Apple အတွက် အရေးပါဆုံး WWDC (World Wide Developer Conference) ကတော့ ကျင်းပပြီးစီးသွားခဲ့ပါပြီ။ ဒီပွဲလေးမှာ အမှတ်တရ ဖြစ်ခဲ့တာလည်းရှိသလို Software ပိုင်းမှာဆိုရင် Feature အသစ်၊ Upgrade Version တွေကိုလည်း ကြေညာပေးခဲ့ပါတယ်။ ဒီတခေါက် Event လေးမှာ အထူးခြားဆုံး ဖြစ်နေခဲ့တာကတော့ ၆ နှစ်လောက်ပစ်ထားတဲ့ Mac Pro ပဲဖြစ်ပြီး Apple’s Keynote ရဲ့ ထူးခြားချက်လေးတွေကို အတိုချုံးလေး တင်ဆက်ပေးလိုက်ပါတယ်။

iOS 13

ဒီတခါ iOS အသစ်ရဲ့ နှစ်သက်စရာ အကောင်းဆုံးအချက်ကတော့ System Wide “Dark Mode” ပဲဖြစ်ပါတယ်။ System UI နဲ့ Built-in App တွေအားလုံး Dark ဖြစ်သွားပြီဆိုပေမယ့် တခြား Application တွေအတွက်တော့ စောင့်ရဦးမယ်ထင်ပါတယ်။ ဒုတိယ အရေးပါဆုံးကတော့ System Performance Upgrade ပဲဖြစ်ပြီး အထူးသဖြင့် App Loading Time နည်းသွားတာက ပိုကောင်းလာတယ် ပြောရမှာပါ။

နောက်ပြီး App Download Size ကို ၆၀% အထိ လျှော့ပေးနိုင်တာက ကျေနပ်စရာအဆင့် မရောက်သေးဘူးဆိုပေမယ့် ပိုကောင်းလာတယ်လို့ပဲ သုံးသပ်ရမှာပါ။ Maps သုံးတဲ့အခါမျိုးမှာလည်း ၃၆၀ ဒီဂရီလှည့်ကြည့်နိုင်မယ့် Google Street View ပုံစံပါဝင်လာပြီး အမေရိကမြို့ကြီးတွေမှာပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ ဒါကတော့ iOS အသစ်ရဲ့ အရေးပါဆုံးအပိုင်းလို့ ပြောနိုင်ပြီး System Wide Dark Mode နဲ့ Performance Upgrade အပြင် ပိုထူးခြားလာတာ မရှိပါဘူး။

Builit-in Apps တွေကို Feature Upgrade လုပ်ပေးထားတယ်ဆိုမယ့် ထွေထွေထူးထူး ပြောင်းလဲလာတာမျိုး မပါဝင်ထားပါဘူး။ iOS 13 မှာ တခြား ဘာတွေ Changes ဖြစ်ထားလဲဆိုတာကို ဒီ Link မှာ အသေးစိတ် လေ့လာကြည့်နိုင်ပါတယ်။

iPad OS

iPad တွေအတွက် မိတ်ဆက်လိုက်တဲ့ OS ကတော့ Gesture ပိုင်း ပိုအားဖြည့်ထားနိုင်တယ်လို့ ပြောရမှာပါ။ ဒါတင်လားဆို မဟုတ်သေးပါဘူး၊ မျက်နှာပြင်ကျယ် iPad Pro လို Display မျိုးအတွက် သုံးစွဲရပိုလွယ်အောင် Home Screen ပါဝင်လာမှာဖြစ်ပြီး Apps တွေကို Slide Over လုပ်ပြီး အသုံးပြုနိုင်မယ့် Feature မျိုး၊ Multi Space သုံးပြီး Apps ၂ ခု ဘေးတိုက် တပြိုင်နက် ဖွင့်သုံးတာမျိုး ဆောင်ရွက်ပေးတော့မှာ ဖြစ်ပါတယ်။

