[Zawgyi]

ကြန္ပ်ဴတာမဝယ္ခင္ စဥ္းစားရမယ့္အခ်က္ ၇ ခ်က္က ဘာေတြျဖစ္မလဲ? အပိုင္း (၁)

ကြန္ပ်ဴတာလိုလို႔ အေရးတၾကီးပဲ ဝယ္ဝယ္၊ ေအးေအးေဆးေဆး အခ်ိန္ယူျပီး အၾကိဳက္ဆုံး၊ အေကာင္းဆုံးျဖစ္မွာကိုပဲ ေသခ်ာေရြးဝယ္ခ်င္တယ္ဆိုရင္ ဒီအခ်က္ေလးေတြနဲ႔ ဆန္းစစ္ၾကည့္ျပီး The Best Choice ကို ေရြးခ်ယ္လိုက္ပါ။

Dell XPS Core i3 Version

ပထမဦးဆုံး ကြဲကြဲျပားျပား ျဖစ္သြားေစခ်င္တာက ကိုယ္က Power User မလို႔ Gamer မလို႔ ရုံးသုံး၊ ေက်ာင္းသုံးအတြက္ဆိုျပီး အကန္႔ေလး ခြဲေစခ်င္တာပါ။ ဆိုလိုခ်င္တဲ့သေဘာကို အမ်ိဳးစားခြဲျပရမယ္ဆိုရင္ High-end ၊ Mid-range နဲ႔ Budget ဆိုျပီး ၃ မ်ိဳး ရွိတယ္ဆိုတာပါ။ အခုလို Level ၃ မ်ိဳးရွိတယ္ဆိုတာသိသြားရင္ High-end Build တြက္ဆင္မလား? သူ႔အတြက္ဆိုရင္ $1500 အထက္ရွိႏိုင္မယ္၊ Mid-range ဆိုရင္ေတာ့ $1000 ဝန္းက်င္ေပါ့၊ ရိုးရိုးပဲ သုံးခ်င္တယ္ဆိုရင္ေတာ့ $300 ေအာက္နဲ႔ ရုပ္ရွင္လည္းၾကည့္ႏိုင္၊ ေပါ့ေပါ့ပါးပါး ဂိမ္းကစားႏိုင္တဲ့ ကြန္ပ်ဴတာ တစ္လုံးဆင္လို႔ ရတယ္ဆိုတာကို သေဘာေပါက္ ေစခ်င္ပါတယ္။

Razer Blade 15 Mercury White Edition

ကယ္… ဒီလိုဆုိရင္ ကိုယ္အသုံးျပဳခ်င္တဲ့ Build အလိုက္ ကြန္ပ်ဴတာထဲက အစိတ္ပိုင္းေတြ ဘယ္လို ေရြးခ်ယ္မလဲဆိုတဲ့ထဲမွာ Processor ဘယ္လို ေရြးခ်ယ္မလဲဆိုတာ ေျပာျပသြားပါ့မယ္။

Central Processing Unit (CPU)

ကြန္ပ်ဴတာဝယ္ရင္ ပထမဆုံး စိတ္ဝင္စားၾကတာက CPU ေခၚ Processor ပါ။ သူကဘယ္ေလာက္ အေရးပါသလဲဆိုရင္ လူဦးေႏွာက္နဲ႔ သေဘာတရားခ်င္း သြားဆင္တူတယ္။ ဂိမ္းပဲကစားကစား၊ Rendering ပဲခ်ခ်၊ ဘာပဲလုပ္လုပ္ Processor Command မရွိရင္ အသက္မဲ့ေနတဲ့ လူတေယာက္လုိပါပဲ။ ဒီလိုဆိုေတာ့ အေရးပါဆုံး Processor ကို ဘယ္လို ေရြးခ်ယ္ၾကမလဲ?

