ့ Online Storage Cloud Drive ေတြက အခ်က္အလက္ေတြကိုသိမ္းဆည္းဖို႔အေကာင္းဆံုးေနရာတစ္ခုျဖစ္လာပါတယ္။ ဒီေနရာမွာ Online Storage Cloud Drive ဆိုတာဘာလဲ? ဘယ္လိုအလုပ္လုပ္သလဲဆိုတာ အနည္းငယ္ရွင္းျပေပးခ်င္ပါတယ္။

Cloud Storage ဆိုတာဘာလဲ?

သင့္မွာ သူငယ္ခ်င္းတစ္ေယာက္ရွိတယ္ဆိုပါစို႔။ သင္က A သူငယ္ခ်င္းက B လို႔မွတ္ထားလိုက္ပါ။
A က Digital Data ေတြျဖစ္တဲ့ ဓါတ္ပံုေတြ၊ ရုပ္ရွင္ နဲ႔သီခ်င္းေတြ စတဲ့အခ်က္အလက္ေတြကို စိတ္ခ်ရတဲ့ေနရာတစ္ခုမွာ သိမ္းထားခ်င္ပါတယ္။ ဒါေပမယ့္ အခ်ိန္မေရြး အဲ့ေဒတာေတြကို ျပန္ၾကည့္ႏိုင္မယ္၊ ကူးယူႏိုင္မယ္၊ ျပင္ဆင္ႏိုင္မယ္ စတဲ့အခ်က္ေတြကိုလည္းလုပ္ခ်င္ပါတယ္။ ပံုမွန္ဆိုရင္ေတာ့ Memory Stick တစ္ေခ်ာင္းမွာထည့္ၿပီး ေရာက္တဲ့ေနရာမွာသံုးလို႔ရေပမယ့္ ပ်က္သြားမွာ၊ က်ေပ်ာက္သြားမွာကို စိုးရိမ္တဲ့အတြက္ တျခားနည္းလမ္းတစ္ခုကိုစဥ္းစားေနပါတယ္။ B ကေတာ့ အိမ္မွာအေနမ်ားတဲ့သူတစ္ေယာက္ျဖစ္ၿပီး Network ခ်ိတ္ဆက္မႈနည္းပညာကိုလည္းကြ်မ္းက်င္သူတစ္ဦးပါ။ သူကေတာ့ အရည္အေသြးျမင့္မားတဲ့ Hard Disk Drive တစ္ခုကို ၂၄ နာရီလံုးအသံုးျပဳႏိုင္ေအာင္ ျပင္ဆင္ထားၿပီး အခ်ိန္မေရြးေနရာမေရြးအသံုးျပဳႏိုင္ေအာင္ အင္တာနက္နဲ႔ပါ ကြန္ယက္ခ်ိတ္ထားပါတယ္။ ႀကိဳက္တဲ့ေနရာကေန အလြယ္တစ္ကူ ဝင္ေရာက္ႏိုင္မယ့္ Software Program ကိုပါစိတ္ႀကိဳက္ေရးသားထားၿပီး UI ပိုင္းကိုအေကာင္းဆံုးျပင္ဆင္ထားပါေတာ့တယ္။ သူ႔ရဲ႕ ျပင္ဆင္မြန္းမံထားတဲ့ Hard Disk Drive ဟာ ေနရာလြတ္ေတြအမ်ားႀကီးက်န္ေနၿပီးသူ႔အတြက္ လိုတာထက္ပိုေနတာေၾကာင့္ သူငယ္ခ်င္းျဖစ္တဲ့ A ကို ၄င္းရဲ႕ Data ေတြလာေရာက္သိမ္းဆည္းဖို႔ကမ္းလွမ္းပါတယ္။ အဲ့လိုကမ္းလွမ္းတဲ့အခါ A အတြက္ သီးသန္႔အသံုးျပဳႏိုင္မယ့္ Storage အပိုင္းတစ္ခု ခြဲၿပီးသတ္မွတ္ေပးလိုက္ပါတယ္။ သူ႔မွာရွိတဲ့ လြတ္ေနတဲ့ Storage ေတြထဲက ၃ပံု ၁ပံုကိုခြဲေပးလိုက္တာပါ။ ဒါေပမယ့္ A ရဲ႕ Storage လိုအပ္မႈက B ေပးႏိုင္တဲ့ပမာဏထက္ ပိုမ်ားလာတဲ့အခါမွာ ေနာက္ထပ္ Hard Disk Drive တစ္လံုးကိုတိုးခ်ဲ႔ၿပီး A စီက အခေၾကးေငြေကာက္ခံကာ ဝန္ေဆာင္မႈေပးပါေတာ့တယ္။ A စီကေန လစဥ္ေၾကး၊ ဒါမွမဟုတ္ ႏွစ္စဥ္ေၾကးေကာက္ခံၿပီး B ဟာ သူ႔ရဲ႕ Storage Space ေတြကိုပိုၿပီးေကာင္းမြန္စိတ္ခ်ရေအာင္ ထိန္းသိမ္းကာ တျခားမိတ္ေဆြေတြကိုပါ လက္ဆင့္ကမ္းေရာင္းခ်ပါေတာ့တယ္။

Google Drive ရဲ႕ Data အခ်က္အလက္ေတြသိမ္းဆည္းရာ Data Center တစ္ခု

ဒီေနရာမွာ A ကေတာ့ က်ေနာ္တို႔လို အသံုးျပဳသူ Customer ေတြျဖစ္ၿပီး B ကေတာ့ A ကို ဝန္ေဆာင္မႈေပးေနတဲ့ Cloud Service ေတြျဖစ္ပါတယ္။ Cloud Service ေတြဟာ စိတ္ခ်လံုျခံဳတဲ့ အေဆာက္အဦးေတြေဆာက္လုပ္ၿပီး အခ်ိန္ျပည့္ အေအးဓာတ္နဲ႔ အင္တာနက္ စနစ္ေတြေပးထားကာ ကြ်မ္းက်င္တဲ့ Network Engineer ေတြနဲ႔ က်ေနာ္တို႔ရဲ႕ အခ်က္အလက္ေတြကိုထိန္းသိမ္းေပးပါတယ္။ အခ်က္အလက္ေတြသိမ္းဆည္းတဲ့အခါမွာလည္း တစ္ေနရာတည္းစု ျပံဳသိမ္းတာမ်ိဳးမဟုတ္ပဲ Backup Plan အဆင့္ဆင့္ပြားထားၿပီးသိမ္းထားေပးတာေၾကာင့္ ပ်က္စီးဆံုးရံႈးဖို႔ရာခိုင္ႏႈန္းဟာ မရွိသေလာက္ကို စိတ္ခ်ရပါတယ္။ ဒီေလာက္ဆိုရင္ေတာ့ Cloud Storage ေတြရဲ႕အလုပ္လုပ္ပံုကို နားလည္သေဘာေပါက္လာၿပီလို႔ယူဆပါတယ္။ ဒါဆို Cloud Storage ရဲ႕
အားသာခ်က္ေတြက ဘာေတြျဖစ္မလဲ ျပန္ၾကည့္ရေအာင္။

