[Zawgyi]

ဒီတစ္ပတ္အတြက္ ေရြးခ်ယ္သြားလာစရာ အခမ္းအနားမ်ား

လာမယ့္ ၾသဂုတ္လ ၁၈ရက္ကေန ၂၃ရက္အတြင္း သြားစရာလာစရာေကာင္းတဲ့ပြဲေလးေတြ နည္းနည္း ေရြးေပးထားပါတယ္ေနာ္။ ဒီတစ္ေခါက္ေရြးခ်ယ္ေပးထားတဲ့ပြဲေတြက ေဆြးေႏြးပြဲေလးေတြ မ်ားေနေပမယ့္ တကယ္ကို လူေနမႈဘ၀မွာ လိုအပ္လာမယ့္ အေၾကာင္းအရာေလးေတြနဲ႔ အေတြ႕အႀကံဳေလးေတြကို ရရွိႏုိင္မွာပါ။

TOP CAREER Myanmar Job Fair

TOP CAREER Myanmar Job Fair

TOP CAREER Myanmar Job Fair

ဒီပြဲေလးကေတာ့ အလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီတစ္ခုျဖစ္တဲ့ TOP CAREER Myanmar ရဲ႕ ငါးႀကိမ္ေျမာက္ အလုပ္အကိုင္ျပပြဲေလးပဲ ျဖစ္ပါတယ္။ နာမည္ႀကီးကုမၸဏီေတြျဖစ္တဲ့ Mitsubishi Corporation၊ Fuji Film၊ lluvia စတဲ့ကုမၸဏီေတြက လိုအပ္ေနတဲ့ လစ္လပ္ရာထူးေနရာေတြကိုပါ ေလွ်ာက္ထားသြားႏုိင္မွာပဲျဖစ္ပါတယ္။ အလုပ္လုပ္ခ်င္ေနၿပီဆိုရင္ ဘာကို ေစာင့္ေနဦးမွာလဲ။ လာမယ့္ ၾသဂုတ္လ ၁၈ရက္ေန႔ Novotel Yangon Max မွာ မနက္ ၉နာရီကေန ညေန ၄နာရီအထိ က်င္းပေပးမယ့္ ဒီအလုပ္အကိုင္ျပပြဲေလးကို သြားရံုပဲေလေနာ္။

အာဟာရျပည့္၀ မိခင္ေလာင္းတို႔ဘ၀

အာဟာရျပည့္၀ မိခင္ေလာင္းတို႔ဘ၀

အာဟာရျပည့္၀ မိခင္ေလာင္းတို႔ဘ၀

မၾကာခင္မွာ ေမေမျဖစ္ေတာ့မယ့္ မိခင္ေလာင္းေတြအတြက္ ထူးထူးျခားျခား ပြဲေလးတစ္ပြဲရွိေနပါတယ္။ လာမယ့္ ၾသဂုတ္လ ၁၈ရက္ေန႔ ေန႔လည္ ၁နာရီကေန ညေန ၄နာရီအထိ ေရႊဂံုတုိင္ေဆးရံုမွာ က်င္းပသြားမွာပါ။ ဒီပြဲေလးမွာေတာ့ မိခင္ေလာင္းေလးေတြအတြက္ေရာ၊ ဗိုက္ထဲက ကေလးေလးေတြအတြက္ပါ က်န္းမာၿပီး အာဟာရျပည့္၀ေစဖို႔ ကိုယ္၀န္ေဆာင္ေတြ ဘယ္လိုစားေသာက္ေနထိုင္ရမယ္။ ဘာေတြ သတိထားရမယ္ဆိုတာကို သားဖြားမီးယပ္ အထူးကုဆရာ၀န္ႀကီး တြဲဖက္ပါေမာကၡ ေဒါက္တာစိုးလြင္က ေျပာျပေပးသြားမွာပါ။ ဒီပြဲကို kalay.com.mm က ဦးစီးက်င္းပမွာျဖစ္ၿပီးေတာ့ ပထမဆံုး စာရင္းေပးသြင္းတဲ့ မိခင္ေလာင္း အေယာက္ (၁၀၀) သာတက္ေရာက္ႏုိင္မွာျဖစ္လို႔ 09760898922 ကိုစာရင္းေပးသြင္းၾကပါေနာ္။

