[Zawgyi]

မန္စီးတီးနဲ႔ အဲဗာတန္ႏွစ္သင္းစလံုးအေနနဲ႔ သူတို႔ရဲ႕ရာသီအစ အဖြင့္ကုိ ႏုိင္ပြဲနဲ႔ စတင္ႏုိင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ အဂၤါေန႔နံနက္မွာ ကစားမယ့္ပြဲမွာေတာ့ အိမ္ရွင္ျဖစ္တဲ့ မန္စီးတီးက အႏုိင္ရဖို႕ ေရပန္းစားေနပါတယ္။ မန္းစီးတီးရဲ႕ရာသီအဖြင့္ပြဲကုိ ျပန္ၾကည့္မယ္ဆိုရင္ တန္းတက္အသင္း ဘရိုက္တန္အေနနဲ႔ ဘတ္စ္ကားခံစစ္ပံုစံနဲ႔ ႀကံ႕ႀကံ႕ခံေနခဲ့လို႔ မန္းစီးတီးတို႔အခက္ေတြ႕ခဲ့ပါတယ္။ တစ္ခ်ိန္လံုးကြင္းထဲမွာ တစ္ဖက္သတ္နီးပါးကစားခဲ့ၿပီး မိနစ္ ၇၀ အေရာက္မွာ အဂြီရိုက သူ႔ရဲ႕ ၂၀၁၇/၁၈ ရာသီအတြက္ ပထမဆံုဂိုးကုိ သြင္းယူႏုိင္ခဲ့တာပါ။ ေနာက္၅ မိနစ္အၾကာမွာပဲ ဘရိုက္တန္ေနာက္ခံလူ လူးဝစ္ဒန္႔ခ္ ရဲ႕ ကုိယ့္ဂိုးကုိယ္သြင္းမိတဲ့ဂိုးေၾကာင့္ မန္စီးတီးတို႔ ၂ ဂိုးျပတ္အႏိုင္ရခဲ့တာျဖစ္ပါတယ္။ ဒီေႏြမွာ ေငြအလံုးအရင္းသံုးၿပီး အသင္းရဲ႕ဟာေပါက္ေတြကုိ ဖာေထးေနတဲ့ ပက္ဂြာဒီယုိလာအသင္းအတြက္ေတာ့ အဲဗာတန္နဲ႔ပြဲဟာ ဒီရာသီ ဖလားရည္မွန္းခ်က္အတြက္ ပထမဆံုး စမ္းသပ္ခ်က္ျဖစ္ပါတယ္။

အဲဗာတန္ကေတာ့ ၿပီးခဲ့တဲ့ ရာသီအစ စတုတ္စီးတီးနဲ႔ပြဲမွာ ေျခစြမ္းက ထူးထူးျခားျခားေျပာစရာ မရွိသေလာက္ပါပဲ။ ဝိန္း ရြန္းနီသာ ဂိုးေပါက္မေတြ႔ခဲ့ရင္ စတုတ္နဲ႔ပြဲက ဂိုးမရွိသေရနဲ႔သာ ၿပီးသြားဖို႔ ဦးတည္ေနခဲ့တာပါ။ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက ယူရိုပါလိဂ္ပြဲစဥ္မွာေတာ့ Hajduk Split အသင္းကုိ ၂ ဂိုးျပတ္နဲ႔ အႏုိင္ရခဲ့တာေၾကာင့္ ခုပြဲမွာ စိတ္ဓါတ္ပိုင္းယံုၾကည္မႈ ျမင့္တက္ေနႏုိင္ပါတယ္။ ဒါေပမယ့္ အဲဗာတန္က အစစအရာရာ တိုးတက္ဖို႔ လိုေနေသးတဲ့ အသင္းပါ။ ၿပီးခဲ့တဲ့ စတုတ္နဲ႔ပြဲကုိၾကည့္ရင္ အဲဗာတန္တို႔အတြက္ လိုအပ္ေနေသးတဲ့အရာကေတာ့ ကစားကြက္ဖန္တီးႏုိင္စြမ္းနဲ႔ အခြင့္အေရးဖန္တီးႏုိင္မႈပါပဲ။ ဒါ့အျပင္ ပရီးမီးယားလိဂ္ ထိပ္သီးအသင္းေတြနဲ႔ ထိပ္တိုက္ေတြ႔ဆံုတဲ့ အေဝးကြင္းပြဲေတြမွာ ရလဒ္ေကာင္းရေအာင္ စြမ္းေဆာင္ႏုိင္ဖို႔လည္း လိုပါေသးတယ္။