၁.အသံုးျပဳရလြယ္ကူျခင္း
Cloud Storage ေတြေတာ္ေတာ္မ်ားမ်ားဟာ Window နဲ႔ Mac OS ေတြအတြက္ အသံုးျပဳႏိုင္မယ့္ သီးသန္႔ Software ေတြကိုထုတ္ေပးသလို Web-Based UI ေတြကိုလည္းအရိုးရွင္းဆံုးနဲ႔ အလြယ္ကူဆံုးျပင္ဆင္ေပးထားပါတယ္။ ကိုယ္သိမ္းခ်င္တဲ့ Folder နဲ႔ File ေတြ Mouse နဲ႔အလြယ္တကူဆြဲထည့္ရံုပါပဲ။ ၿပီးေတာ့ ကြန္ပ်ဴတာမွာရွိတဲ့ Internal Storage ေတြနဲ႔အတူ Cloud Storage ကိုပါတစ္ပါတည္းေတြ႔ျမင္ႏိုင္ပါေသးတယ္။

၂.အလြယ္တစ္ကူ ေဝမွ်ႏိုင္ျခင္း
ကိုယ့္မွာရွိတဲ့ File တစ္ခုကို Share ဖို႔အတြက္ တစ္ေယာက္ကိုတစ္ခါစီ Upload လုပ္ေပးေနရင္ အလုပ္ရႈပ္ပါတယ္။ Drive မွာ Upload လုပ္ၿပီးရလာတဲ့ Link နဲ႔ သူငယ္ခ်င္းေတြအားလံုးကို Share ေပးႏိုင္တယ္ဆိုရင္ အခ်ိန္ကုန္၊ ေငြကုန္လည္းသက္သာမွာျဖစ္ပါတယ္။

၃.အခ်ိန္ေနရာမေရြးဝင္ေရာက္ၾကည့္ရႈႏိုင္ျခင္း
အင္တာနက္သာရွိေနမယ္ဆိုရင္ သင္ဘယ္ေနရာေရာက္ေရာက္ Cloud Drive ထဲအလြယ္တစ္ခုဝင္ေရာက္ျပင္ဆင္ႏိုင္မွာပါ။

၄.အလြယ္တကူ ပ်က္ဆီးဆံုးရံႈးမႈမျဖစ္ႏိုင္ျခင္း
ဒီအခ်က္ကေတာ့ လုပ္ငန္းရွင္ေတြ၊ ပညာရွင္ေတြအတြက္ ၄င္းတို႔ရဲ႕ အေရးႀကီးအခ်က္အလက္ေတြကို သိမ္းထားႏိုင္ဖို႔အေကာင္းဆံုးအားသာခ်က္ျဖစ္ပါတယ္။ Data ေတြကိုသိမ္းဆည္းမယ့္ Cloud Storage ေတြဟာ သဘာဝေဘးအႏၱရာယ္ဒါဏ္ေတြအတြက္ အဆင့္ဆင့္စီမံတြက္ခ်က္ၿပီးတည္ေဆာက္ထားတာေၾကာင့္ ကိုယ့္စီမွာပံုမွန္သိမ္းထားတာထက္စာရင္ အမ်ားႀကီးစိတ္ခ်ရပါတယ္။

၅.ကုန္က်စားရိတ္နည္းပါးျခင္း
Cloud Drive ေတြ (အထူးသျဖင့္ Google Drive) ဟာ လစဥ္ေၾကး၊ ႏွစ္စဥ္ေၾကးနဲ႔ စိတ္ႀကိဳက္ေရြးခ်ယ္ၿပီးအသံုးျပဳလို႔ရသလို စိတ္ခ်ရမႈနဲ႔ ေပးရတဲ့တန္ဖိုး ယွဥ္ၾကည့္မယ္ဆိုရင္ အေတာ္ကိုသက္သာတဲ့ အေနအထားမွာရွိပါတယ္။ Google Drive ကိုအသံုးျပဳမယ္ဆိုရင္ 100 GB နဲ႔ တစ္လကို ျမန္မာေငြ ၃ေထာင္ပဲက်သင့္မွာျဖစ္ပါတယ္။ ( ေဒၚလာေစ်းေပၚမူတည္ၿပီး အနည္းငယ္ေျပာင္းလဲႏိုင္)

အခမဲ့(သို႔) အခေၾကးေငြျဖင့္အသံုးျပဳႏိုင္မယ့္ အေကာင္းဆံုး Cloud Storage Service မ်ား

Dropbox Cloud Service
Dropbox မွာ Data ေတြသိမ္းဆည္းဖို႔အတြက္ အေကာင့္ဖြင့္မယ္ဆိုရင္ 2GB အခမဲ့ေပးပါတယ္။ Mobile App ေတြလည္းထုတ္ေပးထားတာျဖစ္လို႔ ဖုန္းေပၚက Data ေတြသူငယ္ခ်င္းကို Share ေပးဖို႔အတြက္ Download လုပ္ေပးဖို႔အေကာင္းဆံုးထဲကတစ္ခုျဖစ္ပါတယ္။ Download ျပဳလုပ္ရမယ့္ UI ကလည္းရိုးရွင္းပါတယ္။


ဒါကေတာ့ Dropbox မွာရရွိႏိုင္တဲ့ Storage Plans ေတြပဲျဖစ္ပါတယ္။

OneDrive Cloud Storage


OneDrive ကေတာ့ Microsoft ကပိုင္ဆိုင္ၿပီး Window Computer ေတြမွာ Data Backup လုပ္ဖို႔အတြက္အဓိကစီစဥ္ထားတာျဖစ္ပါတယ္။ User တစ္ေယာက္စီတိုင္းအတြက္ Drive Storage 5GB အခမဲ့ေပးထားသလို ထပ္ၿပီးပိုသံုးခ်င္တယ္ဆိုရင္လည္း စိတ္ဝင္စားစရာ Package ေတြနဲ႔ဝယ္ယူႏိုင္ဦးမွာပါ။ Mobile App လည္းရွိေပမယ့္ Window OS အတြက္ဦးစားေပးထားတာေၾကာင့္ အသံုးျပဳလို႔ရတဲ့နယ္ပယ္သိပ္ၿပီးမတြင္က်ယ္သလိုရွိပါတယ္။