Intel Processor

Core i7 or equivalent AMD Processor

Intel Processor ထဲမွာ စြမ္းေဆာင္ရည္ အျမင့္ဆုံး Core i7 ေတြကို Gaming Laptop ၊ Desktop ေတြမွာ အမ်ားဆုံးေတြ႕ရေလ့ရွိပါတယ္။ သူ႔မွာပါလာတဲ့ Core အေရတြက္ အမ်ားဆုံးရွိတာမလို႔ Powerful ျဖစ္တယ္လို႔ ေျပာရတာပါ။ တခ်ိဳ႕ Ultra-powerful ကြန္ပ်ဴတာေတြမွာ Core i9 Processor ေတြ ျမင္ရေလ့ရွိျပီး ဒီေကာင္ေတြက Render ေကာင္းေကာင္း ခ်ဖို႔အတြက္ တမင္ေစ်းၾကီးၾကီး ထုတ္ထားတဲ့ Processor ပါ။

Intel Core i7

ဒါေၾကာင့္မလို႔ Core i7 ၊ Core i9 စတာေတြကို Power User ေတြ ႏွစ္သက္ၾကသလို High-end Build ဆင္ခ်င္တဲ့လူမွ ေရြးခ်ယ္ၾကတာပါ။ သာမန္ ရုံးသုံး၊ ေက်ာင္းသုံးအတြက္ မလိုအပ္သလို Game ကစားခ်င္သူေတြ ေဒၚလာ ၂၀၀ ေလာက္ ေခြ်တာလိုက္ျပီး ပိုျပီး Strong ျဖစ္တဲ့ Graphics Card ေရြးခ်ယ္လိုက္တာက ပိုသင့္ေတာ္ပါတယ္။

Core i7 excels performance in gaming

Core i5 or equivalent AMD Processor

အလယ္လတ္ေစ်းႏႈန္းနဲ႔ Mid-range to High Performance ပိုင္ဆိုင္ထားတဲ့ Core i5 Processor ေတြဟာ CPU သုံးဖို႔ အရမ္းမလိုဘူး၊ ပုံမွန္ထက္ပိုတဲ့ စြမ္းေဆာင္ရည္မ်ိဳးနဲ႔ အလုပ္လုပ္ခ်င္သူေတြအတြက္ အသင့္ေတာ္ဆုံးပါပဲ။ လုပ္ငန္းသုံးအတြက္ သင့္ေတာ္သလို Game ကစားခ်င္သူအတြက္လည္း Ready ျဖစ္ေနတဲ့ Procesor ပါပဲ။

Intel Core i5

ေနာက္ျပီး Core i5 ကို ေရြးခ်ယ္တာ ေကာင္းတယ္ဆိုတဲ့ ေနာက္တစ္ခ်က္က ေရရွည္မွာ ၾကာၾကာသုံးႏိုင္ေသးသလို အသစ္ထြက္လာမယ့္ Software ေတြကို ေကာင္းေကာင္းကိုင္တြယ္ႏိုင္ဦးမယ္ဆိုတာပါ။ ဒီလိုဆိုေတာ့ ဘယ္အတြက္ပဲ ကြန္ပ်ဴတာဝယ္ဝယ္ Core i5 ေလာက္ဆြဲထားလိုက္တာက ပိုေကာင္းပါတယ္။ တခ်ိဳ႕ Budget ပဲ မွန္းထားတဲ့သူ၊ ရံဖန္ရံခါပဲ ကြန္ပ်ဴတာသုံးေလ့ရွိသူအတြက္က ဒီအခ်က္ မစဥ္းစားလဲ ကိစၥမရွိပါဘူး။

An ideal Processor for Mac Family

Core i3 or equivalent AMD Processor

Core i3 Processor ေတြကေတာ့ Budget ကေန Mid-Range ရွိတဲ့ ကြန္ပ်ဴတာဆင္ဖို႔ သင့္ေတာ္ပါတယ္။ ဒါမယ့္ Mid-range သြားခ်င္တယ္ဆိုရင္ေတာ့ Quad Core i3 သြားတာထက္ Core i5 ေရြးတာ ပိုေကာင္းပါတယ္။ သူ႔ဘာသူ Generation ျမင့္လို႔ Core 4 လုံးပဲ ပါပါ Level ပိုျမင္တဲ့ Processor ေရြးခ်ယ္လိုက္တာ ျပိဳင္ကားနဲ႔ ေလယာဥ္စီးရသလို ကြာျခားမႈေတြ ရွိႏိုင္ပါတယ္။