The Secret of Happy Married Life

The Secret of Happy Married Life

The Secret of Happy Married Life

လာမယ့္ ၾသဂုတ္လ ၁၉ရက္ေန႔မွာေတာ့ Sky Star Hotel မွာ ေန႔လည္ ၂နာရီကေန ၃နာရီအထိ ဒီပြဲေလးကို က်င္းပသြားမွာျဖစ္ပါတယ္။ Bridal Dreams Wedding Fair မွာ For Her Myanmar က ပူးေပါင္းထားၿပီး သတို႔သမီးေလာင္းေလးေတြအေနနဲ႔ လက္မထပ္ခင္ ႀကိဳတင္ျပင္ဆင္ရမယ့္အခ်က္ေတြ၊ သာယာေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ေရးတစ္ခုကို ပိုင္ဆိုင္ႏုိင္ေစဖို႔ ဘယ္လိုတည္ေဆာက္ရမလဲဆိုတာေတြကို ေဆြးေႏြးေပးသြားမွာပါ။ ဒါေၾကာင့္ ဒီပြဲေလးကိုလည္း မၾကာခင္ အိမ္ေထာင္ျပဳေတာ့မယ့္ ေကာင္မေလးေတြ လက္မလႊတ္သင့္ပါဘူးေနာ္။

Stop Motion Animation Workshop

Stop Motion Animation Workshop

Stop Motion Animation Workshop

ဒီပြဲေလးကေတာ့ ထူးထူးဆန္းဆန္းပါပဲ။ ေရးဆြဲထားတဲ့ပံုေတြကို ဖုန္း Application နဲ႔ ေရြ႕လ်ားေအာင္ Animation ျပဳလုပ္ၾကမယ့္ ပြဲေလးပါ။ ကိုယ္တုိင္ေရးဆြဲထားတဲ့ပံုေတြကို ေရြ႕လ်ားလာေအာင္ လုပ္ရမယ္ဆိုေတာ့ စိတ္၀င္စားစရာေကာင္းပါတယ္။ ပံုဆြဲႀကိဳက္သူေတြနဲ႔ Animation ကို စိတ္၀င္စားသူေတြ တက္ေရာက္သင့္ပါတယ္ေနာ္။ ဒီပြဲေလးကိုေတာ့ Hidetaka Nakamura (Social Compass) က သင္ၾကားျပသေပးသြားမွာျဖစ္ၿပီးေတာ့ လာမယ့္ ၾသဂုတ္လ ၁၉ရက္ေန႔ မနက္ ၉နာရီခြဲကေန ညေန ၄နာရီအထိ Japan Culture House မွာ က်င္းပသြားမွာပါ။ အသက္ ၁၀ႏွစ္အထက္ တကယ္စိတ္ပါ၀င္စားသူေတြ လာလို႔ရေပမယ့္ လူဦးေရအေနနဲ႔ကေတာ့ အေယာက္ ၂၀အထိပဲ သတ္မွတ္ထားတာမို႔လို႔ Japan Culture House ရဲ႕ Facebook Page ကေန နာမည္၊ ဖုန္းနံပါတ္နဲ႔ ပါ၀င္သင္ၾကားခ်င္တဲ့အခ်ိန္တို႔ကို ေရးသားေပးပို႔ရမွာျဖစ္ပါတယ္ေနာ္။

MEET & GREET with Uncle Tetsu

MEET & GREET with Uncle Tetsu

MEET & GREET with Uncle Tetsu

ဒီတစ္ပြဲကေတာ့ Uncle Tetsu ရဲ႕ ပရိသတ္ေတြအႀကိဳက္ပါပဲ။ လာမယ့္ ၾသဂုတ္လ ၂၁ရက္ေန႔ မနက္ ၉နာရီကေန ၁၁နာရီအထိ လမ္းမေတာ္ဆိုင္ဖြင့္ပြဲမွာ အရသာရွိတဲ့ Cheesecakes ေလးေတြရဲ႕ ဖန္တီးရွင္ Mr. Tetsushi Mizokami ကိုယ္တိုင္ လာမွာတဲ့ေနာ္။ သူကလည္း ျမန္မာပရိသတ္ေတြကို ေတြ႕ဆံုခ်င္လို႔လာတာဆိုေတာ့ Uncle Tetsu ရဲ႕ Fan ေတြကလည္း သြားေတြ႕လိုက္ၾကပါဦးေနာ္။ အမွတ္တရဓာတ္ပံုေတြရိုက္ရင္း ေပ်ာ္စရာေကာင္းေနမွာပါ။