MEGA Cloud Storage


သူကေတာ့ Cloud Drive ေတြထဲမွာ Free အမ်ားဆံုးေပးႏိုင္တဲ့ Cloud Storage Provider တစ္ခုပါ။ Free အေနနဲ႔ 50GB ေပးထားပါတယ္။ ဒါေပမယ့္ Bandwidth ကန္႔သတ္ခ်က္ေၾကာင့္ File Size ႀကီးႀကီးေတြ Download ဆြဲရင္ေတာ့အဆင္မေျပပါဘူး။ ေနာက္တစ္ခ်က္ကေတာ့ Download လုပ္တဲ့အခါမွာ Internet Download Manager လို Downloader Software ေတြနဲ႔ဆြဲလို႔မရပါဘူး။ MEGA ကထုတ္ေပးထားတဲ့ Software ကဆြဲတာ၊ ဒါမွမဟုတ္ Browser ကေန တိုက္ရိုက္ဆြဲတာ မ်ိဳးပဲလုပ္လို႔ရပါတယ္။ MEGA ကိုေတာ့ ေရရွည္အသံုးျပဳရမယ့္Files ေတြအတြက္ အဓိကထားၿပီးသံုးၾကပါတယ္။

PCloud Storage

PCloud ကေတာ့ Dropbox နဲ႔နည္းနည္းဆင္တူပါတယ္။ Smartphone User ေတြလက္ထက္မွာပိုအသံုးမ်ားလာပါတယ္။ Download ဆြဲရတာလြယ္ကူရိုးရွင္းၿပီး Data ေတြသိမ္းဆည္းမွ်ေဝဖို႔ Free အေနနဲ႔ 20 GB ေပးထားပါတယ္။

MediaFire Cloud Storage


ဒီ ေကာင္ေလးကေတာ့က်ေနာ္တို႔အခ်စ္ေတာ္ေလးဆိုရင္လည္းမမွားဘူးထင္ပါတယ္။ အစိမ္းေရာင္ Bar ေလးေပၚမွာ Download ျပဳလုပ္ရမယ့္ Size ေလးကိုေဖာ္ျပေပးထားၿပီး Download Bandwidth ကလည္းအကန္႔အသတ္မရွိ ခြင့္ျပဳေပးထားတာေၾကာင့္ လိုင္းေကာင္းရင္ေကာင္းသလို အမုန္းဆြဲလို႔ရပါတယ္။ Data ေတြသိမ္းဆည္းမွ်ေဝဖို႔အတြက္ Cloud Storage 10GB ကိုလည္း အခမဲ့ေပးထားပါေသးတယ္။

Google Drive Cloud Storage


ေလ့လာခ်က္ေတြအရ Personal Data ေတြပဲျဖစ္ျဖစ္၊ လုပ္ငန္းသံုးအခ်က္အလက္ေတြကို သိမ္းဖို႔ပဲျဖစ္ျဖစ္ဆိုရင္ေတာ့ Google Drive ဟာေရြးခ်ယ္ဖို႔အသင့္ဆံုး Cloud Storage ပဲျဖစ္ပါတယ္။

ေရြးခ်ယ္သင့္တဲ့အေၾကာင္းေတြကေတာ့

၁.အသံုးျပဳရန္အလြယ္ဆံုးျဖစ္ျခင္း
Google Drive ကို Google အေကာင့္တစ္ခု
ရွိတာနဲ႔ အသံုးျပဳလို႔ရပါတယ္။ ဒီေန႔ေခတ္မွာ Google အေကာင့္ဆိုတာ ဖြင့္ရအလြယ္ဆံုး၊ အေပါဆံုးနဲ႔ လူတိုင္းအားလံုးနီးပါးရွိေနတဲ့ အေကာင့္တစ္ေကာင့္ပါ။ Google အေကာင့္တစ္ခုရွိတာနဲ႔ Cloud Storage 15GB တစ္သက္တာ အခမဲ့ရရွိထားၿပီးျဖစ္ပါတယ္။

၂.တြဲဖက္အသံုးျပဳႏိုင္မယ့္ Software မ်ားေပါမ်ားျခင္း


GDrive ဟာ လူသံုးအမ်ားဆံုး Internet Search Engine ႀကီးျဖစ္တဲ့ Google ရဲ႕ Service ခြဲတစ္ခုျဖစ္တာေၾကာင့္ ခ်ိတ္ဆက္ထားတဲ့ တျခား Software Plugin ေတြကလည္းမ်ားျပားလွပါတယ္။ Google Chrome Extension အေနနဲ႔သံုးရမွာျဖစ္ၿပီး အသံုးျပဳႏိုင္မယ့္ Program ေတြကိုေတာ့ ဒီေနရာကေနဝင္ေရာက္ၾကည့္ရႈႏိုင္ပါတယ္။

 

၃.မည္သည့္ File အမ်ိဳးအစားကိုမဆိုသိမ္းဆည္းႏိုင္ျခင္း


Google Drive မွာ Digital Data ေတြကို စိတ္တိုင္းက်သိမ္းဆည္းလို႔ရပါေသးတယ္။

၄.Gmail ကတဆင့္အလြယ္တစ္ကူ Share ႏိုင္ျခင္း


GDrive ထဲမွာရွိတဲ့အခ်က္အလက္ေတြအားလံုးကို Gmail ကတစ္ဆင့္ အလြယ္တစ္ကူ Share ႏိုင္တစ္လို တစ္ေယာက္ျခင္းစီအတြက္လည္း Permission သီးသန္႔ထားေပးလို႔ရပါေသးတယ္။

၅.Real-Time အသံုးျပဳႏိုင္ျခင္း

ေနရာမတူတဲ့ Co-Worker ေတြနဲ႔ Project ေတြတြဲဖက္အလုပ္လုပ္တဲ့အခါမ်ိဳးမွာ Document နဲ႔ Folder ေတြ File ေတြကို အခ်ိန္နဲ႔တေျပးညီ ျပဳျပင္ႏိုင္ပါတယ္။

၆.လံုျခံဳစိတ္ခ်ရမႈရွိျခင္

Internet ကိုအသံုးျပဳၿပီး Data ေတြ သိမ္းတဲ့အခါ လံုျခံဳေရးဆိုင္ရာျပႆနာေတြကိုလည္း မျဖစ္မေနသတိျပဳရမွာပါ။ Google ကေတာ့ User ေတြရဲ႕အေကာင့္ေတြကို အျမင့္ဆံုး လံုျခံဳေရးနည္းပညာေတြအသံုးျပဳႏိုင္ေအာင္စီစဥ္ေပးထားတာေၾကာင့္ Google Account အခိုးမခံရသ၍ေတာ့ Drive ေပၚက Data ေတြအားလံုးလံုျခံဳေနဦးမွာပါ။ ဒါ့အျပင္ Drive ထဲမွာရွိတဲ့ Data ေတြအတြက္လည္း Online Antivirus Scanner ေတြထည့္သြင္းေပးထားပါေသးတယ္။