အဲ့ဒါထက် Widgets တွေကို Home Screen ပေါ်မှာ Pin လုပ်ထားနိုင်ပြီး Android ဖုန်းဆန်ဆန် Weather ၊ သတင်းတွေ ကြည့်နိုင်မယ်၊ ဓာတ်ပုံပိုင်းအတွက် Palette Tool ထည့်ပေးလိုက်တာက ပုံတွေကို Shrink လုပ်ဖို့ ရွေ့ဖို့ ပိုအထောက်ကူ ဖြစ်စေမှာပါ။ Text Editing လုပ်ဖို့ Copy ၊ Paste ၊ Undo စတဲ့ Used to လေးတွေကို Simple Gesture နဲ့ ကလိနိုင်ပြီဆိုတော့ iPad သမားတွေ နှစ်သက်မယ်လို့ ထင်ပါတယ်။ Sidecar ကိုတော့ macOS နဲ့တွဲပြီး ဖော်ပြထားပါတယ်။

WatchOS 6

Apple Watch တွေမှာ အသုံးပြုနေတဲ့ OS ကလည်း ဒီဇိုင်းပိုင်းဆိုရင် ပြောင်းလဲမှုတွေ ပါဝင်လာတဲ့အပြင် ပိုဆွဲဆောင်မှုရှိတဲ့ Icon ၊ Apps တွေကို ခါတိုင်းထက် လွယ်လွယ်ကူကူ Instant Access လုပ်နိုင်အောင် Upgrade လုပ်ထားပြီး Siri ရဲ့ အရေးပါမှုကလည်း WatchOS 6 မှာ စကားပြောနေပြီလို့ သုံးသပ်ရမှာဖြစ်ပါတယ်။

macOS Catalina

ဒီ Catalina မှာတော့ iTunes ကို အနားပေးလိုက်ပြီလို့ သုံးသပ်ရမှာပါ။ Apple Focus ထားတာက Music ၊ Podcasts နဲ့ TV တို့ပဲဖြစ်ပြီး 4K HDR နဲ့ Dolby Atmos Support တွေလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။

အရင်က iTunes နဲ့ iPhones ၊ iPads နဲ့ iPods တွေကို Sync လုပ်ခဲ့တာဖြစ်ပေမယ့် Catalina ကစပြီး သီးသန့် Sync Option ပါဝင်ထားပါပြီ။

နောက် Feature သစ်တခုက Sidecar ဆိုတာပဲဖြစ်ပြီး iPad ကို Second Screen အနေနဲ့ အသုံးပြုလာနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် iPad ကို Tablet Input ပုံစံနဲ့ Mac တွေနဲ့ တွဲသုံးလာနိင်ပြီး Latency ပိုနည်းသွားတဲ့ Apple Pencil နဲ့ ကောင်းကောင်း ကမြင်းလို့ ရတော့မှာဖြစ်ပါတယ်။

Mac Pro

OS ပိုင်းချည်း အဆင့်မြင့်နေလို့ ပျင်းစရာ ကောင်းနေမယ်ထင်ခဲ့တာ Professional သမားတွေအတွက် Super Powerful Mac Pro ကို Apple ကြေညာပေးခဲ့ပါတယ်။ Base Model ကို $6,000 နဲ့ရောင်းချမှာဖြစ်ပြီး Engineering သမားတွေနဲ့ ဓာတ်ပုံ၊ ဗီဒီယို Editing အနေနဲ့ စပယ်ရှယ် အသုံးပြုနိုင်မယ့် Beautiful Machine လည်းဖြစ်ပါတယ်။

Photo: News Shooter

Performance Upgrade အတွက် 28 Cores Intel Xeon Processor ၊ 1.5TB အထိမြင့်လို့ရမယ့် 2933MHz DDR4 ECC Memory တို့သုံးပေးထားပါတယ်။ ဒါတင်မပြီးသေးဘဲ Mac Pro ရဲ့ အသက်ဖြစ်တဲ့ Graphics Power ကို Radeon Vega II Duo (7nm) နဲ့ အားဖြည့်ထားပြီး Apple ရဲ့ MPX Module အားသာချက်ကြောင့် GPU ၄ ခု ဒါမှမဟုတ် ၂ ခု တွဲသုံးနိုင်မှာဖြစ်ပါတယ်။ (Vega အစား Navi GPU ဆိုပိုကောင်းမယ်လို့ တွေးမိပါတယ်)