ဒီတစ္ေခါက္ပြဲေတြကေတာ့ လံုး၀အခမဲ့ တက္ေရာက္လို႔ရတဲ့ အခမ္းအနားေတြခ်ည္းပဲေနာ္။ ၿပီးေတာ့ လိုအပ္တဲ့ ဗဟုသုတနဲ႔ အေတြ႕အႀကံဳေတြကို ေ၀မွ်ေပးသြားမွာမို႔လို႔ ဘယ္ပြဲကို သြားခ်င္တာလဲဆိုတာ အခုကတည္းက စဥ္းစားထားလိုက္ပါေတာ့။

Moethaesay (Akhayar)

 

[Unicode]

ဒီတစ်ပတ်အတွက် ရွေးချယ်သွားလာစရာ အခမ်းအနားများ

လာမယ့် သြဂုတ်လ ၁၈ရက်ကနေ ၂၃ရက်အတွင်း သွားစရာလာစရာကောင်းတဲ့ပွဲလေးတွေ နည်းနည်း ရွေးပေးထားပါတယ်နော်။ ဒီတစ်ခေါက်ရွေးချယ်ပေးထားတဲ့ပွဲတွေက ဆွေးနွေးပွဲလေးတွေ များနေပေမယ့် တကယ်ကို လူနေမှုဘဝမှာ လိုအပ်လာမယ့် အကြောင်းအရာလေးတွေနဲ့ အတွေ့အကြုံလေးတွေကို ရရှိနိုင်မှာပါ။

TOP CAREER Myanmar Job Fair

TOP CAREER Myanmar Job Fair

TOP CAREER Myanmar Job Fair

ဒီပွဲလေးကတော့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုဖြစ်တဲ့ TOP CAREER Myanmar ရဲ့ ငါးပွဲမြောက် အလုပ်အကိုင်ပြပွဲလေးပဲ ဖြစ်ပါတယ်။ နာမည်ကြီးကုမ္ပဏီတွေဖြစ်တဲ့ Mitsubishi Corporation, Fuji Film, lluvia စတဲ့ကုမ္ပဏီများက လိုအပ်နေတဲ့ လစ်လပ်ရာထူးနေရာတွေကိုပါ လျှောက်ထားသွားနိုင်မှာပဲဖြစ်ပါတယ်။ အလုပ်လုပ်ချင်နေပြီဆိုရင် ဘာကို စောင့်နေဦးမှာလဲ။ လာမယ့် သြဂုတ်လ ၁၈ရက်နေ့ Novotel Yangon Max မှာ မနက် ၉နာရီကနေ ညနေ ၄နာရီအထိ ကျင်းပပေးမယ့် ဒီအလုပ်အကိုင်ပြပွဲလေးကို သွားရုံပဲလေနော်။

အာဟာရပြည့်၀ မိခင်လောင်းတို့ဘဝ

အာဟာရပြည့်၀ မိခင်လောင်းတို့ဘဝ

အာဟာရပြည့်၀ မိခင်လောင်းတို့ဘဝ

မကြာခင်မှာ မေမေဖြစ်တော့မယ့် မိခင်လောင်းတွေအတွက် ထူးထူးခြားခြား ပွဲလေးတစ်ပွဲရှိနေပါတယ်။ လာမယ့် သြဂုတ်လ ၁၈ရက်နေ့ နေ့လည် ၁နာရီကနေ ညနေ ၄နာရီအထိ ရွှေဂုံတိုင်ဆေးရုံမှာ ကျင်းပသွားမှာပါ။ ဒီပွဲလေးမှာတော့ မိခင်လောင်းလေးတွေအတွက်ရော၊ ဗိုက်ထဲက ကလေးလေးတွေအတွက်ပါ ကျန်းမာပြီး အာဟာရပြည့်ဝစေဖို့ ကိုယ်ဝန်ဆောင်တွေ ဘယ်လိုစားသောက်နေထိုင်ရမယ်။ ဘာတွေ သတိထားရမယ်ဆိုတာကို သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်က ပြောပြပေးသွားမှာပါ။ ဒီပွဲကို kalay.com.mm က ဦးစီးကျင်းပမှာဖြစ်ပြီးတော့ ပထမဆုံး စာရင်းပေးသွင်းတဲ့ မိခင်လောင်း အယောက် (၁၀၀) သာတက်ရောက်နိုင်မှာဖြစ်လို့ 09760898922 ကိုစာရင်းပေးသွင်းကြပါနော်။