၇. စမတ္ဖုန္းေတြအတြက္ လြယ္ကူရိုးရွင္းတဲ့ UI ကိုပံ့ပိုးေပးထားျခင္း


Android ပဲျဖစ္ျဖစ္ iOS ပဲျဖစ္ျဖစ္ Google Drive App ကိုအသံုးျပဳတဲ့အခါ အေတာ္ေလးလြယ္ကူရိုးရွင္းေအာင္လုပ္ေပးထားပါတယ္။ သာမန္ File Manager တစ္ခုသံုးေနရသလိုခံစားရတဲ့အထိ ရိုးရွင္းပါတယ္။

၈.File Data မ်ားအလြယ္တစ္ကူျပန္လည္ရွာေဖြႏုိင္ျခင္း


Google Drive မွာ လိုအပ္တဲ့ File ေတြကို ျပန္လည္ရွာေဖြဖို႔အတြက္ Search Bar ကိုလည္းထည့္သြင္းေပးထားပါေသးတယ္။ တစ္လအတြင္း လုပ္ေဆာင္ခဲ့တဲ့ မွတ္တမ္းေတြကိုလည္းျပန္လည္ၾကည့္ရႈႏိုင္ဦးမွာျဖစ္ပါတယ္။

၉.Music Streaming အျဖစ္အသံုးျပဳႏိုင္ျခင္း


အကယ္၍ GDrive မွာသီခ်င္းေလးေတြတင္ထားမယ္ဆိုရင္ Driveplayer.com ကေနတစ္ဆင့္ ျပန္လည္နားေထာင္ႏိုင္ပါေသးတယ္။ Android ဖုန္းအတြက္လည္း CloudPlayer App နဲ႔ကိုယ္ပိုင္ Music Streaming တစ္ခုအျဖစ္ ဖန္တီးႏိုင္ပါေသးတယ္။ (CloudPlayer မွာ Drive Music Streaming ကိုအသံုးျပဳဖို႔အတြက္ Premium App ကို $7 နဲ႔ဝယ္ယူရမွာပါ)

၁၀.ေစ်းသက္သာၿပီး ဝယ္ယူရလြယ္ကူျခင္း


Google Drive ကေပးတဲ့ 15GB ကိုအသံုးျပဳရတာမေလာက္ေတာ့ဘူးဆိုရင္ ေစ်းသက္သက္သာသာန႔ဲ Upgrade လုပ္ႏိုင္တယ္။ လစဥ္ေၾကး ႏွစ္စဥ္ေၾကး Plan ၂မ်ိဳးေရြးခ်ယ္ႏိုင္ၿပီး Upgrade လုပ္ႏိုင္မယ့္ Storage ေတြကေတာ့ 100 GB ၊ 1 TB ၊ 10 TB ၊ 20 TB နဲ႔ 30 TB အထိေရြးယူႏိုင္္ပါတယ္။ Storage Upgrade လုပ္ဖို႔အတြက္ေတာ့ Visa Card နဲ႔ခ်ိတ္ဆက္ထားဖို႔လိုမွာျဖစ္ၿပီး ျပထားတဲ့အဆင့္ေတြအတိုင္း အလြယ္တစ္ကူဝယ္ယူႏိုင္ပါတယ္။

ဝယ္ယူမႈအစီအစဥ္ ၿပီးဆံုးသြားရင္ေတာ့ အေကာင့္ထဲ ကို အခုလို Receipt ေလးေပးလို႔မွာျဖစ္ပါတယ္။ Plan ကို Unscribe မလုပ္ေသးသ၍ေတာ့ လစဥ္အလိုေလ်ာက္ က်သင့္ေငြကိုျဖတ္ေတာက္သြားမွာျဖစ္ပါတယ္။

ေအာက္မွာ Google Drive နဲ႔ပတ္သက္တဲ့ Storage Plan ကိုေဖာ္ျပေပးထားပါတယ္။

Cloud Drive ေတြနဲ႔ပတ္သက္တဲ့ အားသာခ်က္ေတြကိုသိရွိၿပီးသြားၿပီဆိုရင္ေတာ့ Physical Storage ေတြအစား ပိုၿပီးေကာင္းမြန္တဲ့ Cloud Storage တစ္ခုခုကို ေရြးခ်ယ္ႏုိင္ၾကမယ္လို႔ေမွ်ာ္လင့္ပါတယ္။ မိတ္ေဆြတို႔ သိၿပီးအသံုးျပဳေနတဲ့ Cloud Storage ေကာင္းတာေလးေတြရွိရင္လည္း ေဝမွ်ေဆြးေႏႊးေပးသြားဖို႔ ဖိတ္ေခၚပါတယ္။ ေနာင္အလ်ဥ္းသင့္တဲ့ အခါ Cloud Storage Type ေတြအေၾကာင္းဆက္လက္ေဖာ္ျပေပးသြားပါဦးမယ္။

Phone Hay Ko (Akhayar)
www.akhayar.com

[Unicode]

Cloud Storage ဆိုတာဘာလဲ၊ ဘာကြောင့်အသုံးပြုသင့်တာလဲ?

ဒီနေ့ခေတ်မှာ ကျနော်တို့ရဲ့ မိသားစု၊ ကိုယ်ရေးကိုယ်တာ နဲ့သက်ဆိုင်တာ ဒါမှမဟုတ် အလုပ်နဲ့ပတ်သက်တဲ့ အရေးကြီးအချက်အလက်တွေကိုသိမ်းဆည်းတဲ့အခါမှာ Physical Storage တွေဖြစ်တဲ့ CD ၊ DVD တွေအပြင် Computer ၊ Memory Stick နဲ့ Hard Disk Drive တွေပေါ်မှာ အဆင့်မြင့်မြင့်သိမ်းဆည်းလာကြပါပြီ။ အချိန်ကာလကြာမြင့်လာတာနဲ့အမျှ ထိန်းသိမ်းရတဲ့ အချက်အလက်တွေပိုများပြားလာသလို မမြဲတဲ့သင်္ခါရသဘောအရ ပစ္စည်းတစ်ခုဟာ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုအကြောင်းကြောင့် ပျောက်ဆုံးပျက်စီးသွားမလဲဆိုတာ ကြိုပြီးမခန့်မှန်းနိုင်ပါဘူး။ ဖြစ်လေ့ဖြစ်ထရှိတဲ့ တန်ဖိုးကြီးလွန်းတဲ့ ကျနော်တို့ရဲ့ အချက်အလက်ဒေတာတွေဟာ ဒီလိုဥပမာမျိုးတွေနဲ့ အများဆုံးဆုံးရှုံးရလေ့ရှိပါတယ်။

