ဘောလုံးဆိုတာက လူမျိုးမရွေး ဘာသာမရွေး၊ အသက်အရွယ်မရွေး အလွှာအသီးသီးက လူတွေ နှစ်ခြိုက်အားပေးကြတဲ့ အားကစားနည်းပါပဲ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဘောလုံးပွဲတွေလာပြီဆိုရင် မိသားစုအားလုံး တီဗီရှေ့မှာ တစ်စုတဝေးတည်းအတူ ကြည့်ခဲ့ကြတဲ့အချိန်တွေကလည်း လွမ်းမောစရာပါ။ လူတစ်ယောက်စီတိုင်းမှာ ကိုယ်အားပေးတဲ့အသင်းဆိုတာ ရှိကြပြီး သာမန်လူတွေမပြောနဲ့ နိုင်ငံခြားက နာမည်ကျော် Celebrity တွေမှာလည်း ကိုယ့်အကြိုက်အသင်းတွေရှိကြဖြစ်ပါတယ်။ ထူးခြားတာက တချို့ Cele တွေ အားပေးတဲ့အသင်းတွေက ထိပ်သီးအသင်းတွေ မဟုတ်ဘဲ သာမန်အလယ်အလတ်အသင်းတွေဖြစ်နေတာပါပဲ။

ဥပမာပြောရရင် နာမည်ကျော် ရုပ်ရှင်မင်းသားကြီး တွမ်ဟန့် Tom Hanks အားပေးတဲ့အသင်းက အက်စတွန်ဗီလာဖြစ်ပါတယ်။ အက်စတွန်ဗီလာနဲ့ ဒါဘီတို့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်တန်းတက်ခွင့် Play off ဗိုလ်လုပွဲပွဲမတိုင်ခင် တွမ်ဟန့်က အက်စတွန်ဗီလာအသင်းကို အားပေးမယ်လို့ ဆိုခဲ့ပြီး အခု သူ့ရဲ့ အက်စတွန်ဗီလာအသင်းက ပရီးမီးယားလိဂ်တန်းတက်ခွင့်ရရှိခဲ့လို့ တွမ်ဟန့်တစ်ယောက် ကျေနပ်နေလောက်ပါပြီ။

Adult Movies တွေရိုက်တဲ့ မီယာခါလီဖာ Mia Khalifa ဆိုရင် ယောက်ျားလေးတိုင်း မသိတဲ့သူ မရှိပါဘူး။ လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းပိုင်ရှင် မီယာခါလီဖာ ကြိုက်နှစ်သက်တဲ့အသင်းက လန်ဒန်မြို့ခံကလပ် ၀က်စ်ဟမ်းပါ။ ဒီနှစ်အစောပိုင်းတုန်းက အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ မီယာခါလီဖာကိုယ်တိုင် ကွင်းထဲ လာကြည့်ပြီး သူမကို တွေ့လိုက်ရလို့ ၀က်စ်ဟမ်းကစားသမားတွေ အားတက်သွားလားတော့ မသိဘူး၊ ၀က်စ်ဟမ်းက (၁-၀)ဂိုးနဲ့အနိုင်ရခဲ့တယ်။ ပွဲအပြီးမှာ မီယာခါလီဖာက အာဆင်နယ်ကွင်းလယ်လူ ဂွမ်ဒူဇီ Matteo Guendouzi ဟာ သူမနဲ့တွဲရိုက်ခဲ့တဲ့ မင်းသားတွေလောက်တောင် ကြံ့ခိုင်မှု မရှိဘူးလို့ လှောင်ပြောင်ခဲ့ပါသေးတယ်။

ဗြိတိန်နိုင်ငံရဲ့ အထင်ကရ ချားလ်စ်မင်းသားကြီး Prince Charles ကတော့ ထူးထူးခြားခြား ဘန်လေအသင်းပရိသတ်တစ်ဦးပါ။ သူအားပေးတဲ့ ဘန်လေအသင်း ပရီးမီးယားလိဂ်မှာ ရာသီတိုင်းလိုလို ရုန်းကန်နေရတာက စိတ်မကောင်းစရာပါပဲ။ ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသားကြီး စတားလုံး Sylvester Stallone ရဲ့ Favourite အသင်းက အဲဗာတန်ဖြစ်ပါတယ်။ ၂၀၁၅ ဇန်န၀ါရီလတုန်းက အဲဗာတန်နဲ့ ၀က်စ်ဘရွန်းအသင်းတို့ ကစားခဲ့တဲ့ပွဲ ပထမပိုင်းအပြီး ဂွတ်ဒ်ဆင်ပ့ါခ်ကွင်းထဲမှာ စတားလုံးက Creed ရုပ်ရှင်အတွက် ရိုက်ကူးရေးလုပ်ခဲ့ဖူးပါသေးတယ်။

