[Zawgyi]

ဒီတစ္ပတ္ ဘယ္ေတြသြားၾကမလဲ

အရင္တစ္ပတ္က ဘယ္လိုပြဲေတြသြားျဖစ္ခဲ့ၾကလဲ။ ဒီတစ္ပတ္မွာလည္း ပြဲေတြက မလြတ္ေသးပါဘူး။ တစ္ပတ္ၿပီးတစ္ပတ္ ပြဲေတြက ပိုပိုေကာင္းလာေတာ့ ေရြးခ်ယ္ရတာေတာင္ ခက္ခဲလာပါတယ္ေနာ္။ ဒါေပမယ့္လည္း အဲဒီ့ပြဲေတြအားလံုးထဲက အေကာင္းဆံုးျဖစ္မယ့္ပြဲေလးေတြကို ေသေသခ်ာခ်ာ ေရြးခ်ယ္ေပးထားပါတယ္။ ၾကည့္ရေအာင္ေနာ္။

Film Seminar by Frances Calvert

ဒီပြဲေလးကေတာ့ ရုပ္ရွင္၀ါသနာပါသူေတြအတြက္ ရုပ္ရွင္ေတြထဲမွာ ပါ၀င္ေနက် ၀ါဒျဖန္႔ျခင္းေတြနဲ႔ပတ္သက္တဲ့သမိုင္းေၾကာင္း ဗဟုသုတေတြကို သိရွိႏုိင္ဖို႔ ျပဳလုပ္တဲ့ပြဲေလးပါ။ Frances Calvert ကေတာ့ Goethe-Institut Myanmar ရဲ႕ ဖိတ္ၾကားမႈေၾကာင့္ ေရာက္ရွိလာတာျဖစ္ၿပီး အႏုပညာေက်ာင္းသားေတြ၊ ရုပ္ရွင္ခ်စ္သူေတြနဲ႔ ရုပ္ရွင္ဖန္တီးသူေတြ တက္ေရာက္ၾကဖို႔ သင့္ေတာ္ပါတယ္ေနာ္။ ဒီပြဲေလးကိုေတာ့ လာမယ့္ ၾသဂုတ္ ၂၅ရက္ေန႔နဲ႔ ၂၆ရက္ေန႔မွာ က်င္းပသြားမွာျဖစ္ၿပီး Goethe-Institute Myanmar မွာ မနက္ ၁၀နာရီကေန ေန႔လည္ ၁၂နာရီခြဲအတြင္း ဒါမွမဟုတ္ ေန႔လည္ ၂နာရီကေန ညေန ၅နာရီအတြင္း သြားေရာက္ေလ့လာႏုိင္ပါတယ္။ သြားေရာက္ေလ့လာခ်င္သူေတြကေတာ့ Goethe-Institute Myanmar Mail ျဖစ္တဲ့ anna-sophie.schoenfelder@goethe.de မွာ Register လုပ္ေပးၾကပါဦးေနာ္။

Film Seminar by Frances Calvert

Film Seminar by Frances Calvert

မီမီ၀င္းေဖ Solo Concert

ေတးသံရွင္ မီမီ၀င္းေဖရဲ႕ Solo Concert ဆိုတာ ၾကည့္ရခဲတဲ့ပြဲႀကီးပြဲေကာင္းတစ္ပြဲပါေနာ္။ လံုး၀လက္မလႊတ္သင့္ပါဘူး။ လာမယ့္ ၾသဂုတ္ ၂၅ရက္ေန႔ Sky Star ဟိုတယ္မွာ ညေန ၇နာရီကေန ည ၁ဝနာရီအထိ က်င္းပသြားမွာပါ။ မၾကားရတာၾကာၿပီျဖစ္တဲ့ ကိုယ္ေတြရဲ႕ အႏွစ္သက္ဆံုးေတးသီခ်င္းေတြကို နားေထာင္ဖို႔အတြက္ မန္းသီရိေတးသံသြင္း – ၃၉လမ္းႏွင့္အေနာ္ရထာလမ္းေထာင့္၊ ဖုန္း 018392931, 01252903၊ Pro AV Shop – 09788848069၊
Online မွတစ္ဆင့္မွာယူခ်င္တယ္ဆိုရင္ေတာ့ အိမ္အေရာက္ပို႔ေဆာင္ေပးမယ့္ Myan Pwel Online Ticketing – 09445151010 ကို ဆက္သြယ္စံုစမ္းမွာယူႏိုင္ပါျပီေနာ္။ လက္မွတ္ေတြက ၅၀၀၀၀၊ ၃၀၀၀၀၊ ၂၀၀၀၀ လို႔ သတ္မွတ္ထားပါတယ္။

