[Zawgyi]

ေန႔စဥ္မွားယြင္းေနတဲ့ က်န္းမာေရးအေလ့အက်င့္မ်ား

တစ္ခါတေလ ကိုယ္ ေန႔စဥ္ စားေသာက္သြားလာမႈပံုစံက ကိုယ္သတိမထားမိလိုက္ဘဲ ကိုယ့္ရဲ႕ က်န္းမာေရးကို တစ္စနဲ႔တစ္စ တိုက္စားေနတတ္တာမ်ိဳးေတြရွိပါတယ္။ ဘယ္သူမွ သတိမထားမိလိုက္ပါဘူး။ တစ္ခုခုျဖစ္လာတဲ့အခါက်ရင္လည္း “ငါ ဘာမွမေကာင္းတာမလုပ္ပါဘဲနဲ႔ က်န္းမာေရးက ဘာလို႔ထိခိုက္ေနတာလဲ။” ဆိုၿပီး Shock ျဖစ္သြားတတ္ပါတယ္။ အဲဒါ ဘာလို႔လဲဆိုရင္ေတာ့ ကၽြန္မတို႔ေန႔စဥ္ ေနထိုင္စားေသာက္မႈပံုစံဟာ ကိုယ္ေတာင္သတိမထားမိပါဘဲ မွားယြင္းေနလို႔ပါပဲ။ ဘာေတြမွားေနလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္။

ပလတ္စတစ္ေတြအသံုးျပဳေနတာ

တစ္ေန႔တာအတြက္ က်န္းမာေရးအတြက္သင့္ေတာ္တဲ့ အစားအေသာက္ေတြကိုေတာ့ စားေနပါတယ္။ ဒါေပမယ့္ အဲဒီ့အစားအစာေတြကို ေနရာတကာထုတ္ပိုးယူသြားတဲ့ပစၥည္းက ပလတ္စတစ္နဲ႔ျပဳလုပ္ထားတဲ့ပစၥည္းေတြခ်ည္းသာ ျဖစ္ေနတယ္ဆိုရင္ ဘယ္ေလာက္ပဲဂရုတစိုက္စားေသာက္ေနပါေစ က်န္းမာေရးညီညြတ္လာဖို႔ မျမင္ပါဘူး။ ပလတ္စတစ္ရဲ႕ ဆိုးက်ိဳးကိုလည္း ကၽြန္မတို႔အားလံုးသိေနတာပဲေလ။ ပလတ္စတစ္အိတ္ေတြ၊ ဘူးခြံေတြနဲ႔ ခြက္ေတြထဲ ပူတဲ့အရာေတြကို ထည့္မစားဖို႔ အထူးတိုက္တြန္းခ်င္ပါတယ္။ အေကာင္းဆံုးကေတာ့ သံုးကိုမသံုးပါနဲ႔ေတာ့။ အခုပဲ လႊတ္ပစ္လိုက္ပါ။

တျခားလူနဲ႔ခိုင္းႏႈိင္းေနတာ

ကိုယ့္ကိုယ္ကိုယ္ မွန္ထဲမွာျပန္ၾကည့္လိုက္၊ တျခားလူေတြနဲ႔ လိုက္ခိုင္းႏႈိင္းၿပီး ပိန္လိုက္၊ ၀လိုက္လုပ္ေနမယ္ဆိုရင္၊ ေနာက္ၿပီးေတာ့ တျခားလူေတြနဲ႔ ယွဥ္ၿပီး ေနထိုင္စားေသာက္မႈစတိုင္ေတြလိုက္တုပေနမယ္ဆိုရင္ က်န္းမာေရးေကာင္းမြန္ေနမွာမဟုတ္ပါဘူး။ အထူးသျဖင့္ စိတ္က်န္းမာေရးလို႔ပဲ ေျပာရမွာေပါ့။ စိတ္မလြတ္လပ္ရင္ စိတ္ညစ္စရာေတြျဖစ္လာၿပီး စိတ္ဓာတ္က်တာေတြနဲ႔ စိတ္ဖိစီးတာေတြျဖစ္လာပါလိမ့္မယ္။ စိတ္က်န္းမာေရးမေကာင္းရင္ ကိုယ္က်န္းမာေရးပါ ထိခိုက္လာႏိုင္ပါတယ္။

