iPhone 8 ကိုေတာ့ ဒီႏွစ္အကုန္ပိုင္းမွာ စတင္မိတ္ဆက္ႏိုင္ဖုိ႔ႀကိဳးစားေနပါတယ္။ ဒါေပမယ့္ ဒီဖုန္းမွာပါလာမယ့္ Features ေတြကုိေတာ့ သတင္းမေပါက္ၾကားရေအာင္ အထူးလ်ွိဳ ႔ဝွက္ထား ပါတယ္။ ဒီလုိ လွ်ဳိ႕ဝွက္ထားတဲ့ၾကားက အြန္လိုင္းမွာ iPhone 8 နဲ႔ပတ္သက္တဲ႔ သတင္းေပါက္ၾကားမႈေတြနဲ႔ ေကာလာဟလေတြဟာ ထြက္ေပၚလာခဲ့ပါတယ္။ ဒီအခ်က္အလက္ေတြကို စုစည္းတင္ျပေပးလိုက္ပါတယ္။

iPhone 7 ကို စတင္ျဖန္႔ခ်ိကတည္းက ေနာက္အသစ္ထြက္ရွိမယ့္ iPhone 8 ရဲ႕ အခ်က္အလက္ေတြနဲ႔ပတ္သက္ၿပီး ေကာလာဟလေတြ ထြက္ေနခဲ့တာျဖစ္ပါတယ္။ အေစာပိုင္း ေပါက္ၾကားခဲ့တဲ့သတင္းေတြအရေတာ့ iPhone 8 မွာ မ်က္ႏွာျပင္ပိုမိုႀကီးမားၿပီး တျခားလုပ္ေဆာင္ခ်က္ေတြပါ၀င္တဲ့ Ferrari Version ကိုလည္း ထုတ္လုပ္မွာျဖစ္ၿပီး အေကာင္းမြန္ဆံုး ဒီဇိုင္းနဲ႔ ပြဲထုတ္လာတာျဖစ္ပါတယ္။

ေကာလာဟလတစ္ခုအရေတာ့ အသစ္ထြက္ရွိလာမယ့္ သူတို႔ရဲ႕ဖုန္းကုိ Apple ဟာ iPhone 8 လုိ႔မေခၚဘဲ iPhone Pro လုိ႔ ေခၚမွာျဖစ္တယ္လုိ႔ဆိုပါတယ္။ အေစာပိုင္းမွာထြက္ခဲ့တဲ့အခ်က္အလက္ေတြအရေတာ့ အသစ္ထြက္မယ့္ iPhone ဟာ အရင္တုန္းကအသံုးျပဳခဲ့တဲ့ ေခါက္ဖုန္းေတြလုိမ်ဳိး အလယ္ကေနေခါက္လုိ႔ရလိမ့္မယ္လုိ႔ ဆိုပါတယ္။ ဖုန္းကို ေလာ့ခ္ဖြင့္ဖုိ႔ အသံုးျပဳသူေတြရဲ႕ မ်က္ႏွာကို Scan ဖတ္ႏိုင္တဲ့ ေလဆာနည္းပညာကိုလည္း ထည့္သြင္းႏိုင္တယ္လုိ႔လည္း ေကာလာဟလေတြ ထြက္ခဲ့ပါတယ္။ အားသြင္းႀကိဳးမလုိတဲ့ ႀကိဳးမဲ့အားသြင္းစနစ္ကိုလည္း အသံုးျပဳႏိုင္မွာျဖစ္ၿပီး အားသြင္းေခါင္းရဲ႕ ၁၅ ေပအကြာအေဝးကေန အားသြင္းႏိုင္မွာျဖစ္တယ္လုိ႔လည္း ဆိုပါတယ္။ အခ်က္အလက္ေတြကို ျမန္ျမန္ဆန္ဆန္ အေပးအယူလုပ္ႏိုင္မယ့္ Lightening Connector ကို ထည့္သြင္းအသံုးျပဳသြားမယ္လုိ႔လည္းဆိုပါတယ္။