GPU ၄ ခု (MPX Module ၂ ခု) သုံးမယ်ဆိုရင်တော့ 128GB HBM2 Memory ရရှိမှာဖြစ်ပြီး 56.8 teraflops နဲ့ ညီမျှမှာဖြစ်ပါတယ်။ GPU ၂ ခု (MPX Module ၁ ခု) သုံးရင်တော့ 64GB Memory နဲ့ 28.4 teraflops စွမ်းဆောင်ရည်ကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီလို အကောင်ကြီးတွေပဲ ထည့်သုံးထားလို့ အပူပြဿနာကို Heat Sink ကြီးတွေ ၊ Cooling Solution အတွက် Case ကိုပါ လေဝင်၊ လေထွက်ကောင်းအောင် ဒီဇိုင်းဆွဲထားပါသေးတယ်။

Pro Display XDR

နောက်ဆုံး မိတ်ဆက်ပေးချင်တဲ့ Product လေးကတော့ ဓာတ်ပုံ၊ ဗီဒီယို Editing သမားတွေနဲ့ Studio အတွက် အရေးပါဆုံး Apple Display လေးပါ။ ၃၂ လက်မ အရွယ်စားရှိတဲ့ မျက်နှာပြင်ကို 6K Resolution နဲ့ အားဖြည့်ထားပြီး 1,600 nits Peak အလင်းအား ထုတ်ပေးနိုင်တယ်။

Colour Range ကလည်း HDR အထောက်ပံ့အပြင် 10 Bit နဲ့ P3 Color Format တွေပါ Support လုပ်တဲ့အတွက် ရှယ်ပါပဲ။ နောက်ပြီး True Tone Display နဲ့ Expert Level Calibration တွေကြောင့် ရုပ်ထွက်ညက်ညောရုံတင်မက လုံးဝ Perfect ဖြစ်နေမှာ ကျိန်းသေပြောလို့ရပါတယ်။ စိတ်ပျက်စရာ အကောင်းဆုံးအချက်ကတော့ XDR Stand ကို $1,000 ပေးဝယ်ရမှာဖြစ်လို့ ကမ္ဘာ့ဈေးအကြီးဆုံး Dongle လို့တောင် ပြောနိုင်ပါတယ်။ $5,000 တန် 6K Monitor နဲ့သာဆိုရင် Mac တစုံအပြည့်စုံ ဆင်လိုက်ရင် $11,000 (သိန်း ၁၇၀) အနည်းဆုံး ကျသွားနိုင်ပါတယ်။

ကယ်..ဒါလေးကတော့ WWDC 2019 Keynote ရဲ့ အနှစ်ချုပ်ဖြစ်ပြီး အသေးစိတ်ကို ဒီ Link မှာ လေ့လာနိုင်ပါတယ်။ ပြန်သုံးသပ်ကြည့်ရင်တော့ Software ပိုင်းဆိုရင် Focus ထားတဲ့ ပွဲလို့ ပြောရမှာပါ။ ဒါမယ့်ကျနော့် အမြင်မှာတော့ Android နဲ့ တဖြည်းဖြည်း ပိုတူလာတယ်လို့ ခံစားရပြီး ဘာပဲပြောပြော ကောင်းတယ်လို့ပဲ ဖြည့်တွေးရဦးမှာပါ။ $6,000 တန် Mac Pro ကြီးက Specs တွေကြည့်ပြီး ကြွေလောက်တယ်ဆိုမယ့် ပွဲမှာတင် ပြောစမှတ်ဖြစ်ခဲ့တာက Cheese Grater ဆိုလားပဲ။

Source: Apple
2B (Akhayar)
www.akhayar.com