မျက်စိရှေ့မှာ Data များပျက်စီးဆုံးရှုံးခြင်း
လူတိုင်းနီးပါး ဟာ ကွန်ပျူတာ၊ စမတ်ဖုန်းတွေနဲ့ ရင်းနှီးလာကြပြီဆိုတော့ Memory Stick ဆိုတာကလည်း အထူးတလည်ပြောပြစရာမလိုတဲ့ အိပ်ဆောင်ပစ္စည်းလေးတစ်ခုဖြစ်လာမှာသေချာပါတယ်။ ကုမ္ပဏီ နဲ့ ရုံးခန်းတွေမှာ အလုပ်လုပ်မယ်၊ အစည်းအဝေးနဲ့ဟောပြောပွဲမှာ Projector နဲ့ပြဖို့အတွက် ကိုယ့်ရဲ့ အချက်အလက်တွေကို Stick နဲ့ဆောင်ထားမယ် ဒီလိုအကြောင်းတွေကြောင့် Data တွေကို Stick ထဲထည့်သုံးနေကြပါတယ်။ ဒါပေမယ့် အခန့်မသင့်လို့ Virus ကိုက်နေတဲ့ ကွန်ပျူတာမှာ သွားထိုးပြီးသုံးမိတဲ့အခါ ကံကောင်းရင် Files တွေ Auto Hidden လောက်သာဖြစ်နိုင်ပေမယ့် ကံမကောင်းရင်တော့ Files တွေဟာ Unknown Format တွေဖြစ်ပြီး ပြန်ယူဖို့မလွယ်ကူတဲ့အခြေအနေကိုရောက်သွားနိုင်ပါတယ်။ အဲ့လိုဖြစ်ခဲ့ရင်တော့ ကိုယ့်ရဲ့အရေးကြီးအချက်အလက်တွေလည်းဆုံးရှုံးမှာဖြစ်သလို တစ်ဖက်က အလုပ်မှာလည်းမျက်နှာပျက်စရာတွေအများကြီးဖြစ်လာနိုင်ပါတယ်။ နောက်ထက်ဖြစ်နိုင်တာကတော့ အရည်အသွေးမကောင်းတဲ့ USB Stick တွေအသုံးပြုတဲ့အခါမှာလည်း ရှိသင့်တဲ့သက်တမ်းတစ်ခုထက် ပိုပြီးမြန်မြန်ပျက်သွားတာမျိုးကိုကြုံရနိုင်ပါတယ်။ ဒါတွေကတော့ ကိုယ့်မျက်စိရှေ့မှာတင် အချိန်တိုအတွင်း ဆုံးရှုံးသွားနိုင်တဲ့ ကျနော်တို့ရဲ့ Data တွေအကြောင်းပါ။

အမှတ်တမဲ့ကြောင့် Data များပျက်စီးဆုံးရှုံးခြင်း
ဒီလိုဖြစ်ရပ်မျိုးက ကျနော်တို့ပိုပြီးကြုံရလေ့ရှိမယ်ထင်ပါတယ်။ ကားစီးရင်း ခါးပိုက်နှိုက်ခံရတဲ့အထဲပါသွားတာမျိုး၊ အင်္ကျီအိပ်ကပ်၊ ဘောင်းဘီအိပ်ကပ်တွေထဲမှာ ထည့်ထားပြီး အဝတ်လျှော်တဲ့အခါရေဝင်လို့ပျက်သွားတာမျိုး၊ နေရာအထားမှားပြီးပျောက်တာနဲ့ သွားရင်းလာရင်း သတိလက်လွတ်ဖြစ်ပြီးကျပျောက်သွားတာမျိုးတွေပေါ့။

အပေါ်မှာပြောခဲ့သလိုမျိုးဖြစ်ရပ်တွေက ခဏခဏ ကြုံတွေ့နေကြားနေရတဲ့အကြောင်းတွေပါ။ ကွန်ပျူတာထဲထည့်ထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် OS ပျက်သွားတဲ့အခါ အလွယ်တစ်ကူပြန်ယူလို့မရနိုင်သလို Hard Disk Drive ဆိုတာလည်း Memory Stick အကြီးစားပဲဖြစ်တာမို့ သိပ်မထူးခြားပါဘူး။ Storage များများဝင်ဆံ့ပေမယ့် တစ်ခါတစ်လေမှာ Memory Stick တွေထက်တောင်ပိုပြီးအပျက်မြန်နေတတ်ပါသေးတယ်။

ဒီလိုအဖြစ်ဆိုးတွေမကြာမကြာဖြစ်နေရင်တော့ မဟန်ပါဘူး၊ ရေရှည်မှာ အဲ့လိုမဖြစ်အောင်နည်းလမ်းတစ်ခုခုတော့ ရှာဖို့လိုလာပါပြီ။ ထိတွေ့လို့ရတဲ့အရာဝတ္ထုတွေ (Hardware) တွေက ပျက်စီးလွယ်တယ်ဆိုရင် ထိတွေ့လို့မရတဲ့ Software Program တွေကိုအသုံးပြုပြီးတည်ဆောက်ထားတဲ့ Online Storage Cloud Drive တွေက အချက်အလက်တွေကိုသိမ်းဆည်းဖို့အကောင်းဆုံးနေရာတစ်ခုဖြစ်လာပါတယ်။ ဒီနေရာမှာ Online Storage Cloud Drive ဆိုတာဘာလဲ? ဘယ်လိုအလုပ်လုပ်သလဲဆိုတာ အနည်းငယ်ရှင်းပြပေးချင်ပါတယ်။

Cloud Storage ဆိုတာဘာလဲ?