အသင့္စားအစားအစာေတြစားေနတာ

“ငါက အလုပ္အရမ္းမ်ားတာ။ ထမင္းစားခ်ိန္ေတာင္ ေကာင္းေကာင္းမရွိပါဘူး။” ဆိုတာ က်န္းမာႀကံ႕ခိုင္ဖို႔အတြက္ဆိုရင္ ေကာင္းတဲ့အေလ့အထေတာ့ မဟုတ္ပါဘူး။ အစားအစာေကာင္းေကာင္းမြန္မြန္မစားျဖစ္ရင္ အသင့္စားအစားအစာေတြ စားျဖစ္ဖို႔ ရာခိုင္ႏႈန္းျပည့္ေလာက္ ေသခ်ာေနပါၿပီ။ အဲဒီအသင့္စားအစားအစာေတြက သင့္ရဲ႕ က်န္းမာေရးကို သိပ္မၾကာခင္မွာ တိုက္ခိုက္လာေတာ့မွာပါ။ ကယ္လိုရီမ်ားတဲ့အခ်ိဳရည္ေတြနဲ႔ အသင့္စားဖို႔ အထူးစီမံျပဳလုပ္ထားတဲ့အစားအစာေတြကို လံုး၀မစားတာ အေကာင္းဆံုးပါပဲ။ မေရွာင္လႊဲႏုိင္ရင္ေတာ့ ေလွ်ာ့စားဖို႔သင့္ပါတယ္။

ညဘက္အိပ္ခ်ိန္ေတြေလ်ာ့နည္းေနတာ

ညဘက္ေကာင္းေကာင္းမအိပ္တာကလည္း လူကုိ အသက္တိုေစႏိုင္ပါတယ္ေနာ္။ ျပည့္၀ရမယ့္ အားအင္ေတြမျပည့္၀ဘဲ ေန႔ညမွားလာတာေတြက အသက္တိုဖို႔ ေရွ႕ေျပးနမိတ္ေတြလို႔သာ မွတ္ထားပါ။ တစ္ေန႔ကို (၈) နာရီျပည့္ေအာင္အိပ္ပါလို႔ ေျပာၾကတာ အလကားမဟုတ္ပါဘူး။ ညဘက္အိပ္ခါမွ အလုပ္လုပ္မယ့္ ကိုယ္တြင္းကလီစာေတြက ျပည့္ျပည့္၀၀အလုပ္မလုပ္ႏုိင္ရင္ ၾကာလာတာနဲ႔အမွ် က်န္းမာေရးထိခိုက္လာဖို႔ ေသခ်ာေနပါၿပီ။

လက္မေဆးဘဲေနတာ

လက္ဆိုတာ ေရာဂါပိုးမႊားသယ္ေဆာင္ရာ အဓိကတရားခံႀကီးတစ္ခုလို႔ ေျပာလို႔ရပါတယ္။ ဘတ္စ္ကားစီးတယ္။ ၿပီးရင္ လက္မေဆးဘူး။ အစားအစာစားေတာ့မယ္။ မစားခင္ လက္မေဆးဘူး။ ေျခေထာက္ေတြ၊ ဖိနပ္ေတြကိုင္တယ္။ ၿပီးရင္ လက္မေဆးဘူး။ ဒီလိုလူေတြကေတာ့ ေရာဂါပိုးကူးစက္အလြယ္ဆံုးလူေတြပါ။ လက္ဆိုတာ မၾကာခဏေဆးရပါမယ္။ ေဆးတဲ့အခါမွာလည္း ေအးေအးေဆးေဆး သန္႔ရွင္းေအာင္ အခ်ိန္ေပးၿပီး ေဆးပါေနာ္။ လက္ေရစြတ္တာနဲ႔ လက္ေဆးတာနဲ႔ အရင္ဆံုးခြဲျခားေအာင္ လုပ္ပါ။

မနက္စာမစားဘဲေနတာ

မနက္စာမစားတာက တစ္ေန႔လံုးစာက်န္းမာေရးေကာင္းမြန္မႈကို အေစာဆံုးခ်ိဳးေဖာက္လိုက္တာပဲျဖစ္ပါတယ္။ သန္႔ရွင္းလတ္ဆတ္ၿပီး က်န္းမာေရးနဲ႔ညီညႊတ္တဲ့မနက္စာဟာ တစ္ေန႔တာလံုး ရႊင္လန္းစြာျဖတ္သန္းႏုိင္ဖို႔အတြက္ အႀကီးမားဆံုးအေထာက္အပံ့ႀကီးတစ္ခုပါေနာ္။ ဒါေၾကာင့္ မနက္စာမႀကိဳက္တာတို႔၊ မနက္စာမစားတာတို႔ဟာ ကိုယ့္ကိုယ္ကိုယ္ အသက္တိုေအာင္လုပ္ေနတာနဲ႔ အတူတူပါပဲ။ မနက္စာကို စားျဖစ္ေအာင္ စားၾကပါ။ စားတဲ့အခါမွာလည္း က်န္းမာေရးနဲ႔ညီညႊတ္ေအာင္ စီမံစားေသာက္ပါ။