ထိပ္တိုက္ေတြ႔ဆံုမႈ

ၿပီးခဲ့တဲ့ရာသီက မန္စီးတီးကုိ အဲဗာတန္တို႔ ၄-၀ ဆိုတဲ့ရလဒ္နဲ႔ အိမ္ကြင္း ဂိုဒီဆင္ပါတ္ခ္မွာ ဂိုးျပတ္အႏုိင္ရခဲ့ၿပီး မန္စီးတီးနည္းျပ ပက္ဂြာဒီယိုလာရဲဲ႕ ပရီးမီးယားလိဂ္ အႀကီးမားဆံုးရံႈးပြဲအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ မန္စီးတီးအိမ္ကြင္းမွာေတာ့ မန္စီးတီးတို႔ ရရွိတဲ့ ပင္နယ္တီ ၂ လံုးကု္ိ အသံုးမခ်ႏုိင္ခဲ့တာေၾကာင့္ ၁-၁ ဆိုတဲ့ရလဒ္ ထြက္ေပၚခဲ့တယ္။ ၿပီးခဲ့တဲ့ ရာသီ ၃ ခုထိပ္တိုက္ေတြ႔ဆံုမႈကုိ ၾကည့္ရင္ ၂ ႏွစ္လံုးက ၂ ပြဲႏိုင္ ၂ ပြဲ သေရရလဒ္ ရယူႏုိင္ခဲ့ၾကတာကုိ ေတြ႔ရမွာပါ။ သတိျပဳစရာအေနနဲ႔ အဲဗာတန္ဟာ မန္စီးတီးရဲ႕ အီတီဟတ္ကြင္းႀကီးထဲမွာ အႏုိင္မရခဲ့တာ ၂၀၁၀ ခုႏွစ္ကတည္းကျဖစ္ၿပီး ၄ ပြဲရႈံး ၃  ပြဲသေရ ရလဒ္ ထြက္ေပၚခဲ့တာကုိ ေတြ႔ရပါတယ္။

မန္စီးတီး  – အဲဗာတန္ ပြဲစဥ္ သံုးသပ္ျခင္း

စီးတီးအေနနဲ႔ ၿပီးခဲ့တဲ့ရာသီ အိမ္ကြင္းပြဲစဥ္ေတြထဲမွာ ၁ ပြဲသာ ရံႈးထားပါတယ္။ ဒါေပမယ့္ က်န္ ၁၈ ပြဲမွာ ၇ ပြဲေလာက္က သေရရလဒ္ထြက္ေပၚခဲ့တာပါ။ ဒါဟာ ပရီးမီးယားလိဂ္ဖလား စိန္ေခၚမယ့္အသင္းမ်ိဳးအတြက္ မျဖစ္သင့္တဲ့ ရလဒ္ျဖစ္ပါတယ္။ ေနာက္ၿပီး ၿပီးခဲ့တဲ့ရာသီက အီတီဟတ္ကြင္းထဲမွာ သြင္းဂိုးနည္းပါးခဲ့ၿပီး ၂ ဂိုးနဲ႔ ေအာက္သာ ရွိခဲ့တာကုိ ေတြ႔ရပါတယ္။ ပက္ဂြာဒီယုိလာအေနနဲ႔ ဒီအေျခအေနကုိ ျပင္ဆင္ၿပီး လာမယ့္အဂၤါေန႔နံနက္ ပြဲစဥ္ကုိ အႏုိင္ယူႏုိင္ဖို႔ အေကာင္းဆံုးျပင္ဆင္လာမယ္လို႔ ျမင္ပါတယ္။