iPhone 8 မွာ ပါ၀င္လာမယ့္ 3D ကင္မရာဟာလည္း သံုးဖက္ျမင္ပံုရိပ္ေတြကို ျပသေပးမွာျဖစ္ပါတယ္။ ဖုန္းအသစ္ဟာ ၂ဝ၁၇ ခုႏွစ္ ေအာက္တိုဘာလမွာ ထြက္လာမွာျဖစ္ၿပီး AirPods တစ္စံုကိုလည္း လက္ေဆာင္အျဖစ္ထည့္ေပးမွာျဖစ္ပါတယ္ဆိုၿပီး ေကာလာဟလေတြလည္း ထြက္ေပၚခဲ့ပါတယ္။ အသစ္ထြက္ရွိမယ့္ ဖုန္းမွာ Home ခလုတ္ပါဝင္ေတာ့မွာမဟုတ္ဘဲ မ်က္ႏွာျပင္တစ္ခုလံုး မွန္သားေတြနဲ႔ ဖံုးအုပ္ထားမွာျဖစ္ပါတယ္။ Super Glossy OLED Infinity Screen မ်က္ႏွာျပင္ကိုလည္း အသံုးျပဳထားမွာျဖစ္တယ္လုိ႔ ေျပာၾကပါတယ္။ ဖုန္းအသစ္ကို အလံုးေရ ၂၄၈ သန္းေလာက္ ေရာင္းခ်မွာျဖစ္ၿပီး ေစ်းႏႈန္းအေနနဲ႔ ေပါင္ ၉ဝဝ ေလာက္ က်သင့္မွာျဖစ္တယ္လုိ႔ ဆိုပါတယ္။ ေၾကးနီေရာင္စပ္ ေရႊေရာင္နဲ႔ ထြက္ေပၚလာမွာျဖစ္ၿပီး လက္ေဗြရာ အာရံုခံစနစ္လည္း ပါ၀င္မွာျဖစ္ပါတယ္။

iPhone 8 ကိုေတာ့ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ မွာ ထြက္ရွိလာမယ္လုိ႔ ေမွ်ာ္လင့္ေနၾကၿပီး ေကာလဟာလေတြအရေတာ့ နည္းပညာဆိုင္ရာအခက္အခဲေၾကာင့္ ေအာက္တိုဘာလထဲမွာမွ ထြက္ရွိႏိုင္မယ္လုိ႔လည္း ေျပာၾကပါတယ္။ ေနာက္ထပ္ iPhone အသစ္ဟာ ၂၀၁၈ ခုႏွစ္မွ ထြက္ရွိလာမယ့္လုိ႔လည္း ေကာလဟာလ တခ်ဳိ႕က ေျပာၾကပါတယ္။

www.akhayar.com

HGID_KV_Ads_Square

 

[Unicode]

iPhone 8 ကိုတော့ ဒီနှစ်အကုန်ပိုင်းမှာ စတင်မိတ်ဆက်နိုင်ဖို့ကြိုးစားနေပါတယ်။ ဒါပေမယ့် ဒီဖုန်းမှာပါလာမယ့် Features တွေကိုတော့ သတင်းမပေါက်ကြားရအောင် အထူးလျှို့ဝှက်ထား ပါတယ်။ ဒီလို လျှို့ဝှက်ထားတဲ့ကြားက အွန်လိုင်းမှာ iPhone 8 နဲ့ပတ်သက်တဲ့ သတင်းပေါက်ကြားမှုတွေနဲ့ ကောလာဟလတွေဟာ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအချက်အလက်တွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။

iPhone 7 ကို စတင်ဖြန့်ချိကတည်းက နောက်အသစ်ထွက်ရှိမယ့် iPhone 8 ရဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး ကောလာဟလတွေ ထွက်နေခဲ့တာဖြစ်ပါတယ်။ အစောပိုင်း ပေါက်ကြားခဲ့တဲ့သတင်းတွေအရတော့ iPhone 8 မှာ မျက်နှာပြင်ပိုမိုကြီးမားပြီး တခြားလုပ်ဆောင်ချက်တွေပါဝင်တဲ့ Ferrari Version ကိုလည်း ထုတ်လုပ်မှာဖြစ်ပြီး အကောင်းမွန်ဆုံး ဒီဇိုင်းနဲ့ ပွဲထုတ်လာတာဖြစ်ပါတယ်။