သင့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်ဆိုပါစို့။ သင်က A သူငယ်ချင်းက B လို့မှတ်ထားလိုက်ပါ။
A က Digital Data တွေဖြစ်တဲ့ ဓါတ်ပုံတွေ၊ ရုပ်ရှင် နဲ့သီချင်းတွေ စတဲ့အချက်အလက်တွေကို စိတ်ချရတဲ့နေရာတစ်ခုမှာ သိမ်းထားချင်ပါတယ်။ ဒါပေမယ့် အချိန်မရွေး အဲ့ဒေတာတွေကို ပြန်ကြည့်နိုင်မယ်၊ ကူးယူနိုင်မယ်၊ ပြင်ဆင်နိုင်မယ် စတဲ့အချက်တွေကိုလည်းလုပ်ချင်ပါတယ်။ ပုံမှန်ဆိုရင်တော့ Memory Stick တစ်ချောင်းမှာထည့်ပြီး ရောက်တဲ့နေရာမှာသုံးလို့ရပေမယ့် ပျက်သွားမှာ၊ ကျပျောက်သွားမှာကို စိုးရိမ်တဲ့အတွက် တခြားနည်းလမ်းတစ်ခုကိုစဉ်းစားနေပါတယ်။ B ကတော့ အိမ်မှာအနေများတဲ့သူတစ်ယောက်ဖြစ်ပြီး Network ချိတ်ဆက်မှုနည်းပညာကိုလည်းကျွမ်းကျင်သူတစ်ဦးပါ။ သူကတော့ အရည်အသွေးမြင့်မားတဲ့ Hard Disk Drive တစ်ခုကို ၂၄ နာရီလုံးအသုံးပြုနိုင်အောင် ပြင်ဆင်ထားပြီး အချိန်မရွေးနေရာမရွေးအသုံးပြုနိုင်အောင် အင်တာနက်နဲ့ပါ ကွန်ယက်ချိတ်ထားပါတယ်။ ကြိုက်တဲ့နေရာကနေ အလွယ်တစ်ကူ ဝင်ရောက်နိုင်မယ့် Software Program ကိုပါစိတ်ကြိုက်ရေးသားထားပြီး UI ပိုင်းကိုအကောင်းဆုံးပြင်ဆင်ထားပါတော့တယ်။ သူ့ရဲ့ ပြင်ဆင်မွန်းမံထားတဲ့ Hard Disk Drive ဟာ နေရာလွတ်တွေအများကြီးကျန်နေပြီးသူ့အတွက် လိုတာထက်ပိုနေတာကြောင့် သူငယ်ချင်းဖြစ်တဲ့ A ကို ၎င်းရဲ့ Data တွေလာရောက်သိမ်းဆည်းဖို့ကမ်းလှမ်းပါတယ်။ အဲ့လိုကမ်းလှမ်းတဲ့အခါ A အတွက် သီးသန့်အသုံးပြုနိုင်မယ့် Storage အပိုင်းတစ်ခု ခွဲပြီးသတ်မှတ်ပေးလိုက်ပါတယ်။ သူ့မှာရှိတဲ့ လွတ်နေတဲ့ Storage တွေထဲက ၃ပုံ ၁ပုံကိုခွဲပေးလိုက်တာပါ။ ဒါပေမယ့် A ရဲ့ Storage လိုအပ်မှုက B ပေးနိုင်တဲ့ပမာဏထက် ပိုများလာတဲ့အခါမှာ နောက်ထပ် Hard Disk Drive တစ်လုံးကိုတိုးချဲ့ပြီး A စီက အခကြေးငွေကောက်ခံကာ ဝန်ဆောင်မှုပေးပါတော့တယ်။ A စီကနေ လစဉ်ကြေး၊ ဒါမှမဟုတ် နှစ်စဉ်ကြေးကောက်ခံပြီး B ဟာ သူ့ရဲ့ Storage Space တွေကိုပိုပြီးကောင်းမွန်စိတ်ချရအောင် ထိန်းသိမ်းကာ တခြားမိတ်ဆွေတွေကိုပါ လက်ဆင့်ကမ်းရောင်းချပါတော့တယ်။

Google Drive ရဲ့ Data အချက်အလက်တွေသိမ်းဆည်းရာ Data Center တစ်ခု

ဒီနေရာမှာ A ကတော့ ကျနော်တို့လို အသုံးပြုသူ Customer တွေဖြစ်ပြီး B ကတော့ A ကို ဝန်ဆောင်မှုပေးနေတဲ့ Cloud Service တွေဖြစ်ပါတယ်။ Cloud Service တွေဟာ စိတ်ချလုံခြုံတဲ့ အဆောက်အဦးတွေဆောက်လုပ်ပြီး အချိန်ပြည့် အအေးဓာတ်နဲ့ အင်တာနက် စနစ်တွေပေးထားကာ ကျွမ်းကျင်တဲ့ Network Engineer တွေနဲ့ ကျနော်တို့ရဲ့ အချက်အလက်တွေကိုထိန်းသိမ်းပေးပါတယ်။ အချက်အလက်တွေသိမ်းဆည်းတဲ့အခါမှာလည်း တစ်နေရာတည်းစု ပြုံသိမ်းတာမျိုးမဟုတ်ပဲ Backup Plan အဆင့်ဆင့်ပွားထားပြီးသိမ်းထားပေးတာကြောင့် ပျက်စီးဆုံးရှုံးဖို့ရာခိုင်နှုန်းဟာ မရှိသလောက်ကို စိတ်ချရပါတယ်။ ဒီလောက်ဆိုရင်တော့ Cloud Storage တွေရဲ့အလုပ်လုပ်ပုံကို နားလည်သဘောပေါက်လာပြီလို့ယူဆပါတယ်။ ဒါဆို Cloud Storage ရဲ့
အားသာချက်တွေက ဘာတွေဖြစ်မလဲ ပြန်ကြည့်ရအောင်။

၁.အသုံးပြုရလွယ်ကူခြင်း
Cloud Storage တွေတော်တော်များများဟာ Window နဲ့ Mac OS တွေအတွက် အသုံးပြုနိုင်မယ့် သီးသန့် Software တွေကိုထုတ်ပေးသလို Web-Based UI တွေကိုလည်းအရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးပြင်ဆင်ပေးထားပါတယ်။ ကိုယ်သိမ်းချင်တဲ့ Folder နဲ့ File တွေ Mouse နဲ့အလွယ်တကူဆွဲထည့်ရုံပါပဲ။ ပြီးတော့ ကွန်ပျူတာမှာရှိတဲ့ Internal Storage တွေနဲ့အတူ Cloud Storage ကိုပါတစ်ပါတည်းတွေ့မြင်နိုင်ပါသေးတယ်။

၂.အလွယ်တစ်ကူ ဝေမျှနိုင်ခြင်း
ကိုယ့်မှာရှိတဲ့ File တစ်ခုကို Share ဖို့အတွက် တစ်ယောက်ကိုတစ်ခါစီ Upload လုပ်ပေးနေရင် အလုပ်ရှုပ်ပါတယ်။ Drive မှာ Upload လုပ်ပြီးရလာတဲ့ Link နဲ့ သူငယ်ချင်းတွေအားလုံးကို Share ပေးနိုင်တယ်ဆိုရင် အချိန်ကုန်၊ ငွေကုန်လည်းသက်သာမှာဖြစ်ပါတယ်။

၃.အချိန်နေရာမရွေးဝင်ရောက်ကြည့်ရှုနိုင်ခြင်း
အင်တာနက်သာရှိနေမယ်ဆိုရင် သင်ဘယ်နေရာရောက်ရောက် Cloud Drive ထဲအလွယ်တစ်ခုဝင်ရောက်ပြင်ဆင်နိုင်မှာပါ။

၄.အလွယ်တကူ ပျက်ဆီးဆုံးရှုံးမှုမဖြစ်နိုင်ခြင်း
ဒီအချက်ကတော့ လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေအတွက် ၎င်းတို့ရဲ့ အရေးကြီးအချက်အလက်တွေကို သိမ်းထားနိုင်ဖို့အကောင်းဆုံးအားသာချက်ဖြစ်ပါတယ်။ Data တွေကိုသိမ်းဆည်းမယ့် Cloud Storage တွေဟာ သဘာဝဘေးအန္တရာယ်ဒါဏ်တွေအတွက် အဆင့်ဆင့်စီမံတွက်ချက်ပြီးတည်ဆောက်ထားတာကြောင့် ကိုယ့်စီမှာပုံမှန်သိမ်းထားတာထက်စာရင် အများကြီးစိတ်ချရပါတယ်။