မီမီ၀င္းေဖ Solo Concert

မီမီ၀င္းေဖ Solo Concert

Speaker Buffet – 2018

Speaker Buffet ကိုေတာ့ “How to be a Valuable Employee” ဆိုတဲ့ ေခါင္းစဥ္ေလးနဲ႔ က်င္းပသြားမွာပါေနာ္။ ၾသဂုတ္ ၂၅ရက္ေန႔ မနက္ ၉နာရီကေန ညေန ၅နာရီအထိ လႈိင္ရတနာခန္းမမွာ သြားေရာက္နားေထာင္ႏုိင္မွာျဖစ္ၿပီး ျမန္မာႏိုုင္ငံမွာ လက္တေလာျဖစ္ေပၚေနတဲ့ ေရေဘးသင့္ျပည္သူေတြအတြက္ ရန္ပုံုေငြ ရွာေဖြဖို႔အတြက္ Myanmar Young Entrepreneurs Association (MYEA) ကေနၿပီးေတာ့ စီမံခန့္ခြဲမွဳႏွင့္ လူငယ္မ်ားတိုုးတက္ေအာင္ျမင္ေစေရးအတြက္ ေဆြးေႏြးေဟာပြဲက်င္းပသြားမွာပါေနာ္။ တက္ေရာက္ခ်င္သူေတြအတြက္ကေတာ့ သင္တန္းေၾကး ၃၀၀၀၀ က်ပ္ သတ္မွတ္ထားၿပီး MYEA ရံုး 01230 1573 နဲ႔ 01230 1867 မွာ Register လုပ္လုိ႔ရပါတယ္။

Speaker Buffet – 2018

Speaker Buffet – 2018

Parami Talk

ဒီေဆြးေႏြးပြဲကေတာ့ Digital နဲ႔ပတ္သက္ၿပီး စိတ္၀င္စားတဲ့လူငယ္ေတြအတြက္ပါေနာ္။ “ျမန္မာႏိုင္ငံ၏ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ ဒီဂ်စ္တယ္၀န္ေဆာင္မႈ၏ အခန္းက႑” ဆိုတဲ့ေခါင္းစဥ္နဲ႔ လာမယ့္ ၾသဂုတ္ ၂၆ရက္ေန႔မွာ ညေန ၆နာရီခြဲကေန ညေန ၈နာရီခြဲအထိ Parami Institute of Liberal Arts and Sciences မွာ က်င္းပသြားမွာပါေနာ္။ တက္ေရာက္ခ်င္သူေတြကေတာ့ ဒီ Link မွာ Register လုပ္လို႔ရပါၿပီေနာ္။

Parami Talk

Parami Talk

ေခတ္ၿပိဳင္အေရွ႕ေတာင္အာရွစာေပေဆြးေႏြးပြဲ

စာေပခ်စ္သူေတြကေတာ့ ဒီပြဲကို သေဘာက်ၾကမွာပါ။ အိမ္နီးနားခ်င္း ႏိုင္ငံေတြမွာ ဘယ္လိုစာေပေတြ ေခတ္စားေနသလဲ၊ သူတို႔တေတြ ဘယ္လိုေရးသားေနလဲ၊ ေသတြင္းႏုိင္ငံေတြရဲ႕ စာေပအဆင့္အတန္းဟာ ဘယ္ေလာက္ထိ ေရာက္ရိွေနၿပီလဲဆိုတာေတြကို ေဆြးေႏြးသြားမွာပါ။ ဒါ့အျပင္ စာအုပ္အသစ္ သံုးအုပ္ကိုလည္း မိတ္ဆက္ရင္း ၂၀% အထူးေလွ်ာ့ေစ်းနဲ႔ေရာင္းခ်ေပးသြားမွာတဲ့ေနာ္။ ၾသဂုတ္ ၂၆ရက္ေန႔မွာ ေန႔လည္ ၂နာရီကေန ညေန ၄နာရီအထိ Yangon Book Center မွာ က်င္းပသြားမွာေနာ္။