စီးတီးအေနနဲ႔ ရာသီအစ အိမ္ကြင္းပထမဆံုးပြဲစဥ္ေတြကုိ လံုးဝ မရံႈးႏွုိမ့္ဖူးေသးပါဘူး။ ရာသီအစ အိမ္ကြင္းပြဲစဥ္ ၂၀ ပြဲကစားၿပီးရာမွာ ၁၃ ပြဲႏုိင္၊ ၇ ပြဲသေရရယူထားႏုိင္ခဲ့ၿပီး ၿပီးခဲတ့ဲ ေဘာလံုးရာသီ ၁၀ ခုရဲ႕ အိမ္ကြင္းအစပြဲေတြကုိ လံုးအဝအႏိုင္ရထားတာျဖစ္ၿဖစ္ပါတယ္။ ဆာဂ်ီယုိအေဂြယိုအေနနဲ႔ အဲဗာတန္နဲ႔ ေနာက္ဆံုးေတြ႔ခဲ့တဲ့ ၆ ပြဲမွာ တစ္ပြဲမွ ဂိုးသြင္းယူႏုိင္ခဲ့ျခင္းမရွိတာေၾကာင့္ ဒီပြဲမွာ ဂိုးေပါက္ေတြ႔သြားမလား ဒါမွမဟုတ္ အဲဗာတန္နဲ႔ ေတြ႔တိုင္းဂိုးမိုးေခါင္တတ္တဲ့ အဂီြရို ဆက္ၿပီး ဂိုးမသြင္းႏုိင္ပဲ ျဖစ္အုးမလားဆိုတာ ေစာင့္ၾကည့္ခ်င္စရာပါ။

ၿပီးခဲ့တဲ့ရာသီ ပရီမီးယားလိဂ္ အသင္းႀကီး ၆ သင္းနဲ႔ ထိပ္တိုက္ေတြ႔ဆံုံတဲ့ပြဲေတြမွာ အဲဗာတန္အေနနဲ႔ ရလဒ္မေကာင္းႏုိင္ခဲ့ပါဘူး။ အာဆင္နယ္၊ ခ်ယ္လ္ဆီး၊ လီဗာပူးလ္ နဲ႔ စပါးအသင္းေတြကုိ ရႈံးခဲ့ၿပီး မန္ယူနဲ႔ မန္စီးတီးတို႔ကုိ သေရက်ကာ စုစုေပါင္း ၁၆ မွတ္ထဲကေန ၂ မွတ္သာရယူႏုိင္ခဲ့ပါတယ္။ မန္စီးတီးနဲ႔ပြဲမွာဆိုရင္ အီတီဟတ္ကြင္းႀကီးထဲမွာ အရံႈးနဲ႔လွည့္ျပန္ရဖို႔ျဖစ္ေပမယ့္ စီးတီးတိို႔ ပင္နယ္လ္တီ ၂ လံုးလြဲေခ်ာ္ခဲ့တာေၾကာင့္ ၁-၁ ဆိုတဲ့ရလဒ္နဲ႔ သေရက်ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီရာသီမွာေတာ့ ဂြာဒီယုိလာဟာ သူ႕အသင္းကုိ အေကာင္းဆံုးျပင္ဆင္ေနခဲ့ၿပီးျဖစ္တာေၾကာင့္  ၿပီးခဲ့တဲ့ရာသီနဲ႔ တူေတာ့မွာမဟုတ္ပါဘူး။

အဲဗာတန္အေနနဲ႔ အဓိကကစားသမားေတြျဖစ္တဲ့ မက္ကာသီ၊ ကိုးလ္မန္း၊ ဘာ့ခ္ကေလ တို႕႔ ဒဏ္ရာေၾကာင့္ ပါဝင္လာႏုိင္ဖြယ္မရွိလို႔ ဂိုးဖန္တီးမႈပိုင္းမွာ ဆက္လက္ၿပီး လိုအပ္ခ်က္ေတြ ရွိေနႏုိင္ပါတယ္။ ဒါေပမယ့္ ဆြမ္ဆီးအသင္းဆီကေန လတ္တေလာကမွ ေခၚယူထားတဲ့ ကြင္းလယ္လူ ဆီဂတ္ဆန္ကုိ နည္းျပေရာ္နယ္လ္ကိုးလ္မန္းက မန္စီးတီးနဲ႔ပြဲမွာ စတင္အသံုးျပဳဖြယ္ရွိပါတယ္။ မန္စီးတီးကေတာ့ နာဆရီကလြဲလို႔ က်န္တဲ့အဓိကကစားသမားေတြ ဒဏ္ရာအနာတရကင္းေနတာျဖစ္လို႔ အိမ္ကြင္းအေျခအေနေၾကာင့္လည္း တစ္ပန္းသာေနတာကုိ ေတြ႔ရပါတယ္။