Intel Core i3

ေနာက္ျပီး ရုံးသုံး၊ ေက်ာင္းသုံးအတြက္ ကြန္ပ်ဴတာဝယ္ဖို႔စဥ္းစားထားရင္ Core i3 အစား Core M ဒါမွမဟုတ္ Pentium ၊ Celeron ၊ Atom Processor ေတြ ေရြးခ်ယ္ႏိုင္ပါေသးတယ္။ အဲ့သလို Budget အဆင့္မွာ စကားေျပာမယ့္အခ်က္က ေငြဘယ္ေလာက္သုံးႏိုင္မလဲ အဓိက ျဖစ္သြားတာမလို႔ ရုံးသုံး၊ ေက်ာင္းသုံးနဲ႔ အင္တာနက္၊ YouTube ဗီဒီယိုၾကည့္တာမ်ိဳးအတြက္ဆိုရင္ေတာ့ အျမင့္ဆုံး Core i3 ကေန Atom Processor အထိ ႏွစ္သက္ရာ ေရြးခ်ယ္ႏိုင္ပါတယ္။

Core M for light weight Multi-tasking

Laptop or Desktop

ဒီိလို အကန္႔ ၂ ခု ခြဲလိုက္ရတယ္ဆိုတာက Laptop အတြက္ထုတ္ထားတဲ့ Processor ေတြမွာ ULV (Ultra Low Voltage) နဲ႔ HQ (High Quaility) ဆိုျပီး ၂ မ်ိဳး ရွိေနလို႔ပါ။ ဥပမာ 8th Generation Intel Core i7 Processor ထဲမွာဆိုရင္ Core i7-8550U နဲ႔ Core i7-8750H ဆိုျပီး ေမာ္ဒယ္ ၂ မ်ိဳးခြဲထုတ္ထားပါတယ္။ ေရွ႕ U ဆိုတဲ့ စကားလုံးက ULV လို႔ ရည္ညြန္းျပီး ပါဝါအစားနည္းတယ္၊ H ကေတာ့ Powerful လို႔ ေျပာခ်င္တာျဖစ္ျပီး ပါဝါပိုစားမယ္၊ စြမ္းေဆာင္ရည္ပိုေကာင္းမယ္၊ U စီးရီးထက္စာရင္ Core အေရတြက္လည္း ပိုမ်ားပါမယ္။

Two variant Core i7 Processors

အထူးသျဖင့္ U ေမာ္ဒယ္ေတြကို Ultrabook လို ပါးပါးလပ္လပ္ လက္ေတာ့ေတြမွာ အမ်ားဆုံးေတြ႔ရတတ္ျပီး အဓိက ရည္ရြယ္ခ်က္က ပါဝါအစားနည္းနည္းနဲ႔ စြမ္းေဆာင္ရည္ မ်ားမ်ားေပးခ်င္တဲ့ သေဘာပါ။ H စီးရီးေတြက် Desktop Level စြမ္းေဆာင္ရည္ ရဖို႔အတြက္ ပါဝါ Control ပိုင္း ဒီဇိုင္းေျပာင္းဆြဲထားသလို Desktop Core i7-8700 နီးပါး စြမ္းေဆာင္ႏိုင္ဖို႔အတြက္ပါ။ ဒါေပမယ့္ Desktop ေလာက္ေတာ့ ဘယ္ျမန္ပါ့မလဲေနာ္။