ကောလာဟလတစ်ခုအရတော့ အသစ်ထွက်ရှိလာမယ့် သူတို့ရဲ့ဖုန်းကို Apple ဟာ iPhone 8 လို့မခေါ်ဘဲ iPhone Pro လို့ ခေါ်မှာဖြစ်တယ်လို့ဆိုပါတယ်။ အစောပိုင်းမှာထွက်ခဲ့တဲ့အချက်အလက်တွေအရတော့ အသစ်ထွက်မယ့် iPhone ဟာ အရင်တုန်းကအသုံးပြုခဲ့တဲ့ ခေါက်ဖုန်းတွေလိုမျိုး အလယ်ကနေခေါက်လို့ရလိမ့်မယ်လို့ ဆိုပါတယ်။ ဖုန်းကို လော့ခ်ဖွင့်ဖို့ အသုံးပြုသူတွေရဲ့ မျက်နှာကို Scan ဖတ်နိုင်တဲ့ လေဆာနည်းပညာကိုလည်း ထည့်သွင်းနိုင်တယ်လို့လည်း ကောလာဟလတွေ ထွက်ခဲ့ပါတယ်။ အားသွင်းကြိုးမလိုတဲ့ ကြိုးမဲ့အားသွင်းစနစ်ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပြီး အားသွင်းခေါင်းရဲ့ ၁၅ ပေအကွာအဝေးကနေ အားသွင်းနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အချက်အလက်တွေကို မြန်မြန်ဆန်ဆန် အပေးအယူလုပ်နိုင်မယ့် Lightening Connector ကို ထည့်သွင်းအသုံးပြုသွားမယ်လို့လည်းဆိုပါတယ်။

iPhone 8 မှာ ပါဝင်လာမယ့် 3D ကင်မရာဟာလည်း သုံးဖက်မြင်ပုံရိပ်တွေကို ပြသပေးမှာဖြစ်ပါတယ်။ ဖုန်းအသစ်ဟာ ၂ဝ၁၇ ခုနှစ် အောက်တိုဘာလမှာ ထွက်လာမှာဖြစ်ပြီး AirPods တစ်စုံကိုလည်း လက်ဆောင်အဖြစ်ထည့်ပေးမှာဖြစ်ပါတယ်ဆိုပြီး ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ အသစ်ထွက်ရှိမယ့် ဖုန်းမှာ Home ခလုတ်ပါဝင်တော့မှာမဟုတ်ဘဲ မျက်နှာပြင်တစ်ခုလုံး မှန်သားတွေနဲ့ ဖုံးအုပ်ထားမှာဖြစ်ပါတယ်။ Super Glossy OLED Infinity Screen မျက်နှာပြင်ကိုလည်း အသုံးပြုထားမှာဖြစ်တယ်လို့ ပြောကြပါတယ်။ ဖုန်းအသစ်ကို အလုံးရေ ၂၄၈ သန်းလောက် ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ပေါင် ၉ဝဝ လောက် ကျသင့်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ကြေးနီရောင်စပ် ရွှေရောင်နဲ့ ထွက်ပေါ်လာမှာဖြစ်ပြီး လက်ဗွေရာ အာရုံခံစနစ်လည်း ပါဝင်မှာဖြစ်ပါတယ်။

iPhone 8 ကိုတော့ ၂၀၁၇ ခုနှစ် စက်တင်ဘာလ မှာ ထွက်ရှိလာမယ်လို့ မျှော်လင့်နေကြပြီး ကောလဟာလတွေအရတော့ နည်းပညာဆိုင်ရာအခက်အခဲကြောင့် အောက်တိုဘာလထဲမှာမှ ထွက်ရှိနိုင်မယ်လို့လည်း ပြောကြပါတယ်။ နောက်ထပ် iPhone အသစ်ဟာ ၂၀၁၈ ခုနှစ်မှ ထွက်ရှိလာမယ့်လို့လည်း ကောလဟာလ တချို့က ပြောကြပါတယ်။

www.akhayar.com

HGID_KV_Ads_Square