အဲဗာတန္အေနနဲ႔ မန္စီးတီးရဲ႕ ေဘာလံုးပိုင္ဆိုင္လြမ္းမိုးမႈကုိ တိုက္စစ္ကစားသမား ရြန္းနီ နဲ႔ မီရာလက္စ္ႏွစ္ေယာက္ကုိ အသံုးျပဳၿပီး ေကာင္တာတိုက္စစ္ကေန ေျခဖ်က္ထိုးေဖာက္သြားဖြယ္ရွိေနပါတယ္။ အလန္ရွီးယားရဲ႕ ပရီးမီးယားလိဂ္ သြင္းဂိုး၂၀၀ ကုိမီဖို႔ ၁ ဂိုးသာလိုေတာ့တဲ့ ရြန္းနီအေနနဲ႔ မန္စီးတီးနဲ႔ပြဲမွာ သြင္းဂိုး ၁ ဂိုးနဲ႔ သူ႕ရဲ႕ကစားသမားဘဝမွတ္တိုင္တစ္ခု စိုက္ထူသြားႏုိင္မလား ေစာင့္ၾကည့္ရမွာပါ။ မန္စီးတီးဖက္ကုိ ရြန္းနီသြင္းယူႏုိင္ခဲ့တဲ့ ဂိုး ၈ ဂိုးအထိရွိခဲ့ၿပီး သူ႔ထက္မ်ားတာဆိုလို႔ ၁၁ ဂိုးနဲ႔ အလန္ရွီးယားပဲ ရွိတာျဖစ္ပါတယ္။ ဒါေပမယ့္ ခန္႔မွန္းသူေတြကေတာ့ မန္စီးတီးအႏုိင္အျဖစ္ ၁၁/၁ ေပးထားပါတယ္။

မန္စီးတီးရဲ႕ျဖစ္ႏုိင္ဖြယ္ ပြဲထြက္လူစာရင္း

ဂိုး – အီဒါဆန္

ေနာက္တန္း – ေဝါ့လ္ကာ ၊ ကြန္ပနီ ၊ စတုန္း ၊ ေအာ့တာမန္ဒီ

ကြင္းလယ္ – ဒန္နီလို ၊ ဒီဘရြန္း၊ ီေဒးဗစ္ ေဆးလ္ဗား၊ ဖာနန္ဒင္ဟို

တိုက္စစ္ – အဂီြရို ၊ ေဂ်းဆပ္စ္

အဲဗာတန္ရဲ႕ျဖစ္ႏုိင္ဖြယ္ ပြဲထြက္လူစာရင္း

ဂိုး – ပစ္ခ္ေဖါ့ဒ္

ေနာက္တန္း – ဘိန္းစ္၊ ဂ်ာဂယ္လ္ကာ၊ ဝီလီယံ၊ ကိန္း

ကြင္းလယ္ – ရွႏုိက္ဒါလင္၊ ကလာဆန္၊ ဆီဂတ္ဆန္၊ ဂူယီ

တိုက္စစ္ – ရြန္းနီ၊ မီရာလက္စ္

HGID_KV_Ads_Square

www.akhayar.com

[Unicode]