Ultrabook inspired by Intel U Series Processor

အခုလို Processor ေရြးခ်ယ္တာနဲ႔ ပတ္သက္လို႔ သိျပီးသြားရင္ အႏွစ္ခ်ဳပ္ေျပာခ်င္တာ Internet သုံးမယ္၊ Facebook နဲ႔ Instagram သုံးမယ္၊ ရုပ္ရွင္ၾကည့္ဖို႔အတြက္ပဲဆိုရင္ Core i3 ကိုမွ 8GB RAM ပါတာကို ေရြးခ်ယ္ပါ။ ဒီထက္ပိုသုံးခ်င္တယ္ ဥပမာ ဂိမ္းကစားဖို႔အတြက္ဆိုရင္ Core i5 သုံးလိုက္တာက Performance ပိုတက္သြားႏိုင္သလို SSD ေတြပါ ပါလာခဲ့ရင္ Perfect ျဖစ္ေနျပီလို႔ ေျပာႏိုင္ေနပါျပီ။ အဲ့လိုမွမဟုတ္ပဲ High-end ဆင္ခ်င္တယ္ဆိုရင္ေတာ့ Core i7 ကိုမွ 16GB RAM ၊ SSD စတာေတြနဲ႔ ဆင္လိုက္ရင္ Powerful Build ကြန္ပ်ဴတာတလုံးပိုင္ဆိုင္ႏိုင္မွာပါ။

Sitting tight on ROG Gaming Motherboard

ေနာက္ျပီး Intel နဲ႔ AMD ဘာကိုေရြးမလဲ အၾကမ္းဖ်င္းေျပာရမယ္ဆိုရင္ Single Core စြမ္းေဆာင္ရည္မွာ Intel အျမဲ အသာရေလ့ရွိပါတယ္၊ Thermal Instability ျဖစ္ခဲတယ္၊ Cooling လုံလုံေလာက္ေလာက္ သုံးထားရင္ပဲ Processor Throttling မျဖစ္ႏိုင္ဘူး။ ဒါေပမယ့္ Intel ထက္စာရင္ AMD ပို အားသာေနတာေတြက ေစ်းသက္သာတယ္၊ တန္ဖိုးခ်င္းတူရင္ေတာင္ Clock Speed ၊ Core Count ပိုမ်ားတယ္။ ဒီလိုကြာျခားခ်က္ေလးရွိတဲ့အတြက္ Ryzen လို Processor မ်ိဳးသုံးခ်င္တယ္ဆိုရင္ အေပၚက အခ်က္ေလးေတြအတိုင္း ခ်င့္ခ်ိန္ ေရြးခ်ယ္ႏိုင္ပါေသးတယ္။

Coming up in Part 2 : RAM နဲ႔ Graphics Card ဘယ္လို ေရြးခ်ယ္မလဲ?

2B (Akhayar)
www.akhayar.com

[Unicode]

ကွန်ပျူတာမဝယ်ခင် စဉ်းစားရမယ့်အချက် ၇ ချက်က ဘာတွေဖြစ်မလဲ? အပိုင်း (၁)

ကွန်ပျူတာလိုလို့ အရေးတကြီးပဲ ဝယ်ဝယ်၊ အေးအေးဆေးဆေး အချိန်ယူပြီး အကြိုက်ဆုံး၊ အကောင်းဆုံးဖြစ်မှာကိုပဲ သေချာရွေးဝယ်ချင်တယ်ဆိုရင် ဒီအချက်လေးတွေနဲ့ ဆန်းစစ်ကြည့်ပြီး The Best Choice ကို ရွေးချယ်လိုက်ပါ။

