စိတ်ဝင်စားဖွယ်ရာ Nvidia မိတ်ဆက်လိုက်တဲ့ Ray Tracing နည်းပညာ

ကွန်ပျူတာ Graphcis နည်းပညာမှာ အသစ်ပါဝင်လာခဲ့တဲ့ Ray Tracing ဆိုတာ သဘာဝကျပြီး Cinematic အလင်းရောင် ပေးစွမ်းနိုင်တဲ့ Light Reflection နည်းပညာပါ။ ရုပ်ရှင်တကား ကြည့်နေရသလို ဂိမ်းကစားရမယ့် Feeling မျိုးပေးစွမ်းနိုင်တဲ့ Nvidia နည်းပညာသစ်က Frame Rate တိုးပေးလိုက်တယ် ဆိုတာထက် အရမ်းအနုစိပ်သွားပြီး လက်တွေ့နဲ့ အနီးစပ်ဆုံး ပုံရိပ်တွေ ဖန်တီး ပေးနိုင်လာတာလို့ ပြောနိုင်ပါတယ်။

မီးရောင်က တင့်ကားပေါ် အလင်းပြန်နေပါတယ်

Nvidia နဲ့ DICE ပူးတွဲပြသခဲ့တဲ့ Battlefied V Demo ထဲမှာဆိုရင် အရာဝတ္ထု ပေါက်ကွဲသွားလို့ ဘေးနားမှာရှိနေတဲ့ အဆောက်အဦးမှန် နဲ့ လက်ထနေတဲ့ ကား Body ပေါ် သဘာဝအတိုင်း တံလျပ်ထ အလင်းပြန်သွားတာ အနုစိပ် ဖော်ပြပေးနိုင်ပါတယ်။

တင့်ကားရှေ့ ဗုံးကွဲသွားလို့ တံလျှပ်ထသွားတာ ပီပြင်လာတယ်

ဒီလိုပဲ Rotterdam မြို့ထဲ V1 Rocket ကျလာလို့ ထွက်ပေါ်လာတဲ့ မီးတောက်၊ မီးလျှံတွေ လမ်းမဘေးက အဆောက်အဦး ပြတင်းတွေထဲ ပေါ်လွင်သွားတဲ့အထိ ပီပြင်နေပါပြီ။

V1 Rocket ကျလို့ ပြတင်းပေါက်မှာ Particle Effect အထင်းသားပေါ်လွင်နေတယ်

နောက်ပြီး Flamethrower တင့်ကားကြီး Churchchill ပစ်ခတ်လိုက်လို့ မောင်းတံအောက်က ဖုန်တွေလွှင့်ထွက် စူးရှတောက်ပတဲ့ မီးတောက်ကြီးထွက်လာတဲ့အထိ Nvidia ဖန်တီးထားနိုင်နေပါပြီ။

လင်းထိန်သွားတာပဲ

ဒါတွေထက် အပီပြင်ဆုံးအချက်က လူမျက်လုံးထဲ Reflection ပေါ်သွားတာကို သရုပ်ဖော်လိုက်တဲ့အချက်ပါ။

သူ့မျက်လုံးထဲက မီးတောက်လေး

အပေါ်က ပြောခဲ့တဲ့အချက်လေးတွေက Screen Space တခုထဲ ဖြစ်ပွားနေတဲ့ Reflection ဆိုတော့ အပြင်မှာ ဖြစ်နေတဲ့အတိုင်းပဲလို့ ပြောလို့ရပါတယ်။ နောက်ပြီး SSAO (Screen Space Ambient Occlusion) ဘယ်လောက်ကောင်းလာသလဲဆိုတာကို Demo စစချင်း တင့်ကားထုလိုက်လို့ ဖွာထွက်လာတဲ့ မီးပွား၊ မီးတောက်တွေ စစ်သားမျက်လုံးထဲ ထင်ဟပ်သွားတာကို အထင်ကြီးစရာ မြင်တွေ့ရမှာပါ။

RTX Mode Comparison (1)

ဒါဆိုရင် Nvidia နည်းပညာသစ်ကို Performance တိုးသွားတယ်လို့ ပြောတာထက် In-game Effect တွေ လက်တွေ့နီးနီး ပီပြင်သွားပြီလို့ ပြောလို့ရနေပါပြီ။ ဒီလို Ray Tracing နည်းပညာ ထောက်ပံ့ဖို့ DLSS (Deep Learning Super Sampling) ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

RTX Mode Comparison (2)

ဒီအချက်က ရောင်ပြန်ဟပ်နိုင်မယ့် Reflection မျိုး မထောက်ပံ့နိုင်တဲ့ Screen Space Reflection နေရာကို အစားထိုးလာမှာဖြစ်ပြီး A.I နဲ့ Tensor Core နည်းပညာတွေနဲ့ ပံ့ပိုးထားသေးတယ်လို့သိရပါတယ်။

RTX Mode Comparison (3)

ဒါကြောင့် DLSS သုံးပြီး ဂိမ်းကစားတဲ့အခါ Ray Tracing Effect ပို ပီပြင်လာခဲ့ပြီး Battlefield V ၊ Assetto ၊ Corsa Competizione ၊ Control ၊ Enlisted ၊ Justice ၊ Atomic Heart ၊ JX3 ၊ MechWarrior 5: Mercenaries ၊ Metro Exodus ၊ ProjectDH နဲ့ Shadow of the Tomb Raider ဂိမ်းတွေပဲ Ray Tracing နည်းပညာ ပံ့ပိုးထားတယ်လို့ သိရပါတယ်။

2B (Akhayar)

www.akhayar.com