ေခတ္ၿပိဳင္အေရွ႕ေတာင္အာရွစာေပေဆြးေႏြးပြဲ

ေခတ္ၿပိဳင္အေရွ႕ေတာင္အာရွစာေပေဆြးေႏြးပြဲ

ဒီပြဲေလးေတြကိုေတာ့ လက္လြတ္မခံနဲ႔ဦးေနာ္။ မသြားလိုက္ရလို႔ မွားေလျခင္းမျဖစ္ရေအာင္ ျမန္ျမန္ Register လုပ္ၾကရေအာင္။

Moethaesay (Akhayar)

[Unicode]

ဒီတစ်ပတ် ဘယ်တွေသွားကြမလဲ

အရင်တစ်ပတ်က ဘယ်လိုပွဲတွေသွားဖြစ်ခဲ့ကြလဲ။ ဒီတစ်ပတ်မှာလည်း ပွဲတွေက မလွတ်သေးပါဘူး။ တစ်ပတ်ပြီးတစ်ပတ် ပွဲတွေက ပိုပိုကောင်းလာတော့ ရွေးချယ်ရတာတောင် ခက်ခဲလာပါတယ်နော်။ ဒါပေမယ့်လည်း အဲဒီ့ပွဲတွေအားလုံးထဲက အကောင်းဆုံးဖြစ်မယ့်ပွဲလေးတွေကို သေသေချာချာ ရွေးချယ်ပေးထားပါတယ်။ ကြည့်ရအောင်နော်။

Film Seminar by Frances Calvert

ဒီပွဲလေးကတော့ ရုပ်ရှင်ဝါသနာပါသူတွေအတွက် ရုပ်ရှင်တွေထဲမှာ ပါဝင်နေကျ ဝါဒဖြန့်ခြင်းတွေနဲ့ပတ်သက်တဲ့သမိုင်းကြောင်း ဗဟုသုတတွေကို သိရှိနိုင်ဖို့ ပြုလုပ်တဲ့ပွဲလေးပါ။ Frances Calvert ကတော့ Goethe-Institut Myanmar ရဲ့ ဖိတ်ကြားမှုကြောင့် ရောက်ရှိလာတာဖြစ်ပြီး အနုပညာကျောင်းသားတွေ၊ ရုပ်ရှင်ချစ်သူတွေနဲ့ ရုပ်ရှင်ဖန်တီးသူတွေ တက်ရောက်ကြဖို့ သင့်တော်ပါတယ်နော်။ ဒီပွဲလေးကိုတော့ လာမယ့် သြဂုတ် ၂၅ရက်နေ့နဲ့ ၂၆ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး Goethe-Institute Myanmar မှာ မနက် ၁၀နာရီကနေ နေ့လည် ၁၂နာရီခွဲအတွင်း ဒါမှမဟုတ် နေ့လည် ၂နာရီကနေ ညနေ ၅နာရီအတွင်း သွားရောက်လေ့လာနိုင်ပါတယ်။ သွားရောက်လေ့လာချင်သူတွေကတော့ Goethe-Institute Myanmar Mail ျဖစ္တဲ့ anna-sophie.schoenfelder@goethe.de မှာ Register လုပ်ပေးကြပါဦးနော်။

Film Seminar by Frances Calvert

Film Seminar by Frances Calvert

မီမီဝင်းဖေ Solo Concert

တေးသံရှင် မီမီဝင်းဖေရဲ့ Solo Concert ဆိုတာ ကြည့်ရခဲတဲ့ပွဲကြီးပွဲကောင်းတစ်ပွဲပါနော်။ လုံးဝလက်မလွှတ်သင့်ပါဘူး။ လာမယ့် သြဂုတ် ၂၅ရက်နေ့ Sky Star ဟိုတယ်မှာ ညနေ ၇နာရီကနေ ည ၁ဝနာရီအထိ ကျင်းပသွားမှာပါ။ မကြားရတာကြာပြီဖြစ်တဲ့ ကိုယ်တွေရဲ့ အနှစ်သက်ဆုံးတေးသီချင်းတွေကို နားထောင်ဖို့အတွက် မန်းသီရိတေးသံသွင်း – ၃၉လမ်းနှင့်အနော်ရထာလမ်းထောင့်၊ ဖုန်း 018392931, 01252903၊ Pro AV Shop – 09788848069၊
Online မှတစ်ဆင့်မှာယူချင်တယ်ဆိုရင်တော့ အိမ်အရောက်ပို့ဆောင်ပေးမယ့် Myan Pwel Online Ticketing – 09445151010 ကို ဆက်သွယ်စုံစမ်းမှာယူနိုင်ပါပြီနော်။ လက်မှတ်တွေက ၅၀၀၀၀၊ ၃၀၀၀၀၊ ၂၀၀၀၀ လို့ သတ်မှတ်ထားပါတယ်။