Dell XPS Core i3 Version

ပထမဦးဆုံး ကွဲကွဲပြားပြား ဖြစ်သွားစေချင်တာက ကိုယ်က Power User မလို့ Gamer မလို့ ရုံးသုံး၊ ကျောင်းသုံးအတွက်ဆိုပြီး အကန့်လေး ခွဲစေချင်တာပါ။ ဆိုလိုချင်တဲ့သဘောကို အမျိုးစားခွဲပြရမယ်ဆိုရင် High-end ၊ Mid-range နဲ့ Budget ဆိုပြီး ၃ မျိုး ရှိတယ်ဆိုတာပါ။ အခုလို Level ၃ မျိုးရှိတယ်ဆိုတာသိသွားရင် High-end Build တွက်ဆင်မလား? သူ့အတွက်ဆိုရင် $1500 အထက်ရှိနိုင်မယ်၊ Mid-range ဆိုရင်တော့ $1000 ဝန်းကျင်ပေါ့၊ ရိုးရိုးပဲ သုံးချင်တယ်ဆိုရင်တော့ $300 အောက်နဲ့ ရုပ်ရှင်လည်းကြည့်နိုင်၊ ပေါ့ပေါ့ပါးပါး ဂိမ်းကစားနိုင်တဲ့ ကွန်ပျူတာ တစ်လုံးဆင်လို့ ရတယ်ဆိုတာကို သဘောပေါက် စေချင်ပါတယ်။

Razer Blade 15 Mercury White Edition

ကယ်… ဒီလိုဆိုရင် ကိုယ်အသုံးပြုချင်တဲ့ Build အလိုက် ကွန်ပျူတာထဲက အစိတ်ပိုင်းတွေ ဘယ်လို ရွေးချယ်မလဲဆိုတဲ့ထဲမှာ Processor ဘယ်လို ရွေးချယ်မလဲဆိုတာ ပြောပြသွားပါ့မယ်။

Central Processing Unit (CPU)

ကွန်ပျူတာဝယ်ရင် ပထမဆုံး စိတ်ဝင်စားကြတာက CPU ခေါ် Processor ပါ။ သူကဘယ်လောက် အရေးပါသလဲဆိုရင် လူဦးနှောက်နဲ့ သဘောတရားချင်း သွားဆင်တူတယ်။ ဂိမ်းပဲကစားကစား၊ Rendering ပဲချချ၊ ဘာပဲလုပ်လုပ် Processor Command မရှိရင် အသက်မဲ့နေတဲ့ လူတယောက်လိုပါပဲ။ ဒီလိုဆိုတော့ အရေးပါဆုံး Processor ကို ဘယ်လို ရွေးချယ်ကြမလဲ?

Intel Processor

Core i7 or equivalent AMD Processor

Intel Processor ထဲမှာ စွမ်းဆောင်ရည် အမြင့်ဆုံး Core i7 တွေကို Gaming Laptop ၊ Desktop တွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ သူ့မှာပါလာတဲ့ Core အရေတွက် အများဆုံးရှိတာမလို့ Powerful ဖြစ်တယ်လို့ ပြောရတာပါ။ တချို့ Ultra-powerful ကွန်ပျူတာတွေမှာ Core i9 Processor တွေ မြင်ရလေ့ရှိပြီး ဒီကောင်တွေက Render ကောင်းကောင်း ချဖို့အတွက် တမင်ဈေးကြီးကြီး ထုတ်ထားတဲ့ Processor ပါ။

Intel Core i7

ဒါကြောင့်မလို့ Core i7 ၊ Core i9 စတာတွေကို Power User တွေ နှစ်သက်ကြသလို High-end Build ဆင်ချင်တဲ့လူမှ ရွေးချယ်ကြတာပါ။ သာမန် ရုံးသုံး၊ ကျောင်းသုံးအတွက် မလိုအပ်သလို Game ကစားချင်သူတွေ ဒေါ်လာ ၂၀၀ လောက် ချွေတာလိုက်ပြီး ပိုပြီး Strong ဖြစ်တဲ့ Graphics Card ရွေးချယ်လိုက်တာက ပိုသင့်တော်ပါတယ်။