ကိုယ္လက္လႈပ္ရွားမႈမလုပ္ဘဲေနတာ

အနည္းဆံုးေတာ့ လမ္းေလးေလွ်ာက္ေစခ်င္ပါတယ္။ အမ်ားႀကီးမဟုတ္ပါဘူး။ နာရီ၀က္၊ တစ္နာရီေလာက္ပါပဲ။ အထိုင္မ်ားၿပီး လႈပ္ရွားမႈရပ္ေနသေရြ႕ေတာ့ က်န္းမာေရးခ်ဴခ်ာလာမွာ ျမင္ေယာင္ပါေသးတယ္။ မၾကာခင္မွာ ကိုယ္လက္မအီမသာေတြျဖစ္ၿပီး အရိုးေတြ၊ အေၾကာေတြနဲ႔ ၾကြက္သားေတြက ေကာင္းေကာင္းအလုပ္မလုပ္ေတာ့ဘဲ ေညာင္းလာပါေတာ့မယ္။ တစ္ေနကုန္လံုး လဲေနထိုင္ေနတာမ်ိဳးေတြ ေလွ်ာ့ပါ။ နည္းနည္းပါးပါး ထၿပီး လမ္းေလွ်ာက္ပါဦး။

ဒီေတာ့ တစ္ခုခုျဖစ္မွ “ငါ ဘာေတြလုပ္ေနမိလို႔လဲ။” ဆိုၿပီး ေတြးမေနပါနဲ႔။ ဒါေတြလုပ္ေနမိလုိ႔ပါ။ အခုလုိ ရုပ္၀တၱဳေတြ ေပါမ်ားလာၿပီး ဖန္တီးတီထြင္ထားတဲ့အရာေတြ အရမ္းမ်ားလာတဲ့ေခတ္ႀကီးမွာ က်န္းမာေရးဆိုတာ လာဘ္တစ္ပါးပါပဲ။ က်န္းမာေအာင္ ႀကိဳးစားေနထိုင္ၾကပါ။ က်န္းမာေနမွသာ ကိုယ္လုပ္ခ်င္တာေတြ ဘာမဆိုလုပ္ႏုိင္သြားမွာေနာ္။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

နေ့စဉ်မှားယွင်းနေတဲ့ ကျန်းမာရေးအလေ့အကျင့်များ

တစ်ခါတလေ ကိုယ် နေ့စဉ် စားသောက်သွားလာမှုပုံစံက ကိုယ်သတိမထားမိလိုက်ဘဲ ကိုယ့်ရဲ့ ကျန်းမာရေးကို တစ်စနဲ့တစ်စ တိုက်စားနေတတ်တာမျိုးတွေရှိပါတယ်။ ဘယ်သူမှ သတိမထားမိလိုက်ပါဘူး။ တစ်ခုခုဖြစ်လာတဲ့အခါကျရင်လည်း “ငါ ဘာမှမကောင်းတာမလုပ်ပါဘဲနဲ့ ကျန်းမာရေးက ဘာလို့ထိခိုက်နေတာလဲ။” ဆိုပြီး Shock ဖြစ်သွားတတ်ပါတယ်။ အဲဒါ ဘာလို့လဲဆိုရင်တော့ ကျွန်မတို့နေ့စဉ် နေထိုင်စားသောက်မှုပုံစံဟာ ကိုယ်တောင်သတိမထားမိပါဘဲ မှားယွင်းနေလို့ပါပဲ။ ဘာတွေမှားနေလဲဆိုတာ ကြည့်လိုက်ကြရအောင်။

