[Zawgyi]








I am Peter Parker








The Last of Us Part II


The Last of Us







Kyaw Zaw (Akhayar)

www.akhayar.com


[Unicode]

Gamer တွေရဲ့ ရွှေနှစ်ဖြစ်လာစေမယ့် E3 2018 အပိုင်း (၂)

ဒီနေ့လေးဟာ Sony ရဲ့ အလန်းဆုံး Game တွေ မိတ်ဆက်ပေးတဲ့ နေ့ဖြစ်ပါတယ်။ မကြာခင် E3 ပွဲ စတော့မှာဆိုတော့ ပွဲဝင်ထားတဲ့ Gamer တွေ Sony ရဲ့ E3 Keynote ဘယ်လို Follow လုပ်ရမလဲ၊ ဘာ Game တွေ မိတ်ဆက်ထားလဲ သိရအောင် Akhayar အနေနဲ့ တင်ဆက် ဖော်ပြထားပါတယ်။

A Kojima’s Production: Death Stranding

ပထမဦးဆုံး အနေနဲ့ Sony ရဲ့ Press Conference မှာ Death Stranding Gameplay Trailer ကို ပြသွားပါတယ်။ First Impression အနေနဲ့ Game Setting လှလှပပ ချထားတဲ့ ရှုခင်းတွေ မြင်တွေ့ရမှာဖြစ်ပြီး The Phantom Pain ရဲ့ Open World Role Playing Game ပုံစံ ဆော့ကစားရမှာ ဖြစ်ပါတယ်။

Initial Launch Wallpaper

Death Stranding မှာ Kojima ဖန်တီးထားတဲ့ Gaming Experience အသစ် ရရှိဦးမှာဖြစ်ပြီး Timefall ဆိုတဲ့အတိုင်း မိုးရွာပြီဆိုတာနဲ့ အချိန်ပြောင်းလဲနိုင်တယ် ဆိုတာ ဖော်ပြထားပါတယ်။ Player အနေနဲ့ သေဆုံးသွားရင် Game Over မဖြစ်ဘဲ သေဆုံးခဲ့တဲ့ အချိန်၊ နေရာ နဲ့ အနီးစပ်ဆုံး နေရာက ပြန်စမှာ ဖြစ်ပါတယ်။ အဲ့ဒီလို Respawn မလုပ်ခင် ပတ်ဝန်းကျင်ကို Spirit ပုံစံနဲ့ Observe လုပ်နိုင်မှာ ဖြစ်ပြီး Ready ဖြစ်တာနဲ့ ခန္ဓာကိုယ်ထဲပြန်ဝင်ကာ ပြန်ကစားနိုင်မှာ ဖြစ်ပါတယ်။ နောက် Survival အနေနဲ့ အရေးပါတဲ့ Babies & Robots Integral Parts အရေးပါမှုကို Gameplay မှာ အသားပေး ဖော်ပြထားပါတယ်။ Invisible Disposal Team 6 အလောင်းတွေ ကလေးငယ် အပေါ် Possession ဖြစ်တဲ့အခါ သက်ဝင်လှုပ်ရှားလာမှာဖြစ်ပြီး Reedus ရဲ့ ပုခုံးပေါ်မှာ တပ်ဆင်ထားတဲ့ Robotic Arms က ပုံသဏ္ဍာန် ပျက်နေတဲ့ Shadow ပုံစံအနေနဲ့ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Death Stranding Game ထွက်ရှိလာမယ့်ရက် အတိအကျကို Kojima က ဘာမှ မပြောထားပေမယ့် Game ဟာ Exlusive အနေနဲ့ PS4 ပေါ် ရောက်ရှိလာမှာ ဖြစ်ပါတယ်။ Death Stranding Gameplay Trailer ကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

I am Peter Parker

နောက်ထပ် မိတ်ဆက်ပေးချင်တဲ့ Popular Game ကတော့ ကျွန်တော်တို့ အားလုံးရဲ့ အချစ်တော် Friendly Neighborhood Spiderman Game ဖြစ်ပါတယ်။ အရင်တုန်းက Spiderman Game တွေကို Activision က ကိုင်တွယ်နေတာ ဖြစ်ပေမယ့် Spiderman Character ကို MCU ကနေ ဝယ်ယူပြီးတဲ့ အခါမှာတော့ Sony အနေနဲ့ ပထမဦးဆုံး အလန်းစား Spiderman Game Trailer ကို ပြီးခဲ့တဲ့ E3 နဲ့ PGW 2017 ပွဲမှာ စပြီး မိတ်ဆက်ပေးခဲ့ပါတယ်။