Core i7 excels performance in gaming

Core i5 or equivalent AMD Processor

အလယ်လတ်ဈေးနှုန်းနဲ့ Mid-range to High Performance ပိုင်ဆိုင်ထားတဲ့ Core i5 Processor တွေဟာ CPU သုံးဖို့ အရမ်းမလိုဘူး၊ ပုံမှန်ထက်ပိုတဲ့ စွမ်းဆောင်ရည်မျိုးနဲ့ အလုပ်လုပ်ချင်သူတွေအတွက် အသင့်တော်ဆုံးပါပဲ။ လုပ်ငန်းသုံးအတွက် သင့်တော်သလို Game ကစားချင်သူအတွက်လည်း Ready ဖြစ်နေတဲ့ Procesor ပါပဲ။

Intel Core i5

နောက်ပြီး Core i5 ကို ရွေးချယ်တာ ကောင်းတယ်ဆိုတဲ့ နောက်တစ်ချက်က ရေရှည်မှာ ကြာကြာသုံးနိုင်သေးသလို အသစ်ထွက်လာမယ့် Software တွေကို ကောင်းကောင်းကိုင်တွယ်နိုင်ဦးမယ်ဆိုတာပါ။ ဒီလိုဆိုတော့ ဘယ်အတွက်ပဲ ကွန်ပျူတာဝယ်ဝယ် Core i5 လောက်ဆွဲထားလိုက်တာက ပိုကောင်းပါတယ်။ တချို့ Budget ပဲ မှန်းထားတဲ့သူ၊ ရံဖန်ရံခါပဲ ကွန်ပျူတာသုံးလေ့ရှိသူအတွက်က ဒီအချက် မစဉ်းစားလဲ ကိစ္စမရှိပါဘူး။

An ideal Processor for Mac Family

Core i3 or equivalent AMD Processor

Core i3 Processor တွေကတော့ Budget ကနေ Mid-Range ရှိတဲ့ ကွန်ပျူတာဆင်ဖို့ သင့်တော်ပါတယ်။ ဒါမယ့် Mid-range သွားချင်တယ်ဆိုရင်တော့ Quad Core i3 သွားတာထက် Core i5 ရွေးတာ ပိုကောင်းပါတယ်။ သူ့ဘာသူ Generation မြင့်လို့ Core 4 လုံးပဲ ပါပါ Level ပိုမြင်တဲ့ Processor ရွေးချယ်လိုက်တာ ပြိုင်ကားနဲ့ လေယာဉ်စီးရသလို ကွာခြားမှုတွေ ရှိနိုင်ပါတယ်။

Intel Core i3

နောက်ပြီး ရုံးသုံး၊ ကျောင်းသုံးအတွက် ကွန်ပျူတာဝယ်ဖို့စဉ်းစားထားရင် Core i3 အစား Core M ဒါမှမဟုတ် Pentium ၊ Celeron ၊ Atom Processor တွေ ရွေးချယ်နိုင်ပါသေးတယ်။ အဲ့သလို Budget အဆင့်မှာ စကားပြောမယ့်အချက်က ငွေဘယ်လောက်သုံးနိုင်မလဲ အဓိက ဖြစ်သွားတာမလို့ ရုံးသုံး၊ ကျောင်းသုံးနဲ့ အင်တာနက်၊ YouTube ဗီဒီယိုကြည့်တာမျိုးအတွက်ဆိုရင်တော့ အမြင့်ဆုံး Core i3 ကနေ Atom Processor အထိ နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။

Core M for light weight Multi-tasking

Laptop or Desktop

ဒီလို အကန့် ၂ ခု ခွဲလိုက်ရတယ်ဆိုတာက Laptop အတွက်ထုတ်ထားတဲ့ Processor တွေမှာ ULV (Ultra Low Voltage) နဲ့ HQ (High Quaility) ဆိုပြီး ၂ မျိုး ရှိနေလို့ပါ။ ဥပမာ 8th Generation Intel Core i7 Processor ထဲမှာဆိုရင် Core i7-8550U နဲ့ Core i7-8750H ဆိုပြီး မော်ဒယ် ၂ မျိုးခွဲထုတ်ထားပါတယ်။ ရှေ့ U ဆိုတဲ့ စကားလုံးက ULV လို့ ရည်ညွန်းပြီး ပါဝါအစားနည်းတယ်၊ H ကတော့ Powerful လို့ ပြောချင်တာဖြစ်ပြီး ပါဝါပိုစားမယ်၊ စွမ်းဆောင်ရည်ပိုကောင်းမယ်၊ U စီးရီးထက်စာရင် Core အရေတွက်လည်း ပိုများပါမယ်။