The Secret of Happy Married Life

The Secret of Happy Married Life

The Secret of Happy Married Life

လာမယ့် သြဂုတ်လ ၁၉ရက်နေ့မှာတော့ Sky Star Hotel မှာ နေ့လည် ၂နာရီကနေ ၃နာရီအထိ ဒီပွဲလေးကို ကျင်းပသွားမှာဖြစ်ပါတယ်။ Bridal Dreams Wedding Fair မှာ For Her Myanmar က ပူးပေါင်းထားပြီး သတို့သမီးလောင်းလေးတွေအနေနဲ့ လက်မထပ်ခင် ကြိုတင်ပြင်ဆင်ရမယ့်အချက်တွေ၊ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်နိုင်စေဖို့ ဘယ်လိုတည်ဆောက်ရမလဲဆိုတာတွေကို ဆွေးနွေးပေးသွားမှာပါ။ ဒါကြောင့် ဒီပွဲလေးကိုလည်း မကြာခင် အိမ်ထောင်ပြုတော့မယ့် ကောင်မလေးတွေ လက်မလွှတ်သင့်ပါဘူးနော်။

Stop Motion Animation Workshop

Stop Motion Animation Workshop

Stop Motion Animation Workshop

ဒီပွဲလေးကတော့ ထူးထူးဆန်းဆန်းပါပဲ။ ရေးဆွဲထားတဲ့ပုံတွေကို ဖုန်း Application နဲ့ ရွေ့လျားအောင် Animation ပြုလုပ်ကြမယ့် ပွဲလေးပါ။ ကိုယ်တိုင်ရေးဆွဲထားတဲ့ပုံတွေကို ရွေ့လျားလာအောင် လုပ်ရမယ်ဆိုတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ ပုံဆွဲကြိုက်သူတွေနဲ့ Animation ကို စိတ်ဝင်စားသူတွေ တက်ရောက်သင့်ပါတယ်နော်။ ဒီပွဲလေးကိုတော့ Hidetaka Nakamura (Social Compass) က သင်ကြားပြသပေးသွားမှာဖြစ်ပြီးတော့ လာမယ့် သြဂုတ်လ ၁၉ရက်နေ့ မနက် ၉နာရီခွဲကနေ ညနေ ၄နာရီအထိ Japan Culture House မှာ ကျင်းပသွားမှာပါ။ အသက် ၁၀နှစ်အထက် တကယ်စိတ်ပါဝင်စားသူတွေ လာလို့ရပေမယ့် လူဦးရေအနေနဲ့ကတော့ အယောက် ၂၀အထိပဲ သတ်မှတ်ထားတာမို့လို့ Japan Culture House ရဲ့ Facebook Page ကနေ နာမည်၊ ဖုန်းနံပါတ်နဲ့ ပါဝင်သင်ကြားချင်တဲ့အချိန်တို့ကို ရေးသားပေးပို့ရမှာဖြစ်ပါတယ်နော်။

MEET & GREET with Uncle Tetsu

MEET & GREET with Uncle Tetsu

MEET & GREET with Uncle Tetsu

ဒီတစ်ပွဲကတော့ Uncle Tetsu ရဲ့ ပရိသတ်တွေအကြိုက်ပါပဲ။ လာမယ့် သြဂုတ်လ ၂၁ရက်နေ့ မနက် ၉နာရီကနေ ၁၁နာရီအထိ လမ်းမတော်ဆိုင်ဖွင့်ပွဲမှာ အရသာရှိတဲ့ Cheesecakes လေးတွေရဲ့ ဖန်တီးရှင် Mr. Tetsushi Mizokami ကိုယ်တိုင် လာမှာတဲ့နော်။ သူကလည်း မြန်မာပရိသတ်တွေကို တွေ့ဆုံချင်လို့လာတာဆိုတော့ Uncle Tetsu ရဲ့ Fan တွေကလည်း သွားတွေ့လိုက်ကြပါဦးနော်။ အမှတ်တရဓာတ်ပုံတွေရိုက်ရင်း ပျော်စရာကောင်းနေမှာပါ။

ဒီတစ်ခေါက်ပွဲတွေကတော့ လုံးဝအခမဲ့ တက်ရောက်လို့ရတဲ့ အခမ်းအနားတွေချည်းပဲနော်။ ပြီးတော့ လိုအပ်တဲ့ ဗဟုသုတနဲ့ အတွေ့အကြုံတွေကို ဝေမျှပေးသွားမှာမို့လို့ ဘယ်ပွဲကို သွားချင်တာလဲဆိုတာ အခုကတည်းက စဉ်းစားထားလိုက်ပါတော့။

Moethaesay (Akhayar)