မန်စီးတီးနဲ့ အဲဗာတန်နှစ်သင်းစလုံးအနေနဲ့ သူတို့ရဲ့ရာသီအစ အဖွင့်ကို နိုင်ပွဲနဲ့ စတင်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် အင်္ဂါနေ့နံနက်မှာ ကစားမယ့်ပွဲမှာတော့ အိမ်ရှင်ဖြစ်တဲ့ မန်စီးတီးက အနိုင်ရဖို့ ရေပန်းစားနေပါတယ်။ မန်းစီးတီးရဲ့ရာသီအဖွင့်ပွဲကို ပြန်ကြည့်မယ်ဆိုရင် တန်းတက်အသင်း ဘရိုက်တန်အနေနဲ့ ဘတ်စ်ကားခံစစ်ပုံစံနဲ့ ကြံ့ကြံ့ခံနေခဲ့လို့ မန်းစီးတီးတို့အခက်တွေ့ခဲ့ပါတယ်။ တစ်ချိန်လုံးကွင်းထဲမှာ တစ်ဖက်သတ်နီးပါးကစားခဲ့ပြီး မိနစ် ၇၀ အရောက်မှာ အဂွီရိုက သူ့ရဲ့ ၂၀၁၇/၁၈ ရာသီအတွက် ပထမဆုံဂိုးကို သွင်းယူနိုင်ခဲ့တာပါ။ နောက်၅ မိနစ်အကြာမှာပဲ ဘရိုက်တန်နောက်ခံလူ လူးဝစ်ဒန့်ခ် ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ဂိုးကြောင့် မန်စီးတီးတို့ ၂ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီနွေမှာ ငွေအလုံးအရင်းသုံးပြီး အသင်းရဲ့ဟာပေါက်တွေကို ဖာထေးနေတဲ့ ပက်ဂွာဒီယိုလာအသင်းအတွက်တော့ အဲဗာတန်နဲ့ပွဲဟာ ဒီရာသီ ဖလားရည်မှန်းချက်အတွက် ပထမဆုံး စမ်းသပ်ချက်ဖြစ်ပါတယ်။

အဲဗာတန်ကတော့ ပြီးခဲ့တဲ့ ရာသီအစ စတုတ်စီးတီးနဲ့ပွဲမှာ ခြေစွမ်းက ထူးထူးခြားခြားပြောစရာ မရှိသလောက်ပါပဲ။ ဝိန်း ရွန်းနီသာ ဂိုးပေါက်မတွေ့ခဲ့ရင် စတုတ်နဲ့ပွဲက ဂိုးမရှိသရေနဲ့သာ ပြီးသွားဖို့ ဦးတည်နေခဲ့တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ယူရိုပါလိဂ်ပွဲစဉ်မှာတော့ Hajduk Split အသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် ခုပွဲမှာ စိတ်ဓါတ်ပိုင်းယုံကြည်မှု မြင့်တက်နေနိုင်ပါတယ်။ ဒါပေမယ့် အဲဗာတန်က အစစအရာရာ တိုးတက်ဖို့ လိုနေသေးတဲ့ အသင်းပါ။ ပြီးခဲ့တဲ့ စတုတ်နဲ့ပွဲကိုကြည့်ရင် အဲဗာတန်တို့အတွက် လိုအပ်နေသေးတဲ့အရာကတော့ ကစားကွက်ဖန်တီးနိုင်စွမ်းနဲ့ အခွင့်အရေးဖန်တီးနိုင်မှုပါပဲ။ ဒါ့အပြင် ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေနဲ့ ထိပ်တိုက်တွေ့ဆုံတဲ့ အဝေးကွင်းပွဲတွေမှာ ရလဒ်ကောင်းရအောင် စွမ်းဆောင်နိုင်ဖို့လည်း လိုပါသေးတယ်။

ထိပ်တိုက်တွေ့ဆုံမှု

ပြီးခဲ့တဲ့ရာသီက မန်စီးတီးကို အဲဗာတန်တို့ ၄-၀ ဆိုတဲ့ရလဒ်နဲ့ အိမ်ကွင်း ဂိုဒီဆင်ပါတ်ခ်မှာ ဂိုးပြတ်အနိုင်ရခဲ့ပြီး မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာရဲ့ ပရီးမီးယားလိဂ် အကြီးမားဆုံးရှုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မန်စီးတီးအိမ်ကွင်းမှာတော့ မန်စီးတီးတို့ ရရှိတဲ့ ပင်နယ်တီ ၂ လုံးကို အသုံးမချနိုင်ခဲ့တာကြောင့် ၁-၁ ဆိုတဲ့ရလဒ် ထွက်ပေါ်ခဲ့တယ်။ ပြီးခဲ့တဲ့ ရာသီ ၃ ခုထိပ်တိုက်တွေ့ဆုံမှုကို ကြည့်ရင် ၂ နှစ်လုံးက ၂ ပွဲနိုင် ၂ ပွဲ သရေရလဒ် ရယူနိုင်ခဲ့ကြတာကို တွေ့ရမှာပါ။ သတိပြုစရာအနေနဲ့ အဲဗာတန်ဟာ မန်စီးတီးရဲ့ အီတီဟတ်ကွင်းကြီးထဲမှာ အနိုင်မရခဲ့တာ ၂၀၁၀ ခုနှစ်ကတည်းကဖြစ်ပြီး ၄ ပွဲရှုံး ၃ ပွဲသရေ ရလဒ် ထွက်ပေါ်ခဲ့တာကို တွေ့ရပါတယ်။