ဒီတစ်ခေါက် ထုတ်ကြွားလိုက်တဲ့ Gameplay မှာတော့ ရေလည်လန်းတဲ့ Graphic Presentation နဲ့ Spidy လေးရဲ့ Combat skill ၊ Web-swinging Skill နဲ့ Gadget တွေကို Focus လုပ် ပြသထားပါတယ်။ Gameplay Trailer အရ လုံခြုံရေး အတင်းကြပ်ဆုံး The Raft အကျဥ်းထောင် ဖောက်ထွင်းမှုမှာ Spiderman အနေနဲ့ Electro ၊ Rhino ၊ Scorpion ၊ Vulture စတဲ့ Villains တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ရန်သူတွေကို Basic Combat Skill နဲ့ ချနိုင်သလို Combo များများရလေလေ Experience Point ပိုရမှာ ဖြစ်ပြီး Damage များများ သက်ရောက်နိုင်တဲ့ Web-swinging Ability Meter တစ်ဖြည်းဖြည်း ပြည့်လာမှာ ဖြစ်ပါတယ်။ Combo Chain မပျက်ရအောင် ရန်သူကို Web နဲ့ လှမ်းဆွဲပြီး Spidy ရဲ့ လှပတဲ့ ချကွက်တွေ မြင်ရဦးမှာ ဖြစ်ပါတယ်။ နောက် Sneak Attack ၊ Heavy Attack စတာတွေကို Spider Sense Icon နဲ့ ရှောင်ရှားနိုင်ပါ သေးတယ်။

Initial Launch Wallpaper

အခုလို Insomniac Games က ဖန်တီးထားတဲ့ Spiderman ရဲ့ Abilities အသစ်တွေ၊ Chain up လုပ်နိုင်တဲ့ Combat Skill တွေနဲ့ လှပတဲ့ Web-swinging တွေ ချပြထားတဲ့ Spiderman Game ဟာ အတော်လေး ကျေနပ်အားရစရာ ကောင်းပါတယ်။ Electro နောက်လိုက်ရတဲ့ Mission Scenario မှာ Web-swing နေရာတိုင်း မလုပ်နိုင်သလို Slowdown ဖြစ်စေမယ့် Barriers တွေ၊ အန္တာရယ်ပေးမယ့် ပစ္စည်းတွေကို Spider Sense Icon ကြည့်ပြီး ရှောင်ရှားရဦးမှာဖြစ်ပါတယ်။

MCU ရဲ့ The Most Famous Character ဖြစ်တဲ့ Spiderman ကို ငွေပေါ်ရုံ ဖန်တီးထားတာ မဟုတ်တဲ့အကြောင်း Gameplay Trailer က သက်သေပြနေပါတယ်။ Combat Style မှာ Spdiy က Arkham Knight ကြီးနဲ့ သွားဆင်သလို ဖြစ်နေပေမယ့် သူ့ Universe နဲ့ သူ Strong ဖြစ်လွန်းပါတယ်။ Trailer မှာတင် The Most Villains တွေနဲ့ ရင်ဆိုင်နေရတဲ့ Spidy ခမျာ ဘက်ပဲ့နေပြီး ဘယ်လို ဆက်ဖြစ်လာမလဲဆိုတာ Sony ကြေညာထားတဲ့အတိုင်း September ကျ PS4 Exclusive အနေနဲ့ Spiderman Game ထွက်လာတဲ့ အခါ သိရမှာဖြစ်ပါတယ်။

Spiderman Gameplay ကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Gaming Experience အတွေ့အကြုံ ပေးစွမ်းနိုင်မယ့် Death Stranding နဲ့ Spiderman အလှည့်ပြီးသွားရင်တော့ Sequel အနေနဲ့ ထွက်လာမယ့် Game တွေ ဖော်ပြပေးချင်ပါတယ်။