ပလက်စတစ်တွေအသုံးပြုနေတာ

တစ်နေ့တာအတွက် ကျန်းမာရေးအတွက်သင့်တော်တဲ့ အစားအသောက်တွေကိုတော့ စားနေပါတယ်။ ဒါပေမယ့် အဲဒီ့အစားအစာတွေကို နေရာတကာထုတ်ပိုးယူသွားတဲ့ပစ္စည်းက ပလက်စတစ်နဲ့ပြုလုပ်ထားတဲ့ပစ္စည်းတွေချည်းသာ ဖြစ်နေတယ်ဆိုရင် ဘယ်လောက်ပဲဂရုတစိုက်စားသောက်နေပါစေ ကျန်းမာရေးညီညွတ်လာဖို့ မမြင်ပါဘူး။ ပလက်စတစ်ရဲ့ ဆိုးကျိုးကိုလည်း ကျွန်မတို့အားလုံးသိနေတာပဲလေ။ ပလက်စတစ်အိတ်တွေ၊ ဘူးခွံတွေနဲ့ ခွက်တွေထဲ ပူတဲ့အရာတွေကို ထည့်မစားဖို့ အထူးတိုက်တွန်းချင်ပါတယ်။ အကောင်းဆုံးကတော့ သုံးကိုမသုံးပါနဲ့တော့။ အခုပဲ လွှတ်ပစ်လိုက်ပါ။

တခြားလူနဲ့ခိုင်းနှိုင်းနေတာ

ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာပြန်ကြည့်လိုက်၊ တခြားလူတွေနဲ့ လိုက်ခိုင်းနှိုင်းပြီး ပိန်လိုက်၊ ဝလိုက်လုပ်နေမယ်ဆိုရင်၊ နောက်ပြီးတော့ တခြားလူတွေနဲ့ ယှဉ်ပြီး နေထိုင်စားသောက်မှုစတိုင်တွေလိုက်တုပနေမယ်ဆိုရင် ကျန်းမာရေးကောင်းမွန်နေမှာမဟုတ်ပါဘူး။ အထူးသဖြင့် စိတ်ကျန်းမာရေးလို့ပဲ ပြောရမှာပေါ့။ စိတ်မလွတ်လပ်ရင် စိတ်ညစ်စရာတွေဖြစ်လာပြီး စိတ်ဓာတ်ကျတာတွေနဲ့ စိတ်ဖိစီးတာတွေဖြစ်လာပါလိမ့်မယ်။ စိတ်ကျန်းမာရေးမကောင်းရင် ကိုယ်ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။

အသင့်စားအစားအစာတွေစားနေတာ

“ငါက အလုပ်အရမ်းများတာ။ ထမင်းစားချိန်တောင် ကောင်းကောင်းမရှိပါဘူး။” ဆိုတာ ကျန်းမာကြံ့ခိုင်ဖို့အတွက်ဆိုရင် ကောင်းတဲ့အလေ့အထတော့ မဟုတ်ပါဘူး။ အစားအစာကောင်းကောင်းမွန်မွန်မစားဖြစ်ရင် အသင့်စားအစားအစာတွေ စားဖြစ်ဖို့ ရာခိုင်နှုန်းပြည့်လောက် သေချာနေပါပြီ။ အဲဒီအသင့်စားအစားအစာတွေက သင့်ရဲ့ ကျန်းမာရေးကို သိပ်မကြာခင်မှာ တိုက်ခိုက်လာတော့မှာပါ။ ကယ်လိုရီများတဲ့အချိုရည်တွေနဲ့ အသင့်စားဖို့ အထူးစီမံပြုလုပ်ထားတဲ့အစားအစာတွေကို လုံးဝမစားတာ အကောင်းဆုံးပါပဲ။ မရှောင်လွှဲနိုင်ရင်တော့ လျှော့စားဖို့သင့်ပါတယ်။

ညဘက်အိပ်ချိန်တွေလျော့နည်းနေတာ

ညဘက်ကောင်းကောင်းမအိပ်တာကလည်း လူကို အသက်တိုစေနိုင်ပါတယ်နော်။ ပြည့်ဝရမယ့် အားအင်တွေမပြည့်ဝဘဲ နေ့ညမှားလာတာတွေက အသက်တိုဖို့ ရှေ့ပြေးနမိတ်တွေလို့သာ မှတ်ထားပါ။ တစ်နေ့ကို (၈) နာရီပြည့်အောင်အိပ်ပါလို့ ပြောကြတာ အလကားမဟုတ်ပါဘူး။ ညဘက်အိပ်ခါမှ အလုပ်လုပ်မယ့် ကိုယ်တွင်းကလီစာတွေက ပြည့်ပြည့်၀၀အလုပ်မလုပ်နိုင်ရင် ကြာလာတာနဲ့အမျှ ကျန်းမာရေးထိခိုက်လာဖို့ သေချာနေပါပြီ။

