[Zawgyi]

အဲဗာတန္အသင္းကို ေပါင္ (၄၄)သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့တဲ့ ရစ္ခ်ာလီဆန္ Richarlison

အဲဗာတန္အသင္းကို ေပါင္ (၄၄)သန္းနဲ႔ ဝက္ဖို႔ဒ္ေတာင္ပံတိုက္စစ္ကစားသမား ရစ္ခ်ာလီဆန္ Richarlison ေျပာင္းေရႊ႕ေရာက္ရွိခဲ့ပါတယ္။ အဲဗာတန္နည္းျပသစ္ မာကိုေဆးလ္ဗား Marco Silva ရဲ႕ ပထမဆံုးကစားသမားေခၚယူမႈျဖစ္ခဲ့ၿပီး ရစ္ခ်ာလီဆန္ Richarlison ကို ေခၚယူႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း အသင္းက တရားဝင္ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အဲဗာတန္ကစားသမားျဖစ္လာတဲ့ အသက္ (၂၀)အရြယ္ရွိ ဘရာဇီးလ္ေတာင္ပံတိုက္စစ္ကစားသမား ရစ္ခ်ာလီဆန္ Richarlison ဟာ ဒီေန႔ (ဗုဒၶဟူးေန႔)မွာ ရာသီႀကိဳေျခစမ္းပြဲအျဖစ္ ကစားမယ့္ ဘလက္ဘန္းနဲ႔ ပြဲစဥ္မွာ အသင္းအတြက္ ဝင္ေရာက္ကစားေပးဖို႔ ရွိေနပါတယ္။ ရစ္ခ်ာလီဆန္ Richarlison ကို (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး အသင္းသစ္မွာ မာကိုေဆးလ္ဗား Marco Silva နဲ႔ ျပန္လည္လက္တြဲသြားမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ဝက္ဖို႔ဒ္အသင္းမွာ လက္တြဲခဲ့တဲ့ မာကိုေဆးလ္ဗား Marco Silva နဲ႔ ရစ္ခ်ာလီဆန္ Richarlison တို႔ အဲဗာတန္အသင္းမွာ တစ္ေက်ာ႔ျပန္ ပူးေပါင္းႏိုင္ေတာ့မွာပါ။

Richarlison-insists-he-can-handle-the-pressure

Richarlison-insists-he-can-handle-the-pressure

ရစ္ခ်ာလီဆန္ Richarlison က “အဲဗာတန္အသင္းက သူတို႔ရဲ႕ ဂ်ာစီကို ယံုယံုၾကည္ၾကည္နဲ႔ ဝတ္ဆင္ကစားေစခဲ့တဲ့အေပၚ ဂုဏ္ယူမိပါတယ္၊ ကၽြန္ေတာ့္ကို ေခၚယူခဲ့တာ မွန္ကန္ေၾကာင္း ေျခစြမ္းနဲ႔ သက္ေသျပသြားမွာပါ၊ နည္းျပနဲ႔လည္း တစ္ေယာက္အေၾကာင္းတစ္ေယာက္ ေကာင္းေကာင္းသိလို႔ အသင္းမွာ အဆင္ေျပမွာပါ၊ သူ႔ေၾကာင့္ ဝက္ဖို႔ဒ္အသင္းမွာ တိုးတက္မႈေတြကို ရွာေဖြႏိုင္ခဲ့တယ္၊ သူနဲ႔ အလုပ္တြဲလုပ္ရတာက အနာဂတ္ ႏိုင္ငံလက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ခံရဖို႔ အေကာင္းဆံုး အေထာက္အပံ့ေတြ ရရွိမယ္လို႔ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ နည္းျပ မာကိုေဆးလ္ဗား Marco Silva ရဲ႕ ပထမဆံုးကစားသမား ေခၚယူမႈျဖစ္ခဲ့ၿပီး အေျပာင္းအေရႊ႕ပိတ္မယ့္ ၾသဂုတ္ (၉)ရက္ေန႔ မတိုင္ခင္ ေနာက္ထပ္ကစားသမား ေခၚယူမႈေတြ ျပဳလုပ္သြားမွာျဖစ္ေၾကာင္း အဲဗာတန္အသင္းက သတင္းထုတ္ျပန္ခဲ့ပါတယ္။

