[Zawgyi]

(၃)ပြဲပယ္ ျပစ္ဒဏ္ခ်မွတ္ခံရဖို႔ရွိေနတဲ့ ဂ်ာဂယ္လ္ကာ Jagielka

အဲဗာတန္အသင္းရဲ႕ ဝါရင့္ေနာက္ခံလူ ဂ်ာဂယ္လ္ကာ Jagielka အေနနဲ႔ (၃)ပြဲပယ္ ျပစ္ဒဏ္ခ်မွတ္ခံရဖို႔ ရွိေနခဲ့ပါတယ္။ ၿပီးခဲ့တဲ့ စေနေန႔က ကစားခဲ့တဲ့ တန္းတက္ ဝုလ္ဗ္အသင္းနဲ႔ အေဝးကြင္းပြဲစဥ္မွာ တိုက္ရိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ ဂ်ာဂယ္လ္ကာ Jagielka ဟာ (၃)ပြဲပယ္ ျပစ္ဒဏ္ခ်မွတ္ခံရမယ့္ အေနအထားနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ပြဲကစားခ်ိန္ မိနစ္ (၄၀)မွာ ဝုလ္ဗ္အသင္းရဲ႕ တိုက္စစ္ကစားသမား Diogo Jota ကို ဥပေဒပ ဖ်က္ထုတ္ခဲ့တဲ့ ဂ်ာဂယ္လ္ကာ Jagielka ကို ကြင္းလယ္ဒိုင္ Craig Pawson က တိုက္ရိုက္ အနီကတ္ျပ ထုတ္ပယ္ခဲ့သလို FA က ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ဖို႔ ျပင္ဆင္ေနခဲ့တာပါ။ ဝုလ္ဗ္အသင္းရဲ႕ အိမ္ကြင္း Molineux ကြင္းအတြင္းမွာ ကစားခဲ့တဲ့ ပြဲစဥ္မွာ အဲဗာတန္အသင္းက ပြဲကစားခ်ိန္ မိနစ္ (၆၀)ေက်ာ္ေလာက္ (၁)ေယာက္ေလ်ာ႔နဲ႔ ကစားခဲ့ရၿပီး တိုက္စစ္ကစားသမားသစ္ ရစ္ခ်ာလီဆန္ Richarlison ရဲ႕ သြင္းဂိုးေတြနဲ႔ (၂)ႀကိမ္တိုင္တိုင္ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ (၂-၂)ဂိုးစီ သေရက်ခဲ့ပါတယ္။

The-defender-was-sent-off-by-referee-Craig-Pawson

The-defender-was-sent-off-by-referee-Craig-Pawson

ေနာက္ခံလူ ဂ်ာဂယ္လ္ကာ Jagielka ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ခံရဖို႔ ရွိေနတယ္လို႔ နည္းျပ မာကိုေဆးလ္ဗား Marco Silva ကလည္း အတည္ျပဳေပးခဲ့ပါတယ္။ ၿပိဳင္ဘက္ကစားသမားကို ရည္ရြယ္ခ်က္ရွိရွိနဲ႔ ျပင္းထန္တဲ့ ဖ်က္ထုတ္မႈ က်ဴးလြန္ခဲ့တာေၾကာင့္ ဂ်ာဂယ္လ္ကာ Jagielka ကို (၃)ပြဲပယ္ ျပစ္ဒဏ္ခ်မွတ္ဖို႔ စီစဥ္ေနခဲ့တာျဖစ္တယ္လို႔ FA ရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ အဲဗာတန္နည္းျပ မာကိုေဆးလ္ဗား Marco Silva က “အေစာပိုင္းမွာ ျပစ္ဒဏ္ေဘာေတာင္ သတ္မွတ္ေပးျခင္းမရွိေပမယ့္ အခ်ိန္ (၂)စကၠန္႔ေလာက္ ယူခဲ့ၿပီးတဲ့အခါ သူက ျပစ္ဒဏ္ေဘာအျဖစ္ သတ္မွတ္ခဲ့ၿပီး ဂ်ာဂယ္လ္ကာ Jagielka ကို တိုက္ရိုက္အနီကတ္နဲ႔ ထုတ္ပယ္ခဲ့ပါတယ္၊ သူ႔ရဲ႕ ဆံုးျဖတ္ခ်က္ကို ကၽြန္ေတာ္တို႔ ေလးစားမိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ အဲဒီပြဲကို ကိုင္တြယ္ခဲ့တဲ့ ကြင္းလယ္ဒိုင္ Craig Pawson ဟာ ဒီေန႔မွာ FA ကို ပြဲအၿပီး အစီရင္ခံစာတင္ပို႔ရမွာျဖစ္ၿပီး သူ႔ရဲ႕ အစီရင္ခံစာကို ၾကည့္ၿပီး ဂ်ာဂယ္လ္ကာ Jagielka ကို (၃)ပြဲပယ္ျပစ္ဒဏ္ခ်မွတ္သင့္၊ မသင့္ကို FA က ဆံုးျဖတ္မွာ ျဖစ္ပါတယ္။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