လက်မဆေးဘဲနေတာ

လက်ဆိုတာ ရောဂါပိုးမွှားသယ်ဆောင်ရာ အဓိကတရားခံကြီးတစ်ခုလို့ ပြောလို့ရပါတယ်။ ဘတ်စ်ကားစီးတယ်။ ပြီးရင် လက်မဆေးဘူး။ အစားအစာစားတော့မယ်။ မစားခင် လက်မဆေးဘူး။ ခြေထောက်တွေ၊ ဖိနပ်တွေကိုင်တယ်။ ပြီးရင် လက်မဆေးဘူး။ ဒီလိုလူတွေကတော့ ရောဂါပိုးကူးစက်အလွယ်ဆုံးလူတွေပါ။ လက်ဆိုတာ မကြာခဏဆေးရပါမယ်။ ဆေးတဲ့အခါမှာလည်း အေးအေးဆေးဆေး သန့်ရှင်းအောင် အချိန်ပေးပြီး ဆေးပါနော်။ လက်ရေစွတ်တာနဲ့ လက်ဆေးတာနဲ့ အရင်ဆုံးခွဲခြားအောင် လုပ်ပါ။

မနက်စာမစားဘဲနေတာ

မနက်စာမစားတာက တစ်နေ့လုံးစာကျန်းမာရေးကောင်းမွန်မှုကို အစောဆုံးချိုးဖောက်လိုက်တာပဲဖြစ်ပါတယ်။ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့မနက်စာဟာ တစ်နေ့တာလုံး ရွှင်လန်းစွာဖြတ်သန်းနိုင်ဖို့အတွက် အကြီးမားဆုံးအထောက်အပံ့ကြီးတစ်ခုပါနော်။ ဒါကြောင့် မနက်စာမကြိုက်တာတို့၊ မနက်စာမစားတာတို့ဟာ ကိုယ့်ကိုယ်ကိုယ် အသက်တိုအောင်လုပ်နေတာနဲ့ အတူတူပါပဲ။ မနက်စာကို စားဖြစ်အောင် စားကြပါ။ စားတဲ့အခါမှာလည်း ကျန်းမာရေးနဲ့ညီညွှတ်အောင် စီမံစားသောက်ပါ။

ကိုယ်လက်လှုပ်ရှားမှုမလုပ်ဘဲနေတာ

အနည်းဆုံးတော့ လမ်းလေးလျှောက်စေချင်ပါတယ်။ အများကြီးမဟုတ်ပါဘူး။ နာရီဝက်၊ တစ်နာရီလောက်ပါပဲ။ အထိုင်များပြီး လှုပ်ရှားမှုရပ်နေသရွေ့တော့ ကျန်းမာရေးချူချာလာမှာ မြင်ယောင်ပါသေးတယ်။ မကြာခင်မှာ ကိုယ်လက်မအီမသာတွေဖြစ်ပြီး အရိုးတွေ၊ အကြောတွေနဲ့ ကြွက်သားတွေက ကောင်းကောင်းအလုပ်မလုပ်တော့ဘဲ ညောင်းလာပါတော့မယ်။ တစ်နေကုန်လုံး လဲနေထိုင်နေတာမျိုးတွေ လျှော့ပါ။ နည်းနည်းပါးပါး ထပြီး လမ်းလျှောက်ပါဦး။

ဒီတော့ တစ်ခုခုဖြစ်မှ “ငါ ဘာတွေလုပ်နေမိလို့လဲ။” ဆိုပြီး တွေးမနေပါနဲ့။ ဒါတွေလုပ်နေမိလို့ပါ။ အခုလို ရုပ်ဝတ္တုတွေ ပေါများလာပြီး ဖန်တီးတီထွင်ထားတဲ့အရာတွေ အရမ်းများလာတဲ့ခေတ်ကြီးမှာ ကျန်းမာရေးဆိုတာ လာဘ်တစ်ပါးပါပဲ။ ကျန်းမာအောင် ကြိုးစားနေထိုင်ကြပါ။ ကျန်းမာနေမှသာ ကိုယ်လုပ်ချင်တာတွေ ဘာမဆိုလုပ်နိုင်သွားမှာနော်။

Moethaesay (Akhayar)

www.akhayar.com