Two variant Core i7 Processors

အထူးသဖြင့် U မော်ဒယ်တွေကို Ultrabook လို ပါးပါးလပ်လပ် လက်တော့တွေမှာ အများဆုံးတွေ့ရတတ်ပြီး အဓိက ရည်ရွယ်ချက်က ပါဝါအစားနည်းနည်းနဲ့ စွမ်းဆောင်ရည် များများပေးချင်တဲ့ သဘောပါ။ H စီးရီးတွေကျ Desktop Level စွမ်းဆောင်ရည် ရဖို့အတွက် ပါဝါ Control ပိုင်း ဒီဇိုင်းပြောင်းဆွဲထားသလို Desktop Core i7-8700 နီးပါး စွမ်းဆောင်နိုင်ဖို့အတွက်ပါ။ ဒါပေမယ့် Desktop လောက်တော့ ဘယ်မြန်ပါ့မလဲနော်။

Ultrabook inspired by Intel U Series Processor

အခုလို Processor ရွေးချယ်တာနဲ့ ပတ်သက်လို့ သိပြီးသွားရင် အနှစ်ချုပ်ပြောချင်တာ Internet သုံးမယ်၊ Facebook နဲ့ Instagram သုံးမယ်၊ ရုပ်ရှင်ကြည့်ဖို့အတွက်ပဲဆိုရင် Core i3 ကိုမှ 8GB RAM ပါတာကို ရွေးချယ်ပါ။ ဒီထက်ပိုသုံးချင်တယ် ဥပမာ ဂိမ်းကစားဖို့အတွက်ဆိုရင် Core i5 သုံးလိုက်တာက Performance ပိုတက်သွားနိုင်သလို SSD တွေပါ ပါလာခဲ့ရင် Perfect ဖြစ်နေပြီလို့ ပြောနိုင်နေပါပြီ။ အဲ့လိုမှမဟုတ်ပဲ High-end ဆင်ချင်တယ်ဆိုရင်တော့ Core i7 ကိုမှ 16GB RAM ၊ SSD စတာတွေနဲ့ ဆင်လိုက်ရင် Powerful Build ကွန်ပျူတာတလုံးပိုင်ဆိုင်နိုင်မှာပါ။

Sitting tight on ROG Gaming Motherboard

နောက်ပြီး Intel နဲ့ AMD ဘာကိုရွေးမလဲ အကြမ်းဖျင်းပြောရမယ်ဆိုရင် Single Core စွမ်းဆောင်ရည်မှာ Intel အမြဲ အသာရလေ့ရှိပါတယ်၊ Thermal Instability ဖြစ်ခဲတယ်၊ Cooling လုံလုံလောက်လောက် သုံးထားရင်ပဲ Processor Throttling မဖြစ်နိုင်ဘူး။ ဒါပေမယ့် Intel ထက်စာရင် AMD ပို အားသာနေတာတွေက ဈေးသက်သာတယ်၊ တန်ဖိုးချင်းတူရင်တောင် Clock Speed ၊ Core Count ပိုများတယ်။ ဒီလိုကွာခြားချက်လေးရှိတဲ့အတွက် Ryzen လို Processor မျိုးသုံးချင်တယ်ဆိုရင် အပေါ်က အချက်လေးတွေအတိုင်း ချင့်ချိန် ရွေးချယ်နိုင်ပါသေးတယ်။

Coming up in Part 2 : RAM နဲ့ Graphics Card ဘယ်လို ရွေးချယ်မလဲ?

2B (Akhayar)
www.akhayar.com