REF:Daily Mail
Photo:Premier League, Liverpool Echo
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အဲဗာတန်အသင်းကို ပေါင် (၄၄)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ရစ်ချာလီဆန် Richarlison

အဲဗာတန်အသင်းကို ပေါင် (၄၄)သန်းနဲ့ ဝက်ဖို့ဒ်တောင်ပံတိုက်စစ်ကစားသမား ရစ်ချာလီဆန် Richarlison ပြောင်းရွှေ့ရောက်ရှိခဲ့ပါတယ်။ အဲဗာတန်နည်းပြသစ် မာကိုဆေးလ်ဗား Marco Silva ရဲ့ ပထမဆုံးကစားသမားခေါ်ယူမှုဖြစ်ခဲ့ပြီး ရစ်ချာလီဆန် Richarlison ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အသင်းက တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဗာတန်ကစားသမားဖြစ်လာတဲ့ အသက် (၂၀)အရွယ်ရှိ ဘရာဇီးလ်တောင်ပံတိုက်စစ်ကစားသမား ရစ်ချာလီဆန် Richarlison ဟာ ဒီနေ့ (ဗုဒ္ဓဟူးနေ့)မှာ ရာသီကြိုခြေစမ်းပွဲအဖြစ် ကစားမယ့် ဘလက်ဘန်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် ဝင်ရောက်ကစားပေးဖို့ ရှိနေပါတယ်။ ရစ်ချာလီဆန် Richarlison ကို (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး အသင်းသစ်မှာ မာကိုဆေးလ်ဗား Marco Silva နဲ့ ပြန်လည်လက်တွဲသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဝက်ဖို့ဒ်အသင်းမှာ လက်တွဲခဲ့တဲ့ မာကိုဆေးလ်ဗား Marco Silva နဲ့ ရစ်ချာလီဆန် Richarlison တို့ အဲဗာတန်အသင်းမှာ တစ်ကျော့ပြန် ပူးပေါင်းနိုင်တော့မှာပါ။

The-20-year-old-forward-has-become-Marco-Silvas-first-signing-at-Goodison-Park

The-20-year-old-forward-has-become-Marco-Silvas-first-signing-at-Goodison-Park

ရစ်ချာလီဆန် Richarlison က “အဲဗာတန်အသင်းက သူတို့ရဲ့ ဂျာစီကို ယုံယုံကြည်ကြည်နဲ့ ဝတ်ဆင်ကစားစေခဲ့တဲ့အပေါ် ဂုဏ်ယူမိပါတယ်၊ ကျွန်တော့်ကို ခေါ်ယူခဲ့တာ မှန်ကန်ကြောင်း ခြေစွမ်းနဲ့ သက်သေပြသွားမှာပါ၊ နည်းပြနဲ့လည်း တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိလို့ အသင်းမှာ အဆင်ပြေမှာပါ၊ သူ့ကြောင့် ဝက်ဖို့ဒ်အသင်းမှာ တိုးတက်မှုတွေကို ရှာဖွေနိုင်ခဲ့တယ်၊ သူနဲ့ အလုပ်တွဲလုပ်ရတာက အနာဂတ် နိုင်ငံလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့ အကောင်းဆုံး အထောက်အပံ့တွေ ရရှိမယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ နည်းပြ မာကိုဆေးလ်ဗား Marco Silva ရဲ့ ပထမဆုံးကစားသမား ခေါ်ယူမှုဖြစ်ခဲ့ပြီး အပြောင်းအရွှေ့ပိတ်မယ့် သြဂုတ် (၉)ရက်နေ့ မတိုင်ခင် နောက်ထပ်ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း အဲဗာတန်အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

REF:Daily Mail
Photo:Premier League, Liverpool Echo
Aung Kyaw Wai (Akhayar)
www.akhayar.com