အင်္ဂလန်နဲ့ စပါးနာမည်ကျော်တိုက်စစ်မှူးဟောင်း လိုင်နီကာ Gary Lineker အားပေးတဲ့အသင်းကလည်း မထင်မှတ်လောက်အောင်ပါ။ လိုင်နီကာဆိုရင် စပါးအသင်းနဲ့တွဲဖက်ပြီး သိတဲ့သူတွေ များပေမယ့် သူ တကယ်အားပေးတာက လက်စတာအသင်းဖြစ်ပါတယ်။ ၂၀၁၅-၁၆ ရာသီမှာ လက်စတာအသင်း ပရီးမီးယားလိဂ်ဖလား ရခဲ့တော့ အသင်းနဲ့အတူ အောင်ပွဲခံခဲ့ဖူးတယ်။ လိုင်နီကာဟာ လက်စတာပရိသတ် ဘာလို့ဖြစ်ရတာလဲဆိုတော့ သူဟာ လက်စတာအကယ်ဒမီက ထွက်ပေါ်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကိုလည်း လက်စတာအသင်းနဲ့ စတင်ခဲ့လို့ဖြစ်ပါတယ်။ Pop ဂီတမှာ ဆရာတစ်ဆူဖြစ်တဲ့ ဂျက်စတင်တင်းဘားလိတ် Justin Timberlake ကို ပရိသတ်တွေ သိပြီးသားပါပဲ။ ဂီတလောကမှာ အောင်မြင်မှုတွေ အများကြီး ရယူထားတဲ့ တင်းဘားလိတ် အားပေးတဲ့အသင်းက ပရီးမီးယားလိဂ်ထိပ်သီး မန်ယူဖြစ်ပါတယ်။ X Men စီးရီးထဲမှာ Wolverine အဖြစ် သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော် မင်းသားတစ်ဦးဖြစ်သူ ဟုခ်ဂျပ်မန်း Hugh Jackman ကြိုက်နှစ်သက်တဲ့အသင်းက လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို တန်းပြန်တက်ခွင့်ရခဲ့တဲ့ နောဝစ်ခ်ျအသင်းဖြစ်ပြီး အက်ရှင်မင်းသားကြီး လီယမ်နယ်လ်ဆင် Liam Neeson ကတော့ လီဗာပူးလ်ပရိသတ်တစ်ဦးပါ။

တစ်ချိန်တုန်းက Rock ဂီတရဲ့ သူရဲကောင်းတွေဖြစ်တဲ့ Oasis အဖွဲ့ဝင် နိုဝဲလ်ဂါလက်ဂါ Noel Gallagher ကတော့ လီယမ်နယ်လ်ဆင်ရဲ့ပြိုင်ဘက် မန်စီးတီးအသင်း ပရိသတ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးက လီဗာပူးလ်အသင်းကို တစ်မှတ်အကွာနဲ့ ဗိုလ်စွဲခဲ့တာကြောင့် လီယမ်နယ်လ်ဆင်တစ်ယောက် ဂါလက်ဂါကို အမြင်မကြည်ဖြစ်နေလောက်ပါပြီ။ နောက်ထပ် မတည့်ဖို့များတာက ရက်ပ်ဘုရင်ကြီး Jay Z နဲ့ ဟယ်ရီပေါ်တာစာအုပ်တွေကို ရေးသားသူ နာမည်ကျော် စာရေးဆရာမ J.K Rowling တို့ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ Jay Z က အာဆင်နယ်ပရိသတ်၊ J.K Rowling က စပါးပရိသတ်ဖြစ်နေလို့ပါပဲ။ ပရိသတ်ကြီးရေ . .နာမည်ကျော် Cele တွေရဲ့ အကြိုက်အသင်းတွေကတော့ တစ်ယောက်တစ်မျိုးစီပါပဲ။ ဒီ Cele တွေထဲက ဘယ်သူနဲ့ ပရိသတ်တွေ အကြိုက်တူလဲဆိုတာ ပြောခဲ့ပါဦးလား . .

တခြား နာမည်ကျော်တွေ အားပေးတဲ့ ပရီးမီးယားလိဂ်ကလပ်များ

Elton John – Singer (Watford)
James Corden – Actor (West Ham United)
J.K Rowling – Author (Tottenham Hotspur)
Sean Bean – Actor (Sheffield United)
Craig David – Singer (Southampton)
Sting – Singer (Newcastle United)
Will Ferrell – Actor (Chelsea)
Bill Nighy – Actor (Crystal Palace)
Fat Boy Slim – DJ (Brighton and Hove Albion)
Seth Rogen – Actor (AFC Bournemouth)

REF:talksport
Photo:Liverpool Echo,Getty Images,
Naing Linn(Akhayar)
www.akhayar.com