(၃)ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရဖို့ရှိနေတဲ့ ဂျာဂယ်လ်ကာ Jagielka

အဲဗာတန်အသင်းရဲ့ ဝါရင့်နောက်ခံလူ ဂျာဂယ်လ်ကာ Jagielka အနေနဲ့ (၃)ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရဖို့ ရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ တန်းတက် ဝုလ်ဗ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဂျာဂယ်လ်ကာ Jagielka ဟာ (၃)ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရမယ့် အနေအထားနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ပွဲကစားချိန် မိနစ် (၄၀)မှာ ဝုလ်ဗ်အသင်းရဲ့ တိုက်စစ်ကစားသမား Diogo Jota ကို ဥပဒေပ ဖျက်ထုတ်ခဲ့တဲ့ ဂျာဂယ်လ်ကာ Jagielka ကို ကွင်းလယ်ဒိုင် Craig Pawson က တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခဲ့သလို FA က ပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို့ ပြင်ဆင်နေခဲ့တာပါ။ ဝုလ်ဗ်အသင်းရဲ့ အိမ်ကွင်း Molineux ကွင်းအတွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ အဲဗာတန်အသင်းက ပွဲကစားချိန် မိနစ် (၆၀)ကျော်လောက် (၁)ယောက်လျော့နဲ့ ကစားခဲ့ရပြီး တိုက်စစ်ကစားသမားသစ် ရစ်ချာလီဆန် Richarlison ရဲ့ သွင်းဂိုးတွေနဲ့ (၂)ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် (၂-၂)ဂိုးစီ သရေကျခဲ့ပါတယ်။

The-defender-was-sent-off-by-referee-Craig-Pawson

The-defender-was-sent-off-by-referee-Craig-Pawson

နောက်ခံလူ ဂျာဂယ်လ်ကာ Jagielka ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖို့ ရှိနေတယ်လို့ နည်းပြ မာကိုဆေးလ်ဗား Marco Silva ကလည်း အတည်ပြုပေးခဲ့ပါတယ်။ ပြိုင်ဘက်ကစားသမားကို ရည်ရွယ်ချက်ရှိရှိနဲ့ ပြင်းထန်တဲ့ ဖျက်ထုတ်မှု ကျူးလွန်ခဲ့တာကြောင့် ဂျာဂယ်လ်ကာ Jagielka ကို (၃)ပွဲပယ် ပြစ်ဒဏ်ချမှတ်ဖို့ စီစဉ်နေခဲ့တာဖြစ်တယ်လို့ FA ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ အဲဗာတန်နည်းပြ မာကိုဆေးလ်ဗား Marco Silva က “အစောပိုင်းမှာ ပြစ်ဒဏ်ဘောတောင် သတ်မှတ်ပေးခြင်းမရှိပေမယ့် အချိန် (၂)စက္ကန့်လောက် ယူခဲ့ပြီးတဲ့အခါ သူက ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ခဲ့ပြီး ဂျာဂယ်လ်ကာ Jagielka ကို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်၊ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ လေးစားမိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ အဲဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် Craig Pawson ဟာ ဒီနေ့မှာ FA ကို ပွဲအပြီး အစီရင်ခံစာတင်ပို့ရမှာဖြစ်ပြီး သူ့ရဲ့ အစီရင်ခံစာကို ကြည့်ပြီး ဂျာဂယ်လ်ကာ Jagielka ကို (၃)ပွဲပယ်ပြစ်ဒဏ်ချမှတ်သင့်၊ မသင့်ကို FA က ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com