မန်စီးတီး – အဲဗာတန် ပွဲစဉ် သုံးသပ်ခြင်း

စီးတီးအနေနဲ့ ပြီးခဲ့တဲ့ရာသီ အိမ်ကွင်းပွဲစဉ်တွေထဲမှာ ၁ ပွဲသာ ရှုံးထားပါတယ်။ ဒါပေမယ့် ကျန် ၁၈ ပွဲမှာ ၇ ပွဲလောက်က သရေရလဒ်ထွက်ပေါ်ခဲ့တာပါ။ ဒါဟာ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မယ့်အသင်းမျိုးအတွက် မဖြစ်သင့်တဲ့ ရလဒ်ဖြစ်ပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ရာသီက အီတီဟတ်ကွင်းထဲမှာ သွင်းဂိုးနည်းပါးခဲ့ပြီး ၂ ဂိုးနဲ့ အောက်သာ ရှိခဲ့တာကို တွေ့ရပါတယ်။ ပက်ဂွာဒီယိုလာအနေနဲ့ ဒီအခြေအနေကို ပြင်ဆင်ပြီး လာမယ့်အင်္ဂါနေ့နံနက် ပွဲစဉ်ကို အနိုင်ယူနိုင်ဖို့ အကောင်းဆုံးပြင်ဆင်လာမယ်လို့ မြင်ပါတယ်။

စီးတီးအနေနဲ့ ရာသီအစ အိမ်ကွင်းပထမဆုံးပွဲစဉ်တွေကို လုံးဝ မရှုံးနှိုမ့်ဖူးသေးပါဘူး။ ရာသီအစ အိမ်ကွင်းပွဲစဉ် ၂၀ ပွဲကစားပြီးရာမှာ ၁၃ ပွဲနိုင်၊ ၇ ပွဲသရေရယူထားနိုင်ခဲ့ပြီး ပြီးခဲတဲ့ ဘောလုံးရာသီ ၁၀ ခုရဲ့ အိမ်ကွင်းအစပွဲတွေကို လုံးအဝအနိုင်ရထားတာဖြစ်ဖြစ်ပါတယ်။ ဆာဂျီယိုအဂွေယိုအနေနဲ့ အဲဗာတန်နဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ ၆ ပွဲမှာ တစ်ပွဲမှ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ဒီပွဲမှာ ဂိုးပေါက်တွေ့သွားမလား ဒါမှမဟုတ် အဲဗာတန်နဲ့ တွေ့တိုင်းဂိုးမိုးခေါင်တတ်တဲ့ အဂွီရို ဆက်ပြီး ဂိုးမသွင်းနိုင်ပဲ ဖြစ်အုးမလားဆိုတာ စောင့်ကြည့်ချင်စရာပါ။

ပြီးခဲ့တဲ့ရာသီ ပရီမီးယားလိဂ် အသင်းကြီး ၆ သင်းနဲ့ ထိပ်တိုက်တွေ့ဆုံံတဲ့ပွဲတွေမှာ အဲဗာတန်အနေနဲ့ ရလဒ်မကောင်းနိုင်ခဲ့ပါဘူး။ အာဆင်နယ်၊ ချယ်လ်ဆီး၊ လီဗာပူးလ် နဲ့ စပါးအသင်းတွေကို ရှုံးခဲ့ပြီး မန်ယူနဲ့ မန်စီးတီးတို့ကို သရေကျကာ စုစုပေါင်း ၁၆ မှတ်ထဲကနေ ၂ မှတ်သာရယူနိုင်ခဲ့ပါတယ်။ မန်စီးတီးနဲ့ပွဲမှာဆိုရင် အီတီဟတ်ကွင်းကြီးထဲမှာ အရှုံးနဲ့လှည့်ပြန်ရဖို့ဖြစ်ပေမယ့် စီးတီးတို့ ပင်နယ်လ်တီ ၂ လုံးလွဲချော်ခဲ့တာကြောင့် ၁-၁ ဆိုတဲ့ရလဒ်နဲ့ သရေကျခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ဂွာဒီယိုလာဟာ သူ့အသင်းကို အကောင်းဆုံးပြင်ဆင်နေခဲ့ပြီးဖြစ်တာကြောင့် ပြီးခဲ့တဲ့ရာသီနဲ့ တူတော့မှာမဟုတ်ပါဘူး။

အဲဗာတန်အနေနဲ့ အဓိကကစားသမားတွေဖြစ်တဲ့ မက်ကာသီ၊ ကိုးလ်မန်း၊ ဘာ့ခ်ကလေ တို့ ဒဏ်ရာကြောင့် ပါဝင်လာနိုင်ဖွယ်မရှိလို့ ဂိုးဖန်တီးမှုပိုင်းမှာ ဆက်လက်ပြီး လိုအပ်ချက်တွေ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ဆွမ်ဆီးအသင်းဆီကနေ လတ်တလောကမှ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဆီဂတ်ဆန်ကို နည်းပြရော်နယ်လ်ကိုးလ်မန်းက မန်စီးတီးနဲ့ပွဲမှာ စတင်အသုံးပြုဖွယ်ရှိပါတယ်။ မန်စီးတီးကတော့ နာဆရီကလွဲလို့ ကျန်တဲ့အဓိကကစားသမားတွေ ဒဏ်ရာအနာတရကင်းနေတာဖြစ်လို့ အိမ်ကွင်းအခြေအနေကြောင့်လည်း တစ်ပန်းသာနေတာကို တွေ့ရပါတယ်။

အဲဗာတန်အနေနဲ့ မန်စီးတီးရဲ့ ဘောလုံးပိုင်ဆိုင်လွမ်းမိုးမှုကို တိုက်စစ်ကစားသမား ရွန်းနီ နဲ့ မီရာလက်စ်နှစ်ယောက်ကို အသုံးပြုပြီး ကောင်တာတိုက်စစ်ကနေ ခြေဖျက်ထိုးဖောက်သွားဖွယ်ရှိနေပါတယ်။ အလန်ရှီးယားရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး၂၀၀ ကိုမီဖို့ ၁ ဂိုးသာလိုတော့တဲ့ ရွန်းနီအနေနဲ့ မန်စီးတီးနဲ့ပွဲမှာ သွင်းဂိုး ၁ ဂိုးနဲ့ သူ့ရဲ့ကစားသမားဘဝမှတ်တိုင်တစ်ခု စိုက်ထူသွားနိုင်မလား စောင့်ကြည့်ရမှာပါ။ မန်စီးတီးဖက်ကို ရွန်းနီသွင်းယူနိုင်ခဲ့တဲ့ ဂိုး ၈ ဂိုးအထိရှိခဲ့ပြီး သူ့ထက်များတာဆိုလို့ ၁၁ ဂိုးနဲ့ အလန်ရှီးယားပဲ ရှိတာဖြစ်ပါတယ်။ ဒါပေမယ့် ခန့်မှန်းသူတွေကတော့ မန်စီးတီးအနိုင်အဖြစ် ၁၁/၁ ပေးထားပါတယ်။

မန်စီးတီးရဲ့ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

ဂိုး – အီဒါဆန်
နောက်တန်း – ဝေါ့လ်ကာ ၊ ကွန်ပနီ ၊ စတုန်း ၊ အော့တာမန်ဒီ
ကွင်းလယ် – ဒန်နီလို ၊ ဒီဘရွန်း၊ ီဒေးဗစ် ဆေးလ်ဗား၊ ဖာနန်ဒင်ဟို
တိုက်စစ် – အဂွီရို ၊ ဂျေးဆပ်စ်

အဲဗာတန်ရဲ့ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

ဂိုး – ပစ်ခ်ဖေါ့ဒ်
နောက်တန်း – ဘိန်းစ်၊ ဂျာဂယ်လ်ကာ၊ ဝီလီယံ၊ ကိန်း
ကွင်းလယ် – ရှနိုက်ဒါလင်၊ ကလာဆန်၊ ဆီဂတ်ဆန်၊ ဂူယီ
တိုက်စစ် – ရွန်းနီ၊ မီရာလက်စ်

HGID_KV_Ads_Square

www.akhayar.com