[Zawgyi]



GTX 2080 Graphics Card


MSI Gaming Laptop


Dell Concept Store


Dell Laptops


HP Laptops


Acer Laptops


AOC Monitors


Wireless GamePad


Wireless GamePad


USB Adapter


Cooler Spinner


QI 3.0 Wired Charger


Wireless Power Bank


Routers




Technology Solution

2B (Akhayar)
www.akhayar.com

[Unicode]

ICT Expo 2018 ရဲ့ စိတ်ဝင်စားစရာ Promotion တွေနဲ့ အလန်းစား Gadget များ

နှစ်စဉ်ကျင်းပမြဲ ICT ပြပွဲကို အောက်တိုဘာလ ၅ ရက်ကနေ ၇ ရက်နေ့အထိ တပ်မတော်ခန်းမထဲမှာ ကျင်းပနေပါပြီ။ ဒီပွဲလေးမှာ ပြည်တွင်း ကိုယ်စားလှယ်တွေ၊ အရောင်းဆိုင်တွေနဲ့ နည်းပညာ ကုမ္ပဏီတွေက စိတ်ဝင်စားစရာ Gadget ပစ္စည်းအလန်းတွေ၊ Promotion အစီစဉ်တွေနဲ့ စည်စည်ကားကား ကျင်းပနေပြီမလို့ သွားချင်တယ်ဆိုရင် ICT ပြပွဲမှာ ထူးဆန်းတာလေးတွေ စုစည်း တင်ပြပေးလိုက်ပါတယ်။

GTX 2080 Graphics Card

MSI Boot မှာ GTX 2080 Graphics Card က စောင့်ကြိုနေမယ်၊ နောက်ပြီး ဘယ် Gaming Series ဝယ်ဝယ် ဒေါ်လာ ၁၀၀ ပြန်အမ်းမယ့် Promotion နဲ့ Gift Box ကံစမ်းနိုင်မယ့် အခွင့်ရေးက အခုချိန် Gaming Laptop ကောင်းကောင်းရှာနေတယ်ဆိုရင် Budget ကစလို့ High-end အထိ Model အမျိုးမျိုးရောင်းချနေတဲ့ MSI Gaming တွေက စိတ်ဝင်စားစရာပါ။

MSI Gaming Laptop

Dell Product တွေ ရောင်းချနေတဲ့ Concept Store မှာဆိုရင် မြန်မာကိုယ်စားလှယ် Citcom နဲ့ ပူးတွဲကျင်းပတာဆိုတော့ အကျိုးခံစားခွင့်က ကုမ္ပဏီကပေးတာနဲ့ Citicom ပေးတဲ့ ပြန်အမ်းငွေဆိုပြီး ၂ မျိုးခံစားခွင့်ရှိမှာပါ။ ဒါကြောင့်မလို့ ဒေါ်လာ ၂၀ ကနေ ၅၀ အထိနဲ့ မြန်မာငွေ ၄၀၀၀၀ ကနေ ၁၀၀၀၀၀ အထိ ငွေသားပြန်အမ်းမှာဖြစ်တာမလို့ Laptop မျိုးစုံ၊ Desktop ၊ Projector နဲ့ Monitor မျိုးစုံနဲ့ ဝေဝေဆာဆာဖြစ်နေတဲ့ Dell အရောင်းပြခန်းကလည်း ဝင်မွှေချင်စရာပါ။

Dell Concept Store

Cash Back အစီစဉ်နဲ့ ရောင်းချပေးနေတဲ့ Dell Laptop တွေ

Dell Laptops

HP အရောင်းပြခန်းမှာဆိုရင်လည်း Laptop ဝယ်ချင်သူတွေအတွက် ဒေါ်လာ ၃၀ ကနေ ၉၀ အထိ လျှော့ချပေးမယ့် Cash Back အစီစဉ်ကလည်း စိတ်ဝင်စားစရာပါ။

HP Laptops

Acer အရောင်းပြခန်းမှာဆိုရင်လည်း Predator Gaming Laptop တွေ၊ ကျောင်းသုံး၊ ရုံးသုံးအတွက် သင့်လျော်ပြီး Entertainment အတွက်သုံးနိုင်တဲ့ Swift စီးရီးတွေနဲ့ E စီးရီး Laptop တွေကို ဒေါ်လာ ၅၀ ပြန်အမ်းငွေ၊ လက်ဆောင်ပစ္စည်းတွေနဲ့ ရောင်းချနေပါတယ်။

Acer Laptops

Monitor ဝယ်ဖို့လိုနေတယ်ဆိုရင် Star Group Universe က ရောင်းချပေးနေတဲ့ AOC Monitor တွေကို လေ့လာနိုင်ပါတယ်။

AOC Monitors

ဒီအလန်းစား GamePad လေးက မိုဘိုင်းဖုန်းဂိမ်မာတွေ သဘောကျမယ့် Coolest Gadget လေးပါ။

Wireless GamePad

မြန်မာငွေ ၈၉၀၀ နဲ့ Hoco အရောင်းပြခန်းမှာ လေ့လာနိုင်ပါတယ်။

Wireless GamePad

ဒီ Necklace စတိုင် USB 2.0 Adapter ကြိုးလေးကို Remax အရောင်းပြခန်းမှာ Promotion ချထားသလို ၅၀၀၀ ကျပ်နဲ့ဝယ်ရင် ၂ ခုရမယ့် အခွင့်ရေးရှိပါတယ်။

USB Adapter

Spinner လည့်တာ နှစ်သက်သူတွေ Remax အရောင်းပြခန်းမှာ ကြိုက်တဲ့အရောင်လိုက် လေ့လာနိုင်ပါသေးတယ်။

Cooler Spinner

Rock အမှတ်တံဆိပ် QI 3.0 Wired Charger ကို မြန်မာငွေ ၉၀၀၀ ကျပ်ထဲနဲ့ ရောင်းချပေးနေတာမလို့ Fast Charging သုံးဖို့ ကြိုးလိုနေတယ်ဆိုရင် ICT Expo မှာ လေ့လာကြည့်လိုက်ပါ။

QI 3.0 Wired Charger

Wireless Power Bank ကို ၃၁၅၀၀ ကျပ်ထဲနဲ့ ဝယ်နိုင်ပါတယ်။

Wireless Power Bank

Prolink အရောင်းပြခန်းမှာ ရောင်းချနေတဲ့ Router အလန်းတွေ

Routers

Gigabyte Gaming Desktop ကြီးနဲ့ ဂိမ်းကစားကြည့်မယ်

Gigabyte Gaming Desktop

ဒီ ICT ပွဲလေးမှာ Laptop ပျက်နေလို့ ပြင်ချင်တယ်၊ ဘက်ထရီလဲရမယ်၊ Display လဲရမယ်၊ Motherboard ပြင်ရမယ်စတဲ့ ဝန်ဆောင်မှုပေးနေတဲ့ Technology Solution မှာ ပြပွဲကာလအတွင်း လက်ခ Free ၊ သက်သာတဲ့နှုန်းထားနဲ့ ဘယ် Brand မဆို ပြင်နိုင်ပါတယ်။

Technology Solution

2B (Akhayar)
www.akhayar.com