မီမီဝင်းဖေ Solo Concert

မီမီဝင်းဖေ Solo Concert

Speaker Buffet – 2018

Speaker Buffet ကိုတော့ “How to be a Valuable Employee” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ကျင်းပသွားမှာပါနော်။ သြဂုတ် ၂၅ရက်နေ့ မနက် ၉နာရီကနေ ညနေ ၅နာရီအထိ လှိုင်ရတနာခန်းမမှာ သွားရောက်နားထောင်နိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံမှာ လက်တလောဖြစ်ပေါ်နေတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရန်ပုံငွေ ရှာဖွေဖို့အတွက် Myanmar Young Entrepreneurs Association (MYEA) ကနေပြီးတော့ စီမံခန့်ခွဲမှုနှင့် လူငယ်များတိုးတက်အောင်မြင်စေရေးအတွက် ဆွေးနွေးဟောပွဲကျင်းပသွားမှာပါနော်။ တက်ရောက်ချင်သူတွေအတွက်ကတော့ သင်တန်းကြေး ၃၀၀၀၀ ကျပ် သတ်မှတ်ထားပြီး MYEA ရုံး 01230 1573 နဲ့ 01230 1867 မှာ Register လုပ်လို့ရပါတယ်။

Speaker Buffet – 2018

Speaker Buffet – 2018

Parami Talk

ဒီဆွေးနွေးပွဲကတော့ Digital နဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့လူငယ်တွေအတွက်ပါနော်။ “မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ဒီဂျစ်တယ်ဝန်ဆောင်မှု၏ အခန်းကဏ္ဍ” ဆိုတဲ့ခေါင်းစဉ်နဲ့ လာမယ့် သြဂုတ် ၂၆ရက်နေ့မှာ ညနေ ၆နာရီခွဲကနေ ညနေ ၈နာရီခွဲအထိ Parami Institute of Liberal Arts and Sciences မှာ ကျင်းပသွားမှာပါနော်။ တက်ရောက်ချင်သူတွေကတော့ ဒီ Link မှာ Register လုပ်လို့ရပါပြီနော်။

Parami Talk

Parami Talk

ခေတ်ပြိုင်အရှေ့တောင်အာရှစာပေဆွေးနွေးပွဲ

စာပေချစ်သူတွေကတော့ ဒီပွဲကို သဘောကျကြမှာပါ။ အိမ်နီးနားချင်း နိုင်ငံတွေမှာ ဘယ်လိုစာပေတွေ ခေတ်စားနေသလဲ၊ သူတို့တတွေ ဘယ်လိုရေးသားနေလဲ၊ သေတွင်းနိုင်ငံတွေရဲ့ စာပေအဆင့်အတန်းဟာ ဘယ်လောက်ထိ ရောက်ရှိနေပြီလဲဆိုတာတွေကို ဆွေးနွေးသွားမှာပါ။ ဒါ့အပြင် စာအုပ်အသစ် သုံးအုပ်ကိုလည်း မိတ်ဆက်ရင်း ၂၀% အထူးလျှော့ဈေးနဲ့ရောင်းချပေးသွားမှာတဲ့နော်။ သြဂုတ် ၂၆ရက်နေ့မှာ နေ့လည် ၂နာရီကနေ ညနေ ၄နာရီအထိ Yangon Book Center မှာ ကျင်းပသွားမှာနော်။

ခေတ်ပြိုင်အရှေ့တောင်အာရှစာပေဆွေးနွေးပွဲ

ခေတ်ပြိုင်အရှေ့တောင်အာရှစာပေဆွေးနွေးပွဲ

ဒီပွဲလေးတွေကိုတော့ လက်လွတ်မခံနဲ့ဦးနော်။ မသွားလိုက်ရလို့ မှားလေခြင်းမဖြစ်ရအောင် မြန်မြန် Register လုပ်ကြရအောင်။

Moethaesay (Akhayar)