The Last of Us Part II

Part II ရဲ့ Gameplay Trailer မှာ ငယ်ရွယ်ပြီး အပြစ်ကင်းစင်တဲ့ Ellie ကို Playable Character အနေနဲ့ စထားတာကြောင့် အရင်ဇာတ်လမ်းရဲ့ ဘယ် Timeline နဲ့ ဆက်စပ်ပြီး ဇာတ်အိမ် တည်ထားတယ်ဆိုတာကိုတော့အတိအကျ မပြောနိုင်သေးပါဘူး။ Gameplay အနေနဲ့ ရန်သူတွေရဲ့ လုပ်ရှားမှုကိုကြည့်ပြီး အခွင့်သာရင် သာသလို သတ်ဖြတ်နိုင်ဖို့ ပုန်းလျှိုးကွယ်လျှိုး ကစားရမှာ ဖြစ်ပြီး ပြထားတဲ့ Stealth Action တွေ ပိုစိတ်လုပ်ရှားစရာကောင်းသလို ပါးနပ်ဖို့လည်း လိုပါတယ်။ ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ လုပ်ရှားမှုနှေးရင် နှေးသလို အချခံရနိုင်တဲ့ တိုက်ကွက်တွေ အသားပေး ပြသထားပါတယ်။ ကိုယ်သာရင် သာသလို အနိုင်ယူနိုင်တဲ့ Combat တွေ ပါဝင်ပြီး ရန်သူက ရိပ်မိနေလို့ မဖြစ်ပါဘူး။ ဒီလိုပဲ ရန်သူက တိုက်ခိုက်လာရင် လှုပ်ရှားကွက်တွေကိုကြည့်ပြီး အနိုင်ယူသွားတဲ့ တိုက်ကွက်တွေက ပိုကြမ်းလာပြီး ပိုရက်စက်လာပါတယ်။

The Last of Us

Naughty Dog အနေနဲ့ 2016 တုန်းက The Last of Us Universe မှာ ပါဝင်လာမယ့် Characters သစ် မိတ်ဆက်ထားတဲ့ Trailer ကို ချပြခဲ့ပါတယ်။ ဒါပေမယ့်လည်း Cordyceps Brain Infection ကူးစက်မှု Immune ဖြစ်နေတဲ့ Ellie အပေါ် သက်ရောက်မှုတွေ ရှိမယ်လို့ ထင်ကြေးပေးခဲ့တဲ့ အတိုင်း Part II မှာ Ellie ကို Protagonist အနေနဲ့ ချပြထားပါတယ်။ ဒါပေမယ့် Sony အနေနဲ့ Game ထွက်ရှိလာမယ့် ရက် အတိအကျ ကြေညာထားခြင်း မရှိသေးပါဘူး။

Part II Gameplay ကို အောက်မှာ ကြည်ရှုနိင်ပါတယ်။

Six Years of Past Since I Residence to it

နောက်ဆုံး မိတ်ဆက်ပေးချင်တဲ့ Game ကတော့ Viral Outbreak ကို အခြေခံထားတဲ့ Resident Evil 2 Remake ဖြစ်ပါတယ်။ Capcom ကတော့ 1998 တုန်းက ထွက်ခဲ့တဲ့ Game ကို 3D Rendering Graphic Presentation နဲ့ E3 Conference မှာ ပြသခဲ့ပြီး RE 2 Remake မှာ ပုခုံးပေါ်ကနေ မြင်ရမယ့် Camera Mode နဲ့ Modernized Control Scheme အသစ် ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် RE 2 Remake ကို Pure Horror ပုံစံ ကစားရမှာ မဟုတ်ပဲ 2004 တုန်းက ထွက်ခဲ့တဲ့ Resident Evil 4 ရဲ့ Action Horror ကို Mix လုပ်ထားတဲ့ ပုံစံနဲ့ ကစားရမှာ ဖြစ်ပါတယ်။ Game ဇာတ်လမ်းအရ Rookie Police Officer ပဲ ဖြစ်သေးတဲ့ Leon S. Kennedy နဲ့ S.T.A.R.S Member Clarie Redfield အနေနဲ့ T-virus Outbreak ဖြစ်နေတဲ့ Raccoon City မြို့ကြီးထဲ လွှတ်မြောက်ဖို့ ကစားရမှာ ဖြစ်ပါတယ်။

Capcom ကြေညာချက်အရ RE 2 Remake ကို လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ပြင်ဆင်နေခဲ့တာဖြစ်ပြီး လာမယ့်နှစ် ဇန္နဝါရီလ ၂၅ ရက်နေ့ကျရင် Gamer တွေ လက်ထဲ ပို့ပေးတော့မှာ ဖြစ်ပါတယ်။ Capcom အဆိုအရ 4K Visual Support ပါဝင်လာမှာ ဖြစ်ပေမယ့် ထွေထွေထူးထူး ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ RE 2 Remake Trailer ကို အောက်မှာာ ကြည့်ရှုနိုင်ပါတယ်။

PlayStation Conference မှာ Ghost of Tsushima Game နဲ့ Deracine PS4 VR Game Trailer ပြသခဲ့ပါသေးတယ်။ ဒါပေမယ့် Game ထွက်ရှိလာမယ့်ရက် ကြေညာထားခြင်း မရှိသေးပါဘူး။

Kyaw Zaw (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။