၅.ကုန်ကျစားရိတ်နည်းပါးခြင်း
Cloud Drive တွေ (အထူးသဖြင့် Google Drive) ဟာ လစဉ်ကြေး၊ နှစ်စဉ်ကြေးနဲ့ စိတ်ကြိုက်ရွေးချယ်ပြီးအသုံးပြုလို့ရသလို စိတ်ချရမှုနဲ့ ပေးရတဲ့တန်ဖိုး ယှဉ်ကြည့်မယ်ဆိုရင် အတော်ကိုသက်သာတဲ့ အနေအထားမှာရှိပါတယ်။ Google Drive ကိုအသုံးပြုမယ်ဆိုရင် 100 GB နဲ့ တစ်လကို မြန်မာငွေ ၃ထောင်ပဲကျသင့်မှာဖြစ်ပါတယ်။ ( ဒေါ်လာဈေးပေါ်မူတည်ပြီး အနည်းငယ်ပြောင်းလဲနိုင်)

အခမဲ့(သို့) အခကြေးငွေဖြင့်အသုံးပြုနိုင်မယ့် အကောင်းဆုံး Cloud Storage Service များ

Dropbox Cloud Service
Dropbox မှာ Data တွေသိမ်းဆည်းဖို့အတွက် အကောင့်ဖွင့်မယ်ဆိုရင် 2GB အခမဲ့ပေးပါတယ်။ Mobile App တွေလည်းထုတ်ပေးထားတာဖြစ်လို့ ဖုန်းပေါ်က Data တွေသူငယ်ချင်းကို Share ပေးဖို့အတွက် Download လုပ်ပေးဖို့အကောင်းဆုံးထဲကတစ်ခုဖြစ်ပါတယ်။ Download ပြုလုပ်ရမယ့် UI ကလည်းရိုးရှင်းပါတယ်။


ဒါကတော့ Dropbox မှာရရှိနိုင်တဲ့ Storage Plans တွေပဲဖြစ်ပါတယ်။

OneDrive Cloud Storage


OneDrive ကတော့ Microsoft ကပိုင်ဆိုင်ပြီး Window Computer တွေမှာ Data Backup လုပ်ဖို့အတွက်အဓိကစီစဉ်ထားတာဖြစ်ပါတယ်။ User တစ်ယောက်စီတိုင်းအတွက် Drive Storage 5GB အခမဲ့ပေးထားသလို ထပ်ပြီးပိုသုံးချင်တယ်ဆိုရင်လည်း စိတ်ဝင်စားစရာ Package တွေနဲ့ဝယ်ယူနိုင်ဦးမှာပါ။ Mobile App လည်းရှိပေမယ့် Window OS အတွက်ဦးစားပေးထားတာကြောင့် အသုံးပြုလို့ရတဲ့နယ်ပယ်သိပ်ပြီးမတွင်ကျယ်သလိုရှိပါတယ်။

MEGA Cloud Storage


သူကတော့ Cloud Drive တွေထဲမှာ Free အများဆုံးပေးနိုင်တဲ့ Cloud Storage Provider တစ်ခုပါ။ Free အနေနဲ့ 50GB ပေးထားပါတယ်။ ဒါပေမယ့် Bandwidth ကန့်သတ်ချက်ကြောင့် File Size ကြီးကြီးတွေ Download ဆွဲရင်တော့အဆင်မပြေပါဘူး။ နောက်တစ်ချက်ကတော့ Download လုပ်တဲ့အခါမှာ Internet Download Manager လို Downloader Software တွေနဲ့ဆွဲလို့မရပါဘူး။ MEGA ကထုတ်ပေးထားတဲ့ Software ကဆွဲတာ၊ ဒါမှမဟုတ် Browser ကနေ တိုက်ရိုက်ဆွဲတာ မျိုးပဲလုပ်လို့ရပါတယ်။ MEGA ကိုတော့ ရေရှည်အသုံးပြုရမယ့်Files တွေအတွက် အဓိကထားပြီးသုံးကြပါတယ်။

PCloud Storage

PCloud ကတော့ Dropbox နဲ့နည်းနည်းဆင်တူပါတယ်။ Smartphone User တွေလက်ထက်မှာပိုအသုံးများလာပါတယ်။ Download ဆွဲရတာလွယ်ကူရိုးရှင်းပြီး Data တွေသိမ်းဆည်းမျှဝေဖို့ Free အနေနဲ့ 20 GB ပေးထားပါတယ်။

MediaFire Cloud Storage


ဒီ ကောင်လေးကတော့ကျနော်တို့အချစ်တော်လေးဆိုရင်လည်းမမှားဘူးထင်ပါတယ်။ အစိမ်းရောင် Bar လေးပေါ်မှာ Download ပြုလုပ်ရမယ့် Size လေးကိုဖော်ပြပေးထားပြီး Download Bandwidth ကလည်းအကန့်အသတ်မရှိ ခွင့်ပြုပေးထားတာကြောင့် လိုင်းကောင်းရင်ကောင်းသလို အမုန်းဆွဲလို့ရပါတယ်။ Data တွေသိမ်းဆည်းမျှဝေဖို့အတွက် Cloud Storage 10GB ကိုလည်း အခမဲ့ပေးထားပါသေးတယ်။

Google Drive Cloud Storage


လေ့လာချက်တွေအရ Personal Data တွေပဲဖြစ်ဖြစ်၊ လုပ်ငန်းသုံးအချက်အလက်တွေကို သိမ်းဖို့ပဲဖြစ်ဖြစ်ဆိုရင်တော့ Google Drive ဟာရွေးချယ်ဖို့အသင့်ဆုံး Cloud Storage ပဲဖြစ်ပါတယ်။

ရွေးချယ်သင့်တဲ့အကြောင်းတွေကတော့

၁.အသုံးပြုရန်အလွယ်ဆုံးဖြစ်ခြင်း
Google Drive ကို Google အကောင့်တစ်ခု
ရှိတာနဲ့ အသုံးပြုလို့ရပါတယ်။ ဒီနေ့ခေတ်မှာ Google အကောင့်ဆိုတာ ဖွင့်ရအလွယ်ဆုံး၊ အပေါဆုံးနဲ့ လူတိုင်းအားလုံးနီးပါးရှိနေတဲ့ အကောင့်တစ်ကောင့်ပါ။ Google အကောင့်တစ်ခုရှိတာနဲ့ Cloud Storage 15GB တစ်သက်တာ အခမဲ့ရရှိထားပြီးဖြစ်ပါတယ်။

၂.တွဲဖက်အသုံးပြုနိုင်မယ့် Software များပေါများခြင်း


GDrive ဟာ လူသုံးအများဆုံး Internet Search Engine ကြီးဖြစ်တဲ့ Google ရဲ့ Service ခွဲတစ်ခုဖြစ်တာကြောင့် ချိတ်ဆက်ထားတဲ့ တခြား Software Plugin တွေကလည်းများပြားလှပါတယ်။ Google Chrome Extension အနေနဲ့သုံးရမှာဖြစ်ပြီး အသုံးပြုနိုင်မယ့် Program တွေကိုတော့ ဒီနေရာကနေဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

 

၃.မည်သည့် File အမျိုးအစားကိုမဆိုသိမ်းဆည်းနိုင်ခြင်း


Google Drive မှာ Digital Data တွေကို စိတ်တိုင်းကျသိမ်းဆည်းလို့ရပါသေးတယ်။

၄.Gmail ကတဆင့်အလွယ်တစ်ကူ Share နိုင်ခြင်း


GDrive ထဲမှာရှိတဲ့အချက်အလက်တွေအားလုံးကို Gmail ကတစ်ဆင့် အလွယ်တစ်ကူ Share နိုင်တစ်လို တစ်ယောက်ခြင်းစီအတွက်လည်း Permission သီးသန့်ထားပေးလို့ရပါသေးတယ်။

၅.Real-Time အသုံးပြုနိုင်ခြင်း

နေရာမတူတဲ့ Co-Worker တွေနဲ့ Project တွေတွဲဖက်အလုပ်လုပ်တဲ့အခါမျိုးမှာ Document နဲ့ Folder တွေ File တွေကို အချိန်နဲ့တပြေးညီ ပြုပြင်နိုင်ပါတယ်။

၆.လုံခြုံစိတ်ချရမှုရှိခြင်

Internet ကိုအသုံးပြုပြီး Data တွေ သိမ်းတဲ့အခါ လုံခြုံရေးဆိုင်ရာပြဿနာတွေကိုလည်း မဖြစ်မနေသတိပြုရမှာပါ။ Google ကတော့ User တွေရဲ့အကောင့်တွေကို အမြင့်ဆုံး လုံခြုံရေးနည်းပညာတွေအသုံးပြုနိုင်အောင်စီစဉ်ပေးထားတာကြောင့် Google Account အခိုးမခံရသ၍တော့ Drive ပေါ်က Data တွေအားလုံးလုံခြုံနေဦးမှာပါ။ ဒါ့အပြင် Drive ထဲမှာရှိတဲ့ Data တွေအတွက်လည်း Online Antivirus Scanner တွေထည့်သွင်းပေးထားပါသေးတယ်။

၇. စမတ်ဖုန်းတွေအတွက် လွယ်ကူရိုးရှင်းတဲ့ UI ကိုပံ့ပိုးပေးထားခြင်း


Android ပဲဖြစ်ဖြစ် iOS ပဲဖြစ်ဖြစ် Google Drive App ကိုအသုံးပြုတဲ့အခါ အတော်လေးလွယ်ကူရိုးရှင်းအောင်လုပ်ပေးထားပါတယ်။ သာမန် File Manager တစ်ခုသုံးနေရသလိုခံစားရတဲ့အထိ ရိုးရှင်းပါတယ်။

၈.File Data များအလွယ်တစ်ကူပြန်လည်ရှာဖွေနိုင်ခြင်း


Google Drive မှာ လိုအပ်တဲ့ File တွေကို ပြန်လည်ရှာဖွေဖို့အတွက် Search Bar ကိုလည်းထည့်သွင်းပေးထားပါသေးတယ်။ တစ်လအတွင်း လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းတွေကိုလည်းပြန်လည်ကြည့်ရှုနိုင်ဦးမှာဖြစ်ပါတယ်။

၉.Music Streaming အဖြစ်အသုံးပြုနိုင်ခြင်း


အကယ်၍ GDrive မှာသီချင်းလေးတွေတင်ထားမယ်ဆိုရင် Driveplayer.com ကနေတစ်ဆင့် ပြန်လည်နားထောင်နိုင်ပါသေးတယ်။ Android ဖုန်းအတွက်လည်း CloudPlayer App နဲ့ကိုယ်ပိုင် Music Streaming တစ်ခုအဖြစ် ဖန်တီးနိုင်ပါသေးတယ်။ (CloudPlayer မှာ Drive Music Streaming ကိုအသုံးပြုဖို့အတွက် Premium App ကို $7 နဲ့ဝယ်ယူရမှာပါ)

၁၀.ဈေးသက်သာပြီး ဝယ်ယူရလွယ်ကူခြင်း


Google Drive ကပေးတဲ့ 15GB ကိုအသုံးပြုရတာမလောက်တော့ဘူးဆိုရင် ဈေးသက်သက်သာသာနဲ့ Upgrade လုပ်နိုင်တယ်။ လစဉ်ကြေး နှစ်စဉ်ကြေး Plan ၂မျိုးရွေးချယ်နိုင်ပြီး Upgrade လုပ်နိုင်မယ့် Storage တွေကတော့ 100 GB ၊ 1 TB ၊ 10 TB ၊ 20 TB နဲ့ 30 TB အထိရွေးယူနိုင်ပါတယ်။ Storage Upgrade လုပ်ဖို့အတွက်တော့ Visa Card နဲ့ချိတ်ဆက်ထားဖို့လိုမှာဖြစ်ပြီး ပြထားတဲ့အဆင့်တွေအတိုင်း အလွယ်တစ်ကူဝယ်ယူနိုင်ပါတယ်။

ဝယ်ယူမှုအစီအစဉ် ပြီးဆုံးသွားရင်တော့ အကောင့်ထဲ ကို အခုလို Receipt လေးပေးလို့မှာဖြစ်ပါတယ်။ Plan ကို Unscribe မလုပ်သေးသ၍တော့ လစဉ်အလိုလျောက် ကျသင့်ငွေကိုဖြတ်တောက်သွားမှာဖြစ်ပါတယ်။

အောက်မှာ Google Drive နဲ့ပတ်သက်တဲ့ Storage Plan ကိုဖော်ပြပေးထားပါတယ်။

Cloud Drive တွေနဲ့ပတ်သက်တဲ့ အားသာချက်တွေကိုသိရှိပြီးသွားပြီဆိုရင်တော့ Physical Storage တွေအစား ပိုပြီးကောင်းမွန်တဲ့ Cloud Storage တစ်ခုခုကို ရွေးချယ်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ မိတ်ဆွေတို့ သိပြီးအသုံးပြုနေတဲ့ Cloud Storage ကောင်းတာလေးတွေရှိရင်လည်း ဝေမျှဆွေးနွှေးပေးသွားဖို့ ဖိတ်ခေါ်ပါတယ်။ နောင်အလျဉ်းသင့်တဲ့ အခါ Cloud Storage Type တွေအကြောင်းဆက်လက်ဖော်ပြပေးသွားပါဦးမယ်။

Phone Hay Ko (Akhayar)
www.akhayar.com