[Zawgyi]

ရစ္ခ်ာလီဆန္ Richarlison ကို ေပါင္ (၄၄)သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈရရွိခဲ့တဲ့ အဲဗာတန္

အဲဗာတန္အသင္းအေနနဲ႔ ဘရာဇီးလ္ေတာင္ပံတိုက္စစ္ကစားသမား ရစ္ခ်ာလီဆန္ Richardlison ကို ေပါင္ (၄၄)သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈရရွိခဲ့ပါတယ္။ အဲဗာတန္အသင္းရဲ႕ ေပါင္ (၄၄)သန္းနဲ႔ ကမ္းလွမ္းမႈကို ဝက္ဖို႔ဒ္အသင္းက လက္ခံခဲ့တာျဖစ္ၿပီး မနက္ျဖန္ (တနလၤာေန႔)မွာ ကစားသမားကို ေဆးစစ္မႈေတြ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ဘရာဇီးလ္ကလပ္ ဖလူမီးနီးစ္အသင္းကေန ေပါင္ (၁၁.၅)သန္းနဲ႔ ေခၚယူခဲ့တဲ့ အသက္ (၂၁)အရြယ္ရွိ ရစ္ခ်ာလီဆန္ Richarlison ဟာ ဝက္ဖို႔ဒ္တိုက္စစ္မွာ ေျခစြမ္းျပသခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။ အဲဗာတန္နည္းျပသစ္ ျဖစ္လာတဲ့ မာကိုေဆးလ္ဗား Marco Silva က ရစ္ခ်ာလီဆန္ Richarlison ကို ေခၚယူႏုိင္ဖို႔ ေတာက္ေလွ်ာက္ ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး တပည့္ေဟာင္းနဲ႔ အသင္းသစ္မွာ တစ္ေက်ာ႔ျပန္ပူးေပါင္းႏိုင္ေတာ့မွာျဖစ္ပါတယ္။

Watford-are-set-to-make-a-staggering-profit-on-the-£11

Watford-are-set-to-make-a-staggering-profit-on-the-£11

ခ်ယ္လ္ဆီးအသင္းနဲ႔ စပါးအသင္းတို႔ စိတ္ဝင္စားျခင္းကို ခံခဲ့ရေပမယ့္ တရားဝင္ကမ္းလွမ္းမႈေတြ ျပဳလုပ္ခဲ့တဲ့ အဲဗာတန္အသင္းကို ဝက္ဖို႔ဒ္အသင္းက ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ စေနေန႔က ဒူဆယ္လ္ေဒါ့ဖ္အသင္းနဲ႔ ကစားခဲ့တဲ့ ဝက္ဖို႔ဒ္အသင္းရဲ႕ ရာသီႀကိဳေျခစမ္းပြဲစဥ္မွာ ရစ္ခ်ာလီဆန္ Richarlison ပါဝင္ခဲ့ျခင္းမရွိဘဲ အဲဗာတန္အသင္းနဲ႔ သေဘာတူညီမႈရရွိခဲ့တာပါ။ အဲဗာတန္အသင္းဟာ ရစ္ခ်ာလီဆန္ Richarlison ကို ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီးတဲ့ေနာက္ လိုက္ပ္ဇစ္ကစားသမား လုခ္မန္း Lookman ကိုလည္း ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနၿပီး ရာသီသစ္မစတင္ခင္ အၿပီးသတ္ေခၚယူႏုိင္ဖို႔ ႀကိဳးပမ္းေနပါတယ္။

REF:Daily Mail
Photo:Daily Mail
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ရစ်ချာလီဆန် Richarlison ကို ပေါင် (၄၄)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ အဲဗာတန်

အဲဗာတန်အသင်းအနေနဲ့ ဘရာဇီးလ်တောင်ပံတိုက်စစ်ကစားသမား ရစ်ချာလီဆန် Richardlison ကို ပေါင် (၄၄)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ အဲဗာတန်အသင်းရဲ့ ပေါင် (၄၄)သန်းနဲ့ ကမ်းလှမ်းမှုကို ဝက်ဖို့ဒ်အသင်းက လက်ခံခဲ့တာဖြစ်ပြီး မနက်ဖြန် (တနင်္လာနေ့)မှာ ကစားသမားကို ဆေးစစ်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘရာဇီးလ်ကလပ် ဖလူမီးနီးစ်အသင်းကနေ ပေါင် (၁၁.၅)သန်းနဲ့ ခေါ်ယူခဲ့တဲ့ အသက် (၂၁)အရွယ်ရှိ ရစ်ချာလီဆန် Richarlison ဟာ ဝက်ဖို့ဒ်တိုက်စစ်မှာ ခြေစွမ်းပြသခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ အဲဗာတန်နည်းပြသစ် ဖြစ်လာတဲ့ မာကိုဆေးလ်ဗား Marco Silva က ရစ်ချာလီဆန် Richarlison ကို ခေါ်ယူနိုင်ဖို့ တောက်လျှောက် ကြိုးပမ်းခဲ့တာဖြစ်ပြီး တပည့်ဟောင်းနဲ့ အသင်းသစ်မှာ တစ်ကျော့ပြန်ပူးပေါင်းနိုင်တော့မှာဖြစ်ပါတယ်။

Watford-are-set-to-make-a-staggering-profit-on-the-£11

Watford-are-set-to-make-a-staggering-profit-on-the-£11

ချယ်လ်ဆီးအသင်းနဲ့ စပါးအသင်းတို့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပေမယ့် တရားဝင်ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တဲ့ အဲဗာတန်အသင်းကို ဝက်ဖို့ဒ်အသင်းက ရောင်းချခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ဒူဆယ်လ်ဒေါ့ဖ်အသင်းနဲ့ ကစားခဲ့တဲ့ ဝက်ဖို့ဒ်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ရစ်ချာလီဆန် Richarlison ပါဝင်ခဲ့ခြင်းမရှိဘဲ အဲဗာတန်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့တာပါ။ အဲဗာတန်အသင်းဟာ ရစ်ချာလီဆန် Richarlison ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးတဲ့နောက် လိုက်ပ်ဇစ်ကစားသမား လုခ်မန်း Lookman ကိုလည်း ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး ရာသီသစ်မစတင်ခင် အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

REF:Daily Mail
Photo:Daily Mail
Aung Kyaw Wai (Akhayar)
www.akhayar.com