[Zawgyi] 

Gmail တစ္ခုကို အေရးႀကီးေၾကာင္းသိေစခ်င္တယ္၊ ဒါမွမဟုတ္ ပို႔ၿပီးအခ်ိန္တစ္ခုမွာ ပ်က္သြားေစခ်င္ရင္ေတာ့ Confidential Mode ကို အသံုးျပဳႏိုင္ပါတယ္။ Google က Confidential Mode ကို  မၾကာေသးခင္က Gmail Design အသစ္နဲ႔အတူ မိ္တ္ဆက္ေပးခဲ့ပါတယ္။ 

Confidential Mode

Confidential Mode ကိုအသံုးျပဳဖို႔အတြက္ေတာ့ Gmail ကို Browser ကေနဝင္သံုးမွရမွာပါ။ Borwser မွာ Gmail ကိုဝင္ၿပီး ညာဖက္ အေပၚဖက္မွာရွိတဲ့ စက္သြားပံုေလးကို ႏွိပ္ၿပီး Try the New Gmail ဆိုတာကို အရင္ႏွိပ္ၿပီး Gmail Design အသစ္ကိုေျပာင္းရမွာပါ။ Design အသစ္ေျပာင္းၿပီးသြားရင္ေတာ့ ပံုမွန္ Mail ပို႔တဲ့အတိုင္းပဲ Compose ကိုႏွိပ္ၿပီး ေအာက္ဖက္က Menu ထဲမွာပါတဲ့ ေသာ့ခေလာက္ပံုေလးကို ႏွိပ္ၿပီး Confidential Mode ကိုဝင္လို႔ရပါၿပီ။ Confindential Mode မွာေတာ့ သင္ပို႔မယ့္ Mail ကို တစ္ဖက္ကလူက လက္ခံရရွိၿပီးတာနဲ႔ အခ်ိန္တစ္ခုၾကာရင္ အလိုအေလ်ာက္ပ်က္သြားေအာင္ Expire Date သတ္မွတ္ေပးလို႔ရပါတယ္။

Confidential Mode Button

 

ေနာက္ထပ္လံုျခံဳေရး Feature တစ္ခုကေတာ့ Mail ကိုဖြင့္ဖတ္ဖို႔အတြက္ Password ထည့္ေပးလို႔ရတာပါ။ Mail ကိုလက္ခံရရွိသူရဲ႕ဖုန္းနံပါတ္ကို ထည့္ေပးၿပီး Password ခံေပးလိုက္လို႔ရပါတယ္။ တစ္ဖက္လူရဲ႕ ဖုန္းထဲကို Google က Password ပို႔ေပးမွာျဖစ္တာေၾကာင့္ ပိုၿပီးလံုျခံဳမႈရွိလာပါတယ္။ စိတ္မေကာင္းစရာကေတာ့ ေလာေလာဆယ္မွာ Password Feature က ျမန္မာျပည္က ဖုန္းေတြအတြက္ အလုပ္မလုပ္ေသးပါဘူး။ ေနာက္ပုိင္းမွာေတာ့ အသံုးျပဳလို႔ရလာမယ္လို႔ ခန္႔မွန္းရပါတယ္။ 

Confidential Mode ကို လက္ရွိအခ်ိန္မွာ ဖုန္းေတြေပၚက Gmail App ေတြနဲ႔ေတာ့ အသံုးျပဳလို႔မရေသးပါဘူး။ Web မွာပဲ အသံုးျပဳလို႔ရပါေသးတယ္။ Google အေနနဲ႔ေတာ့ ႐ံုးလုပ္ငန္းေတြအတြက္ ရည္ရြယ္ၿပီး Confidential Mode ကိုလုပ္ေပးထားတာျဖစ္ေပမယ့္ လိုအပ္တဲ့ေနရာမွာ လိုအပ္သလို အသံုးျပဳလို႔ရပါတယ္။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Gmail ရဲ့ Feature အသစ်ဖြစ်တဲ့ Confidential Mode ကို လူတိုင်းအသုံးပြုနိုင်ပြီ

Gmail တစ်ခုကို အရေးကြီးကြောင်းသိစေချင်တယ်၊ ဒါမှမဟုတ် ပို့ပြီးအချိန်တစ်ခုမှာ ပျက်သွားစေချင်ရင်တော့ Confidential Mode ကို အသုံးပြုနိုင်ပါတယ်။ Google က Confidential Mode ကို  မကြာသေးခင်က Gmail Design အသစ်နဲ့အတူ မိတ်ဆက်ပေးခဲ့ပါတယ်။ 

Confidential Mode

Confidential Mode ကိုအသုံးပြုဖို့အတွက်တော့ Gmail ကို Browser ကနေဝင်သုံးမှရမှာပါ။ Borwser မှာ Gmail ကိုဝင်ပြီး ညာဖက် အပေါ်ဖက်မှာရှိတဲ့ စက်သွားပုံလေးကို နှိပ်ပြီး Try the New Gmail ဆိုတာကို အရင်နှိပ်ပြီး Gmail Design အသစ်ကိုပြောင်းရမှာပါ။ Design အသစ်ပြောင်းပြီးသွားရင်တော့ ပုံမှန် Mail ပို့တဲ့အတိုင်းပဲ Compose ကိုနှိပ်ပြီး အောက်ဖက်က Menu ထဲမှာပါတဲ့ သော့ခလောက်ပုံလေးကို နှိပ်ပြီး Confidential Mode ကိုဝင်လို့ရပါပြီ။ Confindential Mode မှာတော့ သင်ပို့မယ့် Mail ကို တစ်ဖက်ကလူက လက်ခံရရှိပြီးတာနဲ့ အချိန်တစ်ခုကြာရင် အလိုအလျောက်ပျက်သွားအောင် Expire Date သတ်မှတ်ပေးလို့ရပါတယ်။

Confidential Mode Button

 

နောက်ထပ်လုံခြုံရေး Feature တစ်ခုကတော့ Mail ကိုဖွင့်ဖတ်ဖို့အတွက် Password ထည့်ပေးလို့ရတာပါ။ Mail ကိုလက်ခံရရှိသူရဲ့ဖုန်းနံပါတ်ကို ထည့်ပေးပြီး Password ခံပေးလိုက်လို့ရပါတယ်။ တစ်ဖက်လူရဲ့ ဖုန်းထဲကို Google က Password ပို့ပေးမှာဖြစ်တာကြောင့် ပိုပြီးလုံခြုံမှုရှိလာပါတယ်။ စိတ်မကောင်းစရာကတော့ လောလောဆယ်မှာ Password Feature က မြန်မာပြည်က ဖုန်းတွေအတွက် အလုပ်မလုပ်သေးပါဘူး။ နောက်ပိုင်းမှာတော့ အသုံးပြုလို့ရလာမယ်လို့ ခန့်မှန်းရပါတယ်။ 

Confidential Mode ကို လက်ရှိအချိန်မှာ ဖုန်းတွေပေါ်က Gmail App တွေနဲ့တော့ အသုံးပြုလို့မရသေးပါဘူး။ Web မှာပဲ အသုံးပြုလို့ရပါသေးတယ်။ Google အနေနဲ့တော့ ရုံးလုပ်ငန်းတွေအတွက် ရည်ရွယ်ပြီး Confidential Mode ကိုလုပ်ပေးထားတာဖြစ်ပေမယ့် လိုအပ်တဲ့နေရာမှာ လိုအပ်သလို အသုံးပြုလို